Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 29, 2016

ကျွန်တော့်ကလောင်နာမည်က အားလုံးသိတဲ့အတိုင်း မိုးရှင်း (I.M.T) ပါ။

ကျွန်တော့်အကြောင်း...
Message Boxကနေ ကျွန်တော့်အကြောင်းမေးထား
တဲ့သူတွေကို ဒီကနေပဲဖြေပေးလိုက်တော့မယ်နော်။
တော်ကြာ ကျွန်တော့်စာတွေသာ ဖတ်နေတာ ကျွန်
တော်ဘယ်သူမှန်းမသိမှာစိုးလို့။

ကျွန်တော့်ကလောင်နာမည်က အားလုံးသိတဲ့အတိုင်း
မိုးရှင်း (I.M.T) ပါ။ အသက်က ၂၃နှစ်နဲ့ လေးလ (၂၄
လို့မပြောချင်သေးဘူး tongue emoticon )။ ကျွန်တော်က ဘွဲ့ရ
တစ်ယောက်တော့ မဟုတ်ပါဘူး။ ကျွန်တော်က
ရေကြောင်းသိပ္ပံက Diploma in Nautical Studies
ဆိုတဲ့ ဒစ်ပလိုမာပဲ ရထားပါတယ်။

သင်္ဘောသားအဖြစ်
နဲ့ ၁နှစ်ခွဲ လိုက်ခဲ့ပြီး နေရာတော်တော်များများတော့
ရောက်ခဲ့ဖူးပါတယ်။ အိမ်က မချမ်းသာပါဘူး။ ရန်ုကုန်
က ဈေးအကြီးဆုံးကျောင်းတွေထဲက တစ်ခုဖြစ်တဲ့
ရေကြောင်းသိပ္ပံမှာထားရင်းနဲ့ အိမ်ကတော်တော်လေး
ကိုကုန်ခဲ့ပါတယ်။ အဆင်မပြေတဲ့ကြားထဲက ကျောင်းပြီး
အောင်ထားခဲ့တဲ့ အဖေနဲ့အမေကို ဒီနေရာကနေ ဦးချ
ကန်တော့လျှက်ပါ။
ကျောင်းစရိတ်ကြောင့် ယိုင်နဲ့နေတဲ့ ဘဏ္ဍာရေးကို
သင်္ဘောတစ်နှစ်ခွဲလိုက်ပြီး ပြန်လည်ထောက်ပံပေးခဲ့
ပါတယ်။ ငယ်ငယ်ကတည်းက Englishစာကိုဝါသနာ
ပါအောင် အဖေက သင်ပေးခဲ့ပါတယ်။ ဆယ်တန်းနှစ်
မှာ Radioလေးတစ်လုံးလက်ဆောင်ရတဲ့ အချိန်က
စပြီး တစ်လုံးမှနားမလည်တဲ့ BBC English ပိုင်းအစီ
အစဉ်ကို နားထောင်ခဲ့ပါတယ်။ ဘောပွဲတွေမှာနောက်
ခံပြောတဲ့ English Presenter တွေရဲ့အသံကို အတု
ခိုးပြီး တစ်လုံးမှလည်း နားမလည်၊ တစ်လုံးမှလည်း
မသိပဲ လေယူလေသိမ်းတူအောင် လျှောက်ပြောပြီး
ရူးသွပ်ခဲ့ပါတယ်။ အိပ်နေရင်းယောင်ရင် Englishလို
တွေယောင်လို့ အမေနဲ့အဖေက မနက်တိုင်းပြောပြော
ပြီးရယ်တတ်ပါတယ်။

ရေကြောင်းသိပ္ပံမှာတုန်းကလည်း သူများတွေEnglish
လိုပြောတဲ့ စကားဝိုင်းတွေမှာ ပါးစပ်အဟောင်းသား
နဲ့ တစ်လုံးမှနားမလည်ပဲ လျှောက်နားထောင်ဖူးပါ
တယ်။ အဲ့ဒိအချိန်ထဲကသိခဲ့တာ ကျွန်တော်English
စာကို ဝါသနာကြီးတယ်ဆိုတာပါပဲ။

သဘောင်္တက်တော့ အသက် ၁၉ နှစ်ပါ။ လက်ပ်တော့
မရှိ၊ ဖုန်းမရှိတာကြောင့် အိမ်မှာ မုန့်ဖိုးစုပြီးဝယ်ထားတဲ့
ခေါင်းအုံးလောက်ရှိတဲ့ Oxford Advanced Learner's
Dictionary ကြီးကို Luggage ထဲသယ်သွားခဲ့လို့ ဂျပန်
လေဆိပ်မှာ ဂျပန်မလေးက တအံ့တသြနဲ့မေးခဲ့ပါတယ်။
ဒီလို IT ခေတ်ကြီးထဲမှာ ဒါကြီးဘာလို့သယ်လာတာ
လဲတဲ့။ အဲ့ဒါလောက်တော့နားလည်ခဲ့တယ်။ tongue emoticon
ကျွန်တော်ပြုံးပဲ ပြုံးပြလိုက်ပါတယ်။ (မသိရင် ငါက
စာအုပ်တွေပဲ ပိုကြိုက်တယ်ဆိုတဲ့ အထာမျိုးနဲ့ပါ။
တကယ်က Handsetဝယ်ဖို့ ပိုက်ဆံလည်းမရှိလို့ပါ)

တစ်နှစ်ခွဲအပြီးပြန်အလာမှာ သင်္ဘောသားအလုပ်ကို
ဝါသနာမပါမှန်းသိခဲ့ပါတယ်။ ဒါပေမယ့် သဘောင်္မတက်
တော့ဘူးလို့တော့ မဆုံးဖြတ်၇သေးပါဘူး။ အဲ့ဒိအချိန်
မှာ English စာသင်တန်းလည်းတတ်ဖြစ်ပါတယ်။
TKT လို့ခေါ်တဲ့ English စာ ဆရာလုပ်ချင်တဲ့သူတွေ
တက်ရတဲ့ Teaching Knowledge Test ဆိုတဲ့သင်
တန်းကို British Councilမှာတက်ခဲ့ပြီး အင်္ဂလိပ်စာ
သင်လို့ရတဲ့ Certificateရခဲ့ပါတယ်။ သင်္ဘောပေါ်မှာ
လည်း ကျွန်တော့်အခန်းက English စာလုံးတွေနဲ့
ပြည့်နှက်နေလေ့၇ှိပါတယ်။

သင်တန်းတက်အပြီးမှာ Rocket Internet လို့ခေါ်တဲ့
အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ လုပ်နေတဲ့ company
မှာ သူငယ်ချင်း အောင်ခမ်း(ရိုးရာလေး)က လမ်းညွန်
ခဲ့လို့ အင်တာဗျူးဖြေခဲ့ပြီး အလုပ်ရခဲ့ပါတယ်။ Content
Writer ဆိုတဲ့ ရာထူးနဲ့ပါ။ အဲ့ဒိအချိန်ထဲက ကျွန်တော်
စာရေးရတာ ဝါသနာပါမှန်းသိခဲ့တာပါ။ အဲ့ဒိအချိန်မှာ
သင်္ဘောသားမလုပ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ဒီလောက
ထဲဝင်ခဲ့တာပါ။

Digital Marketing ပိုင်းနဲ့ စာရေးသားခြင်းဘက်ကို
အာရုံစိုက်ခဲ့ပြီး Rocket Internet မှာ Social Media
Specialist & Content Writer, Red Dot Network
မှာ Digital Marketing Specialist အဖြစ်၁နှစ်ခွဲ
လောက်ဝင်လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Company
၎ခုအတွက် အိမ်ကနေ Freelance Digital Marketing
Consultant အဖြစ်လုပ်ကိုင်ပေးခဲ့ပါတယ်။

ကိုယ်ပိုင်လုပ်တာတွေကတော့ အစုံပါပဲ။ အရင်တုန်းက
Freelance Translator, Freelance Interview
Trainer, Freelance Private English Teacher
စတာတွေ လုပ်ပြီးအခုအချိန်မှာတော့ ကိုယ်ပိုင်လုပ်
ငန်းအဖြစ် Myanmar Online Media (www.facebook.com/MyOnlineMedia)
(www.myanmaronlinemedia.com.mm
or www.shwemom.com)
ရဲ့ Founder အဖြစ်လုပ်ကိုင်နေပါတယ်။

အခြားလုပ်နေတာတွေကတော့ ဒီPageလေးမှာ ကျွန်
တော့် စာဖတ်သူတွေအတွက် အကျိုးရှိမယ့် အရာလေး
တွေကို နေ့တိုင်းတင်ပေးနေပါတယ်။ www.moeshinn.com
မှာလည်း ကျွန်တော့်စာတွေ ရှိပါတယ်။

ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံက လူငယ်တွေကို
တိုးတက်အောင် တစ်ဘက်တစ်လမ်းကကူညီပေးရင်
ကျွန်တော်ကိုယ်တိုင်လည်း အောင်မြင်တဲ့သူတစ်ယောက်
ဖြစ်ချင်ပါတယ်။

ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ ရိုးသား၊ကြိုးစားခြင်းဆိုတဲ့
အမွေကိုလက်ဆောင်ပေးခဲ့တဲ့ အဖေနဲ့အမေကိုလည်း
ဒီနေရာကနေ ရှိခိုးဦးချလျှက်ပါ။ ကားတွေ၊ တိုက်တွေ
ပိုက်ဆံတွေ အမွေးပေးတာထက်ကို ကြီးမြတ်ပါတယ်။
အဖေနဲ့ အမေ...

စာဖတ်သူတွေလည်း မေးစရာရှိရင် Comment Box
ထဲမှာ မေးနိုင်ပါတယ်။ စာဖတ်သူတွေကြောင့် ကျွန်တော်
ဒီစာတွေ ဆက်ရေးဖြစ်နေတာပါ။ အရမ်းကျေးဇူးတင်
ပါတယ်။ ကျွန်တော့်အကြောင်းသိချင်နေတဲ့သူများ
အတွက် အတိုချုပ်ဖော်ပြပေးလိုက်တာပါ။

ကျွန်တော်လည်း လူငယ်တစ်ယောက်မို့ ဆရာလို့လည်း
မခေါ်ကြပါနဲ့လို့ Request လုပ်ချင်ပါတယ်။ ကျွန်တော့်
ကို ရင်းရင်းနှီးနှီးသူငယ်ချင်းတစ်ယောက်လို၊ အစ်ကိုလို
ညီလို မေးမြန်းနိုင်ပါတယ်။ လူတွေကြားထဲမှာ Respect
တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်ထားရင်
အားလုံး အဆင်ပြေပါတယ်။

ကျွန်တော်ရေးတဲ့စာတွေက အားလုံးအတွက် တစ်ဘက်
တစ်လမ်းက အထောက်အပံ့ပြုတယ်ဆိုကျေနပ်ပါတယ်။
နောက်လထဲမှာလည်း စာအုပ်ထွက်ဖို့ရှိပါတယ်။ ထွက်တဲ့
အခါကျရင် အားပေးကြပါအုံးနော်။ စာအုပ်ထွက်လာရင်
လည်း အုပ်ရေ၁၀၀၀လောက် ထုတ်မှာဖြစ်ပြီးရလာတဲ့
အကျိုးအမြတ်ကို မိဘမဲ့ကလေး သို့မဟုတ် မျက်မမြင်
ကျောင်း၊စတဲ့နေရာတွေကို လှူသွားဖို့ ရှိပါတယ်။
အကယ်၍ ကျွန်တော်ရေးတဲ့စာတွေက ဘဝအတွက်
အကျိုးရှိတယ်ဆိုရင် သူငယ်ချင်းတို့ရဲ့ အခြားသူငယ်ချင်း
တွေ သိအောင်လည်းPageလေးကိုလက်ဆင့်ကမ်းပြီး
ရှယ်ပေးကြပါအုံးနော်။

‪#‎မိုးရှင်း‬ (I.M.T) ရေးသားသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။