မှတ်စုကြမ်း added 3 new photos.
သူကပထမကမ္ဘာစစ်အတွင်း ကျော်ကြားခဲ့တဲ့ သူရဲကောင်း
အမေရိကန်အမှတ်၂၆ ယန်းကီးတပ်မ အမှတ်၁၀၂ တပ်ရင်းကြီးက တပ်ကြပ်ကြီးတစ်ဦး
ပထမကမ္ဘာစစ်အတွင်း ပြင်သစ်စစ်မျက်နှာမှာ စစ်ဆင်ရေး ၄ကြိမ် တိုက်ပွဲပေါင်း ၁၇ ကြိမ်တိတိ ပါဝင်ဆင်နွဲခဲ့ရတယ်
သူက လူသားတစ်ဦးတော့မဟုတ် လူသားတို့တို့ရဲ့ သစ္စာရှိ ရဲဘော် အမေရိကန် ခွေးဘီလူးအနွယ်ဝင် ခွေးစစ်သည်တစ်ကောင်---
စတပ်ဘီကို ၁၉၁၆ မှာ မွေးဖွားခဲ့ကာ ယေးတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့
သူ့သခင်က တပ်ထဲဝင်တဲ့အခါမှာ တစ်ပါးတည်းခေါ်ဆောင်လာရာကနေ ၁၉၁၆ မှာ အမှတ်၁၀၂ တပ်ရင်းကြီးရဲ့ စစ်သားတစ်ဦးအဖြစ်စာရင်းသွင်းခဲ့ကာ
၁၀၂ တပ်ရင်းမှာပဲ အဆိပ်ငွေ့အာရုံခံနိုင်ရေး
အတွက် လေ့ကျင့်ပေးခဲ့ကြပါတယ်။
သူ့ရဲ့ပထမဆုံးတိုက်ပွဲက ပြင်သစ်နိုင်ငံချာမိန်းတိုက်ပွဲ ဒီတိုက်ပွဲမှာ သူဟာဂျာမန်တွေရဲ့ အဆိပ်ဓာတ်ငွေ့ကြောင့် ဆေးရုံတက်ခဲ့ရပီးနောက်ပိုင်းသူ့တပ်ရင်းက
သူ့အတွက် အထူးပြုလုပ်ထားတဲ့ဓာတ်ငွေ့ကာ မျက်နှာဖုံး ကို ၀တ်ဆင်ပေးခဲ့ကြပါတယ်
၁၉၁၈ ခုနှစ်အတွင်းမှာ ပြင်သစ်စစ်မျက်နှာ အာဂွန်မြို့မှာ ရန်သူ့စပိုင် တစ်ဦးကို ဖမ်းဆီးပေးခဲ့ပါတယ်
စစ်မြေပြင်မှာ သူမတူတဲ့အချက်က ရန်သူ့ အမြောက်ပစ်ခတ်မှုများကိုကြိုတင်အာရုံခံနိုင်ခြင်း အဆိပ်ငွေ့အန္တရယ်ကို ကြိုတင်အာရုံခံနိုင်ခြင်း စွမ်းရည်တွေနဲ့ သူ့တပ်ရင်းကိုအကြိမ်ကြိမ်
ကယ်တင်နိုင်ခဲ့ပါတယ်
၁၉၁၉မှာ တပ်ကြပ်ကြီးရာထူးသို့ တိုးမြင့်ခံခဲ့ရကာ ထူးခြားတဲ့ဆောင်ရွက်မှုအဖြစ် ရန်သူ့ကတုတ်ကျင်းရှေ့မှာဒဏ်ရာရနေတဲ့ သူ့သခင်ကို ကိုယ်နဲ့ကာ၍ သတ်ကွင်းထဲက
ဆွဲထုတ်ခဲ့တာပဲဖြစ်ပါတယ် ဒီတိုက်ပွဲမှာ သူ့ရဲ့ခြေထောက်နဲ့လက်တွေ လက်ပစ်ဗုံးထိကာဒဏ်ရာရခဲ့ပြီး တပ်ကနေအငြိမ်းစားပေးခဲ့ပါတယ်။
ဒီအတွက်ကို ခရမ်းရောင်နှလုံးသားဆု သူရဲကောင်းငွေကြယ် ဒုတိယအဆင့်ဆုတွေ ရခဲ့ပါတယ်
တပ်ကထွက်ပြီးနောက်ပိုင်းမှာ တပ်မတော်ရဲ့
ဂုဏ်ထူးဆောင်အဖြစ်သတ်မှတ်ခံခဲ့ရကာ
သမ္မတ ၀ုရိုးဝီလ်ဆင် သမ္မတဟာဒင်တို့နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ် တပ်မတော်ရဲ့ စစ်ရေးပြအခန်းအနားပေါင်းများစွာမှာလည်း ဦးဆောင်ချီတက်ခွင့်ရခဲ့ပါတယ်
၁၉၂၁ မှာဗိုလ်ချုပ်ကြီးပါးရှင်းရဲ့ ရွှေတံဆိပ်ဆုချီးမြင့်ခြင်းခံရကာ ဇာတိမြေ ယော့တောင်းဟိုးဂျက် ရပ်ဘီအသင်းရဲ့
မက်စကော့ တံဆိပ်အဖြစ်ဂုဏ်ပြုခံခဲ့ရပါတယ်။ ဒီအသင်းရဲ့ ဂုဏ်ထူးဆောင်အသင်းသားအဖြစ် သတ်မှတ်ခဲ့ကာ ၁၉၂၂ မှာ အသင်းရဲ့ ပြိုင်ပွဲတစ်ခုမှာ ပထမပိုင်းဝင်ရောက်ကစားကာ အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။
၁၉၂၆မှာ ကွယ်လွန်ခဲ့ကာ သူ့ရဲ့အစာသွပ်ရုပ်လုံးကို အမေရိကန် စမစ်ဆိုနိယန်ပြတိုက်မှာ ယနေ့တိုင်တွေ့နိုင်ပါတယ်။
Credit (ကြယ်နီ)
#SwamHtet မှ ပြန်လည်ဖော်ပြပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။