မအောင်မြင်တာ အရှုံးမဟုတ်။ သင်ခန်းစာပါ။
ကမ္ဘာကျော် သိပ္ပံတီထွင်ပညာရှင်ကြီး "သောမတ်စ်အယ်ဒီဆင်"ဆိုတာ တော်တော်များများကြားဖူးကြမှာပါ။
ကျနော် ရေးထားတဲ့ "သူတိ့ ဘာကြောင့် ကမ္ဘာကျော်တာလဲ" စာအုပ်ထဲမှာလဲ
သူ့အကြောင်း ရေးပြထားပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲသွားစေခဲ့တဲ့
လျှပ်စစ်မီးလုံး၊ ဓါတ်စက်၊ ရုပ်ရှင်ကင်မရာအပါအဝင် ရာနဲ့ချီတဲ့ တီထွင်မှုတွေ
လုပ်ခဲ့ပါတယ်။ အဲဒီအထဲက လူသိအများဆုံးက လျှပ်စစ်မီးလုံးတီထွင်ခဲ့ခြ င်းပါ။ မီးလုံးမှာသုံးဖို့အတွက်
လျှပ်စစ်ဖြတ်စီးလိုက်ရင် အလင်းရောင်ထွက်နိုင်တဲ့ သတ္တုအမျိုးအစားတခုရဖို့
သတ္တုအမျိုးပေါင်း တစ်ထောင်ကျော်ကို စိတ်မပျက်ပဲ လပေါင်းများစွာ
စမ်းသပ်ရင်း နောက်ဆုံးကျမှ တန်းစတင်း (tungsten) သတ္တုကိုတွေ့သွားပြီး
လျှပ်စစ်မီးလုံးတီထွင်နိုင် ခဲ့တာပါ။ သူ ဘာဖြစ်လို့ ဒီလောက် ဇွဲကောင်းရတာလဲ။
လူအများမသိကြတဲ့ အောက်က သူ့အကြောင်းလေးတခုကို ဖတ်ကြည့်လိုက်ပါ။
အယ်ဒီဆင်ဟာ တညမှာ အိပ်ပျော်နေရာက မီးခိုးနံ့ရလို့ အိမ်အပြင်ဖက်ထွက်ကြည့်လိုက် တယ်။ အိမ်အပြင်ဖက်မှာ ဆောက်လုပ်ထားတဲ့သူရဲ့ဓါတ်ခွဲစမ်းသပ်ရုံလေးဟာ
မီးလောင်နေတာကို တွေ့ရတယ်။ ဓါတ်ခွဲရုံလေးထဲမှာ တန်ဖိုးကြီးလှတဲ့
စမ်းသပ်ပစ္စည်းပေါင်း မြောက်မြားစွာရှိပါတယ်။ မီးလောင်တာကို
တွေ့တဲ့အယ်ဒီဆင်ဟာ ဘာလုပ်သလဲ။ ရေပုံးဆွဲပြီး အပြေးအလွှားနဲ့ရေလောင်းမီးငြိမ်းသတ်သလား။ အိမ်နီးချင်းတွေကို အော်ဟစ်ခေါ်ပြီး သူ့ဓါတ်ခွဲစမ်းသပ်ပစ္စည်းတွေ ကို အပြင်ကိုသယ်ယူပေးဖို့ အကူအညီတောင်းသလား။ တဖြည်းဖြည်းနဲ့ကြီးလာတဲ့ မီးတောက်ကြီးကို ကြည့်ပြီး အရူးချီပန်းလျှောက်ပြေးနေသလား။ စိတ်ပျက်လက်ပျက်နဲ့ မြေပြင်ပေါထိုင်ချလိုက်ပြီး ငိုနေသလား။
သူဟာ မီးလောင်နေတာကို အေးအေးဆေးဆေးပဲ လက်ပိုက်ကြည့်နေတယ်။ ပြီးတော့ အိမ်ထဲမှာ အိပ်ပျော်နေတဲ့(၄)နှစ်အရွယ်
သူ့သားလေးကို လှုပ်နိုးပြီး အိမ်အပြင်ကို ခေါ်လာတယ်။ ပြီးတော့ သူ့သားကို
မီးလောင်နေတာကို ပြပြီး "သေချာကြည့်ထား။.မင်း နောက်ကို ဒါမျိုးမြင်ရဖို့
ကြုံရခဲတယ်" လို့ပြောလိုက်တယ်။ ဒါတင်မကသေးဘူး။ အိမ်ထဲမှာ အိပ်ပျော်နေတဲ့
သူ့မိန်းမကိုပါ အပြင်ထွက်လာဖို့ လှမ်းအော်ခေါ်လိုက်တယ်။ သူတို့ မိသားစု ၃
ယောက်ဟာ ဓါတ်ခွဲစမ်းသပ်ရုံတခုလုံး မီလောင်နေတာကို ရပ်ကြည့်နေကြတယ်။
အားလုံမီလောင်ပြီး ပြာကျသွားတဲ့အခါကျမှ အယ်ဒီဆင်က သူ့မိသားစုဖက်လှည့်ပြီး
"ငါတို့အမှားတွေ အားလုံးအဲဒီထဲမှာ ပါသွားပြီ။ မနက်ဖြန်ကျရင်
အသစ်ပြန်စကြတာပေါ့"တဲ့။ သူ နေ့ခင်းတုံးက လျှပ်စစ်ပစ္စည်းတွေကိုစမ်းသပ်ရင်း လျှပ်စစ်မိန်းခလုတ်ကိုပိတ်ဖို့မေ့ခဲ့လို့ မီးလောင်ခဲ့တာဆိုတာ သူသိထားတယ်လေ။
နောက်တရက်မှာ သူဟာ ဓါတ်ခွဲစမ်းသပ်ရုံအသစ်တခု ပြန်ဆောက်တယ်။ မကြာခင် အဲဒီစမ်းသပ်ရုံလေးထဲမှာ သီချင်းဖွင့်နားထောင်လို့ရတဲ့ဓါတ်ပြားစက်တခုကို အောင်မြင်စွာ တီထွင်လိုက်ပါတယ်။
သူဟာ မအောင်မြင်တာကို ရှုံးနိမ့်မှုလို့သဘောမထားပဲ သင်ခန်းစာရတယ်လို့ခံယူထားလို့ သူ့စမ်းသပ်တီထွင်မှုတွေကျရှုံးတိုင်း စိတ်မပျက်ပဲ ဆက်လက်လုပ်ဆောင်နေခဲ့တာပါ။
မိတ်ဆွေလဲ သူ့လိုစိတ်မျိုးထားတတ်မယ်ဆိုရင် အရှုံးတွေနဲ့ ရင်ဆိုင်ရပေမဲ့လဲ စိတ်မပျက်ပဲ အောင်မြင်မှုရတဲ့အထိ ကြိုးစားသွားနိုင်မှာပါ။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန်နဝါရီ(၃၀)ရက်
ကမ္ဘာကျော် သိပ္ပံတီထွင်ပညာရှင်ကြီး "သောမတ်စ်အယ်ဒီဆင်"ဆိုတာ တော်တော်များများကြားဖူးကြမ
လူအများမသိကြတဲ့ အောက်က သူ့အကြောင်းလေးတခုကို ဖတ်ကြည့်လိုက်ပါ။
အယ်ဒီဆင်ဟာ တညမှာ အိပ်ပျော်နေရာက မီးခိုးနံ့ရလို့ အိမ်အပြင်ဖက်ထွက်ကြည့်လိုက်
သူဟာ မီးလောင်နေတာကို အေးအေးဆေးဆေးပဲ လက်ပိုက်ကြည့်နေတယ်။ ပြီးတော့ အိမ်ထဲမှာ အိပ်ပျော်နေတဲ့(၄)နှစ်အရွယ်
နောက်တရက်မှာ သူဟာ ဓါတ်ခွဲစမ်းသပ်ရုံအသစ်တခု ပြန်ဆောက်တယ်။ မကြာခင် အဲဒီစမ်းသပ်ရုံလေးထဲမှာ သီချင်းဖွင့်နားထောင်လို့ရတ
သူဟာ မအောင်မြင်တာကို ရှုံးနိမ့်မှုလို့သဘောမထားပဲ သင်ခန်းစာရတယ်လို့ခံယူထားလိ
မိတ်ဆွေလဲ သူ့လိုစိတ်မျိုးထားတတ်မယ်ဆိ
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန်နဝါရီ(၃၀)ရက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။