"ရာကွတ် တို့အိမ်"
.
စင်္ကာပူမှာ Yakult ဆိုတဲ့ စားသောက်ကုန် တမျိုးရှိပါတယ်။
နို့ချဉ်ဗူးလေးတွေ၊ အအေးဗူးလေးတွေ ထုတ်လုပ်ရောင်းချတာပါ။
ထားပါလေ အဓိက ပြောချင်တာက မဆွေတို့အမေရဲ့ အကြောင်း။
မဆွေက သူ့အမေနဲ့အဖေကို သတိရတာကတစ်ကြောင်း၊ သူကိုယ်တိုင်လည်း ရန်ကုန်မပြန်ဖြစ်တာက တစ်ကြောင်းဆိုတော့ မိဘနှစ်ပါးစလုံးကို စင်္ကာပူအလည် ခေါ်လိုက်တယ်။
ရောက်နေတာတော့ နှစ်ပတ်လောက်ရှိပြီ။
နေ့လည်ခင်းတစ်ခုမှာပေါ့…. ….
မဆွေက မီးဖိုထဲမှာ ဟင်းချက်နေတုံး တံခါးလူခေါ်ဘဲလ်သံ မြည်လာတယ်…
“တင် တောင်… တိန်တောင်”
သူလက်ကမအားတော့ အမေ့ကို လှမ်းအော်ပြောလိုက်တယ်… …
“အမေ၊ အိမ်ရှေ့က ဘယ်သူလဲ မသိဘူး၊ သမီးလက်မအားလို့ သွားကြည့်ပေးပါနော်၊ နိုင်ငံခြားသား တစ်ယောက်ယောက်ဖြစ်နေရင် သမီးထွက်လာခဲ့မယ်၊ အမေ အင်္ဂလိပ်လို မပြောတတ်မှာ စိုးလို့”
“အမလေးဟဲ့ … ငါလည်း ရှေး ခုနှစ်တန်းအောင်ပါနော်၊ အင်္ဂလိပ်လို ပြောတာများ ဘာခက်တာမှတ်လို့အေ… ကြီးကြီးကျယ်ကျယ်”
ပွစိပွစိပြောပြီး တံခါး သွားဖွင့်တယ်
အတွင်း သစ်သားတံခါး ဖွင့်လိုက်တော့...
သံတခါးနောက်မှာ ကုမ္မဏီဝတ်စုံလေးတွေနဲ့ ကုလားလေးနှစ်ယောက် ရပ်နေတာတွေ့လိုက်ရတယ်။
ကုမ္မဏီက အရောင်းမြင့်တင်ရေး ဆင်းလာတာနေမှာပေါ့
လက်ထဲက အအေးဗူးလေးတွေကို ကိုင်ထားရင်း … ပါးစပ်ကလည်း ပြောတယ်… …
“Yakult yakult ရာကွတ် ရာကွတ်”… တဲ့
အဲ…
ရှေးခုနှစ်တန်းကျောင်းထွက်ြ ကီးနဲ့ အဲဒီ ရာကွတ်နဲ့ တွေ့ပါလေရော… …
“ဝှပ်… နိုးရာကွတ် နိုးရာကွတ်၊ မြန်မာ အောမြန်မာ”
“ဒုန်း”… ဆိုပြီး တံခါး ပြန်ပိတ်လိုက်တယ်။
ပြီးတော့ သူ့သမီးကို လှမ်းပြောလိုက်သေးတယ်… …
“သမီးရေ၊ ဘယ်ကုလားအိမ်နဲ့ မှားတယ် မသိပါဘူး၊ ‘ရာကွတ်’ တဲ့ လာမေးနေတယ်၊ ဒီမှာဘယ်က ရာကွတ်မှမရှိဘူး အားလုံး မြန်မာတွေချည့်ပဲ လို့ ပြန်အော်လွတ်လိုက်တယ် အေ့”… တဲ့။
အေးတာပဲ
.
(ယခုဇာတ်လမ်း ပြောပြသူမှာ Tiong Bahru မှ အမည်မဖော်လိုသူ ‘မဆွေ’ ဖြစ်ပါကြောင်း)
.
.
သန်၎ကို - ပေါက်ကရ၄ဝ
https://www.facebook.com/ thanlayko

ရှေးခုနှစ်တန်းကျောင်းထွက်ြ
“ဝှပ်… နိုးရာကွတ် နိုးရာကွတ်၊ မြန်မာ အောမြန်မာ”
“ဒုန်း”… ဆိုပြီး တံခါး ပြန်ပိတ်လိုက်တယ်။
ပြီးတော့ သူ့သမီးကို လှမ်းပြောလိုက်သေးတယ်… …
“သမီးရေ၊ ဘယ်ကုလားအိမ်နဲ့ မှားတယ် မသိပါဘူး၊ ‘ရာကွတ်’ တဲ့ လာမေးနေတယ်၊ ဒီမှာဘယ်က ရာကွတ်မှမရှိဘူး အားလုံး မြန်မာတွေချည့်ပဲ လို့ ပြန်အော်လွတ်လိုက်တယ် အေ့”… တဲ့။
အေးတာပဲ
.
(ယခုဇာတ်လမ်း ပြောပြသူမှာ Tiong Bahru မှ အမည်မဖော်လိုသူ ‘မဆွေ’ ဖြစ်ပါကြောင်း)
.
.
သန်၎ကို - ပေါက်ကရ၄ဝ
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။