Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 29, 2015

ဘာ့ကြောင့် ဒေါ်စုကို သမ္မတ ဖြစ်စေချင်တာာလဲ ..?



ဘာ့ကြောင့် ဒေါ်စုကို သမ္မတ ဖြစ်စေချင်တာာလဲ ..?

ဒီမေးခွန်းကို မဖြေခင်
ဂျာမနီနိုင်ငံက ဘာလင်တံတိုင်းကြီးပေါ်မှာ
ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေနဲ့ အတူ
မှတ်တမ်းတင်ကျောက်ပြား ရေးထိုးခံခဲ့ရပြီး
မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတို့အတွက် ဂုဏ်တက်စေခဲ့သူ ။

ကမ္ဘာပေါ်မှာ ဂုဏ်ယူစရာ အချက်တွေများစွာ ပိုင်ဆိုင်ထားတဲ့
နော်ဝေလို နိုင်ငံမျိုးက
သူ့နိုင်ငံမှာ အသုံးပြုတဲ့ တံဆိပ်ခေါင်းပေါ်မှာတောင်
သူမရဲ့ ပုံရိပ်ကို ခတ်နှိပ်ပြီး
ဂုဏ်ပြုခြင်း ခံခဲ့ရသူ။

အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း
သူ့နိုင်ငံသားတွေထဲမှာ
ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်ပြီး
သူမရဲ့ အကြောင်းကိုတောင်
ပညာသင်ကြားရေး သင်ရိုးညွှန်းတမ်းတွေမှာ
ထည်းသွင်း သင်ကြားစေတဲ့အထိ ထင်ရှားကျော်ကြားခဲ့သူ။

တကယ်တော့..
အဲဒီသူဟာ
အမေရိကန် ၊ ဂျာမနီနဲ့ အဂ်လန်နိင်ငံ အပါအဝင်
နိုင်ငံ့ခေါင်းဆောင်များစွာရဲ့ လေးစားခြင်းကို ခံနေရတဲ့ သူ
ဆိုရင်လည်း မမှားပါဘူး။

ဒါ့အပြင်..
တရုတ်နိုင်ငံလို
လက်ရှိအစိုးရနဲ့ အဆင်ပြေပြီး
မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နှံမှု.
တစ်ဝက်ကျော်ပိုင်ဆိုင်ထားတဲ့ နိုင်ငံက သမ္မတကိုယ်တိုင်
တကူးတက ဖိတ်ခေါ်ပြီး
လေးလေးစားစားနဲ့ အပြန်အလှန် တွေ့ဆုံဆွေးနွေးနေမှု့တွေကို မြင်ခဲ့ရတော့
မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အနာဂတ် ရှေ့ရေးအတွက်
သူမကို
မြန်မာနိုင်ငံရဲ့ သမ္မတ အဖြစ်
မြင်တွေ့လိုစိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့်..
ဒေါ်စုကို သမ္မတ ဖြစ်စေချင်တယ် ပြောရင်..
တချို့ အတွေးအခေါ်ချို့တဲ့သူတွေ ပြောတဲ့ စကားတစ်ခုရှိနေသေးတာကိုလည်း
သတိပြုရပါမယ်။

အဲဒါကတော့..
ကုလားတွေက သူ့ပါတီထဲမှာ အများကြီးပဲ ။
သူသမ္မတ ဖြစ်ရင် ကုလားတွေ ကြီးစိုးမယ်တဲ့။
တကယ်တော့ အဲဒီလိုပြောတဲ့သူတွေဟာ
လက်ရှိအစိုးရရဲ့ ကြံဖွတ်အမတ် ဘာသာခြားတွေကိုတော့
မသိချင်ယောင်ဆောင်ပြီး
အသိပညာ ချို့တဲ့သူတွေကို ဝေဝါးသွားအောင်
ဒေါ်စုကို ထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားခြင်းဆိုတာ
လူတိုင်းသိနေတဲ့ ကိစ္စပါ။

ဒါဆိုရင်..
ဒေါ်စုက ဘာသာခြားတွေကို လက်မခံပဲ မောင်းထုတ်ရမှာလား ။
အဲဒါရဲ့နောက်မှာ ကြံဖွံကိုပဲ မဲပေးပါလို့
ပြောသလို ဖြစ်မသွားနိုင်ဘူးလား။
အတွေးအခေါ်မဲ့သလိုလို
အရေးအသားမျိုးတွေနဲ့ လာမရေးကြပါနဲ့ လို့တော့
ကြိုပြောထားချင်ပါတယ်။

သိထားဖို့ကတော့..
သူမအနေနဲ့ ဘာသာခြားတွေကို ပိုက်ဆံယူပြီး
လက်ခံခေါ်သွင်းပေးခဲ့တာ မရှိဘူးဆိုတာနဲ့..
ဘယ်သူတွေကြောင့်..
ဒီလိုအနေအထားကို ရောက်လာခဲ့ကြတယ်ဆိုတာတော့
မြင်စေချင်တယ်။

တကယ်တော့..
ဒေါ်စုဆိုတာ ပြည်သူအားလုံးအပေါ်မေတ္တာထားရင်းနဲ့
ပြည်သူအားလုံးကို စုစည်း ချစ်ခင်စေလိုသူပါ။
လက်ရှိအစိုးရကြောင့်သာ
ပြည်သူတွေ မျက်ရည်ပေါက်ကြီးငယ် ကျရပေမယ့်
သူမကြောင့်
ဘယ်သူတွေများ နစ်နာဘူးလို့လဲ။

သမိုင်းမှာ အာဇာနည် မျိုးရိုး။
သမိုင်း အပျက်ခံပြီး နိုင်ငံနဲ့လူမျိုးကို ဒုက္ခ ရောက်အောင် လုပ်မယ့်သူ မဟုတ်မှန်းလည်း
အသိပညာရှင် အတတ်ပညာရှင်များစွာနဲ့
ပြည်သူများစွာက ယုံကြည်ပြီးသားပါ။

တကယ်တော့..
သူမချစ်တဲ့ နိုင်ငံကို တိုးတက်စေချင်တဲ့ စေတနာ ။
သူမချစ်တဲ့ ပြည်သူတွေကို စားဝတ်နေရေး ပြေလည်စေချင်လို့သာ
ဒီလို
စိတ်ဓာတ် မာကြောစွာနဲ့ လုပ်ဆောင်နေနိုင်တာကို ကျွန်တော်တို့
သိထားသင့်ပါတယ်။
သူမအသက် ၇၀ ကျော် ရှိနေပါပြီ။

ခုလို ..
သွားနိုင် လာနိုင်နေသေးတဲ့ ကာလ
နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ ချစ်ခင်လေးစားမှု့ကို
အထူးတလည် ရရှိနေတဲ့ ကာလမှာ
မြန်မာပြည်သူတွေနဲ့
မြန်မာနိုင်ငံ အတွက် သူ့ကို သမ္မတ ဖြစ်စေချင်တယ်။

သူသာ သမ္မတ ဖြစ်မယ်ဆိုရင်..
မလိုသူတွေ ရေးသလို
ပြီးတော့ ..
လက်ရှိ အစိုးရလို
တခြားနိုင်ငံတွေရဲ့ သြဇာခံ မဖြစ်နိုင်ပဲ
သူ့ကို လေးစားစိတ်နဲ့တင်
မြန်မာနိုင်ငံအပေါ်မှာ အကူအညီများစွာ ပေးကြမယ်။
လက်ရှိအစိုးရလို ကိုယ်ကျိုးကြည့် ဥပဒေတွေ ပပျောက်ပြီး
သူမရဲ့ အတွေးအခေါ်များစွာနဲ့အတူ
ချမှတ်မယ့် စီးပွားရေး ပေါ်လစီတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့လည်း
ယုံကြည်တယ်။
ဒါဆိုရင် မျှတတဲ့ ပေါ်လစီတွေ
မျှတတဲ့ ဥပဒေတွေအောက်မှာ
ပြည်ပရင်းနှီးမြုပ်နှံမှု့တွေလည်း လာရောက်ကြပြီး
ပြည်သူပြည်သားတွေ လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများ
စားဝတ်နေရေးလည်း ပြေလည်လာမှာ မလွဲပါဘူး။

ဒါကြောင့်..
နိုင်ငံတကာကလည်းလေးစားပြီး
ပြည်သူချစ်တဲ့ သူ့ကို
နိုင်ငံနဲ့လူမျိုးအတွက် သမ္မတ ဖြစ်စေချင်တယ်။
သူမ ရှိနေစဉ် ကာလ
သူမကို ယုံကြည်စိတ် လေးစားစိတ်နဲ့အတူ ပေးအပ်လာမယ့်
နိုင်ငံတကာက အကူအညီတွေကို
ရယူုပြီး
နိုင်ငံနဲ့ လူမျိုးတိုးတက်ဖို့ ဆောင်ရွက်ချင်တယ်။
လက်ရှိအစိုးရ လက်ထက်မှာ
ဘယ်လိုမှ မရနိုင်တော့မယ့်
ပြည်ပနိုင်ငံတချို့က အကူအညီတွေကို ပြန်လည်ရယူပြီး
နိုင်ငံကို
ကျန်းမာရေး ပညာရေးက အစ
ပြန်လည် ဦးမော့လာစေချင်တယ်။

သူမအသက်အရွယ်အရ
သူမအကျိုးအတွက် သီးသန့် ဆောင်ရွက်စရာ ဘာမှ မရှိတော့ပါဘူး။
ပြည်သူ တွေကသာ.
သူမရှိနေစဉ်ကာလ
သူမကို အသုံးချရင်းနဲ့ နိုင်ငံကို တိုးတက်အောင် အမြန်ဆုံး လုပ်ဆောင်ရတော့မှာပါ။

သူမရှိနေစဉ်မှာ တန်ဖိုးထားပြီး
သူမကို သမ္မတဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးရင်းနဲ့
နိုင်ငံတကာရဲ့ အကူအညီတွေကို ရယူပြီး
လှေကားထစ်တွေကို အပြေးအလွှား တက်ရတော့မှာပါ။

လက်ရှိအစိုးရကလည်း ဒါတွေကို မြင်ကြည့်ရင်း
ပြည်သူအားလုံးအပေါ် စေတနာ ထားနိုင်ပါစေ။
နိုင်ငံတိုးတက်ရေး
ပြည်သူ ပြည်သားတွေရဲ့ စားဝတ်နေရေး ပြေလည်လာစေရေးကို
အမှန်တကယ်လိုလားနိုင်ပါစေ။
ပြည်သူအများရဲ့ဆန္ဒကို ရှေးရှူ့ဆောင်ရွက်နိုင်ပါစေလို့
ဆုတောင်းရင်း ..
အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်း အုပ်ချုပ်ပြီး
မြန်မာပြည်ကြီး အမြန်ဆုံးတိုးတက်လာပါစေ။

ဘုန်းထက်ကြယ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။