ရေသန့်အတိုင်းတွေ့မြင်ရသော်လည်း သောက်လိုက်လျှင် ကော်ဖီအရသာအတိုင်းဖြစ်စေမည့် ကော်ဖီသန့်တစ်မျိုးကို ဆလိုဗက်နိုင်ငံမှ ဒေးဗစ်နာဂီဆိုသူ တီထွင်ပညာရှင်တစ်ဦးကဖော်ထုတ်နိုင်ခဲ့ကြောင်း Huffington Post သတင်းက ဖော်ပြထားပါတယ်။ နာဂီ တီထွင်လိုက်တဲ့ ကော်ဖီဟာ ရေသန့်ဘူးအတွင်း ထည့်ထားတဲ့ ရေသန့်အရောင်အတိုင်းဖြစ်နေပြီး သွားများတွင်အရောင်မစွန်းထင်းလိုသော
သူများ၊ ကော်ဖီအေးသောက်လိုသူများ၊ အဝတ်အစားပေါ်ကော်ဖီဖိတ်လျှင် ပေကျံမှုကို မနှစ်သက်သူများအတွက် အထူးသင့်လျော်ပါတယ်။
သူတီထွင်ထားတဲ့ ကော်ဖီသန့်ကို ရေသန့်ဘူးအတိုင်း ထုတ်မည်သူများ၊ ကော်ဖီအေးသောက်လိုသူများ၊ အဝတ်အစားပေါ်ကော်ဖီဖိတ်လျှင် ပေကျံမှုကို မနှစ်သက်သူများအတွက် အထူးသင့်လျော်ပါတယ်။
ဖြစ်ပြီး ၂၀၀ မီလီလီတာခန့်ပါဝင်ကြောင်း၊ ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်များကလည်း ပုံမှန်အတိုင်းပါဝင်မည်ဖြစ်ပြီး ကပ်ပါချီနိုကော်ဖီအရသာအတိုင်း ခံစားနိုင်မှာဖြစ်ပါတယ်။ ယခင်က မည်သူမျှတီထွင်ခြင်း
မပြုနိုင်ခဲ့တဲ့ ကော်ဖီသန့်ကို ရေအရောင်အတိုင်း ကော်ဖီအရသာများဖြင့် တီထွင်နိုင်ခဲ့ခြင်းမှာ ဆန်းသစ်သည့် တီထွင်မှုတစ်ခုဖြစ်ကြောင်း၊ မိမိသည် ဗြိတိန်တွင်နေထိုင်စဉ်ကတည်းက တစ်နေ့လျှင်ကော်ဖီ ငါးခွက်ခန့် သောက်လေ့ရှိကြောင်း၊ ကော်ဖီသောက်ပြီးတိုင်း သွားများညစ်ပတ်ခြင်းကို မကြိုက်ခြင်းကြောင့် ကော်ဖီသန့်ကို တီထွင်ရခြင်း ဖြစ်ကြောင်း နာဂီကပြောပြပါတယ်။
Ref_dailymail
Credit....inspire
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။