Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 30, 2015

Breast pain ရင်သားနာတာ ဘာလို့ပါလဲ



Breast pain ရင်သားနာတာ ဘာလို့ပါလဲ

(၁) ဆရာမင်္ဂလာပါ သမီးအခုရင်သားနာကျင်ခြင်းကိုခံစားနေရလို့ပါ။ အမြဲတမ်းတော့မဟုတ်ပါဘူး။ အဲဒါ ရင်သားကင်ဆာနဲ့ ဆက်နွယ်နေပါသလားဆရာ။ အသက် ၂၅ ပါ အိမ်ထောင်မရှိပါဘူး ဓာတ်မှန်ရိုက်ကြည့်ရင် အဆင်ပြေနိုင်မလားဆရာ။
(၂) အပျိုစင် မိန်းခလေးတယောက် ရင်သားတွေ နာပြီး ယောင်လာတာ ဘာ့ကြောင့်ပါလဲ။ အကျိတ်မရှိပဲ ဖြစ်တာပါ။
(၃) ရင်သားမှာ အကျိတ်အဖု၊ ကင်ဆာနဲ့ပက်သက်လို့ ဆရာရေးတဲ့စာ တော်တော်များများ ဖတ်ပြီးဖြစ်ပါတယ်။ အသက် ၃၄ နှစ် ကလေးအသက် ၁ နှစ်ခွဲအရွယ်ရှိပါပြီ။ ကလေးက အသက် ၄၅ ရက်ရုံးတက်တဲ့အချိန်ကစလို့ မိခင်နို့တိုက်လို့ မရတာကစပြီး ရင်သားမှာ မကြာခဏဆစ်ခနဲဆစ်ခနဲ ခံစားခဲ့ရပါတယ်။ ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးနဲ့ ပြသကြည့်တော့ ဟိုမုန်းအတက်အကျကြောင့်ဖြစ်လို့ Vitamin E တစ်လသောက်ကြည့်ပြီး ပြန်လာပြဖို့ပြောထားပါတယ်။
သောက်တဲ့အချိန်မှာ သက်သာပြီး ဆက်လက်ခံစားရလို့ မေးမြန်းရခြင်းဖြစ်ပါသည်ရှင့်။

မိန်းကလေး-အမျိုးသမီးအားလုံး ၇ဝ% တခါမဟုတ်တခါ၊ တဖက်မဟုတ် တဖက်မှာ ရင်သားနာတာ ခံစားကြရနိုင်တယ်။ ၁၅% လောက်သာ ဆေးကုဘို့ လိုပါမယ်။ ရင်သားနာတာနဲ့ (ကင်ဆာ) ဆိုင်မှာ နည်းလှပါတယ်။

ဘာလို့ ရင်သားနာရသလဲ။ အခြေခံအကြောင်း ၂ မျိုးရှိတယ်။
၁။ Cyclical ရာသီနဲ့ ဆိုင်တာ၊
၂။ Non-cyclical ရာသီနဲ့ မဆိုင်တာ။

မိန်းကလေးတို့ သဘာဝဆိုတာ ဟော်မုန်းတွေနဲ့ နေ့တိုင်း၊ အချိန်တိုင်း ဆိုင်နေတယ်။ လစဉ်ရာသီ ဖြစ်စဉ်ကလဲ ဒါဘဲ။ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတီရုန်း) ဟော်မုန်း ၂ မျိုး ဖြစ်တယ်။ ဒီဟော်မုန်း တန်ခိုးကြောင့် ရင်သားထဲက နို့အိတ်၊ နို့ပြွန်တွေကို သက်ရောက်စေတယ်။ တခါတလေ နို့မဖြစ်သေးတဲ့ အရည် အောင်းနေစေမယ်။ ကြီးရင် ကြီးသလို ဖေါင်းမယ်။ အလုံး-အကျိတ်လို စမ်းလို့ရမယ်။ အာရုံကြောသွားဖိရင် နာမယ်။ လတိုင်း အနည်းနဲ့ အများ ဖြစ်နေတယ်။ လကုန်ရင် တပတ်ပြီးသွားရော။ အပျိုရွယ်ရောက်လာလို့ နာနိုင်တယ်။ ကိုယ်ဝန်ဆောင်လို့လဲ ရင်သား နာတတ်တယ်။ နို့တိုက်ချိန်လဲ နာတတ်တယ်။

သုတေသနအရ အသက် ၃၄ နှစ် အမျိုးသမီးတွေမှာ Cyclical breast အဖြစ်အများဆုံး။ ရင်သားနာလို့ လာပြသူတွေထဲက ၆ဝ% နဲ့ ရင်သားမှာ တခုခု ဖြစ်လို့လာပြသူထဲက ၇၅% ရှိတယ်။ ဟော်မုန်းတခုထဲ အပြစ်ဖို့လို့ မရဘဲ၊ Stress စိတ်ဖိစည်းမှု ကနေလဲ ဖြစ်နိုင်တယ်။ ကိုယ်လက် လှုတ်ရှားမှုကြောင့်လဲ ဖြစ်နိုင်တယ်။

ရာသီနဲ့မဆိုင်ဘဲ ရင်သားနာတယ်ဆိုတာ ဥပမာ ခိုက်မိလို့ နာတာမျိုး။ မနေ့နေ့ကဘဲ တယောက် မေးလာတယ်။ ခွဲစိတ်ထားလို့ ဆိုတာမျိုးက နေရာ သတ်သတ် မှတ်မှတ်မှာ နာတယ်။ သွေးဆုံးခါနီး၊ သွေးဆုံးစ နာတတ်တာက ၁-၂ နှစ် နေရင် ကောင်းသွားတယ်။ ရင်သားအောက်က နံရိုး-အရိုးနု ရောင်တာက ရင်သားလို့ မှားတတ်တယ်။ ပိုးဝင်လို့ နာမယ်။ ပြည်တည်ရင် ပိုနာမယ်။ ပိုးဝင်လို့ နို့နာ ဖြစ်တာက ကလေးနို့တိုက်ချိန်မှာ အများဆုံးဖြစ်တယ်။ ဗမာပြည်မှာ တောနယ်တွေ တာဝန်ကျတုံးက သားဦး ၃ ယောက်မွေးရင် ၁ ယောက်မှာ နို့နာဖြစ်ကြတာ သတိထားမိတယ်။ အပြင်ရောက်တော့ အဲလောက် ဖြစ်တာ မတွေ့တော့ပါ။

ကိုယ်ဝန်တားဆေး၊ ဟော်မုန်းအစားထိုးဆေး၊ လူဝလာလို့၊ အတွင်းခံကြပ်လို့၊ အလုံး-အကျိတ်-ကင်ဆာ-အနာတွေနဲ့ ခွဲခြားရမယ်။ Methyldopa (Aldomet), Spironolactone (Aldactone), Anadrol နဲ့ Chlorpromazine ဆေးတွေ ကြောင့်လဲ နာတတ်တယ်။ Birth control pills ဆေးတွေက တချို့မှာ နာစေပြီး တချို့မှာ (Progestin) နာလို့ ပေးရတယ်။

ဆရာဝန်က စမ်းသပ်မယ်။ လိုအပ်ရင် Mammogram ရိုက်မယ်။ အသားစ ထုတ်ယူစစ်ဆေးတာ လုပ်မယ်။ ဆေးပေးချင် ပေးမယ်။ ပေးချင်မှ ပေးမယ်ဆိုတာ နှမြောလို့ မဟုတ်ပါ။

• ဆေးတွေက ရာသီနဲ့ ဆက်ဖြစ်လို့ ရင်သားနာတာကို သက်သာစေပေမဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိတယ်။
• Bromocriptine ကနေ ပျို့-အန်၊ ခေါင်းမူး၊ ကလေးမရ ဖြစ်တတ်တယ်။
• Danazol ကြောင့် လူဝစေနိုင်တယ်၊ ရာသီမလာတာ၊ ဆေးများရင် မျက်နှာမွှေး ပေါက်မယ်။ ရာသီ များမယ်။ အသံသြမယ်။ ကြွက်သား နာမယ်။
• Goserelin ဆေးကလဲ မျက်နှာနီ၊ လိင်စိတ်နဲ၊ မွေးလမ်းခြောက်၊ ရင်သားသေး၊ စိတ်တိုဖြစ်စေနိုင်တယ်။
• Gestrinone ဆေးသုံးတာ သက်သာနိုင်တယ်။ ဒါပေမဲ့ ကိုယ်မွှေးများ၊ ရာသီများ၊ အသံပြောင်း၊ လိင်စိတ်နဲ၊ ရင်သားသေး၊ ခေါင်းကိုက်၊ မောပန်း၊ စိတ်ကျဖြစ်စေနိုင်တယ်။
• ရာသီဖြစ်စဉ်နဲ့ မဆိုင်ဘဲ နာတာမျိုးက စတီရွိုက်ဆေး ရင်သားမှာ ထိုးပေးတာ၊ ခွဲစိတ်တာ လုပ်ရတတ်တယ်။ တခါတလေ ဆီးသွားစေတဲ့ဆေး နဲနဲ ပေးနိုင်တယ်။

ဆရာဝန် မလိုလောက်တာမျိုးတွေလဲလုပ်ပါ။
• အတွင်းခံ အသင့်ဆုံးကို ရွေးဝတ်ပါ၊
• ဆားလျော့စားပါ၊
• (ကေဖင်း) ပါတာတွေ လျော့စား-သောက်ပါ၊
• အဆီလျော့စားပါ။ အသီးအနှံ-အသီးအရွက် များများ စားပါ။
• ကိုယ်အလေးချိန် သင့်တင့်ပါစေ။
• Aspirin, Paracetamol အနာ-အကိုက် သက်သာဆေး တခုခုသောက်ပါ။ လိမ်းဆေးလဲ သုံးနိုင်တယ်။ ရေခဲ ကပ်ပေးနိုင်တယ်။
• Vitamin B6, Vitamin B1, Vitamin E ဗီတာမင်တွေ သောက်ပါ။
• Evening primrose oil နှင်းဆီဝါဆီ သုံးပါ။
• ကိုယ်-စိတ် အေးဆေးပါစေ။

Dr. တင့်ဆွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။