Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 27, 2015

( အရင်နှစ်တုန်းက post တင်ခဲ့ဖူးတဲ့ အဘ “ သောင် ” မင်းသမီးလေး အကြောင်းပေါ့ )


( အရင်နှစ်တုန်းက post တင်ခဲ့ဖူးတဲ့
အဘ “ သောင် ” မင်းသမီးလေး အကြောင်းပေါ့ )

“ မင်းသမီးကို သိန်း ၄၀၀၀တန် လင်ခရူဇာ လက်ဆောင်ပေးတဲ့ ကိုယ်ရေးအရာရှိ ”

တစ်ခေတ်တစ်ခါက ကားပါမစ်တွေ ပိတ်ထားတဲ့အချိန်ပေါ့ဗျာ။ မင်းသမီးလေးတစ်
ယောက်ကအရမ်းလှ အရမ်းနာမည်ကြီးနေချိန်လည်း ဖြစ်တယ်။
ဒီအချိန်မှာ စစ်တပ်ထဲမှာလည်း တပ်ဖွဲ့တစ်ဖွဲ့ အရမ်း လက်စောင်းထက် နေချိန်ပေါ့။
နိုင်ငံရဲ့စီးပွားရေးကလည်း သူတို့လက် သူတို့ခြေဖြစ်နေတယ်။ အဲဒီတပ်ဖွဲ့ရဲ့ အကြီးအကဲက ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်တယ်။ အများကတော့ မင်းသားကြီးလို့ ခေါ်ကြတယ်။ 

သူ့ရဲ့ကိုယ်ရေးအရာရှိကလည်း နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ တပည့်ဆိုတော့ ဆရာ့
ကို ချဉ်းကပ်ချင်ရင် တပည့်ကို အပိုင်ပေါင်းရတာပေါ့။ အဲဒီ ခေတ်က ခရိုနီ၊ ခရိုပြာတွေ
က အဲဒီကိုယ်ရေးအရာရှိ လက်ထဲကို သူတို့ရဲ့ ချက်လက်မှတ်တွေမှာ လက်မှတ်
ထိုးပြီး ငွေနေရာမှာ ဗလာထားလို့ အဲဒီကိုယ်ရေးအရာရှိကို အပ်ထားရတယ်။ ကိုယ်ရေး
အရာရှိက သူ့ဆရာအတွက်နဲ့ သူ့ဆရာ အလှူဒါနလုပ်တဲ့ နေရာမှာ ငွေလိုရင် အဲဒီချက်
စာအုပ်မှာ လိုချင်တဲ့ ငွေကိုဖြည့်ပြီး ထုတ်သုံး ရုံပဲ။ အဲဒီလောက်အထိ တန်ခိုးကြီးခဲ့
ပါတယ်။ ချက်စာအုပ် ကုန်ပြီဆိုတာနဲ့ သူဌေးတွေက နောက်ထပ် ချက်စာအုပ်တစ်အုပ်မှာ လက်မှတ်အပြည့်ထိုးပြီး ထပ်ပို့ပေးကြရတယ်။ သူဌေးတွေကလည်း လိုလိုလားလား
ပဲလေ။ ချက်စာအုပ်ထဲမှာ သုံးလိုက်တဲ့ငွေထက် အဆပေါင်းများစွာ အမြတ်အစွန်းရတဲ့ လုပ်ငန်းတွေကို ပြန်ရတာကိုး။

လူရဲ့သဘောကလည်း အခက်သားကလား။ စိတ်အလိုဆန္ဒဆိုတာ ပြည့်တယ်လို့မှ
မရှိတာ။ တစ်ခုပြည့်ရင် နောက်တစ်ခုကို ကူးပြီး အလိုဆန္ဒအသစ်က ပေါ်လာတာမျိုး
လေ။ လူတွေ ပထမဆုံး တောင့်တတာက ငွေရှိဖို့၊ ငွေရှိလာရင် နောက်ထပ်လာတဲ့
ဆန္ဒက အာဏာရှိဖို့၊ ငွေရော အာဏာရော ရှိလာရင်တော့ ကာမဆန္ဒအတွက် ကြိုက်တဲ့သူနဲ့ နေချင်လာပြန်ရော။

ဒါကြောင့် အဲဒါတွေအားလုံး ပြည့်စုံသွားတဲ့သူတွေဟာ နောက်တစ်ဆင့် အနေနဲ့ ဂေး
တွေဖြစ်ကုန်ကြတာ။ အဲဒီကိုယ်ရေးအရာရှိ ခေတ်ကောင်းချိန်မှာ မိုဘိုင်းဖုန်းကလည်း
အပြင်မှာ တစ်လုံး သိန်းလေးဆယ်လောက် ပေါက်နေချိန်ဆိုတော့ မိုဘိုင်းဖုန်း တစ်လုံး
ကနေ နှစ်လုံးကိုင်နိုင်တဲ့သူဆိုရင် အားလုံးက ငေးကြည့်နေကြရတာ။ အထူးသဖြင့် တယ်လီဖုန်းနှစ်လုံး ကိုင်ချင်တာက အနုပညာရှင်တွေပေါ့။ ဒီတော့ အဲဒီ့အာဏာရှိတဲ့ ကိုယ်ရေးအရာရှိဆီကို နည်းလမ်းမျိုးစုံသုံးပြီး ချဉ်းကပ်ကြရတယ်။

တုံ့ပြန်ကျေးဇူးဆပ်ဖို့ကတော့ ငွေမလိုပါဘူး။ ငွေမကုန်တဲ့နည်းနဲ့ပဲ ကျေးဇူးဆပ်ကြရတာ
ပါ။ ပြောရရင် အဲဒီလျှမ်းလျှမ်းတောက် မင်းသမီးလေးက ဒါရိုက်တာ တစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ အဲဒီ့ ကိုယ်ရေးအရာရှိနဲ့ သိခွင့်ရသွားပါတယ်။ ကိုယ်ရေးအရာရှိ သဘောကောင်းလိုက်ပုံက မင်းသမီး လိုချင်တဲ့ မိုဘိုင်းဖုန်း ပေးတဲ့အပြင် ရောင်းစားဖို့
ပါ ဖုန်းတွေအများကြီး ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် အဲဒီ့အချိန်က မိုဘိုင်းဖုန်း
လိုချင်သူတွေဟာ မင်းသမီးဆီကိုသွားပြီး ကြိုက်တဲ့နံပါတ် ရွေးပြီး ၀ယ်လို့ရတဲ့အထိ
မင်းသမီးက ဆက်သွယ်ရေး ၀န်ကြီးနီးပါး မျက်နှာပွင့်ခဲ့ပါတယ်။ ပေးလိုက်တဲ့ နံပါတ်
တွေကလည်း အခုမြန်မာ့ဆက်သွယ်ရေးက လေလံတင် ရောင်းနေတာမျိုး အပူးအခွ ဂဏန်းတွေချည်းပဲ။

မင်းသမီးရဲ့ ရည်းစားကတော့ စိတ်အကြီးအကျယ် ညစ်သွားပါတယ်။ သူကလည်း မခေသူဆိုတော့ မြွေမြွေချင်း ခြေမြင်တာပေါ့။ ပြောရရင် မင်းသမီးနဲ့ သူနဲ့က တရား
ရုံးချုပ်မှာတက်ပြီး လက်မှတ်ထိုး ပြီးသား။ နှစ်ယောက်သား အပျိုဂုဏ်၊ လူပျိုဂုဏ်လေး
နဲ့ အနုပညာ လုပ်နေချိန်မို့ တရားဝင် ကြေညာပြီး အတူတူမနေ သေးတာပဲရှိတယ်။
အဲဒီအချိန်မှာ ကိုယ်ရေးအရာရှိက ကြားဖြတ်ပြီး ခုတ်လေတော့ အူနု ကျွဲခတ်ပြီပေါ့။
အဲဒီကိုယ်ရေး အရာရှိနဲ့ သူ့ရည်းစားမင်းသမီး ဟိုတယ်ထဲ ၀င်သွားတာတွေကို နောက်
ကချောင်းပြီး ဓာတ်ပုံရိုက်၊ အဲဒီ့အဖွဲ့အစည်းကို တိုင်ပေမယ့် အဲဒီအဖွဲ့အစည်းက
ဗိုလ်ချုပ်ကြီးရဲ့ ကိုယ်ရေး အရာရှိကို ဘယ်သူက အရေးယူရဲမှာလဲဗျာ။ ကိုယ်ရေးအရာရှိ
တန်ခိုးနဲ့ အဲဒီ့မင်းသမီးဟာ တောက်တောက်ပြောင်ပြောင် ဖြစ်တာထက် ပိုပြီးကို ချမ်းသာသွားပါတယ်။ တွဲလာတာ ကြာလာချိန်မှာ ကိုယ်ရေးအရာရှိက မင်းသမီးကို လက်ဆောင်ပေးပြန်တယ်။ ဒါကတော့ အဲဒီခေတ်က သိန်း ၄၀၀၀ တန်တဲ့ တိုယိုတာ လင်ခရူဇာကား အဖြူကြီးပါပဲ။

အဲဒီ့မင်းသမီး ရန်ကုန် ရောက်ပြီး လေးငါးနှစ်အတွင်းမှာ ရန်ကုန်က သူဌေးရပ်ကွက်
မှာ တိုက်နဲ့ကားနဲ့ ဖြစ်သွားရုံမက ကျန်တဲ့မင်းသား၊ မင်းသမီးတွေကပါ အဲဒီမင်းသမီး
ကတစ်ဆင့် ၀န်ကြီး၊ ၀န်ကလေးတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားလာကြရတယ်။ မင်းသမီး
လည်း တဖြည်းဖြည်းနဲ့ မားမားစံ ဖြစ်လာတယ်။ အဲဒီခေတ်က မင်းသား၊ မင်းသမီး
တွေရဲ့ ရည်မှန်းချက်က တိုယိုတာ လင်ခရူဇာ ဆိုက်ဂနက် ကားစီးနိုင်ရေးပါပဲ။ အဲဒီ
အချိန်မှာ နာမည်ကြီးမင်းသား၊ မင်းသမီးကလည်း အခုခေတ်လို ပေါပေါ များများ
မဟုတ်ဘဲ လက်ချိုးရတဲ့အချိန်။ အဲဒီကားစီးနိုင်တာ ကလည်း မင်းသားတစ်ယောက်နဲ့
မင်းသမီး တစ်ယောက်ပဲဆိုတော့ အားလုံး အဲဒီကားမျိုးစီးနိုင်ဖို့ အလုအယက် ကြိုးစား
နေချိန်ပေါ့။ ပွင့်ဦးကလည်း ကြွေပြီးသားတွေဆိုတော့ သူတို့အတွက် ကားစီးရရင်ပြီးရော
ကျေးဇူးဆပ်ဖို့က တယ်ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သူဌေးကြီးတစ်ယောက်ဆိုရင် မင်းသမီးလေး တစ်ယောက်ကို ရိုက်ကွင်းလာပြီး သိန်း ၂၀၀တန် စိန်နားကပ် လက်ဆောင် ပေးရတဲ့အထိ မင်းသမီးတွေ စန်းထခဲ့ပါတယ်။ ဒီလိုနဲ့ ၀န်ကြီးတွေ၊ ၀န်ကလေးတွေနဲ့ပါ ပေါင်းခဲ့တဲ့အတွက် အပွကြီး ပွခဲ့ပါတယ်။

မင်းသမီးလည်း ငွေကြေး အရ၊ သြဇာအာဏာအရ အကုန်ပြည့်စုံလာတော့ နောက်
တစ်ဆင့် အလိုဆန္ဒက မူးယစ် ဆေးသုံးတာတွေ ဘာတွေဖြစ်လာတယ်။ ဒါကိုလည်း ဘယ်သူကမှ အရေးမယူရဲဘူး။ မင်းသမီးကို ဖမ်းလို့မရတော့ မင်းသမီးရဲ့ အပေါင်း
အပါ တခြားမင်းသား မင်းသမီးတွေကိုလည်း ဖမ်းလို့မရတော့ဘူးပေါ့။ ဆယ်လီ
ဘရစ်တီဆိုတဲ့ မင်းသား မင်းသမီးတွေကို ဆယ်ကျော်သက်တွေက အတုခိုးတတ်
ကြလေတော့ တဖြည်းဖြည်းနဲ့ ဆယ်ကျော်သက်တွေပါ မူးယစ်ဆေး သုံးတတ်လာ
ကြတယ်။

ဒီလိုနဲ့ ကံကြမ္မာတစ်ဖက် စောင်းပြီး အဲဒီတပ်ဖွဲ့ကြီး ပြိုကွဲချိန် ရောက်လာတယ်။ ပြိုကွဲချိန်
မှာ ပထမဆုံး အဖမ်းခံရတာကတော့ အဲဒီဗိုလ်ချုပ်ကြီးနဲ့ သူတပည့် ကိုယ်ရေးအရာရှိ
ပေါ့။ ၀ဋ်ဆိုတာ ဘ၀မကူးပါဘူး ဆိုတဲ့ စကားအတိုင်း အဲဒီ့ ကိုယ်ရေးအရာရှိကိုစစ်ဆေး
ချိန်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲက ကားတစ်စီး ပျောက်နေတယ်။ ကားက လိုင်စင်မဲ့
ကားကြီး။ နောက်ဆုံးမတော့ အဲဒီ့ မင်းသမီးအိမ်ကနေ လိုင်စင်မဲ့ ၀စ်သောက်
လင်ခရူဇာ ကားဖြူကြီးကို ပြန်သိမ်းလိုက်ရတော့တယ်။ ခုအချိန်အထိတော့ အဲဒီ့
ကိုယ်ရေး အရာရှိဟာ ထောင်ထဲမှာ ပြစ်မှုကြွေးကို ချွေးနဲ့ဆပ်နေရတုန်းပါပဲ။

အဲဒီ မင်းသမီးလေးလိုပဲ မော်ဒယ် မင်းသမီးလေး တစ်ယောက်ကိုလည်း သူ့စပွန်ဆာ
ကိုကိုက တိုက်ခန်းနဲ့ ကားနဲ့ တယ်လီဖုန်းနဲ့ ဆင်ပေးထားတာမျိုးရှိတယ်။ အဲဒီစပွန်ဆာ ကိုကိုလည်း အဖမ်းခံရရော တိုက်ခန်းက နှစ်ချုပ်နဲ့ ငှားထားတဲ့အခန်း၊ ကားက လိုင်စင်မဲ့
ဝစ်သောက်၊ တယ်လီဖုန်းက လပေးနဲ့ ငှားထားတာဖြစ်လို့ အဲဒီကလေးမလည်း
လမ်းဘေး မရောက်ရုံတမယ် ဖြစ်ခဲ့ရဖူးတယ်။

ဒါတွေ ရေးပြနေတာက နောင်လာ နောက်သားတွေ ဖြတ်လမ်း မလိုက်မိကြစေဖို့
စေတနာနဲ့ပါ။ အခုလည်း စပွန်ဆာ ကိုကိုတွေ စပွန်ဆာ ဘဘတွေက အရမ်းခေတ်စားနေချိန်ဖြစ်လို့ ဖြစ်ပြီးခဲ့တာတွေကို နမူနာပြပြီး ဆင်ခြင်နိုင်ဖို့ပါ။

လက်စောင်းထက်
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။