ရိုးရိုးလက်ပတ်နာရီတိုင်းကို Smartwatch အဖြစ်ပြောင်းလဲပေးနိုင်မယ့်
လက်ပတ်ကြိုး
-------
သင့်စတိုင်နဲ့ လိုက်မယ့်လက်ပတ်နာရီတစ်လုံးကို ၀ယ်နိုင်ပြီး စမတ်နာရီအဖြစ် ပြောင်းလဲပေးမယ့် လက်ပတ်ကြိုးတစ်မျိုးကို ၀ါဆောမြို့ က ဒီဇိုင်နာတွေက တီထွင်ထုတ်လုပ်လိုက်ပါတယ်။
Unique လို့ ခေါ်တဲ့ ဒီလက်ပတ်ကြိုးဟာ အာရုံခံကိရိယာတွေနဲ့ LED မီးလုံးလေးတွေပါဝင်ပြီး လက်ပတ်နာရီတိုင်းမှာ တပ်ဆင်နိုင်ကာ အလွယ်တကူဖြုတ်တပ်လို့ ရပါတယ်။ ၀ါဆောမြို့ အခြေစိုက် uBirds ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ဒီလက်ပတ်ကြိုးတွေပရောဂျက်ကို အခုအခါ ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုဒ် Kickstarter မှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။
အသုံးပြုသူတွေဟာ လက်ပတ်ကြိုးကနေ alerts နဲ့ notifications တွေ စီမံထားနိုင်ပြီး တခြားစွမ်းဆောင်ရည်တွေအဖြစ် fitness tracking sensors နဲ့ လက်ပတ်ကြိုးအတွင်းမှာ NFC chips တွေကို ထည့်သွင်းတာကြောင့် ထိတွေ့ စရာမလိုဘဲငွေပေးချေမှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဒီ စမတ်နာရီကြိုးကို သားရေနဲ့ ရရှိနိုင်မှာဖြစ်ပြီး သာမန်သုံးနေကျလက်ပတ်နာရီကြိုးတွေထက် ပိုထူမှာ မဟုတ်ဘူးလို့ သိရပါတယ်။ စမတ်နာရီတွေလိုပဲ၊ ဒီစမတ်ကြိုးအတွက် သီးသန့် လုပ်ထားတဲ့ app ကို Bluetooth ကနေတဆင့် ချိတ်ဆက်ပြီး အသုံးပြုသူအနေနဲ့ မိမိစိတ်ကြိုက်၊ Notifications ၊ alerts နဲ့ functions တွေကို စီစဉ်ထားနိုင်မှာဖြစ်ပါတယ်။
ဖုန်းဝင်လာလို့ ရှိရင် လက်ပတ်နာရီကြိုးကို နှစ်ချက်ပုတ်လိုက်ရုံနဲ့ reject လုပ်နိုင်မှာဖြစ်သလို၊ နာရီကြိုးမှာ gesture တစ်ခုခုဆွဲပြီး ကြိုတင်ရေးထားတဲ့ မက်ဆေ့ကို လှမ်းပို့ နိုင်မှာဖြစ်ပါတယ်။ LED မီးလုံးနဲ့ တုန်ခါမှုတွေကို alert အနေနဲ့ အသုံးပြုထားပြီး တကယ်လို့ ဖုန်းကို မေ့ကျန်ခဲ့တာမျိုး ဖြစ်ရပ်မှာ ဖုန်းနဲ့ Unique နာရီကြိုး ဝေးကွာသွားတာနဲ့ အချက်ပေးမှာဖြစ်ပါတယ်။
ကြိုးမဲ့အားသွင်းနည်းပညာကို အသုံးပြုထားပြီး အားတစ်ခါအပြည့်သွင်းထားရင် သုံးရက်လောက် သုံးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ ရန်ပုံငွေအစီအစဉ်ကို ငွေကြေးထောက်ပံ့သူတေတွအနေနဲ့ အရောင် သုံးမျိုးရွေးချယ်ဝယ်ယူနိုင်ပြီး Kickstarter ကနေ တဆင့် အစောဆုံး ငွေကြေးထောက်ပံ့ပေးသူတွေကို ၁၃၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ye Wint - သစ်ထူးလွင်
Ref: Dailymail
လက်ပတ်ကြိုး
-------
သင့်စတိုင်နဲ့ လိုက်မယ့်လက်ပတ်နာရီတစ်လုံ
Unique လို့ ခေါ်တဲ့ ဒီလက်ပတ်ကြိုးဟာ အာရုံခံကိရိယာတွေနဲ့ LED မီးလုံးလေးတွေပါဝင်ပြီး လက်ပတ်နာရီတိုင်းမှာ တပ်ဆင်နိုင်ကာ အလွယ်တကူဖြုတ်တပ်လို့ ရပါတယ်။ ၀ါဆောမြို့ အခြေစိုက် uBirds ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ဒီလက်ပတ်ကြိုးတွေပရောဂျက်ကိ
အသုံးပြုသူတွေဟာ လက်ပတ်ကြိုးကနေ alerts နဲ့ notifications တွေ စီမံထားနိုင်ပြီး တခြားစွမ်းဆောင်ရည်တွေအဖြစ်
ဒီ စမတ်နာရီကြိုးကို သားရေနဲ့ ရရှိနိုင်မှာဖြစ်ပြီး သာမန်သုံးနေကျလက်ပတ်နာရီကြိ
ဖုန်းဝင်လာလို့ ရှိရင် လက်ပတ်နာရီကြိုးကို နှစ်ချက်ပုတ်လိုက်ရုံနဲ့ reject လုပ်နိုင်မှာဖြစ်သလို၊ နာရီကြိုးမှာ gesture တစ်ခုခုဆွဲပြီး ကြိုတင်ရေးထားတဲ့ မက်ဆေ့ကို လှမ်းပို့ နိုင်မှာဖြစ်ပါတယ်။ LED မီးလုံးနဲ့ တုန်ခါမှုတွေကို alert အနေနဲ့ အသုံးပြုထားပြီး တကယ်လို့ ဖုန်းကို မေ့ကျန်ခဲ့တာမျိုး ဖြစ်ရပ်မှာ ဖုန်းနဲ့ Unique နာရီကြိုး ဝေးကွာသွားတာနဲ့ အချက်ပေးမှာဖြစ်ပါတယ်။
ကြိုးမဲ့အားသွင်းနည်းပညာကို
ဒီ ရန်ပုံငွေအစီအစဉ်ကို ငွေကြေးထောက်ပံ့သူတေတွအနေနဲ
Ye Wint - သစ်ထူးလွင်
Ref: Dailymail
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။