Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 28, 2015

Scorpion sting ကင်းသုံးကင်း တကင်းပြီးသလား


Scorpion sting ကင်းသုံးကင်း တကင်းပြီးသလား

ဆရာ ကျမအဒေါ်တယောက် မြင်းမူမှာ လွန်ခဲ့တဲ့တပတ်က ကင်းမလက်မည်း ကိုက်ခံရလို့။

အရေးအကြီးဆုံး ကင်းသုံးကင်းရှိတယ်လို့ ပြောကြတယ်။ Centipede ကင်းခြေများ၊ Scorpion ကင်းမြီးကောက်နဲ့ Black-earth Scorpion ကင်းမ-လက်မည်း (ကင်းပုစွန်) တွေကို ပြောကြတာ များမယ်ထင်တယ်။ တခြားကင်းတွေလဲ ရှိသေးတယ်။ Millipede ကင်းနားသန်၊ Scolopendra ကင်းစုန်း၊ Grass-lizard ကင်းလိပ်ချော။ နောက်ပြီး Cuttle fish ကင်းမွန်ကတော့ စားရတဲ့ငါးအုပ်စုထဲက ဖြစ်တယ်။ 

လူတယောက်ဟာ ကင်းသုံးကင်းမှာ တကင်း ပြီးတယ်လဲ ပြောကြတယ်။ ဒီလို အကောင်တွေ ကိုက်ရင် သေတယ် ဆိုတာတော့ ရှားတယ်။ ဘယ်အကောင် ကိုက်ကိုက် ဖြစ်တာတွေကလဲ ဆင်တူသေးတယ်။ နဲနဲခံရတာနဲ့ များများ ခံရတာတော့ ရှိမှာပေါ့။ (အလာဂျီ) ဖြစ်မှသာ ဆိုးတယ်။ အင်ပြင်ထတာကနေ ပျို့တာ-အန်တာအပြင် (ရှော့ခ်) ရတဲ့အထိ ဖြစ်နိုင်တယ်။

ကင်းခြေများ
စားလို့ရတာအကုန်စားတဲ့တရုတ်တွေက ကင်းခြေများကို ဝူကုန်းခေါ်တယ်လို့ ပြည်ပပို့ကုန် တင်သွင်းချင်သူတွေအတွက် ကြော်ကြာမှာ ရေးထားတယ်။ ကင်းခြေများဟာ ပိုးနသန်ကောင်နဲ့ မှားခေါ်တာခံရတတ်တဲ့အကောင်ဖြစ်တယ်။ အဆစ်ပေါင်း ၁၂-၁ဝဝ ဆစ်နဲ့ ခြေထောက်တွေ အများကြီးရှိတယ်။ ချွန်ထက်မာကျောပြီး၊ အမြီးနှစ်ခွမှာရှိတဲ့ (ဂလင်း) အိတ်က အဆိပ်ထွက်လာမယ်။
• အကိုက်ခံရရင် နာမယ်၊ ရောင်မယ်၊ နီရဲနေမယ်၊
• တခါတလေ အနီးအနားက တက်စေ့တွေ ရောင်လာမယ်။
• ကိုက်တဲ့နေရာ ထုံကျင်နေမယ်။
• စိတ်အေးအေးထားပါ။
• အကိုက်ခံရတဲ့နေရာကို ဆပ်ပြာနဲ့ရေနဲ့ ကောင်းကောင်းဆေးကြောလိုက်ပါ။ အရက်ပြန်-အရက် မသုံးပါနဲ့။
• ရေခဲတင်ပေးပါ။ ၁ဝ မိနစ်တခါ တင်လိုက်၊ နားလိုက်လုပ်ပါ။
• ၄၈ နာရီအထိ အဆိပ်ဒဏ်ခံရနိုင်တယ်။ ဒါထက်ကြာကြာ သိပ်ဆိုးဝါးသူတွေလဲ ရှိတတ်တယ်။
• နာတာသက်သာအောင် Acetaminophen နဲ့ Ibuprofen တခုခုကို အစာနဲ့တွဲ သောက်ပါ။
• ရောင်တာ၊ ယားတာသက်သာအောင် Hydrocortisone cream လိမ်းဆေး တခုခုလိမ်းပါ။
• မေးခိုင်ကာကွယ်ဆေး ATT မထိုးရသေးရင် ထိုးပါ။
• အနာဖြစ်သွားရင် ဆေးထည့်ပါ။ လိုအပ်ရင် ပိုးသေဆေးသောက်ပါ။
• အဆိပ်ကနေ သေစေတယ်ဆိုတာ မရှိဘူး။
• ဆိုးဝါးရင် (အလာဂျစ်) ဖြစ်ရင် အသက်ရှူရခက်လာမယ်၊ နှလုံးခုန်တာ မြန်လာမယ်၊ လည်ပင်းအစ်လာမယ်၊
• အရေးပေါ်ဌာနသွားရသူတွေကို ဆေးစစ်ဆေးမှုတွေလုပ်မယ်။ အသက်ရှူကူဘို့လိုရင် လုပ်ပေးမယ်။ သွေးပြန်ကြောထဲ ဆေးသွင်းဘို့ လိုရင် လုပ်မယ်။ ဆေးလိုသူတွေကို ပေးမယ်။

ကင်းမြီးကောက်၊ ကင်းမလက်မည်း (ကင်းပုစွန်)
သူများတွေဆီမှာ ကင်းမြီးကောက်ကို ပိုနေရာပေးကြတယ်။ ရုပ်ရှင်ရိုက်တာတောင် Scorpion King နှစ်ကား ရှိနေပြီ။ ဒီအကောင် အကြောင်းက ဆေးစာမှာလဲ နေရာပိုရတယ်။ ကင်းကိုက်ခံရတာဟာ တိုးတက်ဖွံ့ဖြိုးမှု နည်းတဲ့ ဒေသတွေမှာ လူထုကျန်းမာရေး ပြဿနာတရပ် ဖြစ်တယ်။ နှစ်စဉ် လူ ၁့၂ သန်း အကိုက်ခံနေရတယ်လို့ စစ်တမ်းခုက ဆိုတယ်။ သူ့စာရင်းမှာ ၃၂၅ဝ ဦး သေဆုံးတယ်၊ မက်ဆီကိုမှာ တနှစ် လူ ၁ဝဝဝ သေပေမဲ့၊ အမေရိကားမှာတော့ ၁၁ နှစ်အတွင်း ၄ ယောက်သာ သေတယ်။ အမျိုးအစားပေါင်း ၁၅ဝဝ လောက်ထဲမှာ လူကို ဒုက္ခပေးတာက ၃ဝ-၅ဝ ရှိတယ်။ တရိဂံပုံက ဆိုးတယ်။ ငါးမြှောင့်ပုံက မဆိုးလှဘူး။ ဥပမာ Buthidae family ဖြစ်တယ်။ အာရှမှာ တွေ့နိုင်တာတွေက Mesobuthus, Buthotus နဲ့ Androctonus တွေ ဖြစ်တယ်။

သာမန်ကာရှန်ကာ ဖြစ်တာကို ရှေးဦးသူနာပြုလုပ်တာ၊ အနာအကိုက် သက်သာဆေး၊ (အင်တီဟစ်စ်တမင်း) ဆေးပေးတာနဲ့ ရတယ်။ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ အကိုက်ခံရရင်တော့ မပေါ့ရဘူး။ အဆိပ် သိပ်ပြင်းတဲ့ အရပ်က အကောင်တွေအတွက် ဖြေဆေး ဖေါ်ထားတယ်။ ဥပမာ (အရီဇိုနာ) ကင်းတွေအတွက် Antivenin ပေါ်နေပြီ။ ဆိတ်သွေး ကနေ ဖေါ်ထားတာ။ တိရစ္ဆာန်ကနေ မထုတ်တဲ့ Anascorp ဆေးကိုလဲ စမ်းသပ်နေတယ်။

အကိုက်ခံရပြီး သွေးပြန်ကြောကတဆင့် အဆိပ်က ပြန့်သွားမယ်။ ၄-၇ မိနစ်မှာ လက္ခဏာတွေ ပြမယ်။ ၃ဝ မိနစ်မှာ အပြင်းထန်ဆုံးနဲ့ ၄့၂ ကနေ ၁၃့၎ နာရီအထိ ကြာနိုင်ပြီး၊ ကိုယ်ထဲကနေ ဆီးကတဆင့် ထွက်သွားမယ်။ Neurotoxin, Cardiotoxin, Nephrotoxin, Hemolytic toxin, Phosphodiesterases, Phospholipases, Hyaluronidases, Glycosaminoglycans, Histamine, Serotonin, Tryptophan, Cytokine releasers အဆိပ် အမျိုးမျိုး ပါနိုင်တယ်။

အကိုက်ခံရတဲ့နေရာမှာ -
• စူးရှပြီး လောင်သလို နာမယ်။ ယားလာမယ်၊ နီရဲ-ရောင်လာမယ်။ အထက်တက်ပြီး ခံစားလာရမယ်။
• လျှပ်စစ်ဓါတ်လိုက်သလို နေတယ်။ ရက်တွေ ကြာအောင် ခံစားနေရတတ်တယ်။
• ဖြစ်တဲ့နေရာကို ခေါက်ကြည့်ရင် မခံနိုင်ဘူး။ သူ့အပေါ် အဝတ်တင်တာတောင် မခံချင်ဘူး။
• အနီးအနားက တက်စေ့တွေ ရောင်တတ်တယ်။
• အကိုက်ခံရတဲ့နေရာမှာ အဖုပေါက်နိုင်တယ်။ အနာလိုဖြစ်တာက ရှားတယ်။
• Centruroides အကောင်းက အသက်သာဆုံးနဲ့ C exilicauda က အဆိုးဆုံး။

(က) အာရုံကြော-လက္ခဏာတွေ
• ဗဟိုအာရုံကြော = ထုံတာ-ကျင်တာ ခြေတွေ-လက်တွေမှာ ဖြစ်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ စိတ်ရှုတ်ထွေးမယ်၊ ဂရောင်ခြောက်ခြားဖြစ်မယ်၊ အမူအယာ မတူတာ ဖြစ်မယ်။
• (အော်တိုနောမစ်) အာရုံကြော = (ဆင်ပသက်တစ်) = ကိုယ်ပူ၊ နှလုံးခုန်မြန်၊ သွေးဖိအားတက်၊ နှလုံးခုန် မမှန်၊ အဆုပ်ပွတာ၊ သွေးထဲမှာ အချိုဓါတ်များတာ။ (ပါရာဆင်ပသက်စတစ်) = လေပြွန်ကျဉ်း၊ နှလုံးခုန်နှေး၊ သွေးဖိအားကျ၊ သွားရည်များ၊ မျက်ရည်များ၊ ဆီးများ၊ အစာခြေရည်များ၊ ဝမ်းလျှော၊ နှာရည်များ၊ လေပြွန်ထဲ အရည်များ၊ ဆီး-ဝမ်း အထိန်းရခက်၊ လိင်အင်္ဂါ ပြန်မကျအောင် သန်မာ၊ အမြိုရခက်၊ သူငယ်အိမ်ကျဉ်း။
(ခ) (ဆိုမက်တစ်) လက္ခဏာတွေ = ကြွက်သားတွေတင်း၊ စိတ်အလိုမပါဘဲ ကြွက်သားတွေလှုတ်၊
(ဂ) (ခရေနီရယ်) ဦးနှောက်-အာရုံကြော-လက္ခဏာတွေ = အပေါ်မျက်ခွံ အောက်ကျ၊ မျက်လုံး လည်-လှုတ်-ကြည့်မကောင်း၊ သူငယ်အိမ်ကျယ်၊ လျှာလှုတ်၊ အမြိုရခက်၊ သွားရည်များ၊
(ဃ) နှလုံး-လက္ခဏာတွေ = သွေးဖိအားတက်၊ သွေးဖိအားကျ၊ နှလုံးခုန်မြန်၊
(င) အသက်ရှူလမ်း-လက္ခဏာတွေ = အသက်ရှူမြန်၊ အဆုပ်ပွ၊
(စ) (အလာဂျီ)-လက္ခဏာတွေ = အင်ပြင်ထ၊ ဖူးရောင်၊ လေပြွန်တုန်ခါ၊ (အနာဖလက်ဆစ်-ရှော့ခ်)၊
(ဆ) အစာလမ်း-လက္ခဏာတွေ = သွားရည်များ၊ အမျိုရခက်၊ ပျို့-အန်၊ အစာအိမ်တင်း၊ အစာခြေရည်များ၊ သကြားဓါတ်များ၊ အသဲအဆိပ်သင့်၊

အဆင့်တွေ -
(၁) အကိုက်ခံရတဲ့နေရာမှာသာ နာတာနဲ့ ထုံကျင်တာ ၈၃%၊
(၂) အကိုက်ခံရတဲ့နေရာကနေ ဆက်ပြန့်ပြီး နာတာနဲ့ ထုံကျင်တာ ၉့၃%၊
(၃) ဦးနှောက်အာရုံကြောဖြစ်ဖြစ် (ဆိုမက်တစ်) အာရုံကြောဖြစ်ဖြစ် လက္ခဏာတွေရှိတာ ၄့၇%၊
(၄) ဦးနှောက်အာရုံကြောရော (ဆိုမက်တစ်) အာရုံကြော လက္ခဏာတွေပါ တွဲရှိတာ ၃%။

တိုင်းရင်းဆေးနည်း -
၁။ သံလွင်ဆီကို ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ရင် ကင်းဆိပ်ဖြေဆေး အဖြစ် သုံးနိုင်တယ်။
၂။ ကြက်သွန်နီကို မီးဖုတ်၊ နွမ်းပျော့သွားတဲ့အခါ ငရုတ်ဆုံထဲ ကြိတ်ခြေပြီး၊ ထွက်လာတဲ့အရည်ကို လိမ်းပေးပါ။ အဖတ်ကိုလည်း အုံစည်းပေးထားနိုင်တယ်။
၃။ မန်းကျည်းစေ့ကိုသွေးပြီး လိမ်းပေးပါလို့ မှတ်သားရပါတယ်။

ဘုရားကု -
၁။ ပရိတ်ပရိကံ မြန်မာပြန် = သမ္မာဒေဝ နတ်ကောင်း-နတ်မြတ်တို့သည် မင်းဘေး၊ သူခိုးဓားပြဘေး၊ လူရိုင်း-လူပျက်ဘေး၊ ဘီလူးဘေး၊ မီးဘေး၊ ရေဘေး၊ မြေဘုတ်ဘီလူးဘေး၊ သစ်ငုတ်ခလုပ်ဘေး၊ ဆူးငြောင့်ဘေး၊ မကောင်းသော နက္ခတ်ဘေး၊ ဇနပုဒ်၌ ဖြစ်ပွားတတ်သော ကူးစက်ရောဂါဘေး၊ မတရားဘေး၊ အယူလွဲမှားဘေး၊ သူယုတ်မာဘေးနှင့် ကြမ်းတမ်းသော ဆင်၊ မြင်း၊ သားရဲ၊ နွား၊ခွေး၊ မြွေ၊ ကင်းမြီးကောက်၊ မြွေစိမ်း၊ သစ်၊ ဝံ၊ အောင်း၊ ဝက်၊ ကျွဲ၊ ဘီလူး၊ ရေစောင့်ဘီလူး တို့ကြောင့် ဖြစ်ပွားတတ်သော အထူးထူးသောဘေး၊ အထူးထူးသော ရောဂါ၊ အထူးထူးသော ဥပဒ္ဒဝေါများ မဖြစ်ပွားအောင် စောင့်ရှောက်တော်မူကြပါ။
၂။ ခန္ဓသုတ် (၇) = ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးတို့သည် မနှိုင်းယှဉ်အပ် မြင့်မြတ်တော် မူကြပါပေသည်။ မြွေ၊ ကင်းမြီးကောက် စသော တိရစ္ဆာန်တို့သည် နှိုင်းယှဉ်စရာ ကိလေသာ ပြည့်ဝ ယုတ်ညံ့ ကြကုန်၏။

ဘာလုပ်မလဲ -
• ရှေးဦးသူနာပြုစုပါ။ အသက်ရှူလမ်း၊ သွေးစီးဆင်းမှု ကောင်းနေ-မနေ သိနေအောင် လုပ်ပါ။ အကိုက်ခံရတဲ့ နေရာကို မလှုတ်ရှားပါနဲ့။ လူနာကို နှစ်သိမ့်ပါ။ အကိုက်ခံရတဲ့နေရာကို ရေဆေးပါ။ ဆပ်ပြာဘဲ သုံးပြီး အရက်ပြန် မသုံးရပါ။
• ၂ နာရီ အတွင်းဆိုရင် ရေခဲတင်ပါ။ အဆိပ် ဆက်မပြန့်စေဘူး၊ သွေးကြောတွေကို ကြုံ့စေမယ်။
• (အလာဂျီ) ရလို့ လည်ပင်း ရောင်တဲ့သူဆိုရင် အစာမစားစေနဲ့။
• အနာသက်သားဆေး ပေးနိုင်တယ်။ ဘိန်းပါတာ၊ မူးယစ်စေတာ မပေးပါနဲ့။
• လေစုပ်ကရိယာကို သုံးနိုင်တယ်။ ထိရောက်မှု သိပ်တော့ မသေခြာလှဘူး။ ပါးစပ်နဲ့ မစုပ်ရ။
• လက်ကောက်ဝတ် သွေးခုန်တာ၊ နှလုံးခုန်တာ၊ အသက်ရှူတာတွေကို စစ်ဆေးစောင့်ကြည့်နေပါ။
• ဆေးရုံကို မရောက်နိုင်မီ အကိုက်ခံရတဲ့နေရာ အထက် ၁ လက္မအကွာမှာ ကြိုးချည်ပေးပါ။ ဒီလိုလုပ်တာက အကိုက်ခံရတဲ့ နေရာအတွက်တော့ ပိုဆိုးစေနိုင်တယ်။
• ကိုက်တဲ့နေရာမှာ ထုံဆေးလိမ်းပါ။ အနာကို ပိုးမဝင်အောင် ဆေးထည့်ပါ။
• လိုအပ်ရင် အောက်စီဂျင် ပေးမယ်။
• လိုအပ်ရင် သွေးပြန်ကြောထဲ ဆေးသွင်းတာ လုပ်ပေးမယ်။
• Insulin ဆေးလဲ လိုရင်ပေးနိုင်တယ်။
• Shock and Edema အတွက် Steroids ပေးနိုင်တယ်။
• (အင်တီဟစ်တမင်း) ဆေးအုပ်စုထဲက Cimetidine နဲ့ Diphenhydramine ကို သုံးနိုင်တယ်။
• မေးခိုင်ကာကွယ်ဆေး ATT ထိုးပါ။ ပိုးမဝင်အောင် ပိုးသေဆေးပေးပါ။
• Diphtheria-tetanus toxoid နဲ့ Tetanus immune globulin (TIG) ဆေးတွေ သုံးဘို့ လိုတတ်တယ်။
• Benzodiazepines ကြွက်သားပျော့ဆေး သုံးနိုင်တယ်။
• Lorazepam (Ativan) စိတ်သက်သာရာ ရစေဘို့သုံးနိုင်တယ်။
• Midazolam နဲ့ Pentobarbital ဆေးတွေကို တက်တာမဖြစ်အောင်၊ အိပ်သွားစေအောင် သုံးတယ်။
• Bupivacaine (Marcaine) ကိုက်တဲ့နေရာမှာ နာတာအတွက် သုံးတဲ့ထုံဆေးဖြစ်တယ်။
• Labetalol, Prazosin, Hydralazine နဲ့ Norepinephrine ဆေးတွေကို သွေးဖိအားတက်တာအတွက် သုံးတယ်။
• Atropine, Milrinone နဲ့ Dobutamine ဆေးကို နှလုံးရပ်မသွားစေအောင် သုံးနိုင်တယ်။
• Antivenom အဆိပ်ဖြေဆေးရှိရင် ပေးတာ အကောင်းဆုံးဖြစ်တယ်။

ခံစားရတာတွေဟာ မိနစ်ပိုင်းကနေ ၃ ရက်အထိ ကြာနိုင်တယ်။ သေတဲ့အထိ ဖြစ်ရတာက အသက်ရှူလမ်းမှာ ဆိုးဝါးလာလို့ ဖြစ်တယ်။ (အနာဖလက်ဆစ်-ရှော့ခ်) ကြောင့် လေပြွန်ကျဉ်းတာ၊ လေပြွန်ထဲ လည်ချောင်းထဲမှာ အရည်တွေထွက်တာ၊ အသက်ရှူရာသုံးတဲ့ ကြွက်သားကြီး လေဖြတ်တာတွေ ဖြစ်တယ်။ ချက်ချင်း ထိထိရောက်ရောက် ဆေးကုရမယ်။

Dr. တင့်ဆွေ
၁၂-၅-၂ဝ၁၁
၁၈-၅-၂ဝ၁၅
၂၈-၉-၂ဝ၁၅

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။