တစ်ကိုယ်ကောင်းဆန်သော မိတ်ဆွေ
=========================
တစ်ခါတုန်းက ကြောင်တစ်ကောင်ဟာ မုဆိုးရဲ့ ကျော့ကွင်းမှာ မိခဲ့တယ်။
အဲဒီ ကျော့ ကွင်းရဲ့ မလှမ်းမကမ်းမှာတော့ ကြွက်တွင်းတစ်တွင်းရှိပြီး ကြောင်ရဲ့ ရန်ကိုကြောက်နေရတဲ့ ကြွက်ဟာ ကြောင် ကျော့ကွင်းမှာ မိမှန်းသိရတဲ့ အတွက် သွားပြီး အကဲခတ်ပါသတဲ့။
ဖြစ်ချင်တော့ မြွေပါတစ်ကောင်တစ်ကောင်ဟာ ကြွက်ကိုတွေ့ပြီး စားဖို့ငှာ ချောင်းလေပါသတဲ့။
ဒါကို မလှမ်းမကမ်း သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ ဇီးကွက်က မြင်ပြီး ကြွက်နှင့် မြွေပါကို သုတ်ချီဖို့ စောင့်နေလေရဲ့ ။ ဒါနဲ့ မြွေပါဟာ ဇီးကွက်ရန်ကို ကြောက်တာနဲ့ မိမိ အသက်ချမ်းသာ ရလိုရငြား ကျော့ကွင်းအနား သွားနေပါတယ်။
ဒါနဲ့ ကျော့ကွင်းနားအရင်ရောက်နေတဲ့  ကြွက်က စဉ်းစားတယ်။
တကယ်လို့ မုဆိုးရောက်လာပြီး ကြောင်ကို ယူသွားမယ်ဆိုရင် ငါဟာ မြွေပါရဲ့ အစာဖြစ်ပြီ။ ပြီးတော့ ဇီးကွက်ကလဲ မြွေပါနှင့် ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။
ဒါနဲ့ ကြောင်ထံသွားပြီး ၊
''အဆွေ ကျော့ကွင်းက နေ အဆွေကို လွှတ်ပေးပါ့ မယ်။
ဒါပေမဲ့ မြွေပါ နှင့် ဇီးကွက်ရန်က နေ အကျွန်ုပ်ကို ကယ်ရမယ်'' လို့ ခံဝန် ကတိတောင်းပါတယ်။ ကြောင်ကလဲ မိမိအသက်ချမ်းသာ ရဖို့ အတွက် ဖြစ်တာကြောင့် ကတိပေးလိုက်တယ်။
ကြွက်ဟာ သူ့ရဲ့ သေးငယ်တဲ့ သွားလေးတွေနဲ့ ကြော့ကွင်းကို ကိုက်ဖြတ်ပါတယ်။ မုဆိုး ပြန်လာဖို့ အချိန် အနည်းငယ် အကြာမှာပဲ ကြောင်ဟာ လွတ်မြောက် သွားပြီး ကတိအတိုင်း ဇီးကွက်နှင့် မြွေပါကို မောင်းထုတ်လိုက်တယ်။ အဲဒီအချိန်မှာ ကြွက်ဟာ သူ့ တွင်းထဲကို ပြန်ဝင် နှင့်ပါပြီ။
ရက်အတော်အတန် ကြာတော့ ၀မ်းဟာနေတဲ့ ကြောင်ဟာ ကြွက်တွင်းဆီကို ပြန်လာပြီး ကြွက်ကို ထွက်လာပြီး ကစားဖို့ ခေါ်ပါသတဲ့။
ဒီတော့ ကြွက်က ပြန်ဖြေတယ်။
''အဆွေကြောင်၊ အကျွန်ုပ်ဟာ မိမိရဲ့ အသက်နှင့် သင့်ရဲ့ အသက်ကို အလဲအလှယ် ပြု ဖို့၊နှစ်ဦးနှစ်ဘက်ကောင်းစားဖို့သာ မိတ်ဆွေဖွဲ့ရခြင်း ဖြစ်တယ်။ အခုတော့ အဆွေဟာ ကိုယ့်ဝမ်းဖူ ဖို့ အတွက် ကျွန်ုပ်ကို လှည့်စားဝံ့ ပြီ။ ပြန်ပါလေတော့ ''လို နှင်ခဲ့ပါသတဲ့။
-------------------------- -------------------------- ---------
Unknown
မာန်(ချိုးလူ)
=========================
တစ်ခါတုန်းက ကြောင်တစ်ကောင်ဟာ မုဆိုးရဲ့ ကျော့ကွင်းမှာ မိခဲ့တယ်။
အဲဒီ ကျော့ ကွင်းရဲ့ မလှမ်းမကမ်းမှာတော့ ကြွက်တွင်းတစ်တွင်းရှိပြီး ကြောင်ရဲ့ ရန်ကိုကြောက်နေရတဲ့ ကြွက်ဟာ ကြောင် ကျော့ကွင်းမှာ မိမှန်းသိရတဲ့ အတွက် သွားပြီး အကဲခတ်ပါသတဲ့။
ဖြစ်ချင်တော့ မြွေပါတစ်ကောင်တစ်ကောင်ဟာ ကြွက်ကိုတွေ့ပြီး စားဖို့ငှာ ချောင်းလေပါသတဲ့။
ဒါကို မလှမ်းမကမ်း သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ ဇီးကွက်က မြင်ပြီး ကြွက်နှင့် မြွေပါကို သုတ်ချီဖို့ စောင့်နေလေရဲ့ ။ ဒါနဲ့ မြွေပါဟာ ဇီးကွက်ရန်ကို ကြောက်တာနဲ့ မိမိ အသက်ချမ်းသာ ရလိုရငြား ကျော့ကွင်းအနား သွားနေပါတယ်။
ဒါနဲ့ ကျော့ကွင်းနားအရင်ရောက်နေတဲ
တကယ်လို့ မုဆိုးရောက်လာပြီး ကြောင်ကို ယူသွားမယ်ဆိုရင် ငါဟာ မြွေပါရဲ့ အစာဖြစ်ပြီ။ ပြီးတော့ ဇီးကွက်ကလဲ မြွေပါနှင့် ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။
ဒါနဲ့ ကြောင်ထံသွားပြီး ၊
''အဆွေ ကျော့ကွင်းက နေ အဆွေကို လွှတ်ပေးပါ့ မယ်။
ဒါပေမဲ့ မြွေပါ နှင့် ဇီးကွက်ရန်က နေ အကျွန်ုပ်ကို ကယ်ရမယ်'' လို့ ခံဝန် ကတိတောင်းပါတယ်။ ကြောင်ကလဲ မိမိအသက်ချမ်းသာ ရဖို့ အတွက် ဖြစ်တာကြောင့် ကတိပေးလိုက်တယ်။
ကြွက်ဟာ သူ့ရဲ့ သေးငယ်တဲ့ သွားလေးတွေနဲ့ ကြော့ကွင်းကို ကိုက်ဖြတ်ပါတယ်။ မုဆိုး ပြန်လာဖို့ အချိန် အနည်းငယ် အကြာမှာပဲ ကြောင်ဟာ လွတ်မြောက် သွားပြီး ကတိအတိုင်း ဇီးကွက်နှင့် မြွေပါကို မောင်းထုတ်လိုက်တယ်။ အဲဒီအချိန်မှာ ကြွက်ဟာ သူ့ တွင်းထဲကို ပြန်ဝင် နှင့်ပါပြီ။
ရက်အတော်အတန် ကြာတော့ ၀မ်းဟာနေတဲ့ ကြောင်ဟာ ကြွက်တွင်းဆီကို ပြန်လာပြီး ကြွက်ကို ထွက်လာပြီး ကစားဖို့ ခေါ်ပါသတဲ့။
ဒီတော့ ကြွက်က ပြန်ဖြေတယ်။
''အဆွေကြောင်၊ အကျွန်ုပ်ဟာ မိမိရဲ့ အသက်နှင့် သင့်ရဲ့ အသက်ကို အလဲအလှယ် ပြု ဖို့၊နှစ်ဦးနှစ်ဘက်ကောင်းစ
--------------------------
Unknown
မာန်(ချိုးလူ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။