အောင်မြင်ဖို့ ကမ္ဘာကျော် ၁၂ ဦး၏ ခံယူချက်
--------
အောင်မြင်မှုတစ်ခုဆိုတာ လူသားတိုင်း ရယူပိုင်ဆိုင်ချင်တဲ့ အရာတစ်ခုဆို မှားမယ် မထင်ပါဘူး။ တစ်ဦးချင်းဆီရဲ့ အောင်မြင်မှုကို သတ်မှတ်တဲ့ သတ်မှတ်ချက်တွေက ကွဲလွဲနိုင်ပေမယ့် အားလုံးဟာ မိမိတို့ဘ၀ သာယာစိုပြေဖို့အတွက် အောင်မြင်မှုကို ရှာဖွေနေကြပါတယ်။ အောင်မြင်မှုတစ်ခုဆိုတာ ရယူပိုင်ဆိုင်နိုင်ပေမယ့် လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ဘူးဆိုတာ အားလုံးလက်ခံမယ်ထင်ပါတယ်။ အားလုံးဘ၀တွေကို အကောင်းဆုံးနည်းလမ်းတွေနဲ့ အောင်မြင်မှုကို ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ကမ္ဘာကျော် ၁၂ဦးရဲ့ ခံယူချက် ၁၂ချက်ကို ပြန်လည် မျှဝေလိုက်ပါတယ်။
၁။ ရည်မှန်းချက်ကြီးပါစေ
“ကျနော်တို့တွေဟာ ရည်မှန်းချက်ထားတဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာက ထားလိုက်တဲ့ရည်မှန်းချက်က သေးနေတတ်ပြီး ရယူဖို့လွယ်တတ်တယ်။ အမှန်တော့ ဖြစ်သင့်တာက ရည်မှန်းချက်ကို ကြီးကြီးထားပြီးတော့ ရယူဖို့ လိုအပ်နေသေးတာမျိုး ဖြစ်ရမယ်။”
မိုက်ကယ်အိမ်ဂျယ်လို (Michelangelo Buonarroti)
၂။ မိမိချစ်မြတ်နိုးရာကိုသာ လုပ်ပါ
“အောင်မြင်ဖို့အတွက်သွားမယ့်  လမ်းကြောင်းမှာ ငွေရလို့လုပ်ရတာထက် ကိုယ်တိုင်အမှန်တကယ် ချစ်မြတ်နိုးတဲ့အရာကိုသာ တွေ့အောင်ရှာဖွေပြီး လုပ်ပါ။”
အိုပရာ ၀င်းဖရေ (Oprah Winfrey)
၃။ မျှတစွာ ကိုင်တွယ်တတ်ပါစေ
“မိမိရဲ့ ကိုယ်ပိုင်ဘ၀နဲ့ အလုပ်ဘ၀ကြားမှာ ရှောင်လွှဲလို့မရမယ့် ပြဿနာလေးတွေ ကြုံတွေ့ရမှာပါ။ ဘယ်သူကမှ တစ်ဖက်ထဲကို အာရုံပြုပြီး ရေရှည်မှာ ရပ်တည်လို့မရဘူး။ အရေးကြီးတာက ဒီနှစ်ခုကို မျှတစွာ ဘယ်လိုကိုင်တွယ်ပြီး အောင်မြင်အောင် လုပ်ဆောင်မလဲ ဆိုတာပါပဲ။”
ဖေးလ်နိုက်ခ် (Phil Knight) CEO of Nike Inc
၎။ ကျရှုံးရမှာ မကြောက်ပါနဲ့
“ကျရှုံးခြင်းတစ်ခုဆိုတာ တကယ်တော့ အသစ်ပြန်စတင်ဖို့အတွက် အခွင့်အရေးတစ်ခုပဲ။ ပြန်စတဲ့အခါ အရင်က ကျရှုံးခဲ့တဲ့ သင်ခန်းစာကို အခြေခံပြီး ပိုကောင်းအောင် လုပ်ဆောင်နိုင်တာပေါ့။”
ဟင်နရီဖို့ (Henry Ford) Founder of Ford Motors
၅။ အလုပ်နှင့်သက်သေပြပါ
“အောင်မြင်မှုကို ဖန်တီးနိုင်တဲ့လူတွေဟာ ဘယ်တော့မှ ထိုင်ပြီး အရာရာဟာ ဖြစ်လာတာကို မစောင့်နေဘူး။ သူတို့တွေဟာ ကိုယ်တိုင် မဖြစ်ဖြစ်အောင် နည်းလမ်းတွေရှာဖွေပြီး အောင်မြင်မှုကို ဖန်တီးကြတယ်။”
လီရိုနာဒို ဒါ ဗင်ချီ (Leonardo da Vinci) Renaissance Genius
6။ ပြဿနာကို ရှောင်ရှားပါ
“အောင်မြင်ဖို့အတွက် အဓိက အကျဆုံးအရာက လူတိုင်းနဲ့ အဆင်ပြေအောင် ဘယ်လို ဆက်ဆံရမလဲဆိုတာပဲ။”
သီရိုဒိုး လို့စဘက်ပ် (Theodore Roosevelt)
USA ၏ ၂၆ဦးမြောက် သမ္မတ
၇။ အတွေးအခေါ်အသစ်တွေကို ကြိုဆိုပါ
“အတွေးအခေါ်အသစ်ရှိတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ အတွေးအခေါ်သစ် မအောင်မြင်ခင်အထိ ငတုံးတစ်ယောက်ပဲ။”
မက်ခ်တ၀န်င် (Mark Twain) ကမ္ဘာကျော်စာရေးဆရာ
၈။ အောင်မြင်မယ်ဆိုတာ ယုံကြည်ပါ
“သင်အရာတစ်ခုကို စိတ်ကူးနဲ့ အိမ်မက်မက်နိုင်တယ်ဆိုရင် အဲ့ဒါကို သင်အကောင်အထည်ဖော်နိုင်တယ်။ ”
ဝေါတာ ဒစ်စနီ (Walter Disney) Walt Disney Founder
၉။ အကောင်းမြင်တတ်ပါစေ
“ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ယုံကြည်မှုအပြည့်နဲ့ အကောင်းမြင်ပြီး လျှောက်လှမ်းနေတဲ့ လူတစ်ယောက်ကို ဘယ်အရာကမှ သူအောင်မြင်အောင် ရပ်တည့်လို့ရမှာ မဟုတ်သလို ယုံကြည်မှုမရှိပဲ အဆိုးမြင်ပြီး ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်အတွက်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။”
သောမက်စ် ဂျက်ဖာဆန် (Thomas Jefferson)
USA ၏ တတိယမြောက် သမ္မတ
၁၀။ စိတ်ဓာတ်မကျပါနဲ့
“အဆုံးမှာတော့ အောင်မြင်ရမယ်လို့ ခံယူချက်အပြည့်ထားပါ။ ဘယ်တော့မှ စိတ်ဓာတ်ကျပြီး လောကကြီးကို ဒူးထောက်အရှုံးမပေးပါနဲ့။”
အေဘရေဟမ် လင်ကွန်း (Abraham Lincoln)
USA ၏ ၁၆ဦးမြောက် သမ္မတ
၁၁။ အလုပ်ကြိုးစားပါ
“သာမာန်လူတစ်ယောက်ရဲ့ ကြိုးစားနိုင်စွမ်းတစ်ခုကို ကျော်လွန်ပြီး မကြိုးစားနိုင်ပဲနဲ့တော့ ဘယ်တော့မှ ထိပ်ဆုံးနေရာကို ရောက်လာဖို့ ဖြစ်လာမှာ မဟုတ်ဘူး။”
ဂျေစီပန်နီ (JC Penny) JC Penney Inc’s Founder
၁၂။ မိမိယုံကြည်ချက်အတွက် ရပ်တည်ပါ
“မိမိယုံကြည်ရာတစ်ခုအတွက် ရပ်တည်ဖို့ အမြဲတမ်း သတ္တိရှိပါစေ။ ဒီယုံကြည်ချက်က မိမိဖြစ်လာချင်တဲ့ အရာတစ်ခုကို သိရှိနားလည်ထားတာဖြစ်တယ်။”
စတိဂျော့ (Steve Jobs) Apple Inc’s Co-founder
အားလုံးပဲ အောင်မြင်တဲ့ဘ၀တွေကို ဖန်တီးတည်ဆောက်နိုင်ကြပါစေ။
Credit:နှင်းနှင်းနွယ်(ရခို င်သူ)
--------
အောင်မြင်မှုတစ်ခုဆိုတာ လူသားတိုင်း ရယူပိုင်ဆိုင်ချင်တဲ့ အရာတစ်ခုဆို မှားမယ် မထင်ပါဘူး။ တစ်ဦးချင်းဆီရဲ့ အောင်မြင်မှုကို သတ်မှတ်တဲ့ သတ်မှတ်ချက်တွေက ကွဲလွဲနိုင်ပေမယ့် အားလုံးဟာ မိမိတို့ဘ၀ သာယာစိုပြေဖို့အတွက် အောင်မြင်မှုကို ရှာဖွေနေကြပါတယ်။ အောင်မြင်မှုတစ်ခုဆိုတာ ရယူပိုင်ဆိုင်နိုင်ပေမယ့် လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ဘူးဆိုတာ အားလုံးလက်ခံမယ်ထင်ပါတယ်။ အားလုံးဘ၀တွေကို အကောင်းဆုံးနည်းလမ်းတွေနဲ့ အောင်မြင်မှုကို ရယူပိုင်ဆိုင်နိုင်ဖို့အတွက
၁။ ရည်မှန်းချက်ကြီးပါစေ
“ကျနော်တို့တွေဟာ ရည်မှန်းချက်ထားတဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာက ထားလိုက်တဲ့ရည်မှန်းချက်က သေးနေတတ်ပြီး ရယူဖို့လွယ်တတ်တယ်။ အမှန်တော့ ဖြစ်သင့်တာက ရည်မှန်းချက်ကို ကြီးကြီးထားပြီးတော့ ရယူဖို့ လိုအပ်နေသေးတာမျိုး ဖြစ်ရမယ်။”
မိုက်ကယ်အိမ်ဂျယ်လို (Michelangelo Buonarroti)
၂။ မိမိချစ်မြတ်နိုးရာကိုသာ လုပ်ပါ
“အောင်မြင်ဖို့အတွက်သွားမယ်
အိုပရာ ၀င်းဖရေ (Oprah Winfrey)
၃။ မျှတစွာ ကိုင်တွယ်တတ်ပါစေ
“မိမိရဲ့ ကိုယ်ပိုင်ဘ၀နဲ့ အလုပ်ဘ၀ကြားမှာ ရှောင်လွှဲလို့မရမယ့် ပြဿနာလေးတွေ ကြုံတွေ့ရမှာပါ။ ဘယ်သူကမှ တစ်ဖက်ထဲကို အာရုံပြုပြီး ရေရှည်မှာ ရပ်တည်လို့မရဘူး။ အရေးကြီးတာက ဒီနှစ်ခုကို မျှတစွာ ဘယ်လိုကိုင်တွယ်ပြီး အောင်မြင်အောင် လုပ်ဆောင်မလဲ ဆိုတာပါပဲ။”
ဖေးလ်နိုက်ခ် (Phil Knight) CEO of Nike Inc
၎။ ကျရှုံးရမှာ မကြောက်ပါနဲ့
“ကျရှုံးခြင်းတစ်ခုဆိုတာ တကယ်တော့ အသစ်ပြန်စတင်ဖို့အတွက် အခွင့်အရေးတစ်ခုပဲ။ ပြန်စတဲ့အခါ အရင်က ကျရှုံးခဲ့တဲ့ သင်ခန်းစာကို အခြေခံပြီး ပိုကောင်းအောင် လုပ်ဆောင်နိုင်တာပေါ့။”
ဟင်နရီဖို့ (Henry Ford) Founder of Ford Motors
၅။ အလုပ်နှင့်သက်သေပြပါ
“အောင်မြင်မှုကို ဖန်တီးနိုင်တဲ့လူတွေဟာ ဘယ်တော့မှ ထိုင်ပြီး အရာရာဟာ ဖြစ်လာတာကို မစောင့်နေဘူး။ သူတို့တွေဟာ ကိုယ်တိုင် မဖြစ်ဖြစ်အောင် နည်းလမ်းတွေရှာဖွေပြီး အောင်မြင်မှုကို ဖန်တီးကြတယ်။”
လီရိုနာဒို ဒါ ဗင်ချီ (Leonardo da Vinci) Renaissance Genius
6။ ပြဿနာကို ရှောင်ရှားပါ
“အောင်မြင်ဖို့အတွက် အဓိက အကျဆုံးအရာက လူတိုင်းနဲ့ အဆင်ပြေအောင် ဘယ်လို ဆက်ဆံရမလဲဆိုတာပဲ။”
သီရိုဒိုး လို့စဘက်ပ် (Theodore Roosevelt)
USA ၏ ၂၆ဦးမြောက် သမ္မတ
၇။ အတွေးအခေါ်အသစ်တွေကို ကြိုဆိုပါ
“အတွေးအခေါ်အသစ်ရှိတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ အတွေးအခေါ်သစ် မအောင်မြင်ခင်အထိ ငတုံးတစ်ယောက်ပဲ။”
မက်ခ်တ၀န်င် (Mark Twain) ကမ္ဘာကျော်စာရေးဆရာ
၈။ အောင်မြင်မယ်ဆိုတာ ယုံကြည်ပါ
“သင်အရာတစ်ခုကို စိတ်ကူးနဲ့ အိမ်မက်မက်နိုင်တယ်ဆိုရင် အဲ့ဒါကို သင်အကောင်အထည်ဖော်နိုင်တယ်။
ဝေါတာ ဒစ်စနီ (Walter Disney) Walt Disney Founder
၉။ အကောင်းမြင်တတ်ပါစေ
“ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ယုံကြည်မှုအပြည့်နဲ့ အကောင်းမြင်ပြီး လျှောက်လှမ်းနေတဲ့ လူတစ်ယောက်ကို ဘယ်အရာကမှ သူအောင်မြင်အောင် ရပ်တည့်လို့ရမှာ မဟုတ်သလို ယုံကြည်မှုမရှိပဲ အဆိုးမြင်ပြီး ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်အတွက်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။”
သောမက်စ် ဂျက်ဖာဆန် (Thomas Jefferson)
USA ၏ တတိယမြောက် သမ္မတ
၁၀။ စိတ်ဓာတ်မကျပါနဲ့
“အဆုံးမှာတော့ အောင်မြင်ရမယ်လို့ ခံယူချက်အပြည့်ထားပါ။ ဘယ်တော့မှ စိတ်ဓာတ်ကျပြီး လောကကြီးကို ဒူးထောက်အရှုံးမပေးပါနဲ့။”
အေဘရေဟမ် လင်ကွန်း (Abraham Lincoln)
USA ၏ ၁၆ဦးမြောက် သမ္မတ
၁၁။ အလုပ်ကြိုးစားပါ
“သာမာန်လူတစ်ယောက်ရဲ့ ကြိုးစားနိုင်စွမ်းတစ်ခုကို
ဂျေစီပန်နီ (JC Penny) JC Penney Inc’s Founder
၁၂။ မိမိယုံကြည်ချက်အတွက် ရပ်တည်ပါ
“မိမိယုံကြည်ရာတစ်ခုအတွက် ရပ်တည်ဖို့ အမြဲတမ်း သတ္တိရှိပါစေ။ ဒီယုံကြည်ချက်က မိမိဖြစ်လာချင်တဲ့ အရာတစ်ခုကို သိရှိနားလည်ထားတာဖြစ်တယ်။”
စတိဂျော့ (Steve Jobs) Apple Inc’s Co-founder
အားလုံးပဲ အောင်မြင်တဲ့ဘ၀တွေကို ဖန်တီးတည်ဆောက်နိုင်ကြပါစေ။
Credit:နှင်းနှင်းနွယ်(ရခို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။