Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 28, 2015

နဝရတ်နှင့်စကားစမြည်


‘‘နိုင်ငံခြားသွားအလုပ်လုပ်ရင် နဝရတ် ကားကိုကြည့် သူများတိုင်းပြည်ကို အထင်ကြီးပြီး သွားမနေကြနဲ့လို့ပြောပေးရင် ကျေနပ်ပါတယ်’’

ပြည်ပသို့ သွားရောက်အလုပ်လုပ် ကိုင်ကြသည့် မြန်မာနိုင်ငံသားများ ကြုံတွေ့ရသည့် အဖြစ်အပျက် များကို အခြေခံရိုက်ကူးထားသည့် ‘မဟာဆန်တဲ့ မာယာမျက်နှာဖုံး’ ရုပ်ရှင်ဇာတ်ကားကို နေပြည် တော်တွင် စတင်ရုံတင်ပြသနေပြီး အောက်တိုဘာအတွင်း၌ ရန်ကုန် နှင့်မန္တလေးမြို့များတွင် ရုံတင်ပြ သတော့မည်ဖြစ်သည်။ ထို့ ကြောင့် ယင်းဇာတ်ကားကို ကိုယ် တိုင်ထုတ်လုပ်ရိုက်ကူးပါဝင် သရုပ်ဆောင်ထားသည့် နဝရတ် ကို ယင်းဇာတ်ကားအကြောင်းအ ရာများအပါအဝင် အနုပညာလှုပ် ရှားမှုများမလုပ်ဖြစ်တော့သည့်အ ကြောင်းတို့ကို တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

‘‘မဟာဆန်တဲ့ မာယာမျက်နှာဖုံး’’ ရိုက်တဲ့အချိန်က မင်းသားအ ပြောင်းအလဲလည်းရှိခဲ့တယ်။ အဲ ဒီအချိန် မလေးရှားမှာလည်း အ လုပ်သမားပြဿနာတွေလည်း ရှိ ခဲ့တာဆိုတော့ ရိုက်ကူးရေးမှာ ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။
အခက်အခဲ ဘာမှ မရှိခဲ့ဘူး။ အရမ်းအံ့သြဖို့ ကောင်းတယ်။ ဖြစ်လိမ့်မယ်လို့ထင်တာ၊ ကိုယ် ကိုယ်တိုင်က ယုံကြည်ထားတော့ ဘာမှမဖြစ်ခဲ့ဘူး။ ပိုပြီးတောင် အ ဆင်ပြေပြီး မုဒ်လည်းဝင်တယ်။ ပါတဲ့သူတွေအကုန်လုံးကလည်း တစ်သားတည်းကျတယ်။ ပြီး တော့ ဒါရိုက်တာကိုယ်တိုင်အပါ အဝင် မလေးတစ်ဖွဲ့လုံးက မြန် မာတွေကို စောင့်ကြည့်နေတာ။ နောက်တော့ အလုပ်အပေါ် တကယ် စိတ်ပါဝင်စားတာ သိ သွားတော့ ဆက်ဆံတာတွေ ပြောင်းသွားတယ်။ သိသာတယ်။ ရောက်ရောက်ချင်းနဲ့ မတူဘဲ အ ကုန်လုံးက လေးလေးစားစားနဲ့ ဆက်ဆံတယ်။
ပြည်ပဒါရိုက်တာနဲ့ ပြည်ပမှာ သွားရိုက်ရတာဆိုတော့ ဒီကရိုက် ကူးရေးတွေနဲ့ ယှဉ်ရင် ဘယ်လို ကွာခြားမှုတွေ ရှိလဲ။
ဒီမှာက ဘာသံပါပါလွှတ် လိုက်တယ်။ ဟိုမှာက မရဘူး။ ဆယ်ခါဆိုဆယ်ခါ။ အပြင် Noise  (ဆူညံသံ)တွေ မရဘူး။ အသံနဲ့ ဆိုင်ရင် အရမ်း Serious ဖြစ် တယ်။ နောက်ပြီး ရိုက်ပြီးရင် သွားကြည့်လိုက် ဆက်ပြီးပြီ။ အဲဒီ လို အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တယ်။
ဒီရုပ်ရှင်မှာ မလေးရှားက အလုပ် ရှင်က အလုပ်သမားတွေအပေါ် ကောင်းတဲ့ပုံစံရိုက်ထားတာက ကော ဇာတ်ညွှန်းအတိုင်းပဲ ရိုက် ဖြစ်တာလား။ အလုပ်ရှင်လည်း မကောင်းတာရှိနိုင်တာဆိုတော့ ဇာတ်ကို ဖြေတဲ့အနေနဲ့ရိုက်ထား တာလား။
အဲဒီလိုပဲ ဖြစ်မယ်ထင် တယ်။ ဒါရိုက်တာကလည်း အင် တာဗျူးမှာဖြေထားတယ်။ တော် တော်ဆိုးတဲ့သူတွေလည်း ရှိ တယ်။ မဆိုးတဲ့လူတွေလည်း ရှိ တယ်။ သူက ကြားကိုရိုက်သွား တာပေါ့။ အလုပ်ရှင်က ဆိုးချင်မှ ဆိုးမယ်။ မန်နေဂျာက ဆိုးတယ်။ သူလည်း သူ့တိုင်းပြည်ကို ကာ ကွယ်ပြီး ရိုက်သွားတာပေါ့။ ကိုယ်ကလည်း ကိုယ့်တိုင်းပြည်အ တွက် သွားရိုက်တာလေ။ ဒါက ကိုယ့်လူမျိုးကို ကာကွယ်ကြတာ ပဲ။
ဒီရုပ်ရှင်က အစ်မရဲ့အနုပညာ သက်တမ်းမှာ မရိုက်ဖူးသေးတဲ့ ပုံစံ၊ နောက်ဆုံးရိုက်ထားတဲ့ကား လည်း ဖြစ်တော့ ဘယ်လိုအမှတ် တရတွေ ရှိမလဲ။
ဒါက သင်ခန်းစာလေ။ မတူ ဘူး။ တခြားကားတွေကတော့ ‘‘ချစ်၊ ကြိုက်၊ ကွဲ၊ ညား’’။ ပညာ ပေးမဟုတ်ဘူး။ ဒါကတော့ အခု လက်ရှိဖြစ်နေတဲ့အပေါ် ပညာ ပေးတဲ့ကား။ အခုခေတ်မှာ ဖြစ် နေတာနဲ့ ကွက်တိဖြစ်တာပေါ့။ အလုပ်သမားတွေ ကိုယ့်နိုင်ငံက နေ သွားတာကို သင်ခန်းစာပေး တဲ့ကား။ သင်ခန်းစာကလည်း အခုလက်ရှိဖြစ်နေတာဆိုတော့ ကွက်တိဖြစ်သွားတာပေါ့။
အစ်မရဲ့ဇာတ်ကားတွေ ရုံမတင် တာလည်း ကြာပြီဆိုတော့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်ဆီ က ဘာတွေ မျှော်လင့်ထားလဲ။
ဒီကားကို နယ်ကလူတွေ နိုင် ငံခြားသွားအလုပ်လုပ်ရင် နဝရတ် ကားကိုကြည့်၊ သူများတိုင်းပြည် ကို အထင်ကြီးပြီး သွားမနေကြနဲ့ လို့ ပြောပေးရင် ကျေနပ်ပါတယ်။ ကိုယ့်နိုင်ငံက လူတွေ တခြားနိုင်ငံ မှာ ဒုက္ခမရောက်အောင်ပေါ့။ အခုက မြန်မာလေးထောင်ရှိရင် နှစ်ထောင်လောက်က ဒုက္ခ ရောက်နေတာ။ ဒီမှာလည်း ထ မင်းတစ်နပ်တော့ ဘယ်မှာစားစား ရတယ်လေ။ ဟိုမှာက ခြေကျိုး လက်ကျိုးဆိုရင် လုံးဝကို လှည့်မ ကြည့်ဘူး။ နေမကောင်းရင် ဘာ မှ လုပ်လို့မရဘူး။ ဒီမှာက နေမ ကောင်းရင် ထမင်းကျွေးမယ့်လူ ရှိသေးတယ်။ ဟိုမှာက ခြေလက် ကောင်းနေရင်တော့ ကောင်းတာ ပေါ့။ ခြေလက်မကောင်းတော့ဘူး ဆိုင်ရင် လမ်းဘေးလဲနေလည်း လှည့်ကို မကြည့်ဘူး။ အဲဒီလိုဖြစ် တယ်ဆိုတာ သိစေချင်တာ။
ပြီးခဲ့တဲ့ တစ်နှစ်ကျော်က မြန်မာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ‘တိမ် မင်းသမီးရဲ့ဒဏ္ဍာရီ’ဇာတ်ကားနဲ့ ‘မွေခံထိုက်သူဖြစ်ပါစေ’ဇာတ် ကားတွေမှာ အကယ်ဒမီရမယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် လွဲ ချော်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ဆက်မလုပ်တော့တာဆိုတော့ ဘာ ကြောင့် ဆက်မလုပ်ဖြစ်တော့တာလဲ။
ဒီကားတွေကို ရိုက်ပေးတာ ကလည်း အမေ့ရဲ့ဝါသနာ။ သူရဲ့ ဖြစ်စေချင်တာလေးကို လုပ်ပေး နေတာ။ ကိုယ်ကတော့ ဒီလောက် ကြီးဝါသနာပါတာ မဟုတ်ဘူး။ ဒါ ပေမဲ့ ကိုယ့်ရဲ့မျိုးရိုးဗီဇက သွေး သားထဲမှာရှိနေတော့ လုပ်ရင် လုပ်သလို သိတယ်။ နဝရတ်က အိုက်တင်ဆိုလည်း တစ်ခါပဲ လုပ် တယ်။ မျိုးရိုးထဲမှာ အဘွားဒေါ်မေ သစ်တို့လည်း ရှိနေတော့ အမေ က ကျတော့ ဆုတစ်ခုရစေချင် တယ်။ အဲဒီနောက်ပိုင်းတော့ ကိုယ့်သဘောကို လိုက်တယ်။ မရိုက်ချင်တော့လည်း နေ နင့်သ ဘောဆိုတော့ အရင်ကတည်းက အများကြီးမရိုက်ချင်ဘူး။ ပင်ပန်း တယ်။ စိတ်ရော လူရောလေ။ ကိုယ်က မုဒ်ကို အရမ်းထည့်တော့ တာဝန်ကြီးတယ်။ ပေါ့ပေါ့ပါးပါး ရိုက်ခဲ့တာ တစ်ခုမှ မရှိဘူး။ တစ် ကားရိုက်ပြီးပြီဆို မောနေရော။ သူများ သုံးကားလောက်နဲ့ ညီ တယ်။ အဲဒါမျိုးဆိုတော့ ကိုယ် ပင်ပန်းတာ ကိုယ်ပဲသိတယ်လေ။ ပရိသတ်ကိုလည်း မညာချင်ဘူး။ အဲဒါကြောင့် အမေက နားတော့ ဆိုတော့ ပျော်လိုက်တာအရမ်းပဲ။
အနုပညာကနေ အနားယူတဲ့ အ ချိန်မှာကော အပြင်စီးပွားရေးအ နေနဲ့ဘာတွေလုပ်ဖြစ်လဲ။ နောက် ပြီး အနုပညာလောကမှာ နှစ်အ တော်ကြာ ကျင်လည်ခဲ့တာဆို တော့ ပြန်လုပ်ချင်စိတ်ကောမဖြစ် ဘူးလား။
T8 Beauty Salon နဲ့ Spa လုပ်နေတယ်။ အမေကလည်း မေမြို့မှာဆိုတော့ အမေ့ကို အိမ် ဆောက်ပေးတယ်။  နောက်ပြီး Spa ကို ဦးစီးတယ်။ အနုပညာပြန် လုပ်ချင်စိတ်တော့ မဖြစ်ဘူး။ နဝရတ်က စိတ်ပါရင် လုပ်တယ်။ စိတ်မပါလို့ မလုပ်တာ။
အစ်မရဲ့အမေကလည်း အနုပ ညာနဲ့ပတ်သက်ပြီး ဆုတစ်ဆုရစေချင်တယ်ဆိုတော့ အဲဒီအတွက် ဇာတ်ကားရိုက်မယ်ဆိုရင် ဘယ်လိုဇာတ်ကားမျိုးရိုက်ဖို့ ဆန္ဒရှိလဲ။
နဝရတ်က မလုပ်ဖူးတာ လည်း မရှိ။ မရိုက်ဖူးတာလည်း မရှိတော့ အမေဆုလိုချင်တယ်ဆို ရင် ဆုကို အပြင်က ဝယ်ပြီး ပေး လိုက်တော့မယ်။ အဲဒါက ပိုတန် တယ်။ အမေ့ကို ရပြီဆိုပြီး လိမ် ပြီး ပေးလိုက်မယ်။
ပြီးခဲ့တဲ့နှစ်ကတော့ အကယ်ဒမီ ပွဲတက်တာမတွေ့ဘူး။ ဒါပေမဲ့ ဒီနှစ်က ၂ နှစ်ပေါင်းပြီး အကယ် ဒမီပေးမယ်။ အစ်မရဲ့ကားလည်း အကယ်ဒမီစာရင်းဝင်မှာဆိုတော့ ပွဲတက်ဖြစ်မှာလား။
ပြီးခဲ့တဲ့ နှစ်ကတော့ စင်ကာ ပူကို ရောက်နေလို့ပါ။ ပြန်လာ မယ်ဆိုပြီး ဝိုင်းဆွဲထားကြလို့ တူမ တွေနဲ့ စင်ကာပူရောက်နေတာ။ ဒီနှစ်ကတော့ ခရီးမသွားဖြစ်ရင် တက်မှာပါ။
အနုပညာအလုပ်တွေ မလုပ် တော့ပေမယ့် အစ်မကို အားပေး နေတဲ့ ပရိသတ်တွေ ရှိသေးတာ ဆိုတော့ သူတို့အတွက် စကား လက်ဆောင်လေး ပြောပေးပါဦး။
၂ နှစ်လောက်ကြာပြီးမှ ကြည့်ချင်တယ်ဆိုတဲ့ ပရိသတ် အတွက် ထိုက်ထိုက်တန်တန်နဲ့ ကြည့်ခွင့်ရအောင် ဒီကားလေးကို ပေးကြည့်လိုက်တယ်။ အဲဒီအ တွက် နဝရတ်ကားလေးကြည့်ရ တာ စောင့်ရကျိုးနပ်တယ်ဆိုရင် ကျေနပ်ပါတယ်။ ကိုယ်တာဝန် ကျေကျေနဲ့ ပရိသတ်အတွက် ရိုက်ခဲ့တယ်။ ပရိသတ်ကလည်း လာကြည့်ပြီး နဝရတ်ပေးချင်တဲ့ မက်ဆေ့ခ်ျရသွားရင် ကျေနပ် တယ်။     ။
7daydaily

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။