Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Wednesday, September 30, 2015

ဗုိလ္ခ်ဳပ္ေၿပာတဲ့ ေခါင္းေဆာင္ေကာင္းဆုိတာ



ဗုိလ္ခ်ဳပ္ေၿပာတဲ့ ေခါင္းေဆာင္ေကာင္းဆုိတာ
(Zawgyi Version)
===========================

ၿမန္မာ့လြတ္လပ္ေရးဖခင္ႀကီး ဗုိလ္ခ်ဳပ္ေအာင္ဆန္းသည္ သက္ရွိထင္ရွား
ရွိစဥ္က မိန္႔ခြန္းမ်ားစြာ ေၿပာခဲ့သူ ၿဖစ္ပါတယ္။ ထုိမိန္႔ခြန္းမ်ားတြင္
ေခါင္းေဆာင္မ်ား၌ ရွိသင့္ေသာ အရည္အခ်င္းမ်ားကို မႀကာခဏ ထည့္
သြင္းေၿပာဆုိေလ့ ရွိပါတယ္။ 



ဂ်ပန္တုိ႔ေပးေသာ ဗမာ့လြတ္လပ္ေရးႏွစ္ပတ္လည္ မိန္႔ခြန္းတြင္
" ဘယ္သူၿဖစ္ၿဖစ္ ေခါင္းေဆာင္ၿဖစ္ခ်င္ရင္ ေခါင္းေဆာင္လုပ္ႏုိင္တဲ့
အရည္အခ်င္းနဲ႔ ၿပည့္စုံၿပီး လက္ရွိေခါင္းေဆာင္ေတြထက္ တုိင္းၿပည္
ေကာင္းေအာင္ ရြပ္ရြပ္ခြ်ံခြ်ံ လုပ္ႀကပါ။ သူမ်ားႏွာေခါင္းနဲ႔ အသက္ရႈၿပီး
တန္တန္ မတန္တန္ ရာထူးမလုိခ်င္ႀကပါနဲ႔။ ကုိယ့္ကုိကုိယ္ တန္ဖုိးထား
ႀကပါ။ အရည္အခ်င္းလည္း မရွိ၊ ဘယ္သူကမွ အသိအမွတ္ၿပဳေလာက္
ေအာင္ စြန္႔စားခ်က္လည္း မရွိ၊ ႀကီးက်ယ္ခ်င္တဲ့လူေတြဟာ ဘယ္ေတာ့
မွေခါင္းေဆာင္မၿဖစ္ႏုိင္ဘူး" ဟူ၍ ေၿပာခဲ့ပါတယ္။

၁၉၄၇ ခုႏွစ္ ၊ ေဖေဖာ္၀ါရီလ ၂၈ ရက္ေန႔ တြင္ က်င္းပခဲ့သည့္ ဂုဏ္ၿပဳ
ဧည့္ခံပြဲတြင္လည္း
" ေခါင္းေဆာင္လုပ္တဲ့ သူေတြဟာ ကုိယ္ယုံႀကည္တဲ့ ကိစၥကုိ တုိင္းသူ
ၿပည္သားေတြကုိ ေၿပာရဲရမယ္။ ရွင္းၿပႏုိင္ရမယ္။ အသက္စြန္႔သင့္ေနရာ
မယ္ စြန္႔ရဲရမယ္။ ပရိယာယ္သုံးသင့္တဲ့ေနရာမယ္ သုံးရမယ္။ အခ်ိန္အခါ
လုိက္ၿပီး လုပ္ရမယ္။ အမ်ားေယာင္လုိ႔ ေယာင္ရတယ္ အေမာင္ေတာင္မွန္း
မသိ၊ ေၿမာက္မွန္းမသိ ဆုိရင္ ေခါင္းေဆာင္မဟုတ္ဘူး ။ ကုိယ့္ကုိယ္ကုိယ္
မယုံတဲ့သူက ဘယ္အခါမွ တၿခားသူကုိ မယုံဘူး။ ကုိယ့္တုိင္းသူၿပည္သား
ကုိလည္း မယုံဘူး။ ကြ်န္ေတာ့္အဖုိ႔ ကြ်န္ေတာ့္ကုိ ကြ်န္ေတာ္ယုံတယ္။ ခင္
ဗ်ားတုိ႔ကုိလည္း ယုံႀကည္တယ္။ ဗမာ့လြတ္လပ္ေရးလည္း ယုံႀကည္တယ္။
ဘယ္ကိစၥမဆုိ လုပ္ရင္မွားတယ္၊ မွန္တယ္ ဆုိတာ ရာဇ၀င္က ဆုံးၿဖတ္
လိမ့္မယ္" ဟု ၿမြက္ႀကားခဲ့ပါတယ္။

၁၉၄၇ ခုႏွစ္၊ ဧၿပီလ (၅) ရက္ေန႔က တုိင္းၿပည္သုိ႔မိန္႔ခြန္းေၿပာႀကားရာတြင္
လည္း-
" ယခုထိ ကြ်န္ေတာ္တုိ႔တေတြရဲ႕ လုပ္ပုံကုိင္ပုံေတြက ဘာမွေက်နပ္စရာ
မရွိေသးပါဘူး။ မွန္တယ္ထင္တာကို မလုပ္ရဲတာပဲ။ ကုိယ့္စိတ္ထဲကေန
အလုပ္တစ္ခုဟာ ဘယ္ေလာက္မွန္တယ္လုိ႔ ထင္ေနပါေစ၊ ဘယ္သူ
က ဘယ္လုိထင္မွာလဲ၊ ဘာေၿပာမလဲ ဆုိတာေတြကုိ ေတြးၿပီး ယုံတာက
တစ္မ်ဳိး၊ လုပ္တာကတစ္မ်ဳိး ၿဖစ္ေနႀကတယ္။ အဲဒါေတြဟာ ေခါင္းေဆာင္
လုပ္ရမယ့္ သူေတြနဲ႔ ၿပဒါးတစ္လမ္း သံတစ္လမ္းပဲ..။

...ေရွးတုန္းက ေခါင္းေဆာင္မႈဟာ အစည္းအေ၀း တက္တာမွ စၿပီး
ဆုံးၿဖတ္ခ်က္ေတြ ခ်တာမွာ အဆုံးသတ္တာပဲ။ ယခုေခတ္ ေခါင္း
ေဆာင္မႈဟာ ၿပာပုံနဲ႔ ေလာင္စာသာ က်န္ေတာ့တဲ့ ဘ၀ဆုိးႀကီးမွ
ဗမာၿပည္ႀကီးကုိ အသစ္ၿပန္လည္ ထူေထာင္ႏုိင္တဲ့ ေခါင္းေဆာင္
မႈၿဖစ္ရမယ္။ ဒီေလာက္ႀကီးေလးတဲ့ ေခါင္းေဆာင္မႈႀကီးကုိ ကြ်န္ေတာ္
တုိ႔ တစ္ေတြ ႏုိင္ႏုိင္နင္းနင္းနဲ႔ တာ၀န္ယူခ်င္တယ္ဆုိရင္ ခုလုိေတြ
ေ၀ေနလုိ႔ မၿဖစ္ေတာ့ဘူး။ ကုိယ္ယုံႀကည္တာကုိ မလုပ္ရဲလုိ႔ မၿဖစ္ေတာ့
ဘူး။

...အဲ့ဒီေတာ့ က်ဳပ္တုိ႔ဟာ လူထုေခါင္းေဆာင္လုပ္မယ္ဆုိရင္ လူထုအ
က်ဳိးကုိ တကယ္တမ္း ေဆာင္ရြက္ႏုိင္ေအာင္ ႀကဳိးပမ္းႀကရေပလိမ့္
မယ္။ ၿပတ္ၿပတ္သားသား လုပ္ရဲႀကရေပလိမ့္မယ္။ ခ်ီတုံခ်တုံ အၿဖစ္မ်ဳိးကုိ
စြန္႔ပစ္ႀကရလိမ့္မယ္ " ၿပတ္ၿပတ္သားသား မိန္႔ခြန္းေခြ်ခဲ့ပါတယ္။

ႏွစ္ေပါင္းမ်ားစြာ ႀကာခဲ့ၿပီ ၿဖစ္ေသာ္လည္းဗုိလ္ခ်ဳပ္ေၿပာခဲ့သည့္ ေခါင္း
ေဆာင္ေကာင္းတြင္ ရွိရမည့္ အရည္အေသြးမ်ားမွာ ယခင္ကလည္း
မွန္ခဲ့သလုိ၊ ယေန႔အထိလည္း မွန္ဆဲ ေနာက္လည္းမွန္ေနဦးမွာ
ပဲ ၿဖစ္ပါတယ္။

ဗုိလ္ခ်ဳပ္ ေၿပာခဲ့သည့္ ေခါင္းေဆာင္တုိ႔ရဲ႕ အရည္အခ်င္းမ်ားနဲ႔ ညွိ
ၿပီး ဘယ္သူဟာ ေခါင္းေဆာင္ေကာင္းလဲ၊ ဘယ္သူဟာ ၿပည္သူၿပည္
သားေတြအေပၚ ေစတနာရွိသလဲ စသည္စသည္ ၿဖင့္ သိရွိႏုိင္မွာ
ၿဖစ္ပါတယ္။ မႀကာေတာ့တဲ့ ရက္မ်ားအလုိမွာ ေရြးေကာက္ပြဲႀကီးလာ
ေတာ့မည္ ၿဖစ္ရာ ေခါင္းေဆာင္ေကာင္းကုိ မွန္ကန္စြာ ေရြးခ်ယ္ႏုိင္ႀက
ပါေစလုိ႔ .......

ဗိုလ်ချုပ်ပြောတဲ့ ခေါင်းဆောင်ကောင်းဆိုတာ
(Unicode Version)
===========================

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် သက်ရှိထင်ရှား
ရှိစဉ်က မိန့်ခွန်းများစွာ ပြောခဲ့သူ ဖြစ်ပါတယ်။ ထိုမိန့်ခွန်းများတွင်
ခေါင်းဆောင်များ၌ ရှိသင့်သော အရည်အချင်းများကို မကြာခဏ ထည့်
သွင်းပြောဆိုလေ့ ရှိပါတယ်။

ဂျပန်တို့ပေးသော ဗမာ့လွတ်လပ်ရေးနှစ်ပတ်လည် မိန့်ခွန်းတွင်
" ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ရင် ခေါင်းဆောင်လုပ်နိုင်တဲ့
အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်
ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။ သူများနှာခေါင်းနဲ့ အသက်ရှုပြီး
တန်တန် မတန်တန် ရာထူးမလိုချင်ကြပါနဲ့။ ကိုယ့်ကိုကိုယ် တန်ဖိုးထား
ကြပါ။ အရည်အချင်းလည်း မရှိ၊ ဘယ်သူကမှ အသိအမှတ်ပြုလောက်
အောင် စွန့်စားချက်လည်း မရှိ၊ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့
မှခေါင်းဆောင်မဖြစ်နိုင်ဘူး" ဟူ၍ ပြောခဲ့ပါတယ်။

၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တွင် ကျင်းပခဲ့သည့် ဂုဏ်ပြု
ဧည့်ခံပွဲတွင်လည်း
" ခေါင်းဆောင်လုပ်တဲ့ သူတွေဟာ ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူ
ပြည်သားတွေကို ပြောရဲရမယ်။ ရှင်းပြနိုင်ရမယ်။ အသက်စွန့်သင့်နေရာ
မယ် စွန့်ရဲရမယ်။ ပရိယာယ်သုံးသင့်တဲ့နေရာမယ် သုံးရမယ်။ အချိန်အခါ
လိုက်ပြီး လုပ်ရမယ်။ အများယောင်လို့ ယောင်ရတယ် အမောင်တောင်မှန်း
မသိ၊ မြောက်မှန်းမသိ ဆိုရင် ခေါင်းဆောင်မဟုတ်ဘူး ။ ကိုယ့်ကိုယ်ကိုယ်
မယုံတဲ့သူက ဘယ်အခါမှ တခြားသူကို မယုံဘူး။ ကိုယ့်တိုင်းသူပြည်သား
ကိုလည်း မယုံဘူး။ ကျွန်တော့်အဖို့ ကျွန်တော့်ကို ကျွန်တော်ယုံတယ်။ ခင်
ဗျားတို့ကိုလည်း ယုံကြည်တယ်။ ဗမာ့လွတ်လပ်ရေးလည်း ယုံကြည်တယ်။
ဘယ်ကိစ္စမဆို လုပ်ရင်မှားတယ်၊ မှန်တယ် ဆိုတာ ရာဇဝင်က ဆုံးဖြတ်
လိမ့်မယ်" ဟု မြွက်ကြားခဲ့ပါတယ်။

၁၉၄၇ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့က တိုင်းပြည်သို့မိန့်ခွန်းပြောကြားရာတွင်
လည်း-
" ယခုထိ ကျွန်တော်တို့တတွေရဲ့ လုပ်ပုံကိုင်ပုံတွေက ဘာမှကျေနပ်စရာ
မရှိသေးပါဘူး။ မှန်တယ်ထင်တာကို မလုပ်ရဲတာပဲ။ ကိုယ့်စိတ်ထဲကနေ
အလုပ်တစ်ခုဟာ ဘယ်လောက်မှန်တယ်လို့ ထင်နေပါစေ၊ ဘယ်သူ
က ဘယ်လိုထင်မှာလဲ၊ ဘာပြောမလဲ ဆိုတာတွေကို တွေးပြီး ယုံတာက
တစ်မျိုး၊ လုပ်တာကတစ်မျိုး ဖြစ်နေကြတယ်။ အဲဒါတွေဟာ ခေါင်းဆောင်
လုပ်ရမယ့် သူတွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ..။

...ရှေးတုန်းက ခေါင်းဆောင်မှုဟာ အစည်းအဝေး တက်တာမှ စပြီး
ဆုံးဖြတ်ချက်တွေ ချတာမှာ အဆုံးသတ်တာပဲ။ ယခုခေတ် ခေါင်း
ဆောင်မှုဟာ ပြာပုံနဲ့ လောင်စာသာ ကျန်တော့တဲ့ ဘဝဆိုးကြီးမှ
ဗမာပြည်ကြီးကို အသစ်ပြန်လည် ထူထောင်နိုင်တဲ့ ခေါင်းဆောင်
မှုဖြစ်ရမယ်။ ဒီလောက်ကြီးလေးတဲ့ ခေါင်းဆောင်မှုကြီးကို ကျွန်တော်
တို့ တစ်တွေ နိုင်နိုင်နင်းနင်းနဲ့ တာဝန်ယူချင်တယ်ဆိုရင် ခုလိုတွေ
ဝေနေလို့ မဖြစ်တော့ဘူး။ ကိုယ်ယုံကြည်တာကို မလုပ်ရဲလို့ မဖြစ်တော့
ဘူး။

...အဲ့ဒီတော့ ကျုပ်တို့ဟာ လူထုခေါင်းဆောင်လုပ်မယ်ဆိုရင် လူထုအ
ကျိုးကို တကယ်တမ်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရပေလိမ့်
မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံ အဖြစ်မျိုးကို
စွန့်ပစ်ကြရလိမ့်မယ် " ပြတ်ပြတ်သားသား မိန့်ခွန်းချွေခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်းဗိုလ်ချုပ်ပြောခဲ့သည့် ခေါင်းဆောင်ကောင်းတွင် ရှိရမည့် အရည်အသွေး
များမှာ ယခင်ကလည်းမှန်ခဲ့သလို၊ ယနေ့အထိလည်း မှန်ဆဲ နောက်လည်း
မှန်နေဦးမှာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ် ပြောခဲ့သည့် ခေါင်းဆောင်တို့ရဲ့ အရည်အချင်းများနဲ့ ညှိ
ပြီး ဘယ်သူဟာ ခေါင်းဆောင်ကောင်းလဲ၊ ဘယ်သူဟာ ပြည်သူပြည်
သားတွေအပေါ် စေတနာရှိသလဲ စသည်စသည် ဖြင့် သိရှိနိုင်မှာ
ဖြစ်ပါတယ်။ မကြာတော့တဲ့ ရက်များအလိုမှာ ရွေးကောက်ပွဲကြီးလာ
တော့မည် ဖြစ်ရာ ခေါင်းဆောင်ကောင်းကို မှန်ကန်စွာ ရွေးချယ်နိုင်ကြ
ပါစေလို့ .......

SKK
#AyeSay
www.ayesay.com.mm

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။