Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 28, 2015

Q - "အငဲ" ဆိုတဲ့ အမည်လေး ပေးဖြစ်ပုံက ...


ကျွန်တော် စိုက်လိုက်တဲ့ မှတ်တိုင်က
"အပ်"လောက် ဖြစ်ပေမယ့်
ပရိသတ် စိုက်ပေးလိုက်တဲ့ မှတ်တိုင်က
"ကျောက်တိုင်"လောက် ဖြစ်နေပါတယ်ဆိုတဲ့
#အငဲ
.
.
.
Q - "အငဲ" ဆိုတဲ့ အမည်လေး ပေးဖြစ်ပုံက ...

Ko Gyi Nge - ကျွန်တော်တို့ လူမျိုးတွေဖြစ်တဲ့ အင်းသား၊ တောင်ရိုး၊ ရှမ်းတွေမှာ အိမ်မှာ အငယ်ဆုံးဆိုရင် "အယ်ငဲ" လို့ မှည့်ကျတယ်။ ကျွန်တော်တို့ အင်းသားမှာလည်း ကျွန်တော်က အငယ်ဆုံးဆိုတော့ "အငဲ" လို့ ခေါ်ရာ ကနေ "အငဲ" ဆိုတဲ့ အမည်တွင်ခဲ့တာပါ။ သီချင်း စဆိုမယ်ဆိုတော့ နာမည် ဘယ်လိုပေးရမလဲ မသိဘူး ဖြစ်နေတယ်။ ကျောင်းနာမည်ကလည်း ခေါ်တဲ့သူရော၊ သိတဲ့သူရော မရှိဘူး။ အိမ်နာမည် "အငဲ" လို့ပဲ ခေါ်နေတာ ဆိုတော့။ ဒါနဲ့ပဲ "အငဲ" လို့ ပေးဖြစ်သွားတာပါ။

Q - ကိုအငဲ ရဲ့  တစ်ကိုယ်တော်စီးရီးလေးကိုရော ဘယ်တော့လောက် ပရိသတ်တွေ နားဆင်ရမလဲဆိုတာ ...

Ko Gyi Nge - ကျွန်တော်တို့အဖွဲ့က ကြာတတ်တာရယ်၊ ကျွန်တော်က အီလေးစွဲတတ်တာရယ်နဲ့ဆိုတော့ ကြိုတော့ မပြောချင်သေးဘူး။ အခုတော့ လေးပုဒ်သွင်းပြီးပါပြီ။ ဆက်တိုက်တော့ လုပ်နေပါတယ်။ ၂၀၁၆ နှစ်ဦးပိုင်းလောက် ထွက်ဖြစ်မယ် ထင်တယ်။

Q - အစ်ကို့အကြိုက်နဲ့ ပရိသတ် ထပ်တူကျခဲ့တဲ့ သီချင်းလေးက ...

Ko Gyi Nge - အခုဆိုရင် "အိမ်" သီချင်းလေး ဖြစ်မယ်ထင်တယ်။

Q - ဇွန်လ မှာ ကျင်းပခဲ့တဲ့ အစ်ကို့ရဲ့  တစ်ကိုယ်တော် 90 Minutes One Man Show ပွဲလေး ကျင်းပခဲ့တဲ့နေ့လေးက အစ်ကို့ရဲ့  ထူးခြားတဲ့နေ့လေးလို့ ပြောခဲ့တာလေးက ...

Ko Gyi Nge - ကျွန်တော် Second Series လေး ထွက်ပြီးတော့ ကိုရာမတို့က One Man Show လုပ်ဖို့ ပြောတယ်။ လေးဖြူလည်း နှစ်ခွေထွက်ပြီးတော့ One Man Show ဆိုတယ်လေ။ ကျွန်တော် နှစ်ခွေထွက်ပြီးတဲ့အချိန် ဆိုဖို့ကျတော့ သိပ်မဆိုရဲဘူး ဖြစ်နေတယ်။ နှစ်ခွေထဲက သီချင်းတွေအကုန်လုံးလည်း Show မှာ မဆိုချင်ဘူး။ တချို့ သီချင်းတွေကို အခွေထဲမှာပဲ ထားချင်တယ်။ ကျွန်တော့်အခွေဆိုရင် အမြဲတမ်း Feeling စုံအောင် ထည့်ဖြစ်တယ်။ ကျွန်တော့် ပရိသတ်ဆိုရင် ပိုသိမယ်ထင်တယ်။ တချို့ သီချင်းတွေက အခွေထဲမှာ ကောင်းပေမယ့် Show မှာဆို နားထောင်လို့ မကောင်းဘူး။ အစောပိုင်းတွေတုန်းကတော့ မဆိုရဲတာ။ နောက်ပိုင်းကျတော့ မဆိုနိုင်တော့ မဆိုရဲတော့ဘူး။ အသက်လည်း ကြီးပြီဆိုတော့။ Long Time ကြီး ဆိုဖို့ကျတော့ မဆိုနိုင်တော့ဘူး။ 90 Minutes လေး လုပ်မယ်ဆိုတော့ ကျွန်တော် လေးဖြူကိုတောင် ပြောလိုက်သေးတယ်။ ငါ မဆိုလို့ မရဘူးလားလို့။ နောက်တော့ စဉ်းစားမိတာက 90 Minutes စတင်တဲ့အချိန်မှာ မဆိုလိုက်ရဘူး ဖြစ်သွားမှာစိုးတာရယ်၊ Music သက်တမ်းတစ်လျှောက် One Man Show လေးတောင် မဆိုဘူးတဲ့သူ ဖြစ်သွားမယ်လို့ စဉ်းစားမိပြီး ဆိုဖြစ်သွားတာ။ ပထမဆုံးဆိုတဲ့ One Man Show လေးဆိုတော့ ပျော်လည်း ပျော်တယ်။ ပရိသတ်ကိုလည်း ဒီနေ့လေးမှာ ဖျော်ဖြေခွင့်ရတယ်ဆိုတဲ့ စိတ်ကြည်နူးမှုလေး ရပါတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့  ထူးခြားတဲ့နေ့လေးလို့ ပြောတာပါ။

Q - အဲဒီနေ့မှာ အစ်ကို့ရဲ့  Fan တွေက အစ်ကို့ရဲ့  ဓာတ်ပုံကို ကိုင်ပြီး အားပေးနေတာကို မြင်လိုက်ရတဲ့အချိန်မှာ အစ်ကို့ရဲ့  ခံစားချက်လေးက ...

Ko Gyi Nge - ကျွန်တော့်ရဲ့  One Man Show ပွဲလေးမှာ လာကြည့်တဲ့ ပရိသတ်က ကျွန်တော့်ရဲ့  ပရိသတ်ပေါ့နော်။ အဲဒီအချိန်မှာ ကျွန်တော် စင်ပေါ်မှာ လုပ်သမျှ အကုန် တင့်တယ်သလို ပရိသတ် လုပ်သမျှလည်း တင့်တယ်တယ်။ အဲဒီနေ့လေးက ကျွန်တော်နဲ့ ကျွန်တော့်ရဲ့  ပရိသတ် ဆုံတဲ့နေ့လေးပါ။ သူတို့ပျော်နေတာကို ကြည့်ပြီး ကျွန်တော်လည်း ပျော်နေမိတယ်။ ပွဲပြီးတော့လည်း IC Fan လေးတွေက ဓာတ်ပုံရိုက်မယ် ဆိုတော့လည်း သူတို့ကို ကျွန်တော့်ရဲ့  မိသားစုလိုပဲ မြင်နေသလို ကိုယ်ကိုယ်တိုင်ကလည်း အရမ်း ပျော်နေတယ်။

Q - Facebook က IC Group ထဲမှာ စာမျက်နှာ ၁၅ သီချင်းလေးကို ပြန်ဆိုထားတာ နားထောင်လိုက် ရပါတယ်။ ဒီသီချင်းလေးကို ပြန်ဆိုဖြစ်ပုံလေးက ...

Ko Gyi Nge - ဒီမေးခွန်းလေးနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောပြချင်ပါတယ်။ ဒီသီချင်းလေးကို မောင်မောင်ဇော်လတ်က ကျွန်တော့်ကို ဆိုစေချင်လို့ ပေးထားတာပါ။ ကျွန်တော် ဆိုကြည့်တော့ အဆင်မပြေဘူး ဖြစ်နေတယ်။ လေရှူရတာ မလောက်ဘူး ဖြစ်နေတယ်။ ကိုသန့်ရဲ့  ဂစ်တာအကြမ်းလေးနဲ့ ဆိုပြီးတော့ ပြန်နားထောင်ကြည့်တော့လည်း အဆင်မပြေဘူး။ ကြိုက်တော့ ကြိုက်ပေမယ့် အဆင်မပြေလို့ ရပ်ထားလိုက်ရတာ။ လေးဖြူ အခွေလေး လုပ်တော့ အဲဒီသီချင်းလေး မင်းမဆိုဖြစ်ရင် ငါ ဆိုမယ်ပြောတော့ ပေးလိုက်တာ။ ဒီသီချင်းလေးကို လေးဖြူက Key ချိန်းပြီး ချိုးသွားတာလေးတွေ၊ Melody ကို ပူးပြီးဆိုသွားတာလေးတွေက အရမ်း လှတယ်။ သပ်သပ်ရပ်ရပ်လေးနဲ့ တော်တော်လေး ကောင်းသွားတယ်။ ကျွန်တော် နားထောင်ပြီးတော့ တော်တော် အံ့သြသွားတယ်။ ကျွန်တော် ဆိုတော့ ဘာအိုင်ဒီယာမှ မထွက်ဘူး။ အဲဒီသီချင်းမှာ မောင်မောင်ဇော်လတ် ရေးထားတာလည်း ကောင်းတယ်။ ဒါပေမယ့် လေးဖြူက ၆၀% လောက် ပိုကောင်းတယ်ထင်တယ်။

Q - Myanmar Music Awards 2014 မှာ နွေရာသီအကောင်းဆုံး Rock သီချင်းဆုကို အစ်ကို့ရဲ့  "အိမ်" သီချင်းလေးက ဆုရခဲ့တယ်လို့ သိရပါတယ်။ အဲဒီသီချင်းလေးကို အစ်ကိုဆိုတဲ့အချိန်က ခံစားချက်လေးက ...

Ko Gyi Nge - "အိမ်" သီချင်းက သီချင်းပုံစံလည်း ကောင်းတယ်။ စာသားလည်း ကောင်းတယ်။ "အိမ်" သီချင်းလေးက ဇာတ်လမ်းရှိတယ်။ ဒီသီချင်းလေးကို ဖြိုးကြီး ဆိုဖို့အတွက် မောင်မောင်ဇော်လတ်က ရေးပေးထားတာပါ။ ကျွန်တော့်အခွေလေး လုပ်တော့ သီချင်းကောင်းလေးတွေ လိုနေတယ်ဆိုတာနဲ့ ဖြိုးကြီး ဆီက ပြန်တောင်းပေးတာပါ။ ဖြိုးကြီးကလည်း ကျွန်တော့်ကိုချစ်တော့ ပေးဆိုပါတယ်။ သီချင်းလေးက အရမ်းကောင်းပေမယ့် ကိုယ့်စိတ်နဲ့နှစ်ပြီး ကြိုက်တဲ့စတိုင်နဲ့တော့ မကိုက်ဘူးဖြစ်နေတယ်။ ဒါပေမယ့် ကြိုးစားပြီးတော့ ဆိုလိုက်တယ်။ မောင်မောင်ဇော်လတ်ကို ကျွန်တော်ချစ်တာက သူရေးလိုက်ရင် အကြောင်းအရာလေးတစ်ခုက ထင်ပြီး ပေါ်လွင်သွားတယ်။ "အိမ်" သီချင်းထဲမှာ ပါတဲ့အကြောင်းအရာတွေက ကိုယ်လည်း အပြင်မှာ တွေ့နေရတော့ ခံစားပြီး ဆိုလို့ကောင်းပါတယ်။ MTV ရိုက်တော့လည်း ဇာနည်တို့ ဇနီးမောင်နှံကို ခေါ်ပြီး ရိုက်တယ်။ သူတို့လည်း စေတနာနဲ့ ရိုက်ပေးပါတယ်။ ကျွန်တော့်အခွေထဲမှာဆိုရင် "အိမ်" သီချင်းထက် ပိုကြိုက်တဲ့ သီချင်း လေး၊ ငါးပုဒ်လောက် ရှိပါတယ်။

Q - အစ်မ (ကိုအငဲ အမျိုးသမီး) နဲ့ ဆုံစည်းဖြစ်ခဲ့ပုံနဲ့ အစ်ကို့ဘဝ လက်တွဲဖော်အဖြစ် ရွေးချယ်ဖြစ်ခဲ့ပုံလေးက ...

Ko Gyi Nge - ကျွန်တော့်မိန်းမ မသီတာက လေးဖြူ သူငယ်ချင်းပါ။ လေးဖြူက ကျွန်တော်နဲ့ မိတ်ဆက်ပေးတာပါ။ ကျောင်းတုန်းက လေးဖြူနဲ့ သီတာနဲ့က မောင်နှမလို နေခဲ့တာပါ။ ရန်လည်း တအားဖြစ်သလို တည့်လည်း တအားတည့်ကြတဲ့သူတွေပါ။ ကျွန်တော်နဲ့ ညားသွားတော့ တကယ့် ညီမဖြစ်သွားတာပါ။

Q - အစ်ကိုတို့ အိမ်ထောင်သက်တမ်းလေးက ...

Ko Gyi Nge - အစ်ကိုတို့က ၁၉၉၃ ခုနှစ်မှာ အိမ်ထောင်ပြုတာဆိုတော့ ၂၂ နှစ် ရှိပါပြီ။

Q - အစ်ကို့ရဲ့  သမီးလေး မိုးမခ ဆယ်တန်းကို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်တယ်လို့ သိလိုက်ရချိန်မှာ အစ်ကို့ရဲ့  ခံစားချက်လေးက ...

Ko Gyi Nge - ကျွန်တော်တို့ ညီအစ်ကိုတွေမှာလည်း အဲလောက်ထိ ဂုဏ်ထူးမထွက်ခဲ့ဘူး။ ဘာသာစုံ ဂုဏ်ထူးထွက်ဖို့ဆိုတာက ကျွန်တော့်တုန်းကလည်း မထွက်ခဲ့ဘူး။ ကြိုးစားလည်း ထွက်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။ ကျွန်တော့်သမီးလေး ကြိုးစားရှာပါတယ်။ ကျွန်တော့်မိန်းမက သမီးကြီးကို ဖြစ်စေချင်တာ။ သမီးကြီးက ဥာဏ်ကောင်းပေမယ့် ကျွန်တော့်သွေးပါတယ်။ စိတ်ပါတဲ့အခါ ကျက်တယ်။ စိတ်မပါရင် မကျက်ဘူး။ သေချာ အားမစိုက်ဘူး။ သမီးကြီးက ဂုဏ်ထူးတစ်ခုပဲပါတော့ သူ့အမေက စိတ်မကောင်းဖြစ်တာပေါ့။ အဲ့ဒါကို သမီးငယ်က သူ့အလှည်ကျရင် ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီး ပြောတယ်။ သမီးငယ်က အမေကို တအားချစ်တယ်။ အဲဒီအချိန်မှာ သမီးငယ်က ငယ်သေးတယ်။ သမီးနှစ်ယောက်က အသက် လေးနှစ်ကွာတယ်။ သမီးငယ်က တအားကြိုးစားတယ်။ သူက သင်သမျှကို အကုန်ကျက်တယ်။ တစ်ခုမှ မလွှတ်ဘူး။ သူ စာတအားလုပ်လွန်းလို့ တော်လောက်ပါပြီ၊ အဲလောက်ဆို ရပြီလို့ ပြောနေရတယ်။ သူများတွေက ကလေးကို အဲ့လောက် မဖိပါနဲ့ဆိုပြီး ပြောကြတယ်။ ကျွန်တော်တို့က သူ့ကို တားနေရတာပါ။ စာမေးပွဲဖြေတဲ့အချိန်မှာ ကျွန်တော်နယ်ရောက်နေလို့ မဖြေနိုင်ရင် ငါ မချော့တတ်ဘူးဆိုပြီး ကျွန်တော့်ကို သမီးငယ်နားမှာ ပြန်လာနေပေးဖို့ ကျွန်တော့်မိန်းမက ခေါ်တယ်။ အောင်စာရင်းထွက်တဲ့အချိန်မှာလည်း သူ မှန်းထားသလောက် မပါရင် ငါ မဖြေသိမ့်တတ်ဘူးဆိုပြီး ကျွန်တော့်ကို သမီးငယ်နားမှာ နေပေးဖို့ ပြောတယ်။ အောင်စာရင်းထွက်တော့ သူမှန်းထားတဲ့အတိုင်း ပါတဲ့အတွက် ကျွန်တော် သူ့အတွက် ပျော်ပါတယ်။

Q - သမီးလေးက အစ်ကို့လို ဂီတကို ဝါသနာ ပါလား (ဒါမှမဟုတ်) သမီးလေးရဲ့  ရည်မှန်းချက်လေးက ...

Ko Gyi Nge - သူ့အမေက သမီးလေးတွေ ကြီးလာရင် သီချင်းဆိုခိုင်းမှာလားမေးတော့ သမီးနှစ်ယောက်လုံးရဲ့  သီချင်းဆိုတဲ့အသံကို မကြားတောင် မကြားဖူးဘူး။ ကျွန်တော်တို့တုန်းကဆို ၆ တန်း၊ ၇ တန်းလောက်မှာ ဂစ်တာကို စတင်တီးဖို့ လုပ်နေပြီ။ အခုနောက်ပိုင်း ကျွန်တော် Classic တီးချင်လာတော့ ဝိုင်ဝိုင်းကလည်း မြှောက်ပေးတယ်။ အဲဒီအချိန်မှာ သမီးငယ်လေးကလည်း ကျွန်တော်တီးတာကို ကြည့်ပြီး ဝါသနာ ပါလာတယ်။ ကျွန်တော့်သူငယ်ချင်းက သမီးငယ်လေးကို သင်ပေးဖို့ ပြောတော့ ကျွန်တော်က မဖြစ်နိုင်ပါဘူးလို့ ပြောတာနဲ့ ကျွန်တော့်သူငယ်ချင်းက မင်း မသင်ပေးရင် ငါ သင်ပေးမယ် ဆိုပြီး သင်ပေးတယ်။ ကျွန်တော် ရန်ကုန် နောက်တစ်ခေါက် ပြန်ရောက်တော့ သမီးငယ်က Classic နဲ့ သီချင်း ၃ ပုဒ် တီးပြတယ်။ ကျွန်တော် တော်တော် အံ့သြသွားတယ်။ သမီးငယ် တီးတာက ကျွန်တော့်ထက် ပိုသပ်ရပ်ပြီး ပိုကောင်းတယ်။ သမီးကြီးက စန္ဒရားတီးတာ ဝါသနာပါပြီး သမီးငယ်က ဂစ်တာတီးတာ ဝါသနာပါတယ်။ မျိုးကြီးပွဲမှာ ချစ်စမ်းမောင်သမီး တီးသွားတာကို ကြည့်ပြီး သဘောကျနေတယ်။ အခုလောလောဆယ်တော့ သမီးငယ်ကို ချော့ပြောထားတယ်။ အဖေတို့အမျိုးထဲမှာ ဆရာဝန်တစ်ယောက်မှ မပါတော့ သမီးဆရာဝန် လုပ်မယ်ဆိုရင် ကောင်းတယ်လို့။ ဒါပေမယ့် သမီး ဝါသနာမပါရင်လည်း မလုပ်ပါနဲ့လို့ ပြောထားတယ်။
ကျွန်တော်တို့က သမီးတွေကို အမိန့်ပေးတာမျိုး မရှိဘူး။ ခဏလေးနေရတာလေးကို ပျော်ပျော်ပဲ နေစေချေင်တယ်။ သူတို့လေးတွေ ဘာမှဖြစ်မလာလည်း ကျွန်တော် ပျော်ပါတယ်။

Q - အခုဆိုရင် IC က မျိုးဆက်သစ်လူငယ်တွေ တွေ့မြင်နေရပြီဆိုတော့ အစ်ကို့ရဲ့  မျိုးဆက်သစ်လေးကိုရော ဘယ်တော့လောက် ပရိသတ်မြင်တွေ့ခွင့်ရမလဲ အစ်ကို ...

Ko Gyi Nge - အခု သမီးကြီးကျောင်းပြီးတော့ Series လေး လုပ်ပေးနေတယ်။ နှစ်ယောက်လုံးကတော့ သီချင်းဆိုမယ်ပြောတယ်။ တွေ့ရတော့မှာပါ။ သမီးငယ်က ရုပ်ရှင်ခေါ်ရိုက်ရင်တောင် ရိုက်မလို့တဲ့။ (ရယ်လျက်)
ကျွန်တော်က ပုံတစ်ရာမှာ နှစ်ပုံလောက်ပဲ ကောင်းကောင်းထွက်တာ။ "ဟိုလို လုပ်ပါ၊ ဒီလို လုပ်ပါ" မပြောနဲ့။ ရိုက်သာ ရိုက်နေ။ ငါ နေတတ်သလို နေမယ်လို့ ပြောထားတာ။ လုပ်ခိုင်းရင် မလုပ်တတ်တော့လို့။ ကျွန်တော့်မိန်းမလည်း ကျွန်တော်နဲ့ တူတယ်။ ကျွန်တော့်ခွေထဲမှာ ရိုက်ဖို့ပြောတော့ ကိုပီတာကို ပြောထားရတယ်။ ပြောပြီး ရိုက်တာလည်း ရိုက်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ နားနေတဲ့အချိန် ခိုးရိုက်ထားလိုက်လို့ ပြောထားတာ တကယ်လည်း ခိုးရိုက်ထားတဲ့ကဒ်က ပိုအဆင်ပြေနေတယ်။ အခွေထွက်တော့ ခိုးရိုက်ထားတဲ့ကဒ်တွေ သုံးလိုက်ရတယ်။

Q - အခုနောက်ပိုင်း အနုပညာရှင်အများစုက စီးပွားရေးလုပ်ငန်းတွေမှာ အချိန်ပေးလာတာတွေ တွေ့ရပါတယ်။ အစ်ကိုရော စီးပွားရေးလုပ်ငန်းတွေမှာ အချိန်ပေးဖြစ်မလား အစ်ကို ...

Ko Gyi Nge - မြင်ရမှာ မဟုတ်ဘူးဗျ။ ကျွန်တော် စီးပွားရေး မလုပ်တတ်ဘူး။ ကျွန်တော့်မိန်းမကို စစ်ကြေညာထားတယ်။ ကျွန်တော် သီချင်းမဆိုနိုင်တော့ရင် လုပ်ကျွေးရမယ်လို့ ပြောထားတယ်။ (ရယ်လျက်)

Q - အခုလို အောင်မြင်မှုအပေါ်မှာ ကျေနပ်အားရမှုလေးကရော ...

Ko Gyi Nge - ကိုယ်ဝါသနာပါတဲ့အလုပ်လေးနဲ့ ထမင်းစားနေရတော့ ကျေနပ်ပါတယ်။ အခုထိတိုင်ဆိုလို့ ရနေသေးတာကိုတော့ ကျေနပ်ပါတယ်။ လိုတာထက်ပိုပြီး ပရိသတ်က နေရာပေးတယ်လို့ ခံစားရပါတယ်။

Q - အခုဆိုရင် ပရိသတ်ရဲ့  ရင်ထဲမှာ ဂီတမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့အပေါ်မှာ အစ်ကို့ ခံစားချက်လေးက ...

Ko Gyi Nge - ပရိသတ်က ကိုယ့်ကို ပေးထားတာက များတောင် များနေပါပြီ။ ကိုယ်က မှတ်တိုင်စိုက်လိုက်တာက အပ်သာသာလောက်ပါ။ သူတို့က ကိုယ့်ကို မှတ်တိုင်စိုက်ပေးတာက ကျောက်တိုင်လောက် ဖြစ်နေပါပြီ။ ဒါကြောင့် အရမ်းပျော်ပါတယ်။

Q - အစ်ကို ဂီတလမ်းကြောင်းပေါ် စတင် လျှောက်လှမ်းချိန်က စပြီး ယခုထက်တိုင် အားပေးလာတဲ့ ပရိသတ်ကြီးအတွက် အစ်ကို့ရဲ့  ရင်တွင်းစကားသံလေးက ...

Ko Gyi Nge - ပရိသတ်နဲ့ ကျွန်တော်နဲ့ တစ်ထပ်တည်းကျနေသမျှ ကျွန်တော် ဆိုနေအုံးမှာပါ။ ပရိသတ် နားထောင်လို့ မကြိုက်တော့တဲ့အချိန်ကျရင် ပစ်ချင်လည်း ပစ်နိုင်သလို၊ ပိတ်ချင်လည်း ပိတ်လိုက်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။

~~~~~×~~~~~
Forever Family Channel Guide
Vol.1, No.4 October - 2015

{ခင်ဗျားတို့ ဖတ်ရတာ
တစ်ဝက်တစ်ပျက် ဖြစ်နေမှာစိုးလို့
အပိုင်းတွေ ခွဲမနေတော့ဘဲ
စာအရှည်ကြီး ရိုက်ပြီးတော့
တစ်ခုတည်း တင်ပေးလိုက်ပါတယ်။
လွတ်လွတ်လပ်လပ် Share နိုင်ပါကြောင်း။

ဒီအတောအတွင်း ပေ့ခ်ျမှာ
ပို့စ်တွေ မတင်ဖြစ်ခဲ့တဲ့အတွက်လည်း
ဆောရီးပါဗျို့ ။
အခုတော့ ... "ကျွန်တော်တို့
W t R'n'R ပြန်လာပါပြီ"လို့ပဲ အသိပေးပါရစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ}

\m/ Welcome to Rock 'n' Roll \m/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။