Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 29, 2015

မြို့ကြီးများ၊ ဈေးကစားသူများနှင့် ခြိမ်းခြောက်နေသော နေထိုင်မှုစရိတ်


ဟိန်းဇော် ရေးသားသည် စက်တင်ဘာလ ၁ ရက်က သမ္မတဦးသိန်းစိန်သည် သူ၏ ရေဒီယိုမိန့်ခွန်းတွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆောက်လုပ်ပေးဖို့ ထည့်သွင်းပြောကြားခဲ့သည်။ သမ္မတက ““လက်ရှိဆောင်ရွက်နေတဲ့တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ကို ရန်ကုန်နဲ့ မန္တလေးလိုနေရာများမှာသာမကဘဲ မြို့ကြီးများဖြစ်တဲ့ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေ လိုနေရာမျိုးများမှာ ပြည်သူလူထုအများစုလက်လှမ်းမီနိုင်စေမယ့် ပြည်သူ့အိမ်ရာစီမံကိန်းတွေကို မြို့ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနဲ့ အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ သမ္မတ၏မိန့်ခွန်းပြောကြားချက်ကိုကြည့် ခြင်းအားဖြင့် မြန်မာနိုင်ငံ၌ အိမ်ရာပြဿနာမည်မျှထိရှိနေကြောင်း သိသာလှသည်။
မြို့ကြီးများ၊ အထူးသဖြင့် စီးပွားရေးမြို့တော်ရန်ကုန်သည် ရင်းနှီးမြှုပ်နှံသူများနှင့် အိမ်မဲ့ရာမဲ့တို့အတွက်တော့ စိန်ခေါ်မှုတော် တော်ရှိနေသည့်နေရာဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ၏ဖွံ့ဖြိုးမှုအနိမ့်ဆုံး CMLV စာရင်းတွင်ပါဝင်သော်လည်း အိမ်၊ ခြံ၊ မြေဈေးကိုလေ့လာကြည့်ပါက ကမ္ဘာမြို့ကြီးများရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများနှင့်အပြိုင်ဖြစ်နေသည်။ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်မြို့လယ်ကောင်ရှိ ဆာကူရာတာဝါမှရုံးခန်းငှားရမ်းခများ ထပ်မံတိုးတက်လာပြီးနောက်ပိုင်း ရန်ကုန်မြို့လယ်၏ရုံးခန်းငှားရမ်း ခများသည် ကမ္ဘာ့အဆင့် ၃ အထိမြင့်လားလာကြောင်းသတင်း များကဆိုသည်။ ဆာကူရာတာဝါ၏ရုံးခန်းငှားရမ်းခနှင့် Cushman & Wakefield Research က ထုတ်ပြန်ထားသည့် စင်ကာပူ၊ ဂျာကာတာ၊ ဟိုချီမင်း၊ ကွာလာလမ်ပူ၊ ဘန်ကောက်၊ မနီလာမြို့များရှိ Central Business District များ၏ငှားရမ်းခနှုန်းထားများနှင့် နှိုင်းယှဉ်လျှင်လည်း ဆာကူရာတာဝါ၏ငှားရမ်းခမှာ အမြင့်မားဆုံး ဖြစ်ကြောင်းနှင့် ဘန်ကောက်မြို့ထက်သုံးဆမှလေးဆကျော်အထိ ရှိသည်ဟုဆိုသည်။ ဆာကူရာတာဝါ၏ရုံးခန်းအဖြစ်ငှားရမ်းနိုင်သည့် ဧရိယာမှာ ၁၂,၄၅၂ စတုရန်းမီတာအထိကျယ်ဝန်းပြီး လက်ရှိသတ် မှတ်ထားသောဈေးနှုန်းအရ တစ်နှစ်လျှင် ဒေါ်လာ ၁၃ သန်းရှိသည် ဟုသိရသည်။ ထိုသို့ပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ရုံးခန်း နေရာ၊ စက်ရုံအလုပ်ရုံငှားရမ်းဖို့ကိစ္စက တွန့်ဆုတ်စရာဖြစ်နေသည်။ တကယ်တော့ မြေနေရာ၊ တိုက်ခန်းနေရာဈေးနှုန်းများက ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက်သာမဟုတ်။ ပြည်တွင်းကအိမ်မဲ့၊ မြေနေရာမဲ့များအတွက်လည်း အခက်အခဲတစ်ခုဖြစ်နေသည်။ ရန်ကုန်မြို့၏အစွန်အဖျားမြို့နယ်တစ်ခုဖြစ်သော ဒဂုံမြို့သစ် တောင်ပိုင်းလိုနေရာမျိုးတွင်ပင် ၂၀x၆၀ ပေ မြေကွက်တစ်ကွက်လျှင် မြန်မာငွေသိန်း ၂၅၀ ရှိနေသည်။

ထိုမြို့နယ်မှတိုက်ခန်းတစ်ခန်း၏ ဈေးနှုန်းသည်လည်း သိန်းနှစ်ရာသုံးရာဝန်းကျင်အထိရှိနေသည်။ ရောင်းလိုအား၊ ၀ယ်လိုအားမမျှလို့လား မြန်မာပြည်၌ မြေဈေး၊ အိမ်ဈေးများ အဆမတန်မြင့်တက် ခြင်းနှင့်ပတ်သက်ပြီး အများစုကတော့ ရောင်းလိုအား (Supply) နှင့် ၀ယ်လိုအား (Demand) မမျှလို့ဟုသုံးသပ်ကြသည်။ ဤသုံးသပ်ချက်ကလည်း ဆီလျော်မှုရှိသည်။ အိမ်၊ ခြံ၊ မြေဈေး တကယ်အတက် ကြမ်းခဲ့သည်က အစိုးရသစ်တက်လာသော ၂၀၁၁ ကာလမှစတင် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးပွင့်လင်းလာမှုနှင့် အစိုးရ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်မှုများကြောင့် အဓိကအား ဖြင့် မြေနေရာနှင့် အိမ်ခန်းလိုအပ်ချက်မြင့်မားလာသောရန်ကုန်တွင် မြေဈေးနှင့် ရုံးခန်းငှားခများ ဆက်တိုက်တက်လာခဲ့သည်။ အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများကိုဖိတ်ခေါ်ခဲ့ သော်လည်း ယင်းအတွက်လိုအပ်ချက်ဖြစ်သောInfrastructure ပိုင်းကိုအချိန်မီမဖြည့်ပေးနိုင်ခြင်းပင်သည်ပင်လျှင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းမြင့်တက်ဖို့တွန်းအားပေးသလိုဖြစ်နေသည်။ စင်စစ် ရန်ကုန်မြို့သည် စီးပွားရေးလုပ်ငန်းများမ၀င်ဘဲ နေလျှင်ပင် လက်ရှိလူဦးရေနှင့် လက်ရှိအိမ်ခန်းကလုံလောက်မှုရှိ သည်မဟုတ်ချေ။ လူဦးရေငါးသန်းကျော်ရှိသောရန်ကုန်တွင် နှစ်စဉ် အိမ်ခန်းတိုးနှုန်းသည် နှစ်စဉ်လူဦးရေတိုးနှုန်း၏ထက်ဝက်ခန့်ကိုသာ ဖြည့်ဆည်းပေးနိုင်သည်ဟုဆိုသည်။ ခန့်မှန်းမှုများအရ ရန်ကုန်မြို့ တွင် တစ်နှစ်လျှင် အိမ်ခန်းပေါင်း ၁,၅၀၀-၂၀,၀၀၀ ကျော်လောက် တိုးချဲ့ဆောက်လုပ်နေသော်လည်း တစ်နှစ်လူဦးရေတိုးနှုန်းမှာ တစ် သိန်းကျော်လောက်ရှိနေပြီး ယင်းလူဦးရေ၏အိမ်ခန်းလိုအပ်ချက်မှာ သုံးသောင်းခန့်ရှိနေသည်။ ထို့ကြောင့်ပင် ရန်ကုန်မြို့၌ မြေတစ်နေရာ၊ အိမ်ခန်းတစ်ခန်းရရှိရေးသည် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။ အိမ်၊ ခြံ၊ မြေဈေးနှုန်းအတက်ကြမ်းရခြင်း၏နောက်တစ် ချက်က ငွေကြေးခ၀ါချရန်အတွက် တရားမ၀င်ငွေကြေးများ (ငွေ မည်းများ) စီးဝင်လာခြင်းနှင့် ချမ်းသာကြယ်ဝသူအချို့၏ဈေးကစား မှုကြောင့်ဖြစ်သည်။ ၂၀၀၇ ခုနှစ်က၀င်ငွေရလမ်းဖော်ပြရန်မလိုဘဲ အိမ်၊ ခြံ၊ မြေ၀ယ်ယူခွင့် ၁၅ ရာခိုင်နှုန်းသို့လျှော့ချပေးခဲ့ခြင်းကြောင့် ၀င်ငွေရလမ်းမဖော်ပြလိုသူများ၊ ငွေကြေးခ၀ါချလိုသူများအတွက် စိတ်ကြိုက်ဖြစ်စေခဲ့သည်။ အိမ်၊ ခြံ၊ မြေအသင်းမှထိပ်တန်းတာဝန် ရှိသူတစ်ဦး၏သုံးသပ်ချက်အအရဆိုလျှင် ယင်းအခွန်နှုန်းထားပြောင်း လဲသည့်အချိန်မှစ၍ အိမ်၊ ခြံ၊ မြေဈေးများ ဆက်တိုက်လှုပ်ခတ်ခဲ့ သည်ဟုဆိုသည်။ ယင်းအခွန်နှုန်းထားကို ၂၀၁၂ ခုနှစ်အထိ ငါးနှစ် ဆက်တိုက်ကျင့်သုံးခဲ့ရာ အိမ်၊ ခြံ၊ မြေအများအပြားပိုင်ဆိုင်သူများ၊ အစိုးရအဖွဲ့နီးစပ်၍လုပ်ကိုင်ခွင့်ရရှိသူများအတွက် များစွာအကျိုး ဖြစ်ထွန်းစေခဲ့သည်။ အိမ်၊ ခြံ၊ မြေအကျိုးဆောင်တစ်ဦးက အဲဒီ ၂၀၁၁ မတိုင်ခင်မှာ အကုန်လုံးက လက်စသတ်ဆောင်ရွက်သွားနိုင် တယ်လို့ လူအများက မသိမဟုတ်ဘူး။ မြင်တယ်”” ဟုဝေဖန်သည်။ ယင်းနှုန်းထားကြောင့် မူးယစ်ဆေးဝါး၊ မှောင်ခို၊ အဂတိ လိုက်စားမှုများမှ ငွေကြေးများ အိမ်၊ ခြံ၊ မြေဈေးကွက်သို့ ဒလဟော စီးဝင်နေသည်ဟု ဝေဖန်မှုများထွက်ပေါ်နေသည်။ တကယ်တော့ ပြည်တွင်းမှတရားမ၀င်ငွေကြေးများသာမက ပြည်ပမှတရားမ၀င် ငွေကြေးများပါ ဤဈေးကွက်သို့ဝင်ရောက်နေသည်ဟုဆိုသည်။ အဓိကအားဖြင့် တရုတ်လူမျိုးများ အဓိကနေထိုင်ရာ မန္တလေးမြို့ အပါအ၀င် နေရာတော်တော်များများတွင် တရုတ်နိုင်ငံသားအများ အပြားသည် နာမည်လွှဲဖြင့် မြေကွက်ဝယ်ယူမှုများစွာရှိနေသည်ဟု ဆိုသည်။ ““အိမ်၊ ခြံ၊ မြေဈေးတွေမှာ တရုတ်တွေပါဝင်ပတ်သက်နေ တယ်ဆိုတာတော့ လူတိုင်းသိတယ်။ ဒါပေမဲ့ သူတို့က နာမည်နဲ့ဝယ် တာမျိုးဆိုတော့ သက်သေပြဖို့ခက်တယ်”” (Eleven) ဟု မန္တလေးမြို့ ဒေသခံတစ်ဦးကဆိုသည်။ တရုတ်လူမျိုးများအနေဖြင့် မန္တလေး မြို့တွင် မြို့တွင်းမှမြေများသာမက မြို့ဆင်ခြေဖုံးရှိလယ်မြေများကိုပါ လိုက်လံဝယ်ယူနေသည်ဟုလည်း ဒေသခံများကဆိုသည်။ သြဂုတ်လ အတွင်းကထွက်ပေါ်လာသည့် ရန်ကုန်မြို့သစ်စီမံကိန်းသည်ပင်လျှင် ပွင့်လင်းမြင်သာမှုမရှိသောကြောင့် ၀ိုင်းဝန်းကန့်ကွက်သောကြောင့် ယခင်ကုမ္ပဏီကိုမပေးတော့ဘဲ တင်ဒါပြန်လည်ခေါ်ယူခဲ့ရပြီး ယခင် ကုမ္ပဏီ၏နောက်ကွယ်တွင် တရုတ်လုပ်ငန်းရှင်များ များစွာပါဝင် ပတ်သက်နေသည်ဟု ဝေဖန်မှုများရှိနေသည်။ ငွေရှင်အချို့၏လက်ဝါးကြီးအုပ်ဈေးကစားမှုကလည်း အိမ်၊ ခြံ၊ မြေဈေးကွက်ကို များစွာဂယက်ရိုက်ခတ်သည်။ ထို့ကြောင့်ပင် အစိုးရအနေဖြင့် မြေပိုင်ဆိုင်မှုများကို စိစစ်သင့်ကြောင်းသုံးသပ် သည်။ တရားလွှတ်တော်ရှေ့နေဦးသန်းမောင်က ““လက်ရှိအိမ်၊ ခြံ၊ မြေဈေးနှုန်းတွေ ဒီလောက်ကြီးမြင့်နေမှုဟာ ဈေးကစားလို့ ဒီလောက် ကြီးမြင့်လာတယ်ဆိုတာသိကြတာပဲ။ ဒါတွေကို အစိုးရအနေနဲ့ ပြန်ပြီး စိစစ်သင့်တယ်လို့မြင်ပါတယ်။ အမှန်အတိုင်းပြောရရင် အမိန့်ညွှန် ကြားစာတွေနဲ့ ပိုင်ဆိုင်မှုတွေကိုစိစစ်ပေးသင့်တယ်”” (Eleven) ဟု ဝေဖန်သည်။ မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကလည်း ““အခုရန်ကုန်မြို့မှာ အဲဒီစက်မှုမြေကွက်တွေကို လက်ဝါးကြီးအုပ် ပြီးတော့ တစ်ကွက်တစ်ကွက်ကို သိန်းလေးထောင်၊ ငါးထောင်၊ ခြောက်ထောင်နဲ့ရောင်းနေတယ်။ ဒါပေမဲ့ ဒီမြေတွေက ရှားလို့မဟုတ် ဘူး။ အခုစက်မှုမြေကွက် ကျွန်တော်တို့သိသလောက်တော့ ခုနစ် ထောင်လောက်ရှိတဲ့အထဲမှာ တစ်ဝက်လောက်ပဲ တကယ့်စက်ရုံတွေ တည်ထားတာ”” ဟု မြေကွက်လက်ဝါးကြီးအုပ်ဈေးကစားမှုများနှင့် ပတ်သက်ပြီး သုံးသပ်သည်။ သုံးသပ်သူအချို့ကတော့ ယခင်အစိုးရလက်ထက်တွင် အစိုးရအဖွဲ့နှင့်နီးစပ်သူအများအပြားသည် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း များ၊ အိမ်ရာများ၊ နိုင်ငံပိုင်စက်ရုံအလုပ်ရုံနှင့် မြေကွက်များ၊ စက်မှုဇုန် မြေများ၊ အကြောင်းအမျိုးမျိုးပြသိမ်းယူခဲ့သောလယ်ယာမြေများကို လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေး ကွက်ကို လက်ဝါးကြီးအုပ်ချုပ်လှယ်နေသည်ဟုဆိုသည်။ မြန်မာပြည် တွင် အခုနောက်ပိုင်းမြို့ပြစီမံကိန်းများနှင့် စီးပွားရေးစီမံကိန်းအမြား အပြား အကောင်အထည်ဖော်လာမှုကြောင့် ဈေးကစားသူများ၏ စိတ်ကြိုက်ဖြစ်နေသလို တစ်ခါတစ်ရံ ကောလဟာလသတင်းများ ကြောင့်ပင် မြေယာဈေးများ ကသောင်းကနင်းဖြစ်ကုန်တတ်သည်။ သာဓကအားဖြင့် ၂၀၁၃ ခုနှစ်က ရန်ကုန်-ဒလမြစ်ကူးတံတားစီမံ ကိန်းကြောင့် ဒလဘက်တွင် မြေဈေးများအဆမတန်မြင့်တက်ခဲ့သလို မြေယာအရောင်းအ၀ယ်လည်း တော်တော်လေးလှုပ်ခတ်ခဲ့သည်။ ယခုထိုစီမံကိန်းသည် တကယ်ဖြစ်မလာခဲ့သည့်အခါ ယင်းနေရာမှ မြေများကိုဝယ်မည့်သူမရှိသလောက်ဖြစ်လာသည်။ သို့သော် ဈေး ကတော့ ကောလာဟလထွက်ခဲ့သည့်အချိန်ကဈေးလောက် ပြန် မကျပေ။ မြန်မာပြည်တွင် ကားဈေးကွက်အပါအ၀င် ဈေးကွက် အချို့ပျက်သွားမှုကြောင့် ရင်းနှီးမြှုပ်နှံသူတို့အတွက် အိမ်၊ ခြံ၊ မြေ ဈေးကွက်သည် ယခင်ကထက်ပိုမိုအာရုံကျစရာဖြစ်လာခဲ့သည်။ အိမ် ရာတိုးချဲ့မှု၊ မြို့ပြစီမံကိန်း၊ စီးပွားရေးစီမံကိန်းတို့အတွက် မြေနေရာ လိုအပ်ချက်ကြီးမားလာမှုနှင့်အတူ အိမ်၊ ခြံ၊ မြေဈေးကွက်၌ ဈေး ကစားမှုသည်လည်း ယခင်ကထက်ပိုများလာခဲ့သည်။ “မြေ၀ယ်မကျ” ဟူသောစကားသည်ပင် ရင်းနှီးမြှုပ်နှံသူတို့အတွက် လက်သုံးစကား ဖြစ်လာခဲ့သည်။ သြဂုတ်လ ၂၂ ရက်က UMFCCI တွင်ပြုလုပ်ခဲ့သည့် ငွေကြေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့နှင့် အသင်းဝင်လုပ်ငန်းရှင် များငွေကြေးခ၀ါချမှုဆိုင်ရာဥပဒေနှင့် အကြမ်းဖက်တိုက်ဖျက်မှု ဆိုင်ရာဥပဒေဆွေးနွေးပွဲတွင် အသင်း၏တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က မြန်မာနိုင်ငံ၏အိမ်၊ ခြံ၊ မြေကဏ္ဍသို့ ပြည်ပမှပြည်တွင်း သို့စီးဝင်မှုပမာဏသည် စုစုပေါင်းပမာဏ၏ ၅၀ ရာခိုင်နှုန်းရှိသည် ဟုပြောခဲ့သည်။

ခက်ခဲလာသောကျောတစ်ခင်းစာ အိမ်၊ ခြံ၊ မြေဈေးနှုန်းကြီးမြင့်မှုကြောင့် ဆိုခဲ့သလို အိမ်ငှား နေထိုင်သူများဆိုလျှင်လည်း အိမ်ငှားစရိတ်က သူတို့အတွက် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်လာနေသည်။ အိမ်၊ ခြံ၊ မြေ၀က်ဘ်ဆိုက် တစ်ခုဖြစ်သောiMyanmarHouse.com ကဖော်ပြသောသတင်း တစ်ပုဒ်တွင် ““အိမ်ငှားခနှုန်းထားတွေမြင့်တက်လာတဲ့အရှိန်ကို မိသားစုဝင်ငွေတိုးတက်မှုရဲ့ အရှိန်ကမလိုက်နိုင်တာကြောင့် မိသားစု ၀င်ငွေတော်တော်များများကို အိမ်ငှားခပေးနေရသလို တချို့ကျတော့ မိသားစုဝင်ငွေရဲ့ထက်ဝက် အထိ အိမ်ငှားခပေးနေတယ်လို့သိရပါတယ်”” ဟုဖော်ပြထားသည်။ ငှားရမ်းခဈေးနှုန်းကြီးမှုနှင့်အတူ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ် ကြိမ်လောက် ဈေးနှုန်းအပြောင်းအလဲရှိနေသည့် အိမ်ငှားခဈေး ကွက်ကို အစိုးရအနေဖြင့်ဝင်ထိန်းပေးဖို့ အချို့ကလည်း ဆန္ဒရှိနေ သည်။ မကြာသေးခင်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အိမ် ငှားခဈေးနှုန်းများကိုထိန်းချုပ်ရန် လွှတ်တော်ကိုယ်စားလှယ်အချို့က အဆိုတင်သွင်းဆွေးနွေးခဲ့ကြသော်လည်း အောင်မြင်ခြင်းမရှိပေ။ အိမ်ငှားခကြီးမြင့်မှုကြောင့် မြို့တွင်းနေအိမ်ငှားအချို့သည် မြို့အစွန် သို့ တဖြည်းဖြည်းရွှေ့ပြောင်းကုန်ကြရသလို ကျူးကျော်လိုပြဿနာမျိုး များကိုလည်း ပိုမိုဖြစ်ပွားစေလာသည်။ အိမ်၊ ခြံ၊ မြေဈေးနှုန်းမြင့်မားခြင်းက လူတစ်စုအတွက် အကျိုးရှိနေသော်လည်း ပြည်သူအများစုနှင့် နိုင်ငံအကျိုးအတွက် ထိခိုက်မှုများရှိလာသည်။ ပထမဆုံးအနေဖြင့် မြို့ကြီးများ၌ အောက် ခြေလူတန်းစားမဆိုနှင့် လူလတ်တန်းစားတို့အတွက်ပင်လျှင် ကျော တစ်နေရာစာပိုင်ဆိုင်ဖို့ ခက်ခဲလာသည်။ မြို့ကြီးများ၌ မြေယာ ပိုင်ဆိုင်ဖို့ထက် တန်ဖိုးနည်းတိုက်ခန်းများကို အရေးပေါ်တောင့်တ လာကြသည်။ ရန်ကုန်မြို့အစွန်လှိုင်သာယာမြို့နယ်တွင် မကြာသေး ခင်ကစတင်အကောင်အထည်ဖော်ခဲ့သည့် တန်ဖိုးနည်းအိမ်ရာ တစ်ခုအတွက် လျှောက်လွှာခေါ်ယူခဲ့ရာ လျှောက်ထားသူဦးရေမှာ ရောင်းချမည့်တိုက်ခန်း၏အဆနှစ်ရာနီးပါးရှိနေသည်။ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာများရှိတိုက်ခန်းဈေးနှုန်းများမှာ အနည်းဆုံး ကျပ်သိန်း ၁၁၀ မှ အများဆုံးကျပ်သိန်း ၁၂၀အထိရှိမည်ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်ထားသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးအခွင့်အလမ်း ကြောင့် ပြည်ရင်းနှီးမြှုပ်နှံသူများလာရောက်လုပ်ကိုင်လိုသော်လည်း ရုံးခန်းနေရာ၊ လုပ်ငန်းနေရာ စရိတ်စကကြီးမြင့်မှုကြောင့် အခက်တွေ့ နေကြသည်။ အမေရိကန်နိုင်ငံမှစီးပွားရေးသမားများကို စစ်တမ်း ကောက်ယူရာတွင် ၈၆ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံအတွင်းရှိ အဆောက်အအုံနှင့် အခန်းငှားခများအတွက်ကျေနပ်မှုမရှိသလို ၇၉ ရာခိုင်နှုန်းက ရုံးခန်းငှားရမ်းမှုအပေါ်စိုးရိန်နေကြောင်း အမေရိကန် စီးပွားရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။ ““အိပ်ခန်းတစ်ခန်း၊ နှစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါတဲ့ အခန်းကို လစဉ်ကန်ဒေါ်လာ ၁,၈၀၀ လောက်ပေးနေရတယ်။ ဈေးကွက်က အရင်သုံးနှစ်နဲ့နှိုင်းယှဉ်ရင် သုံးဆလောက်မြင့်တက် သွားတယ်”” ဟု ရန်ကုန်မြို့၌ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသည့် Anthenb Asia မှဒါရိုက်တာ Peter Wintton ကပြောသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကလည်း ““မြန်မာနိုင်ငံမှာ မြေဈေးနှုန်းတွေကြီး မြင့်နေတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်တဲ့နေရာမှာ အခက်အခဲဖြစ်စေပါတယ်”” ဟုဝန်ခံပြောကြားခဲ့သည်။

မူဝါဒများက ကုစားပေးနိုင်မည်လား အိမ်၊ ခြံ၊ မြေဈေးနှုန်းမြင့်တက်မှုကိုရပ်တန့်ရန်အတွက် အစိုးရကထိန်းချုပ်ရန်လိုအပ်ကြောင်းပြောဆိုမှုများလည်းရှိသည်။ ထိန်းချုပ်သည်ဆိုရာ၌ မြေဈေး၊ အိမ်ဈေးများကို အစိုးရက၀င်ရောက် သတ်မှတ်ပေးခြင်းမျိုးမဟုတ်ဘဲ စည်းကြပ်ခွန်ကို စနစ်တကျကောက် ခံဖို့လိုအပ်သည်။ စီးပွားရေးပညာရှင် ဦးမော်သန်းက Property Tax ကောက်တာနဲ့ဖြေရှင်းမှရမယ်။ မြေတွေပိုင်ထားရထားပြီး ဘာမှ မလုပ်ရင် အခွန်ပိုကောက်သင့်တယ်။ အိမ်တွေခြံမြေတွေအများကြီး ပိုင်ထားပြီးထပ်ဝယ်မယ်ဆို အခွန်တိုးကောက်သင့်တယ်။ ပိုင်ဆိုင်မှု အရေအတွက်အလိုက်အခွန်တိုးကောက်ပြီးထိန်းလို့ရတယ်။ မြေ ဆိုတာနိုင်ငံအတွက်အကန့်အသတ်ရှိတယ်။ အစိုးရကထိန်းလို့မရ ဘူး”” ဟုအကြံပြုသည်။ ၂၀၀၇ ခုနှစ်က အဘက်ဘက်ကနိမ့်ကျ နေသောစီးပွားရေးဖွံ့ဖြိုးမှုညွှန်းကိန်းများကို ရေတိုကုစားရန်အတွက် အိမ်၊ ခြံ၊ မြေအခွန်နှုန်းထားကို ထက်ဝက်အထိလျှော့ချခဲ့ပြီး ယခု အစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ကျမှသတ်မှတ်အခွန် ၃၀ ရာခိုင်နှုန်းသို့ပြန်လည်မြှင့်တင်ခဲ့သည်။ ယခုနှစ်မတ်လအတွင်းကတော့ ၀င်ငွေခွန်ဥပဒေကိုပြင် ဆင်သည့်ဥပဒေကြမ်းအရ “၀င်ငွေရလမ်းမဖော်ပြနိုင်သောအခွန်” ဆိုသည့်စကားရပ်အစား “စည်းကြပ်မှုမှကင်းလွတ်နေသောအခွန်” ဟု ပြောင်းလဲခဲ့ပြီး အခွန်နှုန်းထားများကို တစ်ကျပ်မှ သိန်းငါးရာအထိကို အခွန် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းငါးရာမှ ကျပ်သိန်း ၁,၅၀၀ အထိကို ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၅၀၀ မှ ကျပ်သိန်းသုံးထောင်အထိကို ၃၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကာ တံဆိပ်ခေါင်းခွန်အဖြစ်မှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ၅ ရာခိုင်နှုန်းနှင့် ကျန် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ၃ ရာခိုင်နှုန်းသာပေးဆောင် ရမည်ဖြစ်သည်။ ထိုကဲ့သို့ ၂၀၀၇ မှ ၂၀၁၂ အထိ ငါးနှစ်တာကာလ အတွင်း နည်းပါးသောအခွန်နှုန်းထားသတ်မှတ်မှုကြောင့် ငွေကြေး ခ၀ါချလိုသူတို့အတွက် စိတ်ကြိုက်ဖြစ်ခဲ့သည်။ သြဂုတ်လအတွင်းက ရန်ကုန်မြို့သစ်စီမံကိန်းအကောင် အထည်ဖော်မည်ဟုကြေညာချက်ထွက်ပြီးနောက်ပိုင်း စီမံကိန်း၏ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့်အတူ ယင်းစီမံကိန်း၏နောက်ကွယ်တွင် တရားမ၀င်ငွေကြေးများများရှိနေနိုင်ကြောင်း ဝေဖန်မှုများ များစွာ ထွက်ပေါ်ခဲ့သည်။ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးကိစ္စကိုတော့ အာဏာပိုင်များက ယခုမှအပူတပြင်းစတင်လှုပ်ရှားလာကြသည်။ ယခုနှစ်မတ်လအတွင်းက ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေအား အသစ်ပြင်ဆင်ပြဋ္ဌာန်း၍ ပြည်ထဲရေးဝန်ကြီးဦးဆောင်သည့်ငွေကြေး ခ၀ါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက် လှမ်းရေးတပ်ဖွဲ့တို့ကို သြဂုတ်လအတွင်းကပြင်ဆင်ဖွဲ့စည်းခဲ့သည်။ နည်းဥပဒေ၏ပထမမူကြမ်းကိုလည်းရေးဆွဲပြီးဖြစ်ပြီး သြဂုတ်လကုန် ပိုင်းတွင် ဒုတိယမူကြမ်းကိုဆက်လက်အတည်ပြုပြီး ရှေ့နေချုပ်ရုံးကို တင်ပြသွားမည်ဟုဆိုသည်။ ဤသို့ဥပဒေ၊ နည်းဥပဒေများအားလုံး ပြည့်စုံသွားပြီဆိုလျှင်လည်း အာဏာပိုင်များအနေဖြင့် ဥပဒေ အတိုင်း တကယ်တက်တက်ကြကြအကောင်အထည်ဖော်ဖို့လိုပါ သည်။ ငွေကြေးထောက်လှမ်းရေးတပ်ဖွဲ့၏ ဒုတိယအကြီးအကဲ ဖြစ်သူ ရဲမှူးကြီးကျော်ဝင်းထိန်ကတော့ လိုင်စင်မရှိသောအိမ်၊ ခြံ၊ မြေအကျိုးဆောင်များ၊ လမ်းလျှောက်ပွဲစားများနှင့်လည်ပတ်နေသော အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း ငွေကြေးစီးဆင်းမှုများကိုခြေရာခံရန် မှာ အခက်အခဲများစွာရှိကြောင်း ပြောကြားထားသည်။ ယင်းသို့သော အခြေအနေကြောင့် ငွေကျပ်သိန်းတစ်ထောင် (အမေရိကန်ဒေါ်လာ တစ်သိန်း) အထက်တန်ဖိုးရှိအိမ်၊ ခြံ၊ မြေရောင်းဝယ်မှုများနှင့်ပတ် သက်၍ ငွေကြေးထောက်လှမ်းရေးတပ်ဖွဲ့သို့ သတင်းပေးပို့ရမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ အိမ်၊ ခြံ၊ မြေအကျိုးဆောင်များ ကတော့ ယင်းသတင်းအပေါ်ဝေဖန်လျက်ရှိပြီး အကျိုးဆောင်များ အနေဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ခက်ခဲနိုင်သည်ဟုလည်း သုံးသပ် ကြသည်။ အိမ်၊ ခြံ၊ မြေအခွန်ထမ်းဆောင်မှုများနှင့်ပတ်သက်ပြီး အိမ်၊ ခြံ၊ မြေငှားရမ်းထားသူများကို အခွန်ကောက်မည်ဆိုသည့်သတင်း ကြောင့် အချို့သောတိုက်ခန်း၊ ဂိုဒေါင်ငှားရမ်းခများ ဈေးတက်သွား သည်ဟုဆိုသည်။ အခွန်ကောက်ခံရာတွင် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ ၌ ပထမဆုံးပြဋ္ဌာန်းထားသည့်ပြည်ထောင်စုအခွန်အကောက်ဥပဒေ တွင် ၀င်ငွေခွန်ကိုသတ်မှတ်ထားသောခံစားခွင့်များ ခုနှိမ်ပြီး ကျန် ငွေများပေါ်တွင် တစ်ကျပ်မှသိန်း ၂၀ အထိအခွန်ကင်းလွတ်ခွင့် ရမည်ဖြစ်ပြီး သိန်း ၂၀ မှ သိန်း ၅၀ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ မှ သိန်းတစ်ရာအထိ ၁၅ ရာခိုင်နှုန်း၊ သိန်းနှစ်ရာမှ သိန်းသုံးရာအထိ ရာခိုင်နှုန်း ၂၀၊ သိန်းသုံးရာအထက်ကို ၂၅ ရာခိုင်နှုန်းကောက်ခံ မည်ဖြစ်သည်။ ငှားရမ်းခအပေါ်တွင် အခွန်ကောက်ခံမည်ဆိုသည့် အတွက် အိမ်၊ ခြံ၊ မြေလောကတွင် ဝေဖန်မှုများရှိနေသည်။ မြန်မာ နိုင်ငံအိမ်၊ ခြံ၊ မြေအကျိုးဆောင်များအသင်း ဒုဥက္ကဋ္ဌဦးသန်းဦး ကတော့ ““အခုလို အိမ်ရာဈေးတွေမြင့်နေတဲ့အချိန် ငှားခတွေက ဒီနှစ်မှာကို နှစ်ဆန်းနဲ့ အခုကာလနဲ့တောင်မတူဘူး။ ဈေးတွေက မြင့်တက်လာတာ။ အဲဒီလိုဈေးမြင့်နေတဲ့အချိန်မှာ ဒီလိုအငှားကိုပါ အခွန်ကောက်မယ်ဆိုတဲ့အစီအစဉ်မျိုးဟာ အမှန်ကတော့ စဉ်းစား သင့်တာ။ ချင့်ချိန်လုပ်သင့်တယ်လို့မြင်တယ်။ အခုတော့ ဘာဖြစ် သလဲဆိုတော့ အငှားဈေးတွေက ပိုမြင့်သွားတာပေါ့”” ဟုသုံးသပ် သည်။ ပိုင်ရှင်များက တိုးကောက်မည့်အခွန်ကိုငှားခထဲတွင်ထည့် သွင်းနိုင်ကြောင်း ၎င်းင်းကမြင်ခြင်းဖြစ်သည်။ သို့သော်လည်း အခွန်နှင့် စိမ်းနေသောကြောင့်သာ ရုတ်တရက်ထွက်ပေါ်လာသောဤစနစ်ကို မနှစ်မြို့ကြခြင်းဖြစ်သည်။ တကယ်တော့ တစ်နှစ်ဝင်ငွေများအပေါ် တွင် တွက်ချက်ထားသောအခွန်ကိုတွက်ချက်ကြည့်မည်ဆိုလျှင် သိပ် များလှသည်တော့မဟုတ်။ တစ်လငါးသိန်းဖြင့်ငှားသည့်အခန်း သည်ပင် ကျပ်ငါးထောင်သာအခွန်ဆောင်ရမည်ဖြစ်သည်။ အရေး ကြီးသည်က တာဝန်ရှိသူများအနေဖြင့် ပြည်သူများအခွန်ထမ်းချင် သည့်စိတ်ဖြစ်ပေါ်လာစေရန် နားလည်သဘောပေါက်စေရန် ကြိုးစား သင့်ပါသည်။ မြန်မာပြည်၏အိမ်၊ ခြံ၊ မြေဈေးကတော့ လက်ရှိအချိန်တွင် မြင့်မားနေဆဲဖြစ်၊ အစိုးရ၏အိမ်ရာဖော်ဆောင်မှုများကလည်း အားနည်းနေဆဲဖြစ်သလို ယင်းဈေးကွက်ရှိပိုင်ဆိုင်မှုများ၊ ငွေမည်း စီးဝင်မှုများကိုကိုင်တွယ်မှုများကလည်း စောင့်ကြည့်ရဦးမည့်အခြေ အနေသာရှိသည်။ တိုးပွားလာမည့်လူဦးရေ၊ တင်လာမည့်ရင်းနှီး မြှုပ်နှံမှုများအရ ၀ယ်လိုအားဆက်လက်မြင့်တက်နေရာ အစိုးရ ကသာ ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါက ဈေး ကစားမှုများနှင့်အတူ အိမ်ရာမဲ့များ၊ ရင်းနှီးမြှုပ်နှံသူများအတွက် စိန်ခေါ်မှုများရှိနေဦးမည်ဖြစ်ပါသည်။

#B2BSpecialReport #ဟိန်းဇော်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။