ဘုရင့်သားနှင့် နှမ်းတစ်ဆုပ်
==================
ဒိသာပါမောက္ခဆရာကြီးထံမှာ အတတ်ပညာ သင်ယူနေကြတဲ့အထဲက ဘုရင့်သားတော်တစ်ပါးဟာ မြစ်ဆိပ်သို့ ရေချိုးသွားရင်း နေလှမ်းထားတဲ့ နှမ်းတွေကိုမြင်တယ်။
လူငယ်ဆိုတော့ စိတ်ကစားချင်တယ်ဆိုတာနဲ့ လက်ကရောက်သွားပြီး ပိုင်ရှင်ကိုမတောင်းဘဲ နှမ်းတစ်ဆုပ်ကို ကောက်စားမိသွားတယ်။ ဒါကိုမြင်တဲ့ ပိုင်ရှင်က ဒိသာပါမောက္ခဆရာကြီးကို သွားတိုင်တာပေါ့။
စစ်ဆေးမေးမြန်းကြည့်လို့ ခိုးစားတယ်ဆိုတာပေါ်တာနဲ့ ဆရာကြီးက မင်းသားကို တုတ်နဲ့ရိုက်ပြီး ဆုံးမတယ်။ နောက် ခိုးမစားအောင်ပေါ့။ ဒါကို မင်းသားက ရန်ငြိုးထားတယ်။ ငါလိုမင်းသားကို ရိုက်တဲ့ဆရာကြီး ငါဘုရင်ဖြစ်ရင် ငါ့တိုင်းပြည်ခေါ်ပြီး သတ်မယ်ပေါ့။
သူလည်း ဘုရင်ဖြစ်ရော ဆရာကြီးကို ကျေးဇူးဆပ်ချင်လို့ပါလို့ြေ ပာပြီး လိမ်ခေါ်တော့ ဆရာကြီး လိုက်လာတာပေါ့။ ဆရာကြီးကိုလည်းတွေ့ရော ငါ့ကို ရိုက်နှက်တဲ့ဆရာကြီး အခု ကလဲ့စားချေတော့မယ်။ သင်ဘာတတ်နိုင်သေးတုန်းလို့ ပြောတဲ့အခါ ဆရာကြီးက ရဲရဲဝံ့ဝံ့ ပြန်ပြောလိုက်တယ်။
တပည့်၊ သင် နှမ်းတစ်ဆုပ် ခိုးစားစဉ်က ငါသာရိုက်ပြီး မဆုံးမခဲ့ရင် အခုအချိန်မှာ သင်ဟာ သူခိုးဘဝရောက်ပြီး မင်းပြစ်မင်းဒဏ်သင့်လို့ သေနေလောက်ပြီ။ အဲဒီတုန်းက ငါ့ရဲ့အဆုံးအမကို ရခဲ့ပေလို့သာ သင် အခုလို ဘုရင်ဘဝကို ရောက်နေရခြင်းဖြစ်တယ်လို့ ရှင်းပြလိုက်တယ်။
အဲဒီတော့မှ သူ့အမှားသူမြင်၊ ဆရာကြီး ကျေးဇူးတွေကိုလည်း သိသွားပြီး ထိုက်တန်စွာ ပူဇော်ကန်တော့သတဲ့။
________။ ။________
``ကောင်းကျိုးမပြုတဲ့ ချုံနွယ်သစ်ပင်မျိုးတွေကို ငယ်ရွယ်စဉ်ကတည်းက နှုတ်ပစ်ရတယ်။ ကြီးလာမှဆိုရင် ရှင်းပစ်ဖို့ မလွယ်တော့ဘူး။ ´´
``ထိုအတူပဲ မကောင်းတဲ့အကျင့်ဆိုးတွေကို ငယ်ရွယ်စဉ်ကတည်းက ဖျောက်ပစ်ရတယ်။ ကြီးလာမှဆို ဖျောက်ဖို့မလွယ်ဘူး။´´
မေတ္တာရှင်-ရွှေပြည်သာ
သီလအစွမ်း အံ့မခန်း စာအုပ်မှ
ကူးယူဖော်ပြပါသည်။
==================
ဒိသာပါမောက္ခဆရာကြီးထံမှာ အတတ်ပညာ သင်ယူနေကြတဲ့အထဲက ဘုရင့်သားတော်တစ်ပါးဟာ မြစ်ဆိပ်သို့ ရေချိုးသွားရင်း နေလှမ်းထားတဲ့ နှမ်းတွေကိုမြင်တယ်။
လူငယ်ဆိုတော့ စိတ်ကစားချင်တယ်ဆိုတာနဲ့ လက်ကရောက်သွားပြီး ပိုင်ရှင်ကိုမတောင်းဘဲ နှမ်းတစ်ဆုပ်ကို ကောက်စားမိသွားတယ်။ ဒါကိုမြင်တဲ့ ပိုင်ရှင်က ဒိသာပါမောက္ခဆရာကြီးကို သွားတိုင်တာပေါ့။
စစ်ဆေးမေးမြန်းကြည့်လို့ ခိုးစားတယ်ဆိုတာပေါ်တာနဲ့ ဆရာကြီးက မင်းသားကို တုတ်နဲ့ရိုက်ပြီး ဆုံးမတယ်။ နောက် ခိုးမစားအောင်ပေါ့။ ဒါကို မင်းသားက ရန်ငြိုးထားတယ်။ ငါလိုမင်းသားကို ရိုက်တဲ့ဆရာကြီး ငါဘုရင်ဖြစ်ရင် ငါ့တိုင်းပြည်ခေါ်ပြီး သတ်မယ်ပေါ့။
သူလည်း ဘုရင်ဖြစ်ရော ဆရာကြီးကို ကျေးဇူးဆပ်ချင်လို့ပါလို့ြေ
တပည့်၊ သင် နှမ်းတစ်ဆုပ် ခိုးစားစဉ်က ငါသာရိုက်ပြီး မဆုံးမခဲ့ရင် အခုအချိန်မှာ သင်ဟာ သူခိုးဘဝရောက်ပြီး မင်းပြစ်မင်းဒဏ်သင့်လို့ သေနေလောက်ပြီ။ အဲဒီတုန်းက ငါ့ရဲ့အဆုံးအမကို ရခဲ့ပေလို့သာ သင် အခုလို ဘုရင်ဘဝကို ရောက်နေရခြင်းဖြစ်တယ်လို့ ရှင်းပြလိုက်တယ်။
အဲဒီတော့မှ သူ့အမှားသူမြင်၊ ဆရာကြီး ကျေးဇူးတွေကိုလည်း သိသွားပြီး ထိုက်တန်စွာ ပူဇော်ကန်တော့သတဲ့။
________။ ။________
``ကောင်းကျိုးမပြုတဲ့ ချုံနွယ်သစ်ပင်မျိုးတွေကို ငယ်ရွယ်စဉ်ကတည်းက နှုတ်ပစ်ရတယ်။ ကြီးလာမှဆိုရင် ရှင်းပစ်ဖို့ မလွယ်တော့ဘူး။ ´´
``ထိုအတူပဲ မကောင်းတဲ့အကျင့်ဆိုးတွေကို
မေတ္တာရှင်-ရွှေပြည်သာ
သီလအစွမ်း အံ့မခန်း စာအုပ်မှ
ကူးယူဖော်ပြပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။