Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 29, 2015

ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်ခြင်း


လူမှုဝန်းကျင်မှာ လူအမျိုးမျိုး စိတ်အထွေထွေ နဲ့ရှင်သန်နေကြရာ အောင်မြင်တဲ့သူတွေ ရှိကြသလို မအောင်မြင်တဲ့သူတွေလည်း ရှိကြပါတယ်။ အောင်မြင်တဲ့သူတွေကို လေ့လာကြည့်လိုက်တဲ့အခါ မိမိကိုယ်မိမိယုံကြည်မှုအပြည့်နဲ့ ရွှင်လန်းတက်ကြွနေကြတာကို တွေ့မြင်ရပြီး မအောင်မြင်တဲ့သူတွေဆီမှာတော့ ယုံကြည်မှုအားပျောက်ဆုံးနေတာကို တွေ့မြင်ကြရပါတယ်။ ဒါဆိုရင် ယုံကြည်မှုတစ်ခုဟာ လူတွေ တိုးတက်အောင်မြင်ဖို့အတွက် တော်တော်အရေးပါတယ်ဆိုတာ ဖော်ပြနေမှုတစ်ခုပါ။ ဒါကြောင့် ရခဲလှတဲ့လူ့ဘဝမှာ လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ ယုံကြည်မှု၊ အဓိကအားဖြင့် မိမိကိုယ်ကိုမိမိယုံကြည်မှုဟာ  မရှိမဖြစ် အရေးကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်။

မိမိကိုယ်မိမိယုံကြည်မှုဆိုတာ ဘယ်လိုမျိုးလဲ။
မိမိကိုယ်မိမိယုံကြည်မှုဆိုတာ ဘယ်နေရာ၊ ဘယ်ဒေသမှာဖြစ်ဖြစ် မိမိလုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားနဲ့ ပတ်သက်ပြီး ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီလိုယုံကြည်မှုတစ်ခု ဖြစ်ထွန်းလာဖို့ လူတစ်ယောက်မှာ မိမိကိုယ်မိမိ တန်ဖိုးထားတတ်မှု၊ ကိုယ်ပိုင်အစွမ်းအစကို ထုတ်ဖော်အသုံးချတတ်မှုတို့က များစွာအထောက်အကူပြုပါတယ်။ ကိစ္စရပ်တိုင်း၊ လုပ်ငန်းရပ်တိုင်းမှာ ကျွမ်းကျင်လိမ္မာစွာ၊ ဇွဲလုံ့လကောင်းစွာ၊ အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်လွှားပြီး ထိရောက်အောင်မြင်စွာနဲ့ လုပ်ဆောင်လာနိုင်တဲ့အခါ  မိမိရဲ့အတွင်းသန္တာန်မှာ ခိုင်မာတဲ့ ယုံကြည်မှုစိတ်ဓာတ်ဟာ အလိုအလျောက်ခိုအောင်းလာခဲ့ပါတယ်။
မိမိကိုယ်မိမိယုံကြည်မှုရှိသူများ
မိမိကိုယ်မိမိယုံကြည်မှုရှိသူတွေဟာ မိမိအတွက် လုပ်သင့်လုပ်ထိုက်တယ်လို့ ယူဆထားတဲ့ကိစ္စရပ်တွေကို မဆုတ်မနစ် ကြိုးစားလုပ်ဆောင်ခြင်း၊ ဝေဖန်သုံးသပ်ချက်တွေအပေါ် ခံနိုင်ရည်ရှိပြီး မိမိရဲ့ပန်းတိုင်ဆီ ရောက်အောင်လှမ်းနိုင်ကြပါတယ်။ မိမိရဲ့အမှားတွေကို ဝန်ခံတတ်ကြသလို အမှားထဲမှ သင်ခန်းစာယူပြီး ဘဝကိုရှေ့ဆက်ရတာကို နှစ်သက်ကြပါတယ်။ ဘဝမှာဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေကို မကြောက်တတ်ခြင်း၊ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း၊ ဇွဲလုံ့လကောင်းခြင်းနဲ့ စိတ်ဓာတ်ခွန်အားကြီးမားခြင်းတို့ ရှိကြပါတယ်။ မိမိမှာ ရှိနေတဲ့ ယုံကြည်မှုခွန်အားတွေကို မိမိရှင်သန်ရာ ပတ်ဝန်းကျင်ကို ပြန်လည်အားဖြည့်ပေးခြင်းဖြင့် အောင်မြင်မှုတွေကို မျှဝေပေးနိုင်ကြပါတယ်။ အမှားနဲ့အမှန်ကို ခွဲခြားဆင်ခြင်နို်င်စွမ်းအား ကောင်းသွားပြီး ဘဝကို အဓိပ္ပါယ်ရှိစွာ ရှင်သန်နိုင်ဖို့ဘဲ ဦးတည်သွားတတ်ကြပါတယ်။ လူသားအချင်းချင်း စာနာထောက်ထားမှု အားကောင်းကာ လူသားအချင်းချင်း အကျိုးပြုမှုတွေကို တန်ဖိုးထားတတ်ကြပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိသူတွေဟာ ဘဝမှာ နောက်ဆုံးခရီးကိုပင် ကျော်ဖြတ်ဖို့ အဆင်သင့်ရှိနေတတ်ကြပါတယ်။
မိမိကိုယ်မိမိ ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်လာစေဖို့ ဘယ်လိုတည်ဆောက်နိုင်မလဲ။
လူတွေမှာ မိမိကိုယ်မိမိ ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်လာစေဖို့ လေ့လာသင်ယူပြီး ပျိုးထောင်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိလာတဲ့တစ်နေ့မှာ ကိုယ့်ရဲ့ယုံကြည်မှုကို ဘယ်သူမှ ဖျက်စီးလုယူလို့ မရတော့သလို ဘဝမှာရှင်သန်ရတာ အကျိုးကျေးဇူးများသွားခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ သူတစ်ယောက်ဖြစ်စေဖို့ မိမိရဲ့ပန်းတိုင်ကဘာလဲဆိုတာ သိရှိဖို့လိုပါတယ်။ မိမိအတွက် အလုပ်နိုင်ဆုံးအရာဟာ ဘာလဲဆိုတာကို စဉ်းစားတတ်ဖို့လိုပါတယ်။ မိမိအတွက် ဘဝမှာ ဘယ်ဟာကအရေးကြီးပြီး ဘယ်အရာကိုဦးတည်သင့်လဲဆိုတာ စဉ်းစားနိုင်ဖို့လိုပါတယ်။ ပြီးတော့ မိမိရဲ့စိတ်ကို ထိန်းချုပ်ကွပ်ကဲနိုင်ဖို့ ကြိုးစားတတ်ရပါမယ်။ ဘဝအတွက် အောင်မြင်မှုရရှိစေဖို့ မိမိကိုယ်မိမိ အားပေးတတ်ဖို့လိုပါတယ်။ အခြေခံ အချက်အလက်တွေကအစ အလေးထားပြီး ကြိုးစားတတ်ဖို့လိုပါတယ်။ ဘဝမှာ အောင်မြင်မှုတွေကို လှမ်းနိုင်ဖို့ လိုအပ်တဲ့ ဗဟုသုတ အသိပညာတွေကို လေ့လာဆည်းပူး ရယူတတ်ဖို့ လိုပါတယ်။ ဘယ်အရာကိုဖြစ်ဖြစ် ဆန္ဒမစောဘဲ ကိစ္စအသေးလေးကစတင်ပြီး တစ်ဖြည်းဖြည်းနဲ့ များများလုပ်ဆောင်တတ်အောင် လေ့ကျင့်တတ်ဖို့ လိုပါတယ်။ အရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့ မိမိရဲ့ဘဝကို ပျက်စီးစေတတ်ရာ မကောင်းမြင်စိတ်ထားကို ချေမှုန်းပြီး အကောင်းမြင်စိတ်လေးနဲ့ ကိုယ့်ကိုကိုယ် အလှဆင်တတ်ဖို့လိုပါတယ်။ ဒါမှသာ ဘယ်လောက်ပဲ ဆိုးဆိုး၊ ကောင်းကောင်းကြုံပါစေ၊ မိမိရဲ့ စိတ်အစဉ်ဟာ တုန်လှုပ်ချောက်ချားမှုမဖြစ်တော့ပဲ မိမိကိုယ်မိမိ ယုံကြည်မှုစိတ်ဓာတ်အပြည့်နဲ့ ရင်ဆိုင်ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။
ဘာကြောင့် မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ လိုတာလဲ။
လူတွေမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေမှ အရာအားလုံးကို လုပ်နိုင်စွမ်းများကာ မိမိလိုအပ်ရာကို ရအောင် စွမ်းဆောင်နိုင်ခြင်းဘဲဖြစ်ပါတယ်။ ဒါကြောင့် အခုခေတ်ကာလမှာ အောာင်မြင်သူတွေ၊ မအောင်မြင်သူတွေဟာ ခြားနားကွဲပြားလွန်းနေပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု အားနည်းသူတွေက လူတွေရဲ့အနောက်မှာ ကျန်ရစ်ခဲ့ပြီး နောက်လိုက်တွေအဖြစ် ရှင်သန်နေရခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတစ်ယောက်အနေနဲ့ကတော့ အရာရာမှာ ထင်ရှားပေါ်လွင်နေကာ လူအများရဲ့ အားကျလေးစားမှုကို ရရှိတတ်ကြပါတယ်။ သူများမစွမ်းဆောင်နိုင်တဲ့ အရာတွေကို ခိုင်မာတဲ့ဇွဲလုံ့လတွေနဲ့ ရအောင် စွမ်းဆောင်တတ်ကြကာ အဓိပ္ပါယ်ပြည့်စွာ လူ့ဘဝကိုရှင်သန်ခြင်းပဲ ဖြစ်ပါတယ်။
yangonlife

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။