မန်ဒဲလားရဲ့လွတ်လပ်ရေးကြိုး ပမ်းမှုခရီး။
ပြီးခဲ့တဲ့ဇန္နဝါရီလ(၂၁)ရက်က တင်ထားတဲ့ပို့စ်အဟောင်းလေးပါ။.မကြာခင်ကျင်းပမဲ့မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့တူညီတဲ့အဖြစ်အပျက်လေးမို့.ပြန်တင်ပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့၆လခန့်က၊"MANDELA _LONG_WALK_TO_FREEDOM"ဆိုတဲ့ရုပ်ရှင်ကားကိုကြည့်ဖြစ်ပါတယ်။.ရုံမှာတင်တုံးက.မကြည့် ဖြစ်ပါဘူး။.DVDအခွေငှါးပြီး.အိမ်မှာကြည့်ဖြစ်တာပါ။
ရုပ်ရှင်ကားက.အခုကွယ်လွန်သွားပြီဖြစ်တဲ့၊.တောင်အာဖရိကနိုင်ငံရဲ့သမတဟောင်း.လူမဲခေါ င်းဆောင်ကြီးနယ်လ်ဆင်မန်ဒဲလားရဲ့ဖိနှိပ်အုပ်ချုပ်တဲ့လူ ဖြူအစိုးရအောက်ကနေ.လွတ်လပ်ေ ရးရအောင်ကြိုးပမ်းမှုကိုရှေ့ နေပေါက်စလူငယ်ဘဝကနေ.နောက်ဆုံးမှာ.တသက်လုံးအုပ်ချုပ်လာတဲ့လူဖြူအစိုးရဆီကနေ.အာဏာလွှဲ ရယူနိုင်ခဲ့တဲ့လူမဲသမတဖြစ်လာတဲ့အထိဖြစ်ရပ်မှန်ဇာတ်လမ်း ကိုရိုက်ပြထားတာပါ။
အခုစာရေးရခြင်းဟာ.ဒီရုပ်ရှင်ကားကောင်းတယ်၊.မကောင်းဘူး. ဝေဖန်ဖို့မဟုတ်သလို.-ရုပ်ရှ င်ဇာတ်လမ်းရေးပြဖို့လဲမဟုတ် ပါဘူး။.အဲဒီရုပ်ရှင်ကားရဲ့ဇာတ်သိမ်းပိုင်မှာ.စိတ်ဝင်စားစရာလေးတခုပါလို့ရေးပြချင်တာပါ။
သူ့အကြောင်းရေးထားတဲ့စာအုပ် များစွာ.ထွက်ခဲ့ပြီးလို့.သူ့ အကြောင်းတော်တော်များများသိကြမှာပါ။.မသိသေးတဲ့သူတွေအတွက်.သူ့အကြောင်းအကျဉ်းလေးရေးပြချင်ပါတယ်။
မန်ဒဲလားကို၊.တောင်အာဖရိကနိုင်ငံရဲ့Mvezoဆိုတဲ့တောရွာေ လးတရွာမှာ.-၁၉၁၈ခုနှစ်.ဇူလိုင်လ(၁၈)ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။.မွေးနာမည်က.Rolihl ahla_Mandelaပါ။.ခရစ်ယန်မစ် ရှင်မူလတန်းကျောင်းမှာ.ပညာသ င်တော့.သူ့နာမည်ကို.အခေါ်ရခက်လို့ဆိုပြီး.သူ့ရဲ့ဆရာမက.N elsonဆိုတဲ့အင်္ဂလိပ်နာမည်ပေး ခဲ့တာပါ။.ဒါကြောင့်.Nelson_ Mandelaလို့.အများကခေါ်ကြပါတ ယ်။
၁၉၃၉ခုနှစ်မှာ.အထက်တန်းကျော င်းအောင်လို့.တက္ကသိုလ်စတက်တ ယ်။.အဲဒီအချိန်ဟာ၊.တောင်အာဖ ရိကနိုင်ငံမှာ.လူဖြူအစိုးရရဲ့လူဖြူနဲ့လူမဲလူမျိုးရေးခွဲခြားအုပ်ချုပ်မှုကိုမကျေနပ် လို့.လူမဲတွေတော်လှန်တိုက်ခိုက်မှုစတင်လာတဲ့အချိန်ပါပဲ။ .အမြောက်၊.သနတ်စတဲ့လက်နက်တွေတပ်ဆင်ထားတဲ့လူဖြူရဲနဲ့စစ် တပ်ကို.ဓါး.တုတ်ပဲကိုင်နိုင်တဲ့လူမဲတော်လှန်ရေးသမားတွေ ဟာ.ဘယ်လိုမှမယှဉ်နိုင်ပါဘူး ။.လူမဲတွေအများကြီးအသတ်ခံခဲ့ ရပါတယ်။.မျိုးချစ်စိတ်ဓါတ် အခံရှိတဲ့.မန်ဒဲလားဟာ.-၁၉၄၃ ခုနှစ်မှာ.ANC(African_Nati onal_Congress)ဆိုတဲ့တော်လှ န်ရေးပါတီထဲဝင်ပြီး.လူဖြုတွေကိုရှိတဲ့လက်နက်နဲ့တိုက်ခိုက်ခဲ့ပါတယ်။.ပညာတတ်လူငယ်တေ ယာက်ဖြစ်တာမို့.၁၉၄၈ခုနှစ်မှာ.အဲဒီပါတီကြီးရဲ့အထွေထွေအ တွင်းရေးမှူးဖြစ်လာခဲ့တယ်။
၁၉၅၂ခုနှစ်မှာ.မန်ဒဲလားဟာ.လူဖြူအစိုးရရဲ့အမိန့်ဟူသမျှဖီဆန်ကြဖို့.တောင်အာဖရိကတနို င်ငံလုံးလှည့်လည်စည်းရုံးနေ စဉ်မှာ.လူဖြူအစိုးရရဲ့ဖမ်းဆီးမှုခံခဲ့ရပါတယ်။.ဒါပေမဲ့.တ ရားသူကြီးက.သူကိုထောင်ထဲမပို့ပဲ.ဆိုင်းငံပြစ်ဒဏ်အနေနဲ့ .နိင်ငံရေးလှုပ်ရှားမှုမှာ.မပါဝင်ဖို့ကန့်သတ်မိန့်ချခဲ့ပါတယ်။
ဒီတော့မန်ဒဲလားဟာ.တက္ကသိုလ်ဆ က်တက်တယ်။.-၁၉၅၆ခုနှစ်မှာ.ဥ ပဒေပညာနဲ့ဘွဲ့ရပြီး၊.ရှေ့နေ စလုပ်တယ်။.အရင်က.လုပ်ခဲ့တဲ့ လူဖြူအစိုးရကိုတော်လှန်ဖို့ .နိုင်င်ငံရေးပြန်လုပ်တယ်။. မကြာခင်မှာပဲ.သူအပါအဝင်လူမဲ တော်လှန်ရေးသမားစုစုပေါင်း၁ ၅၆ယောက်အဖမ်းခံရတယ်။.ဒါပေမဲ့ .သူနဲ့တချို့ကိုအပြစ်မရှိဘူးဆိုပြီး.တရားရုံးကပြန်လွှတ်ပေးခဲ့တယ်။
ဒါပေမဲ့-၁၉၆၀ခုနှစ်လောက်မှာ ၊.ပန်အဖမ်းခံရပြန်တယ်။.သူအပါအဝင်ANCပါတီရဲ့ထိပ်တန်းခေါ င်းဆောင်၉ယောက်ကို.လူဖြူတရားသူကြီးက.တသက်တကျွှန်းပြစ်ဒ ဏ်ချမှတ်ပြီး.မြို့တွေနဲ့အလွန်တရာဝေးလံတဲ့.Robben_Isla ndဆိုတဲ့ကျွန်းကလေးကို၁၉၆၃ခုနှစ်လောက်မှာ.အပို့ခံရတယ်။ .အဲဒီကျွန်းပေါ်ကထောင်ထဲမှာ- ၁၉၉၀ပြည့်နှစ်အထိ.-၂၇နှစ်နီးပါးကြာအောင်၊နေခဲ့ရတယ်။
၁၉၈၀ခုနှစ်ကျော်ကာလမှာ.မန်ဒဲလားဟာ.လူဖြူအစိုးရနဲ့သူ့ပါ တီANCကြားစေ့စပ်ညှိနိုင်းမှု တွေကို၊.ထာင်ထဲကနေလုပ်ပေးခဲ့ တယ်။.မကြာမီမှာပဲ.လက်ရှိလူ ဖြူအစိုးရမဲရှုံးလို့၊.ပုတ်ကျပြီး.ဒီကလပ်(De_Clark)ဦးေ ဆာင်တဲ့လူဖြူအစိုးရတက်လာတယ် ။.ဒီကလပ်ဟာ၊အရင်သမတလို.မတင်းမာပဲ.နိုင်ငံရေးအခြေအနေကို ကောင်းကောင်းသုံးသပ်တတ်သူဖြ စ်တယ်။
အဲဒီအချိန်မှာ.တောင်အာဖရိကလူဖြူအစိုးရဟာ.နိုင်ငံရေးရော .စီးပွားရေးမှာပါ၊.အကြီးအကျ ယ်အကျပ်ရိုက်နေပါပြီ။.နိုင် ငံတဝှမ်းမှာ.လူဖြူနဲ့လူမဲအဓိကရုန်းတွေဆက်တိုက်ဖြစ်နေပြီး.လူမဲပေါင်းများစွာအသတ်ခံ နေရတယ်။.ဒါကြောင့်.ကုလသမဂ္ဂအ ပါအဝင်အင်အားကြီးအနောက်နိုင်ငံကြီးတွေရဲ့ပြင်းထန်စွာပြ စ်တင်ရှုံ့ချမှုခံနေရရုံမက.အဲ ဒီနိင်ငံတွေရဲ့စီးပွားရေးဒဏ်ခတ်မှုလဲ.ကြုံနေရပြီ။.စီးပွားရေးဒဏ်ခတ်မှုကြောင့်.တောင် အာဖရိကနိုင်ငံရဲ့ထုတ်ကုန်ပစ္စည်းတွေကို.ဘယ်သူမှမဝယ်ကြတော့လို့.စီးပွားရေးချွတ်ခြုံ ကြလာနေပြီ။
သမတဒီကလပ်ဟာ.ဒီလိုပြဿနာတွေနဲ့ရှေ့ဆက်သွားနေရင်၊.နောက်ဆုံးလူဖြူတွေဟာ၊.တောင်အာဖရိက နိုင်ငံကနေခွေးပြေးဝက်ပြေး. ပြေးရလိမ့်မယ်ဆိုတာကိုတွေးမိတယ်။.ဒါကြောင့်.-၁၉၉၀ခုနှစ်၊.ဖဖေါ်ဝါရီလ.-၁၁ရက်နေ့မှာ. မန်ဒဲလားကိုကျွှန်းထောင်ကနေ .လွှတ်ပေးလိုက်ပါတယ်။.ရည်ရွယ်ချက်ကတော့.မန်ဒဲလားနဲ့ထောင်ထဲမှာ.သူ့လူတွေနဲ့ညှိနိုင်းနေမဲ့အစား.သူကိုယ်တိုင်အပြ င်မှာလူချင်းတွေ့ပြီး၊ဆွေးေ နွှးအဖြေရှာကြဖို့ပါ။
အခုမှ၊ရေးပြချင်တဲ့အကြောင်း ရောက်ပါတော့တယ်။
သူတို့၂ဦးဆွေးနွေးပြီးအပေး အယူလုပ်ကြပါတယ်။.ဒီ.ကလပ်က.လူဖြူလူမဲပူးတွဲအုပ်ချုပ်တဲ့ စံနစ်ကိုအကြံပြုတယ်။.မန်ဒဲလားက.လက်မခံဘူး။.တနိင်ငံလုံး ရွေးကောက်ပွဲကျင်းပပြီး.မဲအ များဆုံးရတဲ့ပါတီကပဲ.အစိုးရ ဖွဲ့ပြီး.အုပ်ချုပ်ဖို့ပဲ.သ ဘောတူတယ်။.ဘာတွေဆွေးနွေးပြီး.ဘာတွေသဘောတူကြသလဲတော့.အသေးစိတ်မသိပါဘူး။
မန်ဒဲလားဘက်အလျှောမပေးတာတခု ကတော့.အသက်၁၈နှစ်ပြည့်ပြီး၊ .ရွေးကောက်ပွဲဥပဒေနဲ့ညီတဲ့လူမဲတိုင်းမဲပေးခွင့်ရရမယ်ဆိုတာပါပဲ။.ဘာလို့.သူဒါကိုမရမ ကတောင်းဆိုသလဲဆိုတော့.အရင်ေ ခတ်အဆက်ဆက်ကာလတွေမှာ.အသက်၁၈ နှစ်ပြည့်ပြီး.ဥပဒေနဲ့အညီနေ ထိုင်သော်လည်းပဲ.လူမဲတိုင်း မဲပေးခွင့်မရကြပါဘူး။.ရွေး ကောက်ပွဲဥပဒေက.လူဖြူတွေအနို င်ရအောင်.ဘက်လိုက်ထားတာကိုး ။.နောက်ဆုံးတော့.သမတဒီကလပ်ဟာ.ရွေးချယ်စရာလမ်းမရှိသလို. တောင်အာဖရိကနိုင်ငံရဲ့ရှေ့ေ ရးအတွက်ကြည့်ပြီး၊သဘောတူလို က်ပါတယ်။
ဒါပေမဲ့.မန်ဒဲလားကချက်ခြင်း သဘောတူတယ်လို့အဖြေမပေးပါဘူး ။.သူ့ပါတီနဲ့တိုင်ပင်ပြီး၊. နောက်သီတင်း၂ပတ်လောက်မှ.ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေ.တ နိုင်ငံလုံးကိုလွှင်ထုတ်ပြီး .ဒီကလပ်အစိုးရနဲ့ဆွေးနွေးချ က်တွေကိုသဘောတူ.မတူအဆုံးအဖြ တ်ပေးမယ်လို့.ပြောလိုက်ပါတယ်။.ဘာကြောင့်လဲဆိုတော့.မန် ဒဲလားဖက်က.အသာစီးရနေတာကိုး။ .ဒီကလပ်တို့ဖက်ကတော့.ရင်တထိ ပ်ထိပ်နဲ့မန်ဒဲလားရဲ့အဖြေကိုစောင့်နေရတော့တယ်။
ဒီမှာ.-ရုပ်ရှင်ရဲ့ဇာတ်သိမ်းခန်းလဲဖြစ်.ဇာတ်လမ်းရဲ့အထွ တ်အထိပ်Climaxဟာ.အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်။
သဘောတူ.မတူဆိုတာကိုတနိုင်ငံ လုံးကိုကြေငြာဖို့.ရက်ပိုင်းအလိုမှာပဲ.မြို့တမြို့မှာ. လူမဲတွေဆန္ဒထပ်ပြကြလို့.လူဖြူရဲတွေနဲအပြန်အလှန်တိုက်ခို က်ကြရာက.လူဖြူရဲတွေရဲ့ရက်စက်စွာအကြမ်းဖက်နှိမ်နင်ပြီး၊ .သေနတ်တွေနဲ့ပစ်ခတ်မှုကြောင့် .လူမဲတွေအများအပြားသေဆုံးဒ ဏ်ရာရကုန်ကြပါတယ်။.-ရုပ်ရှင်ထဲမှာ.လူမဲအလောင်းတွေမြေကြီးပေါ်မှာ.တုံးလုံးပက်လက်ပြန့်ကြဲနေတာရိုက်ပြထားပါတယ်။. အဲဒီအလောင်းတွေနေရာကို.မန်ဒဲလားရောက်လာပြီး.ဒဏ်ရာရသူတွေကိုကြည့်ရှုအားပေးပါတယ်။
ဒီအဖြစ်အပျက်ကြောင့်.ဒီကလပ် နဲ့သူ့လူဖြူအစိုးရဟာ.ဒီကလပ် နဲ့သူ့လူဖြူအစိုးရဟာ..မန်ဒဲ လားတို့ဖက်က.သဘောမတူတော့ဘူး လို့ကြေငြာမလားပေါ့။
ဒါပေမဲ့.မန်ဒဲလားဟာ.သူကတိပေးထားတဲ့ရက်မှာ.အချိန်အတိအကျ ပဲ.-ရုပ်မြင်သံကြားထုတ်လွှင့် ခန်းကိုရောက်လာပါတယ်။.-ရုပ်မြင်သံကြားတင်ဆက်သူက.ခေါင်းဆောင်မန်ဒဲလားရဲ့မိန့်ခွန်းကို.တိုက်ရိုက်ပြပါတော့မယ် လို့ကြေငြာလိုက်တဲ့အချိန်မှာ၊.တောင်အာဖရိကတနိုင်ငံလုံး မှာရှိတဲ့.လူဖြူလူမဲအားလုံး ငြိမ်သက်ပြီး.-ရုပ်မြင်သံကြားကနေစောင့်ကြည့်နေကြပါတယ်။ .သမတဒီကလပ်နဲ့သူ့ဝန်ကြီးတွေ လဲ.သမတရုံးခန်းထဲကနေ.-ရုပ်ြ မင်သံကြားကို.အာရုံထားကြည့် နေကြပါတယ်။
မန်ဒဲလားက.သူ့ရဲ့မိန့်ခွန်း စမပြောခင်လေးမှာ.သူ့ရဲ့ကုတ် အကျီင်္ရှေ့အပေါ်အိပ်ကပ်ထဲက.စာ ရွက်ခေါက်လေးတခုကိုထုတ်ယူလိုက်ပါတယ်။.စာရွက်လေးဟာ.အတော်လေးကြွေမွနေပါတယ်။.အဲဒီကြွေမွနေတဲ့စာရွက်လေးကို.သူ့လက်ထဲမှာအသာအယာ၊.ဖြန့်လိုက်ြ ပီး.အခုလိုစကားစပြောပါတယ်။. သူတနေ့က.လူဖြူလူမဲအဓိကရုန်း ဖြစ်ကြတဲ့နေရာကိုရောက်တယ်တဲ့ ။.အဲဒီမှာ.လူဖြူရဲတွေရဲ့သေ နတ်အပစ်ခံရပြီး.မြေကြီးပေါ်မှာလဲကျသေဆုံးနေတဲ့လူငယ်တယော က်ဘေးမှာ.အ်ာဟစ်ငိုယိုနေတဲ့ သူ့အမေဟာ.ငိုကြွေးနေရာကနေ.မ န်ဒဲလားလာနေတာကိုမြင်တော့.သူ့အနားပြေးလာပြီး.ဘာစကားတခွ န်းမှမပြောပဲ.လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့စာရွက် ခေါက်လေးတခုကိုသူ့ရဲ့လက်ထဲထိုးထဲ့သွားတယ်။.နောက်ပြီး.သူမရဲ့သေဆုံးနေတဲ့သားအလောင်း ဆီကိုပြန်ပြေးပြီး.ဆက်လက်ငိုကြွေးနေတယ်တဲ့.အဲဒီစာရွက်ေ လးဟာ.အခုသူ့လက်ထဲမှာကိုင်ထားတဲ့စာရွက်လေးပါပဲတဲ့။.စာရွ က်ထဲမှာ.ဘာရေးထားသလဲဆိုတာဖတ်ပြမယ်ဆိုပြီး.အဲဒီမိန်းမရေးထားတာလေးကိုဖြေးဖြေးချင်းဖ တ်ပြပါတယ်။.ရေးထားတာက၊"မန်ဒဲလားရှင့်၊.ကျမတို့အသက်တွေအ များကြီးပေးဆပ်ခဲ့ရပြီမို့. ငြိမ်းချမ်းရေးမလိုချင်တော့ ပါဘူး။.ရှေ့ဆက်တိုက်ပွဲဝင်ဖို့.လက်နက်ပဲပေးပါ"တဲ့။.မန် ဒဲလားဟာ.အဲဒါလေးဖတ်ပြပြီး.စ ကားဆက်မပြောပဲ၊ခနရပ်ထားလိုက်ပါတယ်။
အဲဒီအခန်းအပြီးမှာ.-ရုပ်ရှင်က.သမတရုံးခန်းထဲက.ဒီကလပ်နဲ့ သူ့ဝန်ကြီးတွေကိုရိုက်ပြပါ တယ်။.မန်ဒဲလားဘာဆက်ပြောမလဲဆိုတာကို.သူတို့အလွန်အမင်းစိုးရိမ်နေတာကိုတွေ့ရတယ်။.သူတို့ရဲ့မျက်နှာတွေမှာ.စိုးရိ မ်မှုတွေနဲ့.ဖုံးလွှမ်းနေတာကို.ကင်မရာကပေါ်လွင်အောင်ရိုက် ပြထားပါတယ်။
မန်ဒဲလားကစကားဆက်ပြောပါတယ်။ .လက်နက်ကိုင်ပြီး.တော်လှန်ေ ရးဆင်နွဲခဲ့တာ.နှစ်ပေါင်းမနဲတော့ပါဘူး။.လူတွေသာ.အသက်ဆုံးရှုံးတာပဲဖြစ်နေတာမို့.လ က်နက်နဲ့တိုက်နေတာတွေရပ်ဆိုင်းပြီး.ရွေးကောက်ပွဲဝင်ပါ တော့မယ်လို့ကြေငြာလိုက်ပါတယ်။.အဲဒီမှာ.ဒီကလပ်နဲ့သူ့ဝန် ကြီးတွေဟာ.ရင်ထဲကစိုးရိမ်မှု အလုံးကြီးတွေကျသွားကြပြီး.တ ယောက်နဲ့တယောက်လက်ဆွဲနူတ်ဆက်ကြပါတယ်။
ရုပ်ရှင်ကားဟာ.တောင်အာဖရိကနိုင်ငံမှာ.လူမဲတွေမဲရုံရှေ့ မှာမဲထဲ့ဖို့တန်းစီစောင့်နေ တာကိုပြရင်း.ဇာတ်သိမ်းသွားပါတယ်။.-၁၉၉၄ခုနှစ်မှာကျင်းပ ခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကတော့ .အများသိကြတဲ့အတိုင်းပဲ.ရွေးကောက်ပွဲမှာ.မန်ဒဲလားရဲ့လူမဲပါတီANCဟာ.-၆၂ရာခိုင်နူံးနဲ့မဲအများဆုံးအနိုင်ရလိုက်ပါတယ်။.အစိုးရဖွဲ့ဖို့.၆၆ရာခိုင်နူံးထက်လျော့နဲပေမဲ့. လူမဲပါတီအငယ်လေးတွေနဲ့ပူးပေါင်းလိုက်ကြလို့.လိုအပ်တဲ့မဲ၆၆ရာခိုင်နူံးထက်ကျော်တဲ့အ တွက်.အစိုးရဖွဲ့နိုင်ခဲ့ပါတ ယ်။.နဲလ်ဆင်မန်ဒဲလားဟာလဲ.လူ မဲတွေထဲက.ပထမဦးဆုံးသမတဖြစ် လာခဲ့ပါတယ်။
မန်ဒဲလားဟာ.သမတဖြစ်ပြီး.မကြာခင်မှာပဲ.အနောက်နိုင်ငံတွေ ကစီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားတာတွေရုပ်သိမ်းပေးလိုက်တယ်။.သူဟာ.လူဖြူအသိပညာရှင်.အတ တ်ပညာရှင်တွေကို.အစိုးရဌာနေ တွထဲမှာနေရာပေးပြီး.လူဖြုလူ မဲတွေလက်တွဲညီညီလုပ်လိုက်ကြ တာ.သိတ်မကြာခင်မှာပဲ.တောင်အာဖရိကနိုင်ငံဟာ.စီးပွားရေးေ တွတိုးတက်လာပြီး.အေးချမ်းသာ ယာတဲ့နိုင်ငံဖြစ်သွားတာ၊ယနေ့ အထိတိုင်ပါပဲ။
လူထုတရပ်လုံးဟာ.တစည်းတလုံး. ညီညီညွှတ်ညွှတ်နဲ့သာ.မဲပေးကြမ ယ်ဆိုရင်.ဘယ်လောက်ပဲလက်နက်အ င်အားတောင့်တင်းတဲ့အစိုးရဖြ စ်ပါစေ၊.ကိုယ်မကြိုက်ရင်ဖြု တ်ချလို့ရတယ်ဆိုတာကို.တောင် အာဖရိကနိုင်ငံက.ပုံသက်သေပြခဲ့ပါတယ်။
မှတ်ချက်။
မန်ဒဲလားဟာ.သမတဖြစ်ခင်တနှစ်အလို.-၁၉၉၃ခုနှစ်မှာ.ကမ္ဘာ့ ငြိမ်းချမ်းရေးNobelဆုကြီးချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ဇန္နဝါရီလ(၂၁)ရက်က
လွန်ခဲ့တဲ့၆လခန့်က၊"MANDELA
ရုပ်ရှင်ကားက.အခုကွယ်လွန်သွ
အခုစာရေးရခြင်းဟာ.ဒီရုပ်ရှင
သူ့အကြောင်းရေးထားတဲ့စာအုပ်
မန်ဒဲလားကို၊.တောင်အာဖရိကနု
၁၉၃၉ခုနှစ်မှာ.အထက်တန်းကျော
၁၉၅၂ခုနှစ်မှာ.မန်ဒဲလားဟာ.လ
ဒီတော့မန်ဒဲလားဟာ.တက္ကသိုလ်ဆ
ဒါပေမဲ့-၁၉၆၀ခုနှစ်လောက်မှာ
၁၉၈၀ခုနှစ်ကျော်ကာလမှာ.မန်ဒ
အဲဒီအချိန်မှာ.တောင်အာဖရိကလ
သမတဒီကလပ်ဟာ.ဒီလိုပြဿနာတွေန
အခုမှ၊ရေးပြချင်တဲ့အကြောင်း
သူတို့၂ဦးဆွေးနွေးပြီးအပေး
မန်ဒဲလားဘက်အလျှောမပေးတာတခု
ဒါပေမဲ့.မန်ဒဲလားကချက်ခြင်း
ဒီမှာ.-ရုပ်ရှင်ရဲ့ဇာတ်သိမ်
သဘောတူ.မတူဆိုတာကိုတနိုင်ငံ
ဒီအဖြစ်အပျက်ကြောင့်.ဒီကလပ်
ဒါပေမဲ့.မန်ဒဲလားဟာ.သူကတိပေ
မန်ဒဲလားက.သူ့ရဲ့မိန့်ခွန်း
အဲဒီအခန်းအပြီးမှာ.-ရုပ်ရှင
မန်ဒဲလားကစကားဆက်ပြောပါတယ်။
ရုပ်ရှင်ကားဟာ.တောင်အာဖရိကန
မန်ဒဲလားဟာ.သမတဖြစ်ပြီး.မကြ
လူထုတရပ်လုံးဟာ.တစည်းတလုံး.
မှတ်ချက်။
မန်ဒဲလားဟာ.သမတဖြစ်ခင်တနှစ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။