Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 27, 2015

ကြေးအို လုပ်နည်း (YKKO စတိုင်)


ကြေးအို လုပ်နည်း (YKKO စတိုင်)
---------------------------------------------

YKKO စတိုင် ကြေးအိုး (၄ယောက်စာ) အတွက်

YKKO စတိုင် ကြေးအိုး ချစ်သူတွေအတွက် ၀က် ကြေးအိုး နဲ့ ကြေးအိုး ဆီချက် လုပ်နည်းလေးပါ။ အိမ်သားတွေကတော့ YKKO ကြေးအိုး အရသာ အတိုင်းပဲတဲ့။ YKKO ကြေးအိုးလို အချို ခပ်လေးလေးနဲ့ ချက်ထားတာပါ။ ကြေးအိုးမှာ အရေးကြီးဆုံးက ၀က်ရိုးပြုတ်ရည်ပါ။ ၀က်နံရိုးကို ပြုတ်ရင် ဆိုင်ကကြေးအိုးတွေနဲ့ အရသာ မတူတာမို့၊ ချဉ်ဆီ များတဲ့ ၀က်ဒူးဆစ်ရိုးကို အသုံးပြု ထားပါတယ်။ ဒီဇင်ဘာ ဆောင်းအေးအေးလေးမှာ ကြေးအိုး ပူပူလေး သောက်ကြရအောင်…

ကြေးအိုးတွင် ပါဝင်ပစ္စည်းများ

ဆန်ကြာဇံ – ၁ထုပ် (ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ)
ဝက်ဒူးဆစ်ရိုး – ၄ချောင်း (ဈေးတွင် ၀ယ်ယူနိုင်သည်)
ဝက်အူ – ၁၀ကျပ်သား (၁လက်မခွဲအရွယ် လေးများ ပိုင်းဖြတ်ပါ)

ဝက်သဲ – ၁၀ကျပ်သား (အရှည် လှီးထားပါ)
ပဲပြား – ၁တုံး (လက်မ၀က်အရွယ် လှီးပြီ တြိဂံပိုင်းဖြတ်ပါ)
ငုန်းဥ – ၁၀လုံး (ရေနွေးဖြင့် ကျက်အောင်ပြုတ်ပြီ အခွံနွှာထားပါ)
ကြက်သွန်မြိတ် – ၁စည်း ( ၁လက်မအရွယ် ပိုင်းဖြတ်ပါ)
မုန့်ညှင်းစိမ်း- ၂စည်း (ထက်ပိုင်းပိုင်းပါ)
ဟူစိုင် – ၁စည်း – (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
ဆား – စားပွဲတင်ဇွန်း ၄ဇွန်း
အချိုမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
သကြား – စားပွဲတင်ဇွန်း ၆ဇွန်း
ရေ – ၁၀ လီတာ
နှမ်းဆီ – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်

မှတ်ချက် ။ ။ Home made ကြေးအိုးလို အချို အလေး မစားသူများအတွက် အချိုမှုန့်၊ သကြား ထည့်ရမည့် ပမဏ တ၀က်မျှ လျှော့ထည့်ပါရန်။ ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါသည်။

ဝက်သားလုံးတွင် ပါဝင်ပစ္စည်းများ

ဝက်သား – ၄၀ကျပ်သား (နှုတ်နှုတ်စဉ်းထားပါ)
ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းထားပါ)
ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်

ငါးဖယ်လုံးတွင် ပါဝင်ပစ္စည်းများ

ငါးဖယ် – ၁၀ကျပ်သား
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ဂျင်း – စားပွဲတင်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်ဥ အကာ – ၁လုံး (ခလောက်ထားပါ)
ဂျုံ – စားပွဲတင်ဇွန်း ၂ဇွန်း

ပြင်ဆင်နည်း

၁။ အရင်ဆုံး ဒယ်အိုး အကြီး တစ်ခုထဲတွင် ၀က်ဒူးဆစ်ရိုးများကို ထည့်ပြီ ရေ ၁၀လီတာ ထည့်ကာ အဖုံးအုပ်ပြီ ၂နာရီခန့် တည်ထားပေးပါ။

၂။ ၀က်ဒူးဆစ်ရိုးများ ပြုတ်ထားစဉ် ၀က်သားလုံးရန် ပါဝင်ပစ္စည်းများ ဖြစ်သော (၀က်သား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်ဥ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲတွင် ထည့်ထားပါ။

၃။ ထို့နောက် သမအောင် ၀က်သားများကို ရောနုယ်လိုက်ပါ။

၎။ ပြီနောက် ငါးဖယ်လုံးရန် ပါဝင်ပစ္စည်းများဖြစ်သော (ငါးဖယ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်ဥအကာ၊ ဂျုံ) တို့ကိုလည်း ခွက်တစ်ခုရောထည့်ပြီ သမအောင် ရောနယ်လိုက်ပါ။

၅။ ထို့နောက် ပုံတွင် ပါသည့်အတိုင်း ငါးဖယ်လုံးများကို လုံးပေးပါ။ ငါးဖယ်လုံး လုံးစဉ် လက်ကို ငါးဖယ်များ အကပ်စေရန် လက်ကို ဆီအနည်းငယ် သုတ်ပြီမှ လုံးပေးပါ။

ကြေးအိုးပြုတ်နည်း

၁။ ကြေးအိုး ပြုတ်ရည် တ၀က်ခန့်ခန်းသွားပြီ အနေတော်ပြီဆိုလျှင် ၀က်ရိုးများကို ပြန်ဆယ်ထားပါ။ ပြီမှ ပြုတ်ရည်ထဲသို့ ဆား(စားပွဲတင်ဇွန်း ၄ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၆ဇွန်း)၊ အချိုမှုန့်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပေးပါ။

၂။ အရသာ အပေါ့အငံ့မြည်းပြီ အနေတော်ပြီဆိုမှ ရေ(၁လီတာ) ထပ်ထည့်ပေးပါ။ ပြီမှ ၀က်အူများကို ကြေးအိုးပြုတ်ရည် ထဲသို့ ထည့်ပြီ ပြုတ်ပေးပါ။

၃။ ၀က်အူများ ကျက်ခါနီးမှ ငါးဖယ်များကို ထည့်ပေးပါ။ ထို့နောက် နုယ်ထားသော ၀က်သားများကို လက်တွင် ဆီအနည်းငယ် သုတ်ပြီ လက်ဖြင့် ဆုတ်ပြီ အရှည်လေးများ ပြုတ်ရည်ထဲ ထည့်ပေးပါ။

၎။ အသားများ ကျက်လာလျှင် ပြုတ်ရည်ပေါ်သို့ ပေါ်လာလိမ့်မည်။ အသားများ ပေါ်လာလာခြင်း မဆယ်သေးပဲ ခေတ္တတည်ထားပေးပါ။

၅။ ပြီမှ ဇကာဖြင့် အသားများကို ဆယ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပါ။

၆။ ထို့နောက် အကျက်လွယ်သည့် ပဲပြား၊ ငုန်းဥ၊ ၀က်သဲတို့ကို ၁မိနစ်ခန့် ထည့်တည်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

ရ။ ကြေးအိုး တခွက်စာ ပြင်ဆင်လို့ရပါပြီ။ တစ်ယောက် ကြာဇံ၊ မုန့်ညှင်းရွက်၊ ကြက်သွန်မြိတ်၊ ဟူစိုင်များကို ဇကာထဲထည့်ပြီ ကြေးအိုးပြုတ်ရည်ဖြင့် အနည်းငယ် စိမ်ပေးပြီ ပြန်ဆယ်ထားပါ။

၈။ ပြီမှ ခွက်တစ်ခုထဲတွင် ကြာဇံ၊ ၀က်သားလုံး၊ ငါးဖယ်၊ ပဲပြား၊ ငုန်းဥ၊ ၀က်အူ၊ ၀က်သဲ၊ မုန့်ညှင်း၊ ကြက်သွန်မြိတ်၊ ဟူစိုင် စသည်တို့ကို ထည့်ပေးပြီ ကြေးအိုးပြုတ်ရည် ယောက်ချို ၁ခွက်ခွဲကို လောင်းထည့်လိုက်ပါ။

၉။ အပေါ်မှ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးပြီ အရသာရှိသော YKKO စတိုင် ကြေးအိုးကို သုံးဆောင်လို့ရပါပြီ…

မူရင်း = Wutyee Food House

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။