Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 11, 2014

Bird Strike ဆိုတာ ....


Bird Strike ဆိုတာ ....

ဒီနေ့ အွန်လိုင်းပေါ်မှာ “ပျံသန်းစဉ် ငှက်နှင့်တိုက်မိ၍ MAI လေယာဉ် ဦးထိပ်ပိုင်း ပေါက်ပြဲမှုဖြစ်” ဆိုတဲ့ သတင်းကို Yangon Police ဖေ့(စ်)ဘွခ် စာမျက်နှာ က စတင်တာတွေ့ပြီး အချိန်မရလို့ သေသေချာချာ မဖတ်လိုက်ဘူး … ညနေပိုင်း အတန်းပြီးတော့ အွန်လိုင်းပေါ်တက်လာတော့ အဲဒီသတင်းကို ဧရာဝတီ သတင်း ဌာန က ပြန်တင်ထားတာကို ဖတ်ကြည့်တဲ့ အခါ အောက်မှာ ရေးထားတဲ့ comment တွေကို ဖတ်ပြီး မနေနိုင်/မထိုင်နိုင် Wikipedia မှာ လိုက်ဖတ်ကြည့်မိပါတယ် … ။

အိမ်အရောက်ပို့သင့်တဲ့ ပန်းစည်း

အိမ်အရောက်ပို့သင့်တဲ့ ပန်းစည်း

လူတစ်ယောက်ဟာ ပန်းဆိုင်ကို သွားလို့ သူ့ အမေအတွက် ပန်းစည်းမှာပါတယ်။ အိမ်လိပ်စာ ပေးလိုက်ပြီး အိမ်အရောက် ပို့ပေးရန် မှာလိုက်ပါတယ်။ သူ့အမေ အိမ်က မိုင် ၁၀၀ ဝေးတဲ့ ခရီးအကွာမှာ ရှိပါတယ်။ ပြီးတော့ ကားပေါ်တက်နေတုန်းမှာပဲ ပန်းမဝယ်နိုင်လို့ ငိုနေတဲ့ ၁၆ နှစ်အရွယ် ကလေးမလေးကို သွားတွေ့ ပါတယ်။ ဒါကြောင့် သူဟာ သနားသွားပြီး ပန်းတစ်စည်း လက်ဆောင် ဝယ်ပေးလိုက်ပါတယ်။ ကလေးမကလည်း သူမ အမေအတွက် ဝယ်ခြင်း ဖြစ်ကြောင်း ဆိုလို့ ဖြစ်ပါတယ်။ 

Wednesday, December 10, 2014

ယူနီယံဂျက်အလံအောက်က သခင်ကြီး


အသက်(၈၄)နှစ်အရွယ် ဦးစံမြင့်ကို တွေ့ရစဉ်/ဓာတ်ပုံ - ကျော်ဇင်သန်း
‘‘မောင်မင်းလူကလေး’’
မြန်မာစကားကို အင်္ဂလိပ်လေယူလေသိမ်းဖြင့်ပြောသည့် ထိုတင်တင်စီးစီးစကားသံကို နယ်ချဲ့တော်လှန်ရေးဇာတ်ကားကြည့်ဖူးသော ပရိသတ်များ မှတ်မိကြဆဲဖြစ်ပါလိ့မ်မည်။
ယူနီယံဂျက်အလံအောက်က ဗြိတိသျှအရေးပိုင်မင်းအဖြစ် တော်လှန်ရေးကားတိုင်းလိုလိုမှာ ၎င်းကိုမြင်တွေ့ရမည်ဖြစ်သည်။

"ခင်ဗျား သားသမီးတွေ iPad သိပ်ကြိုက်မှာပဲနော်"


Apple ကုမ္ပဏီမှာ Steve Jobs တာဝန်ထမ်းဆောင်နေစဉ်ကာလက ပထမဆုံးမျိုးဆက် iPad ဈေးကွက်ထဲရောက်ပြီး သိပ်မကြာခင်မှာ သူ့ကို ကျွန်တော်သွားရောက်အင်တာဗျူးခဲ့ပါတယ်။

"ခင်ဗျား သားသမီးတွေ iPad သိပ်ကြိုက်မှာပဲနော်" လို့ သူ့ကို ကျွန်တော်မေးတော့

"သူတို့ မသုံးဖူးသေးဘူး... ကျွန်တော့်ကလေးတွေကို အိမ်မှာ နည်းပညာထုတ်ကုန်သုံးစွဲတာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ထားပါတယ်။ "လို့ သူက ပြန်ဖြေပါတယ်။

Tuesday, December 9, 2014

ဖုန်းမှားဆက်လို့ ပါ


ဖုန်းမှားဆက်လို့ ပါ
============

အိမ်တစ်အိမ်မှာ လင်မယား နှစ်ယောက်ရှိပါတဲ့ ။ အဲဒီလင်မယားနှစ်ယောက်မှာ မိန်းမဟာ အတော်လေးကို စကားပြောလွန်းတဲ့ မိန်းမဖြစ်ပါတယ်။ တကယ်လို့ သူအိမ်မှာ တစ်ယောက်တည်း ရှိနေတဲ့ အချိန်မှာ သူဆီကို ဖုန်းလာရင်ပဲ ဖြစ်စေ ၊ ဖုန်းလှမ်းဆက်ပြီးပဲ ဖြစ်စေ တစ်နာရီပြီး တစ်နာရီ ဆက်တိုက် ဆိုသလို ဖုန်းပြောပါသတဲ့။

လကုန်ရက်ရောက်တိုင်း သူပြောတဲ့ ဖုန်းဘေးလ်ဖိုးတွေကို ရှင်းရလွန်းလို့ ဒီကိစ္စ အတွက် သူ့မိန်းမကို ခဏခဏပြောပါသတဲ့။ ဒါပေမယ့် သူမရဲ့ အကျင့်ကတော့ မပြောင်းဘူးတဲ့။

Monday, December 8, 2014

အစိမ်းလိုက် မြွှေအမြိုခံမည်ဆိုသော်လည်း အမြိုမခံပဲ ရုန်းခဲ့


အစိမ်းလိုက် မြွှေအမြိုခံမည်ဆိုသော်လည်း အမြိုမခံပဲ ရုန်းခဲ့

အမေရိကန်မှ Paul Rosolie လို့အမည်ရတဲ့ Discover channel မှ တင်ဆက်သူဟာ အစိမ်းလိုက် မြွှေအမြိုခံမယ်လို့ ပြောပြီး စတန့်ပြကွက် ပြုလုပ်ရာ လက်နဲ့ ခေါင်း အနည်းငယ် ပါရုံမျှ ရှိချိန် ပြန်လည် ရုန်းထွက် အဆုံးသတ်ခဲ့ ပါတယ်။ 

သူငယ်ချင်းတွေနဲ့ အလုပ်အတူ တွဲလုပ်တော့မယ်ဆိုရင်


သူငယ်ချင်းတွေနဲ့ အလုပ်အတူ တွဲလုပ်တော့မယ်ဆိုရင်

(၁) ယုံကြည်မူ ရှိရမယ်

အလုပ်အတူ တွဲလုပ်မယ့် သူငယ်ချင်းကို ယုံကြည်မူ မရှိဘူးဆိုရင် အလုပ်အတူ တွဲပြီးမလုပ်ပါနဲ့။ လုပ်ရင်လည်း အောင်မြင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်နဲ့ 
တစ်ယောက် အတွက် ယုံကြည်မူဆိုတာ အလွန်ပင် လိုအပ်ပါတယ်။

(၂) သူ့ရဲ့အားနည်းချက်ကို နားလည်ပေးရလိမ့်မယ်

(အတုယူတဲ့အခါ ကောင်းတာလေးတွေပဲ အတုယူကြပါ)


(အတုယူတဲ့အခါ ကောင်းတာလေးတွေပဲ အတုယူကြပါ)

ကိုရီးယားကောင်လေးတွေ ကိုရီးယားမလေးတွေ ချောမော လှပနေတာဘဲ မြင်တယ်....
..
..သူတို့ တွေ ကျောင်းပိတ်ရက်တွေမှာ အချိန်ပိုင်းအလုပ်ကလေးတွေဝင် .. တနေ့ ကို ၄ ၅ နာရီ . ခြေထောက်တောင့်မတတ် . မတ်တပ်ရပ် အလုပ်ဝင်ကြတာမမြင်ကြဘူး . သူတို့ အိမ်က ကျောင်းစ၇ိတ်လောက်ပေးတာ ကျန်တာ သူတို့ ဘာသာ သူတို့ ရှာသုံးကြတယ်.. ဒီလိုလှပ၀တ်စားနိုင်တာ သူတို့ အလုပ် သူတို့ သေချာလုပ်လို့ ပါ .
..
အဲဒါကျတော့ ဘယ်သူမှမမြင်ကြပါလား .

အကြွေစောသော ဂစ်တာသူရဲကောင်းများ (အပိုင်း ၅)

ဒီဇင်ဘာ (၈) ရက်နေ့ဟာ Pantera တို့ရဲ့ ဂစ်တာသမားကြီး Dimebag Darrellသေဆုံးတာ (၁၀) ပြည့်ခြင်းဖြစ်ပါတယ်။ စကော်ပီယံတို့ရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ အောင်အောင်ရဲ့ Dimebag နဲ့ပတ်သက်တဲ့ဆောင်းပါးလေးကို ပြန်လည်ဖော်ပြအပ်ပါတယ်။
Dimebag အကြောင်းကို ပြည့်ပြည့်စုံစုံ ရေးသားပေးခဲ့တဲ့ အောင်အောင်ကိုကျေးဇူးအများကြီးတင်ပါတယ်။
ခင်သောမင်သော
စကော်ပီယံများ
-------------------------------------
အကြွေစောသော ဂစ်တာသူရဲကောင်းများ (အပိုင်း ၅)
==============================
(၅) Dimebag Darrell (Pantera Guitarist)

Saturday, December 6, 2014

မိဘများ၏ မှားယွင်းတတ်သော သင်ကြားမူများ

မိဘများ၏ မှားယွင်းတတ်သော သင်ကြားမူများ
===========================

ကလေးမွေးတတ်တိုင်း မိဘကောင်း မဟုတ်ပါဘူး၊
ပညာရှင်များ၏ လေ့လာတွေ့ရှိချက်တွေအရ မိမိရင်သွေး ကလေးများ၏ ဘ၀တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တဲ့ မိဘများစွာရှိပါတယ်။
အောက်ပါအချက် ( ရ ) ချက်အတိုင်း ပြုမူကျင့်ကြံခဲ့ကြမယ်ဆိုရင် ကလေးကိုဖျက်ဆီးရာရောက်ပါတယ်။
ဝမ်းနည်းစရာ ကောင်းတာကတော့ ကျွန်တော်အပါအ၀င် မိဘများစွာတို့ဟာ အဆိုပါအချက်တွေကို အနည်း နဲ့ အများ မသိလို့ပဲဖြစ်ဖြစ်၊ သိရက်နဲ့ မေ့လို့ပဲ ဖြစ်ဖြစ် ကျူးလွန်မိနေဆဲ ဖြစ်ပါတယ်။

မြန်မာပြည်(အစိုးရ)က (နော်ဝေ)ဘုရင်ကြီးတို့ဇနီးမောင်နှံတွေ့မသွားစေချင်တဲ့ အဖြစ်မှန်



 

မြန်မာပြည်(အစိုးရ)က (နော်ဝေ)ဘုရင်ကြီးတို့ဇနီးမောင်နှံတွေ့မသွားစေချင်တဲ့ အဖြစ်မှန်
========================================================

[နော်ဝေနိုင်ငံပိုင်အသံလွှင့်ဌာန (NRK) ၏ သတင်းစာမျက်နှာမှ ဆောင်းပါးတပုဒ်ကို ပကတိအတိုင်း ဘာသာပြန်ပေး ထားပါသည်။ မူရင်းဆောင်းပါးရှင်သည် သတင်းထောက်များကို ဖိလိပိုင်သတင်းထောက်ဟု တနေရာတွင် ဖော်ပြထား သည်မှာ အရေးမှားခြင်းသာဖြစ်သည်။ နာမည်များကိုသုံးသပ်ကြည့်ပါက ထိုသတင်းထောက်များမှာ မြန်မာများသာ ဖြစ်သည်။]

အူကြောင်ကြား


အူကြောင်ကြား
----------------

ချစ်ခြင်းဖွဲ့သီချင်းတွေဆိုတာ ခင်များတို့ကျုပ်တို့ဘဝတွေထဲမှာ ပေါမှပေါ။ ချစ်ခြင်းနဲ့မကင်းနဲ့ လူသားဘဝမှာ ချစ်ခြင်းဖွဲ့သီချင်းတွေ ပုံစံမျိုးစုံ၊ ဘာသာစကားမျိုးစုံနဲ့ ဖွဲ့ဆိုခဲ့ကြတယ်။ ဘယ်သီချင်းက ဘယ်လောက်ကောင်းလဲဆိုတာ ဘယ်သူနားထောင်သလဲပေါ်မှာ တိုက်ရိုက်မူတည်တတ်လို့ ပြောရတာခက်တယ်။ လွယ်တာတခုတော့ရှိတယ်။ သီချင်းတပုဒ်က ရင်ထဲကလာတဲ့အတိုင်း တဲ့တဲ့ကြီးရေးထားသလား အပိုတွေဇွတ်ထည့်ရေးထားသလားဆိုတာ ခွဲခြားဖို့ကတော့ အတော်လွယ်တာ။ ပြောချင်တာက ရင်ထဲကအတိုင်း အစိမ်းလိုက်ချရေးထားတဲ့ ချစ်ခြင်းဖွဲ့သီချင်းတပုဒ်အကြောင်း။ 

Friday, December 5, 2014

ငှက်ကုလားအုတ် စိတ်နေစိတ်ထား


ငှက်ကုလားအုတ် စိတ်နေစိတ်ထား

ငှက်ကုလားအုတ်တွေဟာ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့ရတဲ့အခါ သူတို့ရဲ့ဦးခေါင်းကို မြက်ခင်းကြားထဲ ဒါမှမဟုတ် သဲထဲ နစ်မြှုပ်လိုက်တတ်ကြတယ်။ ဒါဟာ မျက်စိနဲ့မမြင်ရတော့ရင် လုံခြုံစိတ်ချသွားပြီလို့ ကိုယ့်ကိုယ်ကိုနှစ်သိမ့်တာဖြစ်တယ်။ တကယ်တမ်းမှာ ငှက်ကုလားအုတ်မှာ အပြေးသန်တဲ့ ရှည်လျားတဲ့ခြေထောက်နှစ်ချောင်းရှိပါတယ်။ အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါ ခြေထောက်ကိုအသုံးပြုပြီး ရန်သူရဲ့အတိုက်အခိုက်ကလွတ်အောင် သူကြိုးစားနိုင်ပါတယ်။ "ငါ ဘာမှမမြင်တော့ဘူး.. လုံခြုံသွားပြီ"ဆိုပြီး ဦးခေါင်းကိုမြေကြီးထဲမြှုပ် ရှောင်လွှဲစရာမလိုခဲ့ပါဘူး။

သုံးမိနစ်တည်းနဲ့ တစ်ကမ္ဘာလုံးကို သိမ်းနိုင်တာ သီချင်းရေးဆရာနဲ့တခြားနည်းနည်းပဲ ရှိတယ်လို့ ယုံကြည်တဲ့ တေးရေးရွှေဂျော်ဂျော်နဲ့ အင်တာဗျူး

သုံးမိနစ်တည်းနဲ့ တစ်ကမ္ဘာလုံးကို သိမ်းနိုင်တာ သီချင်းရေးဆရာနဲ့တခြားနည်းနည်းပဲ ရှိတယ်လို့ ယုံကြည်တဲ့ တေးရေးရွှေဂျော်ဂျော်နဲ့ အင်တာဗျူး
----------------------------------------
သုံးမိနစ်တည်းနဲ့ တစ်ကမ္ဘာလုံးကို သိမ်းနိုင်တာ သီချင်းရေးဆရာနဲ့
တခြားနည်းနည်းပဲ ရှိတယ် ဆိုသော ရွှေဂျော်ဂျော်
သီချင်းရေးဆရာ ရွှေဂျော်ဂျော်က သူ့ရဲ့ သုံးရာသီမှာ တစ်ရာသီစီ
သီချင်းကောင်းတွေ ရွေးတဲ့ပွဲ ကျင်းပဖို့ အစီအစဉ်ရှိတယ်။
မိုးရာသီအတွက်တော့ ၂၀၁၄ အောက်တိုဘာလ (၁၄) ရက်နေ့ကို
ရွေးချယ်ထားပါတယ်။

Thursday, December 4, 2014

ပေါင်းသင်းဆက်ဆံရေးကို ဘီလ်ဂိတ်က ဒီလိုမြင်တယ်


ပေါင်းသင်းဆက်ဆံရေးကို ဘီလ်ဂိတ်က ဒီလိုမြင်တယ်

ပေါင်းသင်းဆက်ဆံရေး ဆိုတာဟာ ဘဝတိုးတက် အောင်မြင်ဖို့ အတွက် ကရိယာတွေ ပဲလို့ ကျွန်တော် ကတော့ အပြည့်အဝ ယုံကြည်ပါတယ်။

ဘာလို့ဆိုတော့ မိတ်ဆွေ အပေါင်းအသင်းတွေ ဆီကနေ တစ်ချို့ အရာတွေကို လေ့လာ သင်ယူနိုင်ပြီး တစ်ချို့ အရာ တွေကို ရှောင်ရှားနိုင်ပါတယ်။ ဒီအတွက်ကြောင့် ပေါင်းသင်း ဆက်ဆံရေးဟာ လူတိုင်း အတွက် အရေးပါလို့ အလေးထား သင့်ပါတယ်။ 

Ref - brainyquote
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

ရာဇဝင်တွင်တဲ့ရှာလ်လုမ်းခံတပ်


 
 
ရာဇဝင်တွင်တဲ့ရှာလ်လုမ်းခံတပ်

သမိုင်းဝင် ရှာလ်လုမ်းခံတပ်ဟာချင်းတိုင်းရင်းသားတို့၏ နောက်ဆုံးခံတပ်ကြီးအဖြစ်ထင်ရှားပါတယ်။ရှာလ်လုမ်း
ခံတပ်တိုက်ပွဲဟာ၁၈၈၉ ခုနှစ်၊ မေလ (၄) ရက်နေ့မှာဖြစ်ပွါးခဲ့ပါတယ်။
နယ်ချဲ့အင်္ဂလိပ်တို့ဟာအဲဒီအချိန်မှာ
စစ်သည် ၁၇၆၈ ယောက်၊ အမြောက်(၂) လက် နဲ့အပြင်းထန်ဆုံးတိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပါတယ်။

ချင်းအမျိုးသားများ လက်ဦး နယ်ချဲ့တော်လှန်ရေး

စာဖတ်သော လူညံ့များ


* ၂ဝ၁၄ခုနှစ် နိုဝင်ဘာလထုတ် ရွှေအမြူတေမဂ္ဂဇင်း စာမျက်နှာ၁၃၃တွင်ပါရှိသော စာရေးဆရာမောင်ခိုင်လတ်ရေးသားသည့် "စာဖတ်သော လူညံ့များ" ဆောင်းပါးမှ စာပိုဒ်တချို့ကို ကူးယူမျှဝေပါသည်။
-----

စာပေအရာမြောက်သည့် စာအုပ်အမျိုးအစားပေါင်းများစွာရှိသော်လည်း အဓိကအုပ်စုကြီးအဖြစ် ခွဲခြားလိုက်လျှင် အုပ်စုကြီးနှစ်စု၊ စာအုပ်အမျိုးအစားနှစ်မျိုးသာ ရှိပါသည်။

သုတစာပေ၊ ရသစာပေနှင့် အတွေးအခေါ်စာပေဟူ၍ဖြစ်လေသည်။စာပေပညာရှင်အများစုကမူ သုတစာပေကို အချိန်ပိုင်းမျှသာခံနိုင်စွမ်းရှိပြီး ရသ သို့မဟုတ် အတွေးအခေါ်စာပေမှာ ခေတ်အဆက်ဆက်တာရှည်ခံနိုင်စွမ်းရှိပြီး လေးနက်သော သို့မဟုတ် တပ်မက်သော လူနည်းစုအတွက် မရှိမဖြစ်သော၊ အကြိမ်ကြိမ်အခါခါ ပြန်လည်ရိုက်နှိပ်ရသော၊ ခေတ်အဆက်ဆက်လက်ဆင့်ကမ်းသယ်သွားမည့် အဖိုးအနဂ္ဃထိုက်တန်သော ရတနာပစ္စည်းများဟု ခေါ်ဆိုကြလေသည်။

Wednesday, December 3, 2014

မြောက်ကိုရီးယားမှာ ခေါင်းဆောင် နာမည်နဲ့ တူခွင့်မပြု

မြောက်ကိုရီးယားမှာ ခေါင်းဆောင် နာမည်နဲ့ တူခွင့်မပြု
မြောက်ကိုရီးယားမှာ ခေါင်းဆောင် ကင်မ် ဂျုံအန်း နဲ့ နာမည်တူတဲ့ သူတွေ အားလုံးကို သူတို့ နာမည်တွေ ပြောင်းကြဖို့ ညွှန်ကြား ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒီလို ညွှန်ကြားချက်ကို လက်ရှိ ခေါင်းဆောင် ကင်မ် ဂျုံအန်းရဲ့ ဖခင် ကင် ဂျုံအီးလ် အသက်ရှင်လျက် ရှိနေသေးတဲ့ ၂၀၁၁ ကတည်းက ထုတ်ပြန် ခဲ့တာလို့ တောင်ကိုရီးယား မီဒီယာတွေက ဆိုပါတယ်။

ဝတာကို ကြည့်ပြီး fat လို့သုံးလိုက် ရင် ...


အင်္ဂလိပ်စကားပြောမှာ လူတစ်ယောက် ၀တာကို ကြည့်ပြီး fat လို့သုံးလိုက်
ရင် ...တဲ့တိုးကြီးသုံးလိုက်တဲ့အတွက် ရိုင်းတဲ့သဘောရှိပါတယ်...ယဉ်ကျေး
အောင်...Large ကိုသုံးပါ.....ဥပမာ...
You look larger than before. ( ခင်ဗျားကိုကြည့်ရတာ အရင်ကထက်ဝလာတယ်)။
ပြည့်ပြည့်ဖြိုးဖြိုး ရှိတာကိုပြောချင်ရင်....Plump ကိုသုံးပါ။
ပုပုလုံးလုံးဝသူကို ရင်းရင်းနှီးနှီး...tubby လို့ခေါ်လေ့ရှိပါတယ်။
တုတ်တုတ်ခိုင်ခိုင် ရှိသူကို Stout လို့သုံးနိုင်ပါတယ်။ Overweight ဆိုတာ ၀လာတာ
ကို မယုတ်မလွန်ပြောတဲ့ အသုံးဖြစ်ပါတယ်...

နွားရိုင်းနဲ့ အလားသဏ္ဍာန်


နွားရိုင်းနဲ့ အလားသဏ္ဍာန်
================
(၁)
ငယ်ငယ်တုန်းကတီဗွီမှာကြည့် ခဲ့ဖူးတယ်
တိုင်းပြည်ရဲ တန်ဘိုးအရှိဆုံးသယံဇာတတွေဖြစ်တဲ့
ကျောက်မြက်ရတနာတွေကို
ဘဘရွှေတို့တွေ..ပါးစပ်လျှာတစ်သပ်သပ်
ပါးစပ်တစ်ပြင်ပြင်နဲ့ကြည့်နေကြတဲ့ပုံတွေပါ..။
အဲဒါတွေကိုကြည့်ပြီး..
သူတို့ဘယ်လိုတွေတွေးခဲ့သလဲ..လို့
ခဏခဏစဉ်းစားမိခဲ့ပါတယ်..။
" ငါတို့တွေဒီလိုသယံဇာတတွေထွက်မှန်းသိရင်
ဘယ်နိုင်ငံကစီးပွားရေးပိတ်ဆို့တာမှ
ဂရုစိုက်စရာမလိုဘူး"လို့ပဲ စဉ်းစားခဲ့ကြမလား..
"ငါတို့တွေအတွက် ဆယ်သက်စားမကုန်တော့ဘူး.."
လို့ပဲ တွေးခဲ့ကြမလား..

ကင်ဆာနဲ့ သေရမယ့် ဘေးကနေ အသက်ရှည်တဲ့ ကာယာဗလမောင် ဖြစ်လာသူ


ကင်ဆာနဲ့ သေရမယ့် ဘေးကနေ အသက်ရှည်တဲ့ ကာယာဗလမောင် ဖြစ်လာသူ

David Prescott လို့ အမည်ရတဲ့ ဗြိတိန်နိုင်ငံသား ဟာ ငယ်ရွယ်စဉ်တုန်းက ကိုယ်ကာယ ဗလ အားကစားကို လိုက်စားခဲ့သူ ဖြစ်ပါတယ်။ အသက်ကြီးလာတော့ မကစားတော့တာ အတော်လေး ကြာပါပြီ။ ၂၀၁၀ ခုနှစ် (အသက် ၄၇ နှစ်) အရွယ်မှာ အသည်းကင်ဆာရောဂါ စတင်ဖြစ်ပွား ပါတော့တယ်။ 

အချမ်းသာဆုံး ဂီတအနုပညာရှင်များ


အချမ်းသာဆုံး ဂီတအနုပညာရှင်များ
--------------

အချမ်းသာဆုံးသော ဂီတအနုပညာရှင်စာရင်းထွက်လာပါတယ်။ ဆရာ့ဆရာမကြီးဖြစ်တဲ့ မက်ဒေါနားက နံပတ် (၁) ဖြစ်ပါတယ်။ Material Girl လို့ ပရိတ်သတ်တွေ ချစ်စနိုးခေါ်တဲ့ မက်ဒေါနားရဲ့ အဓိက ဝင်ငွေကတော့ စင်မြင့်ဖျော်ဖြေပွဲတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က တချို့နာမည်ကြီးတွေ စင်မြင့်ဖျော်ဖြေပွဲတွေမှာ ရှေ့ဆုံးတန်းကို ဒေါ်လာ ၅၀ လောက်နဲ့ရောင်းဖို့လုံးပန်းနေချိန်မှာ မက်ဒေါနားပွဲတွေရဲ့ ရှေ့ဆုံးတန်းမှောင်ခိုလက်မှတ်တွေဟာ ဒေါ်လာ (၁၀၀၀) ကျော်ခဲ့တယ်။ အဲဒါက လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကပေါက်ဈေးဖြစ်ပါတယ်။ 

အနိုင်ကျင့်ခံရသူများကို ကူညီရင်း အသက်ပေးခဲ့ရသည့် မိန်းမပျို၏ ဈာပနသို့ ဂျာမနီပြည်သူ ၃၀၀၀ လိုက်ပို့မည်


အနိုင်ကျင့်ခံရသူများကို ကူညီရင်း အသက်ပေးခဲ့ရသည့် မိန်းမပျို၏ ဈာပနသို့
ဂျာမနီပြည်သူ ၃၀၀၀ လိုက်ပို့မည်

အနိုင်ကျင့်ခံနေရသည့် အမျိုးသမီးငယ် နှစ်ဦးကို ကူညီရာမှ အသက်ဆုံးရှုံးခဲ့ရသည့် မိန်းမပျို အယ်လ်ဘာရက်၏ ဈာပနကို ဂျာမနီပြည်သူ ၃၀၀၀ လိုက်လံပို့ဆောင်ဖွယ်ရှိကြောင်း သိရသည်။ စားသောက်ဆိုင် အိမ်သာအတွင်း လူတစ်စုက အမျိုးသမီးငယ် နှစ်ဦးကို အနိုင်ကျင့်ခဲ့ပြီး ငိုသံကြား၍ သွားကြည့်ရာမှ အဆိုပါ အဖြစ်အပျက်ကို မြင်တွေ့ခဲ့သည့် အယ်လ်ဘာရက်က ၀င်ရောက်ကူညီခဲ့သည်။

အိမ်မက်တောင် ထဲ့မမက်ပါရစေနဲ့


Essential Moe added a new photo.

အိမ်မက်တောင် ထဲ့မမက်ပါရစေနဲ့
ခုတလော ရင်ထဲ စိတ်သိပ်မပါလို့ fb ကို ခပ်ဝေး''ကပဲ လှမ်းကျိ ပြန်ပိတ် ခပ်မဆိတ် သာနေမိတဲ့ အခါ ဖတ်မိတဲ့ သတင်းတပုဒ် က နဂိုလ်မူလ မကြည်တဲ့ကြားက ရင်ထဲမှာ ကလိချက်က နေမရ …
ရန်ကုန်အဝေးသင် အင်္ဂလိပ်စာဌာနရဲ့ တတိယနှစ်အထူးပြု အင်္ဂလိပ်စာမေးခွန်းမှာ …
အောက်ပါ စာပိုဒ်ကို ဘာသာပြန်ပါ ဆိုပြီး မြန်မာလိုဖော်ပြထားတဲ့ စာတစ်ပိုဒ် ပါပါသတဲ့ …
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အညာတစ်ခွင် ကိုးခရိုင် စိမ်းလန်း
စိုပြည်ရေး စီမံချက်ကို ချမှတ် အကောင်အထည် ဖော်ရန် လမ်းညွှန်ပေးခဲ့ ဆိုတဲ့ ……
စာတစ်ပိုဒ်ကို မြန်မာလိုကနေ အင်္ဂလိပ်လို ပြန်ခိုင်းထားတာပါ ။

Tuesday, December 2, 2014

ဘာသာစကားအသစ်တစ်ခုကို လေ့လာတော့မယ်ဆိုရင်


ဘာသာစကားအသစ်တစ်ခုကို လေ့လာတော့မယ်ဆိုရင်

ကလေးတွေပဲ ဘာသာစကား သင်လွယ်ပြီး လူကြီးတွေက သင်ရခက်တယ်လို့ ပြောရင် မှားပါတယ်။ မိမိဟာ နည်းလမ်းမှန်သာ လိုအပ်နေခြင်း ဖြစ်ပါတယ်။ အကယ်၍ နည်းလမ်းမှန်ရင် ဘာသာစကား တစ်ခုကို ကလေးတစ်ယာက် စတင်လေ့လာသလိုပဲ လွယ်ကူစွာ တတ်မြန်လာစေမှာ ဖြစ်ပါတယ်။ TED.com မှ စာရေးဆရာ Krystian Aparta မှ ရေးသားတဲ့ How to learn a new language: 7 secrets from TED Translators ကို ဆီလျော်သလို ဘာသာပြန်ပေးလိုက် ပါတယ်။ 

ပြည်ဖျက် ဗိုလ်ချုပ်



ပြည်ဖျက် ဗိုလ်ချုပ်
---------------------
အမည် - သန်းရွှေ
လူမျိုး - ဗမာ(မြန်မာ)
ပညာအရည်အချင်း - (၃တန်းစာမေးပွဲ ၉နှစ် ဖြေ) ၃ တန်းအောင်

ကိုးကား - ဗိုလ်ချူပ်ကြီးနေ၀င်းခေါင်းဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ စတုတ္ထအကြိမ်၊ ပါတီညီလာခံ၊ ဗဟိုကော်မတီဝင်များ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်းချုပ် (၁၉၈၁ခုနှစ်)

ပင်လယ်ကို ဖြတ်ကျော်၍ ချီးတွင်းသို့ ခုန်ချခြင်း



 

မန်းငြိမ်းမောင်ရဲ့ လမ်းပြမြေပုံ
(သို့)
ပင်လယ်ကို ဖြတ်ကျော်၍ ချီးတွင်းသို့ ခုန်ချခြင်း

(မြင့်အေး ရေးသည်)

ခပ်ငယ်ငယ်က "ဒါးတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည်" ဆိုတဲ့ ဆရာမြသန်းတင့်ရဲ့ ၀တ္တုဖတ်ခဲ့ဖူးတယ်။ နာမည်လည်းသိပ်ကြီးတယ်။ နောက်တော့ မောင်ယဉ်အောင်ကလည်း ပြဇာတ်ကခဲ့တယ်ထင်တယ် ကြည့်တော့မကြည့်ဘူးပါ။ အဲဒီအထဲက ဇာတ်လိုက်က သံချောင်း။ အကုန်တော့မမှတ်မိ မှတ်မိသမျှတော့ သံချောင်းရဲ့ ပင်လယ်ကြီးကိုဖြတ်ဘို့ ကျိုးပမ်းခဲ့တာ။

ပြီးတော့တက္ကသိုလ်ပညာတတ်တဦးဖြစ်ပေမဲ့ ပင်လယ်မှာ သဘောင်္ပျက်တော့ဘာမှ မလုပ်တတ်တဲ့ အဖြစ်။
နောက်တက္ကသိုလ်ရောက်တော့ ဆရာမြသန်းတင့်က ကိုကိုးကျွန်းမှာ သူနေခဲ့တုန်းက အဖြစ်ကို အခြေခံပြီးရေးတာလို့ သူငယ်ချင်းတယောက်ပြောတာကြားခဲ့ရတယ်။ အဲဒီတော့ အော်..ဒါက တကဲ့ အဖြစ်အပျက်ပါလားလို့ နားလည်ခဲ့တယ်။ သေချာမသိခဲ့ပါ။

နောက်တော်လှန်ရေးဘ၀ထဲရောက်မှ သံချောင်းဆိုတာ မန်းငြိမ်းမောင်ခေါ် ရဲဘော်ရှောင်းကို အခြေခံပြီး ရေးခဲ့တာလို့ သိခဲ့ရတော့ တယ်အထင်ကြီးလေးစားခဲ့ရပါတယ်။ မန်းငြိမ်းမောင်ကိုယ်တိုင်လည်း အဲဒီသဘောမျိုးပြန်ရေးတဲ့ စာအုပ်ထုတ်ပါတယ်။ တလေးတစားဖတ်ခဲ့ပါတယ်။ သူ့စာအုပ်ထဲမှာ ပင်လယ်ကြီးကို ဖြတ်ကူးခဲ့ပြီးကမ်းပေါ်ရောက်မှ ပြန်အဖမ်းခံရပုံ၊ ရထားနဲ့တင်ပြီး ထောင်ကို အပို့ အစောင့်စစ်သားဆီက သေနတ်လုပြီး ထွက်ပြေးကြပုံ သူက ကျန်ရစ်ခဲ့ရပုံ။ သူနဲ့အတူ ရန်သူကို ခံချပြီး လွတ်မြောက်သွားတဲ့ ဆရာအောင်ငွေဆိုတဲ့ တော်လှန်ရေးသမားတယောက်ကိုလည်းပုံဖော်ထား တာဖတ်ရပြန် ပါတယ်။ အော် ဒီဆရာကြီးတွေ တော်လှန်ရေးအတွက် တယ်စွန့်လွှတ်စွန့်စားခဲ့ကြတာပါလား ငါတို့ ဘာမှ မဟုတ်သေးပါလားလို့ ခွန်အားတွေဖြစ်ခဲ့ရပါတယ်။

ပြီးတော့လည်း ကျွန်တော်တို့ သူပုန်ဖြစ်ရတဲ့ (၈၈)ကာလအပြီးမှာ ကျောင်းသားအများစုက ကရင်တွေ မွန်တွေ ကချင်တွေနယ်ကို ရောက်ခဲ့ကြရတာမို့လား။ ABSDF ဖွဲ့ပြီး ဖက်ဆစ်တပ်ကြီးကို အာခံခဲ့ကြတာကလား။ ကျွန်တော်ကတော့ အခြေအနေအရ အိန္ဒိယဘက်ရောက်သွားပေမဲ့ ကိုယ့်ကျောင်းသားတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကြီးကို အားကျခဲ့ရသပေါ့ဗျာ။
ပြီးတော့ ကရင်သူပုန်အဖွဲ့ကြီးဖြစ်တဲ့ KNU ဆိုတာ ကရင်တွေအတွက်သာမဟုတ် စစ်အာဏာရှင်အောက်က လွတ်မြောက်ဘို့ တိုက်ပွဲဝင်နေသူအားလုံးက မှီခိုအားထားခဲ့ရတဲ့ အဖွဲ့ကြီးမဟုတ်လား။