Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 2, 2014

ပင်လယ်ကို ဖြတ်ကျော်၍ ချီးတွင်းသို့ ခုန်ချခြင်း



 

မန်းငြိမ်းမောင်ရဲ့ လမ်းပြမြေပုံ
(သို့)
ပင်လယ်ကို ဖြတ်ကျော်၍ ချီးတွင်းသို့ ခုန်ချခြင်း

(မြင့်အေး ရေးသည်)

ခပ်ငယ်ငယ်က "ဒါးတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည်" ဆိုတဲ့ ဆရာမြသန်းတင့်ရဲ့ ၀တ္တုဖတ်ခဲ့ဖူးတယ်။ နာမည်လည်းသိပ်ကြီးတယ်။ နောက်တော့ မောင်ယဉ်အောင်ကလည်း ပြဇာတ်ကခဲ့တယ်ထင်တယ် ကြည့်တော့မကြည့်ဘူးပါ။ အဲဒီအထဲက ဇာတ်လိုက်က သံချောင်း။ အကုန်တော့မမှတ်မိ မှတ်မိသမျှတော့ သံချောင်းရဲ့ ပင်လယ်ကြီးကိုဖြတ်ဘို့ ကျိုးပမ်းခဲ့တာ။

ပြီးတော့တက္ကသိုလ်ပညာတတ်တဦးဖြစ်ပေမဲ့ ပင်လယ်မှာ သဘောင်္ပျက်တော့ဘာမှ မလုပ်တတ်တဲ့ အဖြစ်။
နောက်တက္ကသိုလ်ရောက်တော့ ဆရာမြသန်းတင့်က ကိုကိုးကျွန်းမှာ သူနေခဲ့တုန်းက အဖြစ်ကို အခြေခံပြီးရေးတာလို့ သူငယ်ချင်းတယောက်ပြောတာကြားခဲ့ရတယ်။ အဲဒီတော့ အော်..ဒါက တကဲ့ အဖြစ်အပျက်ပါလားလို့ နားလည်ခဲ့တယ်။ သေချာမသိခဲ့ပါ။

နောက်တော်လှန်ရေးဘ၀ထဲရောက်မှ သံချောင်းဆိုတာ မန်းငြိမ်းမောင်ခေါ် ရဲဘော်ရှောင်းကို အခြေခံပြီး ရေးခဲ့တာလို့ သိခဲ့ရတော့ တယ်အထင်ကြီးလေးစားခဲ့ရပါတယ်။ မန်းငြိမ်းမောင်ကိုယ်တိုင်လည်း အဲဒီသဘောမျိုးပြန်ရေးတဲ့ စာအုပ်ထုတ်ပါတယ်။ တလေးတစားဖတ်ခဲ့ပါတယ်။ သူ့စာအုပ်ထဲမှာ ပင်လယ်ကြီးကို ဖြတ်ကူးခဲ့ပြီးကမ်းပေါ်ရောက်မှ ပြန်အဖမ်းခံရပုံ၊ ရထားနဲ့တင်ပြီး ထောင်ကို အပို့ အစောင့်စစ်သားဆီက သေနတ်လုပြီး ထွက်ပြေးကြပုံ သူက ကျန်ရစ်ခဲ့ရပုံ။ သူနဲ့အတူ ရန်သူကို ခံချပြီး လွတ်မြောက်သွားတဲ့ ဆရာအောင်ငွေဆိုတဲ့ တော်လှန်ရေးသမားတယောက်ကိုလည်းပုံဖော်ထား တာဖတ်ရပြန် ပါတယ်။ အော် ဒီဆရာကြီးတွေ တော်လှန်ရေးအတွက် တယ်စွန့်လွှတ်စွန့်စားခဲ့ကြတာပါလား ငါတို့ ဘာမှ မဟုတ်သေးပါလားလို့ ခွန်အားတွေဖြစ်ခဲ့ရပါတယ်။

ပြီးတော့လည်း ကျွန်တော်တို့ သူပုန်ဖြစ်ရတဲ့ (၈၈)ကာလအပြီးမှာ ကျောင်းသားအများစုက ကရင်တွေ မွန်တွေ ကချင်တွေနယ်ကို ရောက်ခဲ့ကြရတာမို့လား။ ABSDF ဖွဲ့ပြီး ဖက်ဆစ်တပ်ကြီးကို အာခံခဲ့ကြတာကလား။ ကျွန်တော်ကတော့ အခြေအနေအရ အိန္ဒိယဘက်ရောက်သွားပေမဲ့ ကိုယ့်ကျောင်းသားတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကြီးကို အားကျခဲ့ရသပေါ့ဗျာ။
ပြီးတော့ ကရင်သူပုန်အဖွဲ့ကြီးဖြစ်တဲ့ KNU ဆိုတာ ကရင်တွေအတွက်သာမဟုတ် စစ်အာဏာရှင်အောက်က လွတ်မြောက်ဘို့ တိုက်ပွဲဝင်နေသူအားလုံးက မှီခိုအားထားခဲ့ရတဲ့ အဖွဲ့ကြီးမဟုတ်လား။ 

မာနယ်ပလောဆိုတာ သူပုန်ပေါင်းစုံရဲ့ ဌာနချုပ်ကြီးဖြစ်ခဲ့တာပဲလေ။ KNU ဆိုတာကလည်း သူပုန်ပေါင်းစုံအဖွဲ့ချုပ်ကြီးကို ဦးဆောင်ခဲ့တဲ့ အဖွဲ့ကြီးဖြစ်ခဲ့တာပဲ။ ဗိုလ်ချုပ်ကြီးမြ၊ ပဒိုမန်းရှာ အပါအ၀င် ကရင်ခေါင်းဆောင်တွေဆိုတာ မြန်မာတပြည် လုံးလွှမ်းခြုံတဲ့ တော်လှန်ရေးအမြင်တွေကို ရှင်းလင်းပြတ်သားစွာ ချပြပြီးဦးဆောင်နိုင်ခဲ့ ကြသူတွေပါ။ သူတို့ဟာ ကရင်ခေါင်းဆောင်တွေဆိုတာထက် ပိုပါတယ်။ အဲဒီအထဲမှာ ပဒိုမန်းငြိမ်းမောင်ဆိုတာလည်း ဒုတိယတန်းခေါင်းဆောင်တဦး ဖြစ်ခဲ့တယ်လို့ယူဆခဲ့မိပါတယ်။ သူ့မိန့်ခွန်းတွေနားထောင်ရတာ တယ်အားရခဲ့ရတာကိုး။

နောက်တော့ ကရင်ခေါင်းဆောင်ကြီးတွေ အကြောင်းအမျိုးမျိုးနဲ့ တိမ်းပါးသွားခဲ့ကြတော့ မန်းငြိမ်းမောင်တို့ ရှေ့တန်းရောက်လာတယ်လို့မြင်မိပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။
အဲ ဦးသိန်းစိန်တက်လာခါစလောက်မှာ(၂၀၁၁)ထင်ပါတယ်။ မန်းငြိမ်းမောင်တယောက် ဘာအကြောင်းကြောင့်တော့မသိဘူး တရုတ်ပြည်ကူမင်းအသွား သူကိုင်ထားတဲ့ ပါတ်စပို့ သက်တမ်းကုန်တော့ကူမင်းမှာအဖမ်းခံရ၊ နောက်တော့ တရုတ်က စစ်အုပ်စုလက်ထဲ လွှဲပေးလိုက်တယ်။ စိတ်မကောင်းလိုက်ရတာဗျာ။ သူ့ဘ၀က ပင်လယ်ကို ဖြတ်သန်းခဲ့ပြီး ကမ်းကပ်မှ ပြန်အဖမ်းခံခဲ့ရတယ်။ ခုလည်း ဘာမဟုတ်တဲ့ အကြောင်းနဲ့ ရန်သူ့လက်ထဲရောက် သွားရပြန်တယ် ဆန်းကြယ်တဲ့ကံကြမ္မာပါလားလို့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

အဲပိုပြီးဆန်းကြယ်တာကတော့ နအဖက သူ့ကိုတည်ကြက်လုပ်ပြီး ကရင်နဲ့အပစ်ရပ်ညှိကြတာပါပဲ။သူ့ကို ပုဒ်မတွေမျိုးစုံတပ်ပြီးထောင်ချတော့ အားလုံးက ဟာ..အပစ်အခတ်ရပ်ဆဲရေးတော့ထိခိုက်ပြီပေါ့။ ဒါပေမဲ့ ဗိုလ်အောင်မင်းပြောခဲ့တာ အမှတ်ရမိတယ်။ ကရင်နဲ့ အပစ်ရပ်ရေး မထိခိုက်ပါဘူးတဲ့။ ထောင်ကျလည်း သမတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပဒိုမန်းငြိမ်းပြန်လွတ်မှာပါတဲ့။ အမှန်ပဲဗျို့ သဘောကောင်းတဲ့ သမတကြီးက ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒါပေမဲ့ ပင်လယ်ဖြတ်ခဲ့တဲ့ ရဲဘော်ရှောင်းမဟုတ်တော့ဘူး ရဲဘော်လျှော် အဖြစ်ပြန်လွှတ်ပေးလိုက်တာပါပဲ။

အဲ..ကရင်နဲ့အပစ်ရပ်ရေးအပြီး စစ်အုပ်စုနဲ့ စကားတွေပြောကြတော့ ပင်လယ်ဖြတ်ခဲ့တဲ့ ဆရာကြီးတို့ တယ်အရေးပါလာတော့တာပဲ။ သမတကြီးကောင်းပါတယ်တွေလည်း တတွတ်တွတ်ပြောလာတော့တာပဲ။ သူ့ရွာမှာလည်းကျောင်းတွေဆောက်တာလားဘာလား ကိုယ်ပိုင် အင်ဂျီအိုတွေဘာတွေ ထောင်တယ်ဆိုတာတွေလည်း ကြားလာရတာပဲ။

အဆိုးဆုံးကတော့ ဗုန်းကွဲမှုတခုဖြစ်တော့ ရဲကရှင်းရမဲ့ သတင်းစာရှင်းလင်းပွဲကို ပင်လယ်ဖြတ်ခဲ့တဲ့ ဆရာကြီးက ရှင်းပါလေရောဗျ။ ကျုပ်တို့ကရင်တွေက ဒီတိုင်းပြည်ကို ဖျက်စီးခဲ့တာပါဆိုတဲ့ အမျိုးရောင်းစားပြီး စစ်အုပ်စုကို မျက်နှာချိုသွေးခဲ့တာပါပဲ။ ခင်ဗျားအဲလောက်မပြောလည်းရပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလောက်ပက်ပက်စက်စက်ပြောခဲ့တယ်ဆိုတာ နောက်ပိုင်းမှာပိုရှင်းသွားပါတော့တယ်။

စစ်အုပ်စုရဲ့ယုံကြည်မှုကို ရသွားတဲ့ ဆရာကြီးက KNU အညံ့ခံရေးကိုပီပီပြင်ပြင်လုပ်ဆောင်ပါတော့တယ်။ ကိုယ့်အဖွဲ့ထဲက နိုင်ငံရေးအရ အားနည်းတဲ့ ဗိုလ်မူတူး ဥက္ကဌဖြစ်လာတဲ့အခါပိုပြီးသိသာလာတော့တယ်။ ပြီးတော့တခြားအခွင့်အရေးမျှော်နေတဲ့ ခေါင်းဆောင်အချို့နဲ့ပေါင်းပြီး စစ်အုပ်စုအကြိုက်လုပ်လာတာ သိပ် သိသာလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဘန်လာတာ၊ UNFC ထဲက ကချင်ကို ဝေဘန်တာ။ စတာတွေလုပ်လာပါတယ်။ စစ်အုပ်စုကလည်း ကရင်ကိုသိသိသာသာခွဲပြီး မျက်နှာသာပေးဆက်ဆံလာတွေနဲ့ အကွဲအပြဲကို လောင်စာဖြည့်ပေးပါတယ်။

နောက်ဆုံးတော့ ညှိနှိုင်းလို့ရနိုင်လောက်တဲ့ သဘောကွဲမှုကို KNU တခုလုံးရဲ့ သဘောကိုတောင်မယူတော့ပဲ UNFC အစည်းဝေးကို ကျောခိုင်းထွက်ခဲ့ခြင်းနဲ့ ကိုယ်မွေးတဲ့သားကို ကိုယ်တိုင်သတ်ဖြတ်ဘို့ကျိုးစားပါတော့တယ်။ KNU အတွင်းအကွဲအပြဲတွေက မဖုံးနိုင်အောင်ဖြစ်လာခဲ့ပါတော့တယ်။

ကရင်အမျိုးသားညီလာခံမှာ ဟန်ညောင်ဝေကိုခေါ်ပြီး UNFC အပုတ်ချပွဲလုပ်ခဲ့တာ၊ UNFC နဲ့ဆက်လက်လက်တွဲလိုတဲ့ ဒုဥက္ကဌ နော်စီဖိုးရာစိန်ကို အပုတ်ချတိုက်ခိုက်တဲ့ စာကို ဘုရားကျောင်းမှာဝေစေတာ စတဲ့ ဘယ်လိုမှ မဖြစ်သင့်တဲ့ အပေါစားနိုင်ငံရေးတိုက်ကွက်တွေကိုပါ သုံးလာတွေမြင်တွေ့လာရတော့ အတော်ပဲ စိတ်မသက်မသာဖြစ်ရပါတယ်။ နိုင်ငံတကာရောက်နေတဲ့ ကရင်အဖွဲ့အစည်းတွေက UNFC နဲ့ပြန်လည်လက်တွဲဘို့ တောင်းဆိုလာတာကိုလည်း လစ်လျူရှုနေတာကိုလည်းမြင်နေရပါတယ်။ ကရင်ပြည်သူတွေက ကရင်ခေါင်းဆောင်အဆက်ဆက်ခံယူခဲ့တဲ့ တပ်ပေါင်းစုနဲ့အောင်ပွဲခံရေးမူကို တောင်းဆိုနေကြတာပါ။ ဒါတွေဟာ ပင်လယ်ဖြတ်ခဲ့သူကြီးနဲ့ အပေါင်းအပါအနေနဲ့ များစွာ တာဝန်ရှိပါတယ်။

ကဲဗျာ ခုနောက်ဆုံး ကာချုပ်ကြီးက (၆)ပွင့်ဆိုင်မတွေ့ချင်ပါဘူး ပြည်ထောင်စုတပ် မဖွဲ့လိုပါဘူးလို့ ပြောကြောင်း ပင်လယ်ဖြတ်ခဲ့သူကြီးက အငှားပါးစပ်နဲ့ပြောပေးနေတာတွေ့ရပြန်တော့ ဆရာကြီးရယ် ပင်လယ်ဖြတ်ပြီးချီးတွင်းထဲခုန်ချခဲ့တာပါလားလို့ပဲ ပြောချင်ပါတော့တယ်။

မြင့်အေး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။