Essential Moe added a new photo.
အိမ်မက်တောင် ထဲ့မမက်ပါရစေနဲ့
ခုတလော ရင်ထဲ စိတ်သိပ်မပါလို့ fb ကို ခပ်ဝေး''ကပဲ လှမ်းကျိ ပြန်ပိတ် ခပ်မဆိတ် သာနေမိတဲ့ အခါ ဖတ်မိတဲ့ သတင်းတပုဒ် က နဂိုလ်မူလ မကြည်တဲ့ကြားက ရင်ထဲမှာ ကလိချက်က နေမရ …
ရန်ကုန်အဝေးသင် အင်္ဂလိပ်စာဌာနရဲ့ တတိယနှစ်အထူးပြု အင်္ဂလိပ်စာမေးခွန်းမှာ …
အောက်ပါ စာပိုဒ်ကို ဘာသာပြန်ပါ ဆိုပြီး မြန်မာလိုဖော်ပြထားတဲ့ စာတစ်ပိုဒ် ပါပါသတဲ့ …
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အညာတစ်ခွင် ကိုးခရိုင် စိမ်းလန်း
စိုပြည်ရေး စီမံချက်ကို ချမှတ် အကောင်အထည် ဖော်ရန် လမ်းညွှန်ပေးခဲ့ ဆိုတဲ့ ……
စိုပြည်ရေး စီမံချက်ကို ချမှတ် အကောင်အထည် ဖော်ရန် လမ်းညွှန်ပေးခဲ့ ဆိုတဲ့ ……
စာတစ်ပိုဒ်ကို မြန်မာလိုကနေ အင်္ဂလိပ်လို ပြန်ခိုင်းထားတာပါ ။
၂၀၁၄ ခုနှစ် အောက်တိုဘာ/နိုဝင်ဘာမှာ ကျင်းပတဲ့စာမေးပွဲကို စစ်အာဏာရှင် အာဏာရှိစဉ်က သတင်းစာ မှာပါတဲ့ အတိုင်း စာပိုဒ်ကိုထည့်ထားတယ်ဆိုတာကတော့ ခေတ် ကိုရော၊ စနစ် ကိုရော၊ ပညာရေး ကိုရော စော်ကားလိုက်သလို ဖြစ်နေပြီး သမိုင်းမှာ သူ ဘာတွေများကောင်းခဲ့လို့ပါလဲ ??
သယံဇာတတွေ ပြည့်နှက်နေတဲ့ တိုင်းပြည်မှာ ဆင်းရဲဖွံ့ဖြိုးမှု့ အနိမ့်ကျဆုံး ဘဝ ကို ရောက်အောင် သူ ရေကုန်ရေခမ်း ဖျက်ဆီးခဲ့ပါသည် ။
ဘွဲ့ရပြီး ပညာမတတ် စာရွက်ထဲ က ဘွဲ့လက်မှတ်တွေ နဲ့ ဘွဲ့ရ အရောင်းဈေးသည်တွေ လမ်းမပေါ် ပလူပျံနေအောင် ပညာရေးလဲ အောက်ဆုံးရောက်ခဲ့ပါပြီ ။
နိုင်ငံ တွင်းထွက်တွေ လည်း သခိုးဈေး နဲ့ တိုင်းပြည်ပြင်ပ ကို ခြေထောက်ပေါက်သွားကြပြီ ။
ပညာရေးကို မြှင့်တင်ပြီး တ်ေမီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုတဲ့ ဆောင်ပုဒ်အရဆိုလျှင် …
ဘာကြောင့် !!
အာဏာရှင်ခေတ်ကို နောက်ကြောင်းပြန်နေခဲ့သလဲ ??
ပညာရေး ဌာန က ဆရာ ဆရာမကြီးများလည်း မေးစရာမေးခွန်း ဒလောက်ပဲ ရှားပါးခက်ခဲနေတာလားး ??
အဲဒီ ဆရာရီးဒွေ ဟိုးးး ပဒေသရာဇ် ခေတ်က သတင်းစာတွေပဲ ဖတ်ပြီးတော့ …
ဒီခေတ်သတင်းစာတွေ မဖတ်ကြတော့ဘူးလားး ??
စနစ် နဲ့ ခေတ်မှာ ဘောင်မဝင် … သမိုင်း မှာလည်း နာမည်ဆိုး နဲ့ ကျော်တဲ့ သူတွေ ကို တကျော့ပြန် ပွဲထုတ်ချင်နေတာ ဘယ်ခြေကိုလှမ်းလို့ ဘယ်စခန်းကို မြန်းချင်နေကြတာတုန်းး ??

နောက်ဆိုရင် !!
စာဖတ်သူရီး ရဲ့သမိုင်းကို ပညာရေးမှာ ထည့်သွင်း သင်ကြားပေးဖို့ တောင်းဆို လာကြဦးမလား လို့လည်း စိုးရိမ်မိရင်းး …
ပညာရေး သမိုင်းမှာ …
လွတ်လပ်ရေး ဗိသုကာ တိုင်းပြည်ဖခင် ဗိုလ်ချုပ် အောင်ဆန်းကိုတော့ သမိုင်းမှာ ဖျောက် …
တိုင်းပြည်ကို လမ်းပျောက်စေခဲ့တဲ့ စာဖတ်သူကြီး ကို ပြန်ပြီး ဖော်ထုတ်တာ စနစ်တကျ ခေတ်ပြန်ကြွ အောင် ခါတော်မှီ ပြန် လုပ်လိုက်တာလားး ??

ကဲ !!
ရွှေသမင် ဘယ်ကထွက် !!
ပညာရေးဌာန ကတော့ ထွက်နေပြီ …
မနေတတ်လို့ အသေစွဲ သိပ် ကြည်ညိုချင်နေရင် လည်း
ကိုယ့်အိမ်ရဲ့ ဘုရားစင်ပေါ်တင်ပြီး တစ်နေ့ အကြိမ် တစ်ရာ လောက် ရှိခိုးတော်မူကြပါ …
ရွှေသမင် ဘယ်ကထွက် !!
ပညာရေးဌာန ကတော့ ထွက်နေပြီ …
မနေတတ်လို့ အသေစွဲ သိပ် ကြည်ညိုချင်နေရင် လည်း
ကိုယ့်အိမ်ရဲ့ ဘုရားစင်ပေါ်တင်ပြီး တစ်နေ့ အကြိမ် တစ်ရာ လောက် ရှိခိုးတော်မူကြပါ …
အနာဂတ် မှာ ရှေ့ဆောင်မဲ့ ကလေး တွေကို အာဏာရှင် အမွှန်းတင် ရွှေနားတော်သွင်း ဧချင်းတွေ လာဖွင့်ပြမနေပါနဲ့ လို့ …
ရှေ့မျက်နှာ ရှေ့ထား မနေနိုင်လို့ ဝင် မွှေပလိုက်ပါတယ် ခမျ…
ရှေ့မျက်နှာ ရှေ့ထား မနေနိုင်လို့ ဝင် မွှေပလိုက်ပါတယ် ခမျ…
ကျောတော့ နဲနဲ ချမ်းးးးစ် ………
Credit to Daily Online News
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။