Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 3, 2014

နွားရိုင်းနဲ့ အလားသဏ္ဍာန်


နွားရိုင်းနဲ့ အလားသဏ္ဍာန်
================
(၁)
ငယ်ငယ်တုန်းကတီဗွီမှာကြည့် ခဲ့ဖူးတယ်
တိုင်းပြည်ရဲ တန်ဘိုးအရှိဆုံးသယံဇာတတွေဖြစ်တဲ့
ကျောက်မြက်ရတနာတွေကို
ဘဘရွှေတို့တွေ..ပါးစပ်လျှာတစ်သပ်သပ်
ပါးစပ်တစ်ပြင်ပြင်နဲ့ကြည့်နေကြတဲ့ပုံတွေပါ..။
အဲဒါတွေကိုကြည့်ပြီး..
သူတို့ဘယ်လိုတွေတွေးခဲ့သလဲ..လို့
ခဏခဏစဉ်းစားမိခဲ့ပါတယ်..။
" ငါတို့တွေဒီလိုသယံဇာတတွေထွက်မှန်းသိရင်
ဘယ်နိုင်ငံကစီးပွားရေးပိတ်ဆို့တာမှ
ဂရုစိုက်စရာမလိုဘူး"လို့ပဲ စဉ်းစားခဲ့ကြမလား..
"ငါတို့တွေအတွက် ဆယ်သက်စားမကုန်တော့ဘူး.."
လို့ပဲ တွေးခဲ့ကြမလား..

"ငါတို့တွေအုပ်ချုပ်တဲ့အချိန်မှာ
ပညာတတ်တွေကိုအားကိုးစရာမလိုဘူး
ဒါမျိုးတွေနဲ့ ငါတို့ဘ၀တွေ
ပြောပြောင်ရောင်ရောင်ဖြစ်ပြီ."
လို့ပဲ ကြိမ်းဝါးခဲ့လေမလား..
အဲဒီလိုတွေဖြစ်ပြီးတဲ့နောက်မှာ...
ထူးခြားတဲ့ အနေအထားတစ်ခုကတော့..
ခရိုနီတွေအပါအ၀င်
ပိုင်ရာဆိုင်ရာတွေအားလုံးကို
ကျောက်မြက်ရတနာလုပ်ကွက်တွေအားလုံး
ပါမစ်တွေချပေးလိုက်ကြတာပါပဲ..
မိုက်မဲမှုတွေရဲ့ အစ ပဲဖြစ်ပါတယ်၊
-------------------
(၂)
အဲဒီထက်ဆိုးတာက ....
လုပ်ပိုင်ခွင့်ရှိသူတွေဟာ..
မြန်မာနိုင်ငံသားလို့ကိုမထင်ရလောက်အောင်...
ကိုယ့်မြေကိုယ့်ရေက သယံဇာတတွေကို..
ဧရာမစက်ယန္တရားတွေအကူအညီနဲ့..
ဖွာစုတ်သွားအောင် တူးဖေါ်ခဲ့တာပဲဖြစ်ပါတယ်..
ဦးနေ၀င်းလက်ထက်အထိ...
လက်သုံးကရိယာများနဲ့သာ
တူးဖေါ်ခဲ့တဲ့စနစ်ကနေ...
အလွန့်အလွန်ကြီးမားတဲ့...
စက်ယန္တယားကြီးတွေနဲ့
တူးဖေါ်ခဲ့ကြတဲ့အတွက်..
မိုးကုတ် ၊ ဖါးကန့် စတဲ့ ရတနာမြေတွေဟာ..
ဆယ်စုနှစ်အတွင်းမှာ.....ဖွတ်ဖွတ်ကြေပြီးသကာလ
ညီညာတဲ့မြေပြင်ဆိုတာ မရှိတော့ပဲ
နေရာအနှံ့မှာ..ကျင်းချိုင့်၊ ချောက်တွေပြည့်နေပြီး
ဆည်မြောင်းတာတမံတွေကိုပဲ ဖေါက်လုပ်နေသလိုလို..
ဧရာမ စီမံကိန်းကြီးတွေပဲ လုပ်နေသလိုလို...
တွေ့မြင်ကြရပါတော့တယ်..
မြန်မာ့သမိုင်းကိုပြန်ကြည့်ရင်..
အင်္ဂံလိပ်ခေတ်ကထက်..
စစ်အစိုးရလက်ထက်က..
ကျောက်မျက်ရတနာတူးဖေါ်မှုဟာ
အဆပေါင်းများစွာများပြားပြီး..
စည်းမဲ့ကမ်းမဲ့ အရမ်းဆန်တယ်ဆိုတာ
ပညာရှင်အချို့က မှတ်ချက်ပေးထားပါတယ်၊
မြန်မာနိုင်ငံသား..၊
ကိုယ့်မြေကိုယ့်ရေအမှန်တကယ်ချစ်သူတိုင်းက
မကြည့်ရက်ခဲ့ကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်..၊
သူတို့တွေကတော့ တူးဆွမြဲတူးဆွလျှက်ပါပဲ၊
-----------------------------
(၃)
နောက်တစ်ခုက ..
စစ်အာဏာရှင် အုပ်ချုပ်ပြီးတဲ့အချိန်မှာ...
တူးဖေါ်ရရှိခဲ့တဲ့..
အဖိုးမဖြတ်နိုင်တဲ့. ရတနာတွေကိစ္စပါ..
အဲဒီရတနာတွေ..
ဘယ်ရောက်သွားကြပြီလဲ..
ဘာတွေဖြစ်ကုန်ကြပြီလဲ..ဘယ်လို ထိန်းသိမ်းထားသလဲ...
ဆိုတာကိုလဲ..
ပြည်သူသိအောင် တရားဝင်ပြောဆိုခြင်းမရှိတာကို
သတိထားမိနေပါတယ်..
အဲဒီထဲကမှ အမှန်တကယ်
တန်ဘိုးဖြတ်လို့ မရနိုင်တဲ့..ရတနာတွေကတော့..
(1) န၀တ ပတ္တမြား-
န ၀ တ လက်ထက်၌ တူးဖေါ်တွေ့ရှိ၍
အလေးချိန်မှာ -(၄၉၆.၅)ကာရက်ရှိပြီး
ပတ္တမြားညွန့်ရည်ဟုခေါ်သော
နှင်းဆီပန်းအနီရင့်ရောင် ရှိပါတယ်။
(2)ကမ္ဘာ့အကြီးဆုံး ပတ္တမြား-
န ၀ တ လက်ထက်၌ မိုးကုတ်မြို့၊
ကင်းရွာ၊လုပ်ကွက်အမှတ်(၁၄)စခန်းမှတူးဖေါ်တွေ့ရှိ၍
အလေးချိန်မှာ(၂၁၄၅)ကာရက်
အလျား(၇လက္မ)၊အနံ(၄.၅လက္မ)၊
အမြင့်(၄ လက္မ) ရှိပါတယ်။
(3) ကမ္ဘာ့အကြီးဆုံးကျောက်စိမ်းနဂါး-
၂၀၀၁ ခုနှစ်၊ ဇန္န၀ါရီ လအတွင်း နယက လက်ထက်၊
ကချင်ပြည်နယ်၊ ဖါးကန့်ဒေသ၊ လုပ်ကွက်အမှတ်(၁)
ပအိုဝ့်ငြိမ်းချမ်းရေးအဖွဲ့ကတွေ့ရှိကာ
တန်ချိန်ပေါင်း(၂၀၀၀)ကျော်ခန့်ရှိပြီး၊
အလျား(ပေ ၇၀)၊ အနံ(၁၆ ပေ)၊ အမြင့်(ပေ ၂၀) ရှိပါတယ်။
(4) ကမ္ဘာ့အကြီးဆုံး မြန်မာ့ပုလဲရတနာကြီး-
၂၀၀၁ ခှုနစ်၊ဧပြီလ (၁၈)ရက်နေ့ ၊
နယကလက်ထက် တနင်္သာရီတိုင်း၊ကော့သောင်းမြို့၊
ဇာဒက်ကြီးကျွန်းအနောက်မြောက်ဘက်
မက်ကလောင်မုတ်ကောင်ငုပ်ကွက်ဧရိယာမှဆယ်ယူရရှိခဲ့ပြီး..၊
အလေးချိန်(၈၄၅)ကာရက်၊ အလျား(၆.၂) ၊
အနံ(၅.၃) ၊အမြင့်(၃) ရှိပါသည်။
အလေးချိန်(၁၆၉)ဂရမ်၊၉၂၅.၅၀)ရတီ၊
ငွေရောင်အဆင်းရှိသော မြန်မာ့ပုလဲရတနာကြီးဖြစ်ပါတယ်။
ဒီ့ထက်ဆိုးတာကတော့
ဒေါ်လာသန်းပေါင်းများစွာတန်တဲ့
မြန်မာပတ္တမြားနဲ့ နီလာတွေဟာ
ကမ္ဘာ့ရတနာလေလံဈေးကွက်တွေမှာ
အလျိုအလှို ထပ်ပြီး ပေါ်ပေါက်လာနေတာပါပဲ..၊
အဲဒီရတနာတွေဟာ..
ဘယ်လိုမျိုးသူခိုးဈေးတွေနဲ့
ဘယ်လိုမှောင်ခိုနည်းလမ်းတွေကနေတစ်ဆင့်
ဘယ်လို မျိုးရောက်ရှိနေကြပါသလဲ...?
------------------------
(၄)
အခုအချိန်မှာ..
ကမ္ဘာမှာတန်ဘိုးအရှိဆုံး စိန် ဆိုတဲ့ရတနာကို
ကမ္ဘာ့နေရာအနှံ့အပြားမှာ ၀ယ်ယူလို့ရနေပေမဲ့...
အရည်အသွေးကောင်းတဲ့ပတ္တမြားနဲ့နီလာဟာ.
ကမ္ဘာ့ဈေးကွက်မှာ ရှားပါးလာပါပြီ..၊
ဘာလို့လဲဆိုတော့..
ကမ္ဘာ့နံပတ် အရည်သွေးကောင်းဆုံး
ပတ္တမြားနဲ့ နီလာဟာ
မြန်မာနိုင်ငံကထွက်တာဖြစ်တဲ့အတွက်
မြန်မာနိုင်ငံမှာ အဲဒီရတနာသယံဇာတတွေ
ကုန်ခမ်းလာတဲ့အချိန်မှာ ကမ္ဘာ့ဈေးကွက်မှာပါ
ရှားပါးလာတာတာပဲဖြစ်ပါတယ်၊
ရင်နာစရာကောင်းတာကတော့..
ရတနာမြေတွေပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံက
မြန်မာနိုင်ငံသားတွေဟာ...
အရည်အသွေးကောင်းတဲ့ရတနာအများစုကို
မြင်တွေလိုက်ရခြင်းမရှိခင်မှာပဲ
နည်းလမ်းပေါင်းစုံနဲ့ ကမ္ဘာ့ဈေးကွက်ကို
ရောက်ရှိသွားကြလို့ပါပဲ..၊
တစ်ချိန်တုန်းက...
မြန်မာတွေ စာရင်းထဲမထည့်ခဲ့တဲ့..
သာမန် တွင်းထွက်ကျောက်စာရင်းပဲသွင်းခဲ့တဲ့၊
ခရမ်းစွဲ ၊ပြောင်ခေါင်းစိမ်း စတာတွေကို..
အခုအချိန်မှာ မြန်မာတွေကိုယ်တိုင်က
လိုက်လံရှာဖွေဈေးကြီးပေးဝယ်ယူနေရတာကိုတွေ့တာ
အရမ်းကို ၀မ်းနည်းမိပါတယ်..၊
-----------------------
(၅)
အမှန်တိုင်းပြောရရင်..
ကျွန်တော်တို့နိုင်ငံဟာ..
နိုင်ငံတကာဆန်ရှင်ပိတ်တာကိုတောင်
မမှုလောက်တဲ့ မြေပေါ်မြေအောက်
သယံဇာတတွေ..နဲ့ ကျောက်မြက်ရတနာတွေ
အများကြီးရှိခဲ့ပါတယ်..
စစ်အစိုးရဟာ သူတို့မိုက်လုံးကြီးလို့
နိုင်ငံတကာက ၀ိုင်းကျဉ်ပြီး ဆန်ရှင်ပိတ်တာကို
သူတို့ကိုယ်တိုင်နားလည်စွာနဲ့..
သယံဇာတတွေကို စနစ်တကျစီမံခန့်ခွဲပြီး
ပြည်သူအတွက် အသုံးပြုတတ်ရင်..
ဘာမှပြောစရာမရှိပါဘူး..၊
ဒါပေမဲ့ သယံဇာတတွေသာ..
အကုန်ပြောင်ပြီး လုံးပါးပါးသွားတယ်..
ပြည်သူက ပိုဆင်းရဲလာပြီး သူတို့ကတော့
ထားစရာမရှိအောင်ချမ်းသာတယ်ဆိုကတည်းက
သူတို့ရဲ့စိတ်သဘောထားကို တွေ့ရမှာဖြစ်ပါတယ်၊
အဲဒါကို ဆန်ရှင်ကြောင့်တိုင်းပြည်ဆင်းရဲတယ်ဆိုပြီး
မသိနားမလည်တဲ့သူတွေကို ၀ါဒဖြန့်နေပါသေးလေ၊
----------------------------
(၆)
နွားရိုင်းဟာ.. ဂျိုကိုပဲအားကိုးပါတယ်၊
အဲဒီဂျိုအတွက် သူ့ကိုယ်သူ ဂုဏ်ယူလေ့ရှိပါတယ်၊
မထင်မှတ်ရင် ဝှေ့တတ်ပါတယ်..၊
သူဟာ ဒါပဲသိပါတယ်..၊
နွားရိုင်းဟာ.. ရွှေငွေကိုလဲ တန်ဘိုးရှိမှန်းမသိပါဘူး၊
နွားရိုင်းဟာ..ငွေစက္ကူကိုလဲ ၀ါးစားစရာလို့ပဲထင်မှာပါ၊
နွားရိုင်းဟာ.. ဂီတသံစဉ်ကိုလဲ မခံစားတတ်ပဲ ရန်လိုမှာပါ..
စစ်ရေးအမြင်ပဲရှိပြီး လက်နက်ပဲအားကိုးသူဟာလဲ
ကျွန်တော်တို့တိုင်းပြည်ရဲ့ အဖိုးတန်တဲ့သယံဇာတတွေကို
လုံးဝ ( လုံးဝ ) မစီမံမခန့်ခွဲ တတ်တာကို.တွေ့ကြရမှာပါ..၊
အဲဒါကြောင့်.... ပုဒ်မ (၄၃၆) ကို ပြင်မှရမှာပါ..၊
( Pa Yit)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။