ရာဇဝင်တွင်တဲ့ရှာလ်လုမ်းခံတ ပ်
သမိုင်းဝင် ရှာလ်လုမ်းခံတပ်ဟာချင်းတိုင်းရင်းသားတို့၏ နောက်ဆုံးခံတပ်ကြီးအဖြစ်ထင် ရှားပါတယ်။ရှာလ်လုမ်း
ခံတပ်တိုက်ပွဲဟာ၁၈၈၉ ခုနှစ်၊ မေလ (၄) ရက်နေ့မှာဖြစ်ပွါးခဲ့ပါတယ်။
နယ်ချဲ့အင်္ဂလိပ်တို့ဟာအဲဒီအချိန်မှာ
စစ်သည် ၁၇၆၈ ယောက်၊ အမြောက်(၂) လက် နဲ့အပြင်းထန်ဆုံးတိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပါတယ်။
ချင်းအမျိုးသားများ လက်ဦး နယ်ချဲ့တော်လှန်ရေး
“ဒီမြေကြီးပေါ်မှာ မြက်ပင်တွေ ပေါက်နေသမျှ ကာလပတ်လုံး ကျူးကျော်လာတဲ့ ရန်သူတွေကို
တိုက်ခိုက်တွန်းလှန်ဖို့ ပြည်သူတွေ ရှိနေဦးမှာပဲ”
ဗီယက်နမ်စကားပုံတွင် ဆိုထားသည့်အတိုင်းပင် မတရားနယ်ချဲ့ကျူးကျော်ဖိနှိ ပ်မှုကို
တွန်းလှန်တိုက်ခိုက်မည့် ပြည်သူများ၊ တော်လှန်ရေးသမားများသည် အဘယ်သော
အချိန်အခါ၊ အဘယ်သော နေရာဒေသတွင်မဆို ရှိကြစမြဲပင် ဖြစ်သည်။
အမိမြန်မာနိုင်ငံကို မတရားနယ်ချဲ့ကျူးကျော်လာသည့် နယ်ချဲ့အင်္ဂလိပ်တို့ကို မြန်မာတိုင်းရင်းသားအားလုံး ရဲရဲတောက် ခုခံတော်လှန်ဆန့်ကျင်တိုက်ခိုက်ကြသည့်အထဲမှ တိုင်းရင်းသား ချင်းအမျိုးသားများ၏ လက်ဦးနယ်ချဲ့တော်လှန်ရေးတို က်ပွဲသမိုင်းကို အကျဉ်းချုပ် ဖော်ပြသွားပါမည်။
၁၈၂၆ ခှုစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်အရ နယ်ချဲ့အင်္ဂလိပ်
လက်အောက်သို့ ရခိုင်ကမ်းရိုးတန်းဒေသ ကျရောက်သွားသည့်အခါ ရခိုင်တိုင်းတွင် နေထိုင်
ကြသည့် ခူမီး (Khumi Chin) တို့သည် မီးဝတိုက်ပွဲ၊ တန်းဆိတ်တိုက်ပွဲ၊ မောင်နှမရွာ
တိုက်ပွဲ၊ဂူဝတိုက်ပွဲနှင့် ရွက်ကျင်တောင် တိုက်ပွဲ စသည်ဖြင့် နယ်ချဲ့တို့နှင့် တိုက်ပွဲပေါင်း
များစွာဆင်နွှဲကာ နယ်ချဲ့အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက် တွန်းလှန်ခဲ့ကြသည်။
၁၈၈၅ ခုနှစ်၊ နယ်ချဲ့တို့၏ တတိယကျူးကျော်နယ်ချဲ့စစ်အပြီး သီပေါမင်းပါတော်မူပြီးသည့်
နောက်တွင်ကား နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ သည် ရပ်တန့်မသွားသည့်အပြင် ချင်းတောင်
အနှံ့အပြား၌ ပို၍ပို၍ အရှိန်အဟုန်ပြင်းထန်စွာဖြင့် ပေါ်ပေါက်လာသည်ကို တွေ့ရသည်။
တစ်ချိန်တည်းမှာပင် အရှိုချင်း ခေါင်းဆောင် ဗိုလ်နှောင်း၊ ဗိုလ်ဆွဲ၊ ဗိုလ်စောဦးနှင့် ချင်း
တော်လှန်ရေးသမားများသည် တောင်တော်ဘုရားတွင် သစ္စာပြုကြပြီး အသက်ပေါင်းများစွာ
စတေးခံလျက် နယ်ချဲ့တို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည် ။ သရက်မြို့ အနောက်ပိုင်း မင်းလှ
မြို့နယ် တောင်စဉ် (၇) မြို့ ၀န်းကျင်ဒေသတွင် မြေပြန့်နေ အရှိုချင်းအမျိုးသားများ၏
တော်လှန်သော တိုက်ပွဲသံသည် မိုးယံကို ဖောက်ခဲ့သည်။ ပတ်ဝန်းကျင် မြေသားပထ၀ီကြီး
တုန်လှုပ်ချောက်ခြားစေခဲ့သည် ။
မြောက်ပိုင်းချင်းပြည်၌လည်း ၁၈၈၇ ခု၊ မတ်လ (၇) ရက်နေ့မှ စ၍ ချင်းတော်လှန်ရေး
ခေါင်းဆောင် ကြွန်ဘိခ် ဦးဆောင်မှုဖြင့် ဆင်နွှဲတိုက်ခိုက်သည့် ချင်းတော်လှန်ရေးသမားများ၏
အင်းတင်တိုက်ပွဲ၊ တောင်တွင်းတိုက်ပွဲ၊ ကလေးမြို့တိုက်ပွဲ စသည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး
တိုက်ပွဲသံများ ပွက်ပွက်ညံနေခဲ့သည်။ သိမ့်သိမ့်တုန်နေခဲ့သည်။
အလားတူ တောင်ပိုင်းချင်းပြည်၌လည်း ကီးရောက်နိမ်းဦးဆောင်သည့် ချိုချင်းအမျိုးသားတို့သည်
လုံတက်စခန်းတိုက်ပွဲ၊ ယောနယ်ပဆုတ်တိုက်ပွဲ၊ ပုံတောင်ပုံညာစခန်းတိုက်ပွဲ စသည်ဖြင့် ခုခံ
တော်လှန်သည့်မီးများ တောက်လောင်နေသည့်အတောအတွင်း ၁၈၈၈ ခု မေလ (၁၇)
ရက်နေ့တွင် မြောက်ပိုင်း ချင်းပြည်၌ ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကမ်စွက်တို့ ဦးဆောင်ပြီး
တိုက်ခိုက်သည့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ သည်လည်း အရှိန်အဟုန်ပြင်းစွာဖြင့် ပေါက်ကွဲ
ပေါ်ပေါက်လာသည်။ ထိုမျှသာမက တစ်ဆက်တည်းတွင် အထက်ချင်းတွင်းခရိုင် နာဂ
တောင်တန်းဒေသ၌လည်း ကူကီးချင်း နှင့် နာဂ အမျိုးသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး
တိုက်ပွဲသည် မြည်ဟိန်းပေါက်ကွဲလာသည်။
ချင်းအမျိုးသားများ၏ အရှိန်မသေနိုင်သော ပြောက်ကျားအသွင် ထိပ်ထိပ်ကြဲတော်လှန်ရေး
ကား နယ်ချဲ့အင်္ဂလိပ်တို့အား အထူးတုန်လှုပ် ချောက်ခြားစေတော့သည်။ နယ်ချဲ့အင်္ဂလိပ်
တို့သည် စနစ်တကျ စီစဉ်ဖွဲ့စည်းထားသည့် စစ်ကြောင်းကြီး (၃) ကြောင်းဖြင့် အလုံး
အရင်းနှင့် တစ်ဖန် ၀င်ရောက် တိုက်ခိုက်လာကြသည်။ သို့သော် ချင်းတောင်လှန်ရေး
သမားများ၏ လေသာတောင်တိုက်ပွဲနှင့် ရှာလ်လုမ်းခံတပ် တိုက်ပွဲများကြောင့်
ကြောက်စိတ်ဖြာခဲ့ရသည်။
ရှာလ်လုမ်းခံတပ်တိုက်ပွဲသည် နယ်ချဲ့အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်ရာတွင် ချင်းအမျိုးသား
တို့၏ နောက်ဆုံးခံတပ်ကြီးဖြစ်ပြီး ၊ ဤတိုက်ပွဲတွင် တိုင်းတပါး ကျွန် မခံလိုသော ချင်း
တော်လှန်ရေး လုံမပျိုမေ အများအပြားသည် ချင်းမျိုးချစ်တော်လှန်ရေးသ မား ရဲဘော်များ
နှင့်အတူ ရင်ပေါင်တန်းပြီး ရွပ်ရွပ်ချွံချွံ ရဲရဲတောက် တိုက်ပွဲဝင်ခဲ့ကြသည်ကို တွေ့ရသည်။
ရှာလုမ်းခံတပ်တိုက်ပွဲတွင် အမိပြည်အတွက် ချင်းတော်လှန်ရေး ရဲဘော်၊ ရဲမေ အမြောက်
အမြား၏ အသက်သွေးကို ပေးလှူစတေးခဲ့ရသည်။
ချင်းအမျိုးသားများ၏ ပြောက်ကျားအသွင် တိုက်ခိုက်မှုနှင့် ရဲရဲတောက်သော သတ္တိများ
ကြောင့် နယ်ချဲ့အင်္ဂလိပ်တို့သည် ချင်းတော်လှန်ရေးအင်အားစိုကို အထင်သေး၍ မရကြောင်း
ကောင်းစွာ နားလည်သိရှိကြသည်။ ရှာလ်လုမ်းခံတပ်တွင် အခိုင်အမာတပ်စွဲထားသော
ချင်းတော်လှန်ရေးသမားများထံ သို့ နယ်ချဲ့တို့သည် လူတစ်ဦးစေလွှတ်ပြီး စစ်ပြေငြိမ်းချမ်းရေး
စကား ကမ်းလှမ်းလိုက်ကြတော့သည်။
သို့သော် ချင်းတော်လှန်ရေးသမားများက “ငါတို့သည် မင်းတို့လက်အောက်သို့ ကျွန်မခံနိုင်ပါ”
ဟု စကားပြန်လိုက်သည့်အခါ ရက်ချိန်းပေးပြီး တိုက်ခိုက် ချေမှုန်းပစ်မည်ဟုနယ်ချဲ့တို့ က
ကြုံးဝါးလိုက်သည်။
ထိုအခါ ချင်းတော်လှန်ရေးသမားများကလ ည်း “အမြန်လာတိုက်ကြပါ၊ ငါတို့ကလည်း မင်းတို
့ကို သတ်ပစ်ချင်လှပြီ” ဟု စိန်ခေါ်လိုက်ကြလေသည်။
ချင်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း ဒေသအနှံ့ အရေးကြီးလျှင် သွေးနီဆိုသကဲ့သို့ ကျရာဒေသ၊
ရရာလက်နက်နှင့် ခေါင်းဆောင်သူ၏ နောက်တွင် စည်းလုံးညီညွတ်စွာဖြင့် သေအတူ ရှင်
အဖက် တိုက်ပွဲဝင်ကြသည့် ချင်းအမျိုးသားများ၏ မသေနိုင်သော ထာဝရတော်လှန်ရေး
စိတ်ဓါတ်နှင့် ပြောက်ကျားစစ်ဆင်ရေး နည်းပရိယာယ်ကို လွယ်ကူစွာ မနှိမ်နင်းနိုင်သည့်
အတွက် ဗိုလ်ချုပ် ဆာဂျော့ဝှိုက် ကိုယ်တိုင် ဘုရင်ခံချုပ်ထံသို့ ကျွန်တော်ပါဝင်ဖူးသမျှ
တိုက်ပွဲများအနက် အခက်အခဲဆုံး တိုက်ပွဲ ဖြစ်သည်ဟု ကြေးနန်းရိုက်ခဲ့ရသည်အထိ
ဖြစ်သည်။
ထို ရှာလ်လုမ်းခံတပ်တိုက်ပွဲကြီးတွင် အပြင်းအထန်ဆုံးတိုက်ပွဲမှာ- ၁၈၈၉ ခုနှစ်၊
မေလ (၄) ရက်နေ့တွင် နံနက် (၁၀) နာရီမှ ညနေ (၄) နာရီတိုင်အောင် ဖြစ်ပွား
ခဲ့သော တိုက်ပွဲဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့မှ ပြင်းပြင်းထန်ထန်တိုက်ခိုက် မှုကြောင့်
ရှာလ်လုမ်းခံတပ်၏ အကြီးမားဆုံး ခံတပ်ကတုတ်ကျင်းကို သိမ်းပိုက်ထားနိုင်ခဲ့သော်
လည်း ညနေ (၄) နာရီထိုးခါနီး၌ စီးယင်းချင်း စစ်ခေါင်းဆောင် တစ်ဦးဖြစ်သာ
ဗိုလ်ကမ်းဆွတ်နှင့်အဖွဲ့ စစ်ကူရောက်ရှိကာ ကူညီသဖြင့် နယ်ချဲ့တို့သည် သိမ်းပိုက်
ထားသော ခံတပ်ကြီးကို မထိန်းသိမ်းနိုင်တော့ပဲ ဆုတ်ခွါခဲ့ရသည်။
ထိုတိုက်ပွဲ၌ အင်္ဂလိပ်ဘက်မှ ဒုဗိုလ်အပါအ၀င် စုစုပေါင်း (၃၆) ဦး ကျဆုံးပြီး
(၃၈) ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ချင်းတော်လှန်ရေးဘက်မှ ခေါင်းဆောင်
ပူးလျန်ကမ်း၊ ဒုခေါင်းဆောင် ပူးဝမ်းမန်နှင့် မျိုးချစ်ရဲဘော်၊ရဲမေ စုစုပေါင်း (၂၈)
ဦး အသက်စတေးခဲ့ရသည်။
နယ်ချဲ့နေမ၀င်အင်ပါယာတို့နှ င့် လက်နက်လူသူအင်အား မမျှခြင်းကြောင့် ချင်း
အမျိုးသားတို့သည် နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသော်လည်း ချင်း
အမျိုးသားတို့၏ ပြောင်မြောက်သော လက်ဦးတော်လှန်ရေးသည် သမိုင်းတွင်
ကျန်ရစ်နေမည် ဖြစ်သည်။
(မှတ်ချက်။ စာရေးသူ ဦးဆိုင်အာလ်သည် ပါလီမန်အမတ်လောင်းတစ်ဦးဖြစ် ခဲ့ပြီး၊
ချင်းပြည်နယ်တွင် ပထမဆုံးသတင်းစာ ဖြစ်ခဲ့သည့် Lairam News Thuthangca
တွင် အယ်ဒီတာအဖြစ် ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ချင်းပြည်နယ် သမ၀ါယမဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ဥက္ကဌ ဆလိုင်းရမ်လိန်မှုန်း၏ ဖခင်လည်း ဖြစ်သည်။)
ချင်းအမျိုးသားတို့၏လက်ဦးနယ်ချဲ့တော်လှန်ရေးသမိုင်းကို ၁၉၈၈ ခုနှစ်၊ ဇူလိုင်လထုတ်၊ ငစစ်မဂ္ဂဇင်းမှာရးသားခဲ့သူ ဦးဆိုင်အာလ်၏ဆောင်းပါးကို ပြန်လည်တင်ပြပေးတဲ့
ချင်းဝေါလ်စာမျက်နှာကိုကျေး ဇူးအထူးတင်ရှိမိပါတယ်။
OMO
သမိုင်းဝင် ရှာလ်လုမ်းခံတပ်ဟာချင်းတိုင
ခံတပ်တိုက်ပွဲဟာ၁၈၈၉ ခုနှစ်၊ မေလ (၄) ရက်နေ့မှာဖြစ်ပွါးခဲ့ပါတယ်။
နယ်ချဲ့အင်္ဂလိပ်တို့ဟာအဲဒီအခ
စစ်သည် ၁၇၆၈ ယောက်၊ အမြောက်(၂) လက် နဲ့အပြင်းထန်ဆုံးတိုက်ပွဲဆင
ချင်းအမျိုးသားများ လက်ဦး နယ်ချဲ့တော်လှန်ရေး
“ဒီမြေကြီးပေါ်မှာ မြက်ပင်တွေ ပေါက်နေသမျှ ကာလပတ်လုံး ကျူးကျော်လာတဲ့ ရန်သူတွေကို
တိုက်ခိုက်တွန်းလှန်ဖို့ ပြည်သူတွေ ရှိနေဦးမှာပဲ”
ဗီယက်နမ်စကားပုံတွင် ဆိုထားသည့်အတိုင်းပင် မတရားနယ်ချဲ့ကျူးကျော်ဖိနှိ
တွန်းလှန်တိုက်ခိုက်မည့် ပြည်သူများ၊ တော်လှန်ရေးသမားများသည် အဘယ်သော
အချိန်အခါ၊ အဘယ်သော နေရာဒေသတွင်မဆို ရှိကြစမြဲပင် ဖြစ်သည်။
အမိမြန်မာနိုင်ငံကို မတရားနယ်ချဲ့ကျူးကျော်လာသည့
၁၈၂၆ ခှုစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်အရ နယ်ချဲ့အင်္ဂလိပ်
လက်အောက်သို့ ရခိုင်ကမ်းရိုးတန်းဒေသ ကျရောက်သွားသည့်အခါ ရခိုင်တိုင်းတွင် နေထိုင်
ကြသည့် ခူမီး (Khumi Chin) တို့သည် မီးဝတိုက်ပွဲ၊ တန်းဆိတ်တိုက်ပွဲ၊ မောင်နှမရွာ
တိုက်ပွဲ၊ဂူဝတိုက်ပွဲနှင့် ရွက်ကျင်တောင် တိုက်ပွဲ စသည်ဖြင့် နယ်ချဲ့တို့နှင့် တိုက်ပွဲပေါင်း
များစွာဆင်နွှဲကာ နယ်ချဲ့အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက် တွန်းလှန်ခဲ့ကြသည်။
၁၈၈၅ ခုနှစ်၊ နယ်ချဲ့တို့၏ တတိယကျူးကျော်နယ်ချဲ့စစ်အပြ
နောက်တွင်ကား နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ
အနှံ့အပြား၌ ပို၍ပို၍ အရှိန်အဟုန်ပြင်းထန်စွာဖြင့
တစ်ချိန်တည်းမှာပင် အရှိုချင်း ခေါင်းဆောင် ဗိုလ်နှောင်း၊ ဗိုလ်ဆွဲ၊ ဗိုလ်စောဦးနှင့် ချင်း
တော်လှန်ရေးသမားများသည် တောင်တော်ဘုရားတွင် သစ္စာပြုကြပြီး အသက်ပေါင်းများစွာ
စတေးခံလျက် နယ်ချဲ့တို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်
မြို့နယ် တောင်စဉ် (၇) မြို့ ၀န်းကျင်ဒေသတွင် မြေပြန့်နေ အရှိုချင်းအမျိုးသားများ၏
တော်လှန်သော တိုက်ပွဲသံသည် မိုးယံကို ဖောက်ခဲ့သည်။ ပတ်ဝန်းကျင် မြေသားပထ၀ီကြီး
တုန်လှုပ်ချောက်ခြားစေခဲ့သည်
မြောက်ပိုင်းချင်းပြည်၌လည်း
ခေါင်းဆောင် ကြွန်ဘိခ် ဦးဆောင်မှုဖြင့် ဆင်နွှဲတိုက်ခိုက်သည့် ချင်းတော်လှန်ရေးသမားများ၏
အင်းတင်တိုက်ပွဲ၊ တောင်တွင်းတိုက်ပွဲ၊ ကလေးမြို့တိုက်ပွဲ စသည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး
တိုက်ပွဲသံများ ပွက်ပွက်ညံနေခဲ့သည်။ သိမ့်သိမ့်တုန်နေခဲ့သည်။
အလားတူ တောင်ပိုင်းချင်းပြည်၌လည်း ကီးရောက်နိမ်းဦးဆောင်သည့် ချိုချင်းအမျိုးသားတို့သည်
လုံတက်စခန်းတိုက်ပွဲ၊ ယောနယ်ပဆုတ်တိုက်ပွဲ၊ ပုံတောင်ပုံညာစခန်းတိုက်ပွဲ
တော်လှန်သည့်မီးများ တောက်လောင်နေသည့်အတောအတွင်း
ရက်နေ့တွင် မြောက်ပိုင်း ချင်းပြည်၌ ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကမ်စွက်တို့ ဦးဆောင်ပြီး
တိုက်ခိုက်သည့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ
ပေါ်ပေါက်လာသည်။ ထိုမျှသာမက တစ်ဆက်တည်းတွင် အထက်ချင်းတွင်းခရိုင် နာဂ
တောင်တန်းဒေသ၌လည်း ကူကီးချင်း နှင့် နာဂ အမျိုးသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး
တိုက်ပွဲသည် မြည်ဟိန်းပေါက်ကွဲလာသည်။
ချင်းအမျိုးသားများ၏ အရှိန်မသေနိုင်သော ပြောက်ကျားအသွင် ထိပ်ထိပ်ကြဲတော်လှန်ရေး
ကား နယ်ချဲ့အင်္ဂလိပ်တို့အား အထူးတုန်လှုပ် ချောက်ခြားစေတော့သည်။ နယ်ချဲ့အင်္ဂလိပ်
တို့သည် စနစ်တကျ စီစဉ်ဖွဲ့စည်းထားသည့် စစ်ကြောင်းကြီး (၃) ကြောင်းဖြင့် အလုံး
အရင်းနှင့် တစ်ဖန် ၀င်ရောက် တိုက်ခိုက်လာကြသည်။ သို့သော် ချင်းတောင်လှန်ရေး
သမားများ၏ လေသာတောင်တိုက်ပွဲနှင့် ရှာလ်လုမ်းခံတပ် တိုက်ပွဲများကြောင့်
ကြောက်စိတ်ဖြာခဲ့ရသည်။
ရှာလ်လုမ်းခံတပ်တိုက်ပွဲသည်
တို့၏ နောက်ဆုံးခံတပ်ကြီးဖြစ်ပြီး
တော်လှန်ရေး လုံမပျိုမေ အများအပြားသည် ချင်းမျိုးချစ်တော်လှန်ရေးသ
နှင့်အတူ ရင်ပေါင်တန်းပြီး ရွပ်ရွပ်ချွံချွံ ရဲရဲတောက် တိုက်ပွဲဝင်ခဲ့ကြသည်ကို တွေ့ရသည်။
ရှာလုမ်းခံတပ်တိုက်ပွဲတွင် အမိပြည်အတွက် ချင်းတော်လှန်ရေး ရဲဘော်၊ ရဲမေ အမြောက်
အမြား၏ အသက်သွေးကို ပေးလှူစတေးခဲ့ရသည်။
ချင်းအမျိုးသားများ၏ ပြောက်ကျားအသွင် တိုက်ခိုက်မှုနှင့် ရဲရဲတောက်သော သတ္တိများ
ကြောင့် နယ်ချဲ့အင်္ဂလိပ်တို့သည် ချင်းတော်လှန်ရေးအင်အားစိုက
ကောင်းစွာ နားလည်သိရှိကြသည်။ ရှာလ်လုမ်းခံတပ်တွင် အခိုင်အမာတပ်စွဲထားသော
ချင်းတော်လှန်ရေးသမားများထံ
စကား ကမ်းလှမ်းလိုက်ကြတော့သည်။
သို့သော် ချင်းတော်လှန်ရေးသမားများက “ငါတို့သည် မင်းတို့လက်အောက်သို့ ကျွန်မခံနိုင်ပါ”
ဟု စကားပြန်လိုက်သည့်အခါ ရက်ချိန်းပေးပြီး တိုက်ခိုက် ချေမှုန်းပစ်မည်ဟုနယ်ချဲ့တို
ကြုံးဝါးလိုက်သည်။
ထိုအခါ ချင်းတော်လှန်ရေးသမားများကလ
့ကို သတ်ပစ်ချင်လှပြီ” ဟု စိန်ခေါ်လိုက်ကြလေသည်။
ချင်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း ဒေသအနှံ့ အရေးကြီးလျှင် သွေးနီဆိုသကဲ့သို့ ကျရာဒေသ၊
ရရာလက်နက်နှင့် ခေါင်းဆောင်သူ၏ နောက်တွင် စည်းလုံးညီညွတ်စွာဖြင့် သေအတူ ရှင်
အဖက် တိုက်ပွဲဝင်ကြသည့် ချင်းအမျိုးသားများ၏ မသေနိုင်သော ထာဝရတော်လှန်ရေး
စိတ်ဓါတ်နှင့် ပြောက်ကျားစစ်ဆင်ရေး နည်းပရိယာယ်ကို လွယ်ကူစွာ မနှိမ်နင်းနိုင်သည့်
အတွက် ဗိုလ်ချုပ် ဆာဂျော့ဝှိုက် ကိုယ်တိုင် ဘုရင်ခံချုပ်ထံသို့ ကျွန်တော်ပါဝင်ဖူးသမျှ
တိုက်ပွဲများအနက် အခက်အခဲဆုံး တိုက်ပွဲ ဖြစ်သည်ဟု ကြေးနန်းရိုက်ခဲ့ရသည်အထိ
ဖြစ်သည်။
ထို ရှာလ်လုမ်းခံတပ်တိုက်ပွဲကြီ
မေလ (၄) ရက်နေ့တွင် နံနက် (၁၀) နာရီမှ ညနေ (၄) နာရီတိုင်အောင် ဖြစ်ပွား
ခဲ့သော တိုက်ပွဲဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့မှ ပြင်းပြင်းထန်ထန်တိုက်ခိုက်
ရှာလ်လုမ်းခံတပ်၏ အကြီးမားဆုံး ခံတပ်ကတုတ်ကျင်းကို သိမ်းပိုက်ထားနိုင်ခဲ့သော်
လည်း ညနေ (၄) နာရီထိုးခါနီး၌ စီးယင်းချင်း စစ်ခေါင်းဆောင် တစ်ဦးဖြစ်သာ
ဗိုလ်ကမ်းဆွတ်နှင့်အဖွဲ့ စစ်ကူရောက်ရှိကာ ကူညီသဖြင့် နယ်ချဲ့တို့သည် သိမ်းပိုက်
ထားသော ခံတပ်ကြီးကို မထိန်းသိမ်းနိုင်တော့ပဲ ဆုတ်ခွါခဲ့ရသည်။
ထိုတိုက်ပွဲ၌ အင်္ဂလိပ်ဘက်မှ ဒုဗိုလ်အပါအ၀င် စုစုပေါင်း (၃၆) ဦး ကျဆုံးပြီး
(၃၈) ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ချင်းတော်လှန်ရေးဘက်မှ ခေါင်းဆောင်
ပူးလျန်ကမ်း၊ ဒုခေါင်းဆောင် ပူးဝမ်းမန်နှင့် မျိုးချစ်ရဲဘော်၊ရဲမေ စုစုပေါင်း (၂၈)
ဦး အသက်စတေးခဲ့ရသည်။
နယ်ချဲ့နေမ၀င်အင်ပါယာတို့နှ
အမျိုးသားတို့သည် နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသော်လည်း ချင်း
အမျိုးသားတို့၏ ပြောင်မြောက်သော လက်ဦးတော်လှန်ရေးသည် သမိုင်းတွင်
ကျန်ရစ်နေမည် ဖြစ်သည်။
(မှတ်ချက်။ စာရေးသူ ဦးဆိုင်အာလ်သည် ပါလီမန်အမတ်လောင်းတစ်ဦးဖြစ်
ချင်းပြည်နယ်တွင် ပထမဆုံးသတင်းစာ ဖြစ်ခဲ့သည့် Lairam News Thuthangca
တွင် အယ်ဒီတာအဖြစ် ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ချင်းပြည်နယ် သမ၀ါယမဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ချင်းအမျိုးသားဒီမိုကရေစီအဖ
ချင်းအမျိုးသားတို့၏လက်ဦးနယ
ချင်းဝေါလ်စာမျက်နှာကိုကျေး
OMO
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။