Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 10, 2014

"ခင်ဗျား သားသမီးတွေ iPad သိပ်ကြိုက်မှာပဲနော်"


Apple ကုမ္ပဏီမှာ Steve Jobs တာဝန်ထမ်းဆောင်နေစဉ်ကာလက ပထမဆုံးမျိုးဆက် iPad ဈေးကွက်ထဲရောက်ပြီး သိပ်မကြာခင်မှာ သူ့ကို ကျွန်တော်သွားရောက်အင်တာဗျူးခဲ့ပါတယ်။

"ခင်ဗျား သားသမီးတွေ iPad သိပ်ကြိုက်မှာပဲနော်" လို့ သူ့ကို ကျွန်တော်မေးတော့

"သူတို့ မသုံးဖူးသေးဘူး... ကျွန်တော့်ကလေးတွေကို အိမ်မှာ နည်းပညာထုတ်ကုန်သုံးစွဲတာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ထားပါတယ်။ "လို့ သူက ပြန်ဖြေပါတယ်။


ကျွန်တော် အရမ်းအံ့သြမိတယ်။ Jobsရဲ့နေအိမ်က နည်းပညာရူးသွပ်သူရဲ့အိမ်ဖြစ်မယ်လို့ ကျွန်တော်စိတ်ကူးယဉ်ခဲ့ဖူးတယ်။ သူ့အိမ်က နံရံတွေပေါ်မှာ touch screen တွေရှိမယ်၊ ထမင်းစားပွဲကို iPad နဲ့ပြုလုပ်ထားမယ်၊ ခေါင်းအုံးပေါ်တင်တဲ့ လက်ဆောင်ချောကလက်တွေလိုပဲ အိမ်အလည်လာတဲ့ဧည့်သည်တွေကို iPadတွေ လက်ဆောင်ပေးမယ်လို့ ကျွန်တော်စိတ်ကူးယဉ်ခဲ့ဖူးတယ်။

အခုတော့ Jobsရဲ့အဖြေက ကျွန်တော်စိတ်ကူးနဲ့ ဆန့်ကျင်ဖက်ပါပဲ။ အဲဒီအဖြစ်ပျက်နောက်ပိုင်း နည်းပညာကုမ္ပဏီတွေ၊ အကြီးအကဲနဲ့ ရင်းနှီးမြှုပ်နှံ့သူ တော်တော်များများနဲ့ ကျွန်တော်ဆုံဖြစ်ခဲ့တယ်။ သူတို့ကလည်း Jobsရဲ့အဖြေနဲ့မခြား ကျွန်တော့်ကိုပြောခဲ့တယ်... သူတို့ဟာ သူတို့ရဲ့သားသမီးတွေကို လျှပ်စစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သုံးစွဲချိန်ကို ကန့်သတ်ထားပါသတဲ့။ အထူးသဖြင့် ကျောင်းတက်နေစဉ်အရွယ်မှာ ညနေအိမ်ပြန်ရောက်တာနဲ့ လျှပ်စစ်ပစ္စည်း လုံးဝမသုံးစွဲရသလို ကျောင်းပိတ်ရက်တွေမှာတော့ တချို့အချိန်တွေမှာ လုံးဝမသုံးစွဲရလို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

ဒီလို သွန်သင်ပုံက ကျွန်တော့်ကိုစိတ်ရှုပ်စေခဲ့ပါတယ်။ မိဘတော်တော်များများက နေ့ဖြစ်စေ၊ ညဖြစ်စေ သူတို့သားသမီးတွေကို iPad ၊ Smartphone နဲ့ ကွန်ပျူတာတွေရဲ့အလင်းရောင်ထဲမှာ နစ်ဝင်နေစေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနည်းပညာ CEO တွေကတော့ တခြားလူမသိတဲ့ သတင်းအချက်အလက်တွေကို သူတို့သိနေခဲ့ပါတယ်။

3D Robotics ကုမ္ပဏီ CEO ဖြစ်တဲ့ Chris Anderson မှာ သားသမီး ၅ယောက်ရှိပါတယ်။ ၆နှစ်ကနေ ၁၇နှစ်အရွယ်တွေဖြစ်တယ်။ သူတို့အိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းအသုံးအဆောင်မှန်သမျှကို အချိန်အကန့်အသတ်နဲ့ မိဘအုပ်ထိန်းသူတွေက ထိန်းချုပ်ထားပါတယ်။ "နည်းပညာမှာ ဘာထိခိုက်နစ်နာမှုတွေရှိတယ်ဆိုတာကို ကျွန်တော်သိထားပါတယ်။ ဒါတွေက ကျွန်တော်ပေါ်မှာ ဖြစ်ပျက်နေပါတယ်။ ကျွန်တော့်သားသမီးအလှည့်ကျရင် ကျွန်တော်လိုမဖြစ်စေချင်ပါဘူး"။ သူပြောတဲ့ ထိခိုက်နစ်နာမှုတွေမှာ ကလေးတွေဟာ အန္တရာယ်ရှိတဲ့သတင်းအချက်အလက်ကို ထိတွေ့နိုင်တာတွေဖြစ်တယ်။ ဥပမာ-- ညစ်ညမ်းရုပ်ပုံတွေ၊ အင်တာနက်လိမ်ညာမှုတွေ၊ ဒါမှမဟုတ် ဒီ့ထက်ပိုဆိုးတဲ့အရာတွေ၊ ဒီလိုအသုံးအဆောင်ပစ္စည်းအပေါ်စွဲလမ်းရူးသွပ်တာမျိုးတွေဖြစ်ပါတယ်။

OutCast Agencyရဲ့ CEOဖြစ်တဲ့ Alex Constantinople က အသက်၅နှစ်အရွယ်ရှိတဲ့ သူ့အငယ်ဆုံးသားကို ကျောင်းပိတ်ရက်မဟုတ်ရင် ဘာလျှပ်စစ်ပစ္စည်း အသုံးအဆောင်မှ မသုံးစွဲရဘူးလို့ဆိုပါတယ်။ ၁ဝနှစ်နဲ့ ၁၃နှစ်အရွယ် ကလေးနှစ်ယောက်ကတော့ တစ်နေ့ကို နာရီဝက်သုံးစွဲခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေအစား သူတို့တွေအတွက် ကြိုက်နှစ်သက်ရာဖတ်ဖို့ စာအုပ်ရာကျော်ထားရှိပေးထားတယ်လို့ ဆိုပါတယ်။

Steve Jobsရဲ့သားသမီးတွေက လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေ မသုံးရင် သူတို့အတွက် ကစားစရာဘာရှိနိုင်မလဲ။ Steve Jobs အတ္ထုပ္ပတ္တိကိုရေးသားခဲ့တဲ့ စာရေးဆရာ Walter Isaacson က ကျွန်တော့်ကို ဒီလို ပြောပြခဲ့ပါတယ်။

"ညနေတိုင်း Steve Jobsက သူ့မိသားစုနဲ့ ညစာအတူစားပါတယ်။ စာအုပ်အကြောင်း၊ သမိုင်းအကြောင်းနဲ့ တခြားအကြောင်းအရာတွေကို သူတို့ဆွေးနွေးပြောဆိုတတ်ပါတယ်။ ဘယ်သူကမှ iPad ၊ စမတ်ဖုန်းတွေ ထုတ်မသုံးကြပါဘူး။ သူ့သားသမီးတွေကြည့်ရတာ လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေအပေါ် စွဲလမ်းရူးသွပ်ပုံ လုံးဝမရကြပါဘူး"

နည်းပညာနယ်ပယ်ကမဟုတ်တဲ့ မိဘတွေက ကိုယ့်ကလေး ၈နှစ်အရွယ်မှာ စမတ်ဖုန်းပေးကိုင်ပါတယ်။ နည်းပညာနယ်ပယ်က မိဘတွေကတော့ ကိုယ့်ကလေး ၁၄နှစ်အရွယ်ရောက်မှ သူတို့ကိုယ်တိုင်ဖုန်းဆက်တတ်၊ မက်ဆေ့ပို့တတ်မှ ဖုန်းဝယ်ပေးပါတယ်။ ဒါပေမယ့် အသက် ၁၆နှစ်ရောက်မှ **Dataflow သုံးရပါတယ်။ (**Dataflowကို မြန်မာလို ဘယ်လိုပြောလဲမသိဘူး.. )

မူရင်းရေးသားသူ-- Nick Bilton
မူရင်းလင့်-- http://www.85nian.net/shiye/9706.html

နိုင်းနိုင်းစနေ (Dec.9.2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။