Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 6, 2014

အူကြောင်ကြား


အူကြောင်ကြား
----------------

ချစ်ခြင်းဖွဲ့သီချင်းတွေဆိုတာ ခင်များတို့ကျုပ်တို့ဘဝတွေထဲမှာ ပေါမှပေါ။ ချစ်ခြင်းနဲ့မကင်းနဲ့ လူသားဘဝမှာ ချစ်ခြင်းဖွဲ့သီချင်းတွေ ပုံစံမျိုးစုံ၊ ဘာသာစကားမျိုးစုံနဲ့ ဖွဲ့ဆိုခဲ့ကြတယ်။ ဘယ်သီချင်းက ဘယ်လောက်ကောင်းလဲဆိုတာ ဘယ်သူနားထောင်သလဲပေါ်မှာ တိုက်ရိုက်မူတည်တတ်လို့ ပြောရတာခက်တယ်။ လွယ်တာတခုတော့ရှိတယ်။ သီချင်းတပုဒ်က ရင်ထဲကလာတဲ့အတိုင်း တဲ့တဲ့ကြီးရေးထားသလား အပိုတွေဇွတ်ထည့်ရေးထားသလားဆိုတာ ခွဲခြားဖို့ကတော့ အတော်လွယ်တာ။ ပြောချင်တာက ရင်ထဲကအတိုင်း အစိမ်းလိုက်ချရေးထားတဲ့ ချစ်ခြင်းဖွဲ့သီချင်းတပုဒ်အကြောင်း။ 

တီးဝိုင်းနာမည်က Radiohead ဖြစ်ပါတယ်။ England နိုင်ငံက။ အခုပြောချင်တဲ့သီချင်းက Creep ဖြစ်ပါတယ်။ ဒီသီချင်းကို မကြိုက်ရင်လဲဖြစ်တယ်။ မသိလို့တော့ မဖြစ်ပေဘူး။

၁၉၉၂ ခုနှစ်က ထွက်ခဲ့တဲ့သီချင်းအကြောင်းကို ၂၀၁၄ ကျမှပြောနေတာဆိုတော့ သမိုင်းကြောင်းလေး နည်းနည်းထည့်ပြောကာမှ အဲဒီခေတ်အဲဒီအခါက ဒီသီချင်းရဲ့သဘောသဘာဝကို ခြုံငုံမိလိမ့်မယ်။ ၉၀ ပြည့်နှစ်တွေဟာ ဂီတလောကကြီး ဇောက်ထိုးမိုးမျှော်ဖြစ်တော့မယ့်ကာလတခုပါ။ ၈၀ ပြည့်နှစ်တွေမှာ ဆံရှည်ကိုယ်တော်တွေဖြစ်တဲ့ heavy rock သမားတွေ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ကြတယ်။ ဆံပင်အရှည်၊ ဂစ်တာဆိုလိုအရှည်၊ သီချင်းစာသားအများစုက ရော့ခ်အင်ရိုးယဉ်ကျေးမှုရဲ့အနှစ်ဖြစ်တဲ့ မူးယစ်ဆေးဝါး၊ လိင်၊ နဲ့ အရက်သေစာ အကြောင်းတွေ။

မုန်တိုင်းရဲ့အစဟာ ၁၉၉၁ ခုနှစ်မှာ ဝက်ဝက်ကွဲအောင်မြင်တဲ့ Smells Like Teen Spirit သီချင်းပါဝင်တဲ့ Nirvana တို့ရဲ့ Nevermind အယ်လ်ဘန်ထွက်တယ်။ သူနဲ့ခေတ်ပြိုင် Pearl Jam, Sound Garden, Smashing Pumpkins, တို့တတွေ စုပြုံပြီးထွက်လာတယ်။ England/Ireland တို့ဖက်မှာလဲ Cranberries, Oasis, Blur တို့ ထွက်တယ်။ ဝတ်ပုံစားပုံ၊ သီချင်းဖွဲ့စည်းမှု၊ ဖျော်ဖြေတင်ဆက်ပုံ အကုန်လုံးပြောင်းလဲသွားတယ်။ ဂစ်တာဆိုလို အရှည်ကြီး ဘယ်သူမှမတီးတော့ဘူး။ (ဆရာ့ဆရာကြီးတွေဖြစ်တဲ့ မက်တယ်လစ်ကာတို့လဲ ဆံပင်ညှပ်တယ်။ ဂစ်တာဆိုလိုတွေ တိုပစ်လိုက်တယ်။ ဥပမာ Load, Re-Load အယ်လ်ဘန်များ) ဆံပင်အရှည်ထားခြင်းမထားခြင်းဟာ အရေးမကြီးတော့ဘူး။ သရေဂျာကင်မဝတ်လဲ နာမည်ကြီးချင်ကြီးတာကိုး။ ဒါတွေက အပေါ်ယံတွေပါ။ သေသေချာချာ စူးစိုက်နားထောင်သူတွေပဲ သတိထားမိတာတခုရှိတယ်။ အဲဒါကတော့ ၉၀ ပြည့်အလွန် ဂီတသမားတွေက အများနဲ့မဆိုင်တဲ့ ခံစားချက်တွေကို အရင်းအတိုင်း ရေးစပ်သီဆိုခဲ့ကြပါတယ်။ စိတ်ထဲမှာ ကြိတ်မှိတ်ပြီး အားငယ်တာတွေ၊ စိတ်မလုံမခြုံဖြစ်မှုတွေ၊ အဲဒါတွေအကုန်လုံးကို ဘယ်သူ့ကိုမှ ပေးမဖတ်တဲ့ ဒိုင်ယာယီစာမျက်နှာတွေထဲက စာသားတွေလိုမျိုး ရေးစပ်ခဲ့ကြတယ်။ ဂီတဝေဖန်ရေးဆရာတွေ ရုတ်တရက်ဆိုတော့ ဒီဂီတကို ဘယ်လိုခေါ်ရမှန်းမသိဘူး။ ရော့ခ်တော့ရော့ခ်ပဲ။ အသွင်မတူတဲ့ရော့ခ်ဆိုတော့ Alternative Rock လို့ပဲ ယာယီခေါင်းစဉ်တပ်ပါတယ်။

Radiohead တို့ရဲ့ Creep သီချင်းကို နားထောင်မိသူတိုင်း ပထမဆုံးသတိထားမိတာကတော့ သီချင်းရဲ့ ရိုးသားမှုပါပဲ။ မိန်းကလေးတယောက်ကို သေသေချာချာကြီးကို ချစ်မိတဲ့အချိန်မှာ သူ့မှာသိမ်ငယ်စိတ်တွေ ချက်ချင်းဝင်လာတယ်။ သူ့ရဲ့အားနည်းချက်တွေက (သူ့စိတ်ထဲမှာ) ပိုပြီးပေါ်လွင်လာတယ်။ ကိုယ့်ကိုကိုယ်အားမလို အားမရဖြစ်ပြီး အူကြောင်ကြားတယောက်လို့ သူ့မြင်လာတယ်။ အဆိုးဆုံးခံစားချက်ကတော့ ကောင်မလေးကိုဆုံးရှုံးရတော့မယ်လို့သူထင်မြင်တာပါပဲ။ အဲဒီခံစားချက်တွေအကုန်လုံးကို သီချင်းထဲမှာ ရိုးရှင်းစွာ စပ်ဆိုထားတယ်။

Chorus အဝင်မှာ တီးသွားတဲ့ ဂစ်တာသံကိုတော့ ၉၀ ပြည့်နှစ်တွေရဲ့ ဂီတခေတ်ပြောင်းတော်လှန်ရေးတံခွန်များစွာထဲက တခုအဖြစ် သမုတ်မယ်ဆိုရင် မလွန်ဘူး။ အဲဒီတင်စားရလောက်အောင် ဂစ်တာသံက မိုက်တာ။

ပြောနေကြာတယ်ဗျာ။ ကိုယ်တိုင်ခံစားကြည့်။ နားထောင်ဖူးရင်လဲ အလွမ်းပြေပြန်နားထောင်ကြည့်

ခင်တဲ့
ကိုဝီ
ဒေါ့င်းချင်ရင် ဟောဒီမှာ
http://www.mediafire.com/listen/t1wmjo74znj5j18/cp.mp3
-------------
https://www.youtube.com/watch?v=XFkzRNyygfk
------------

Creep
----

When you were here before
Couldn't look you in the eye
You're just like an angel
Your skin makes me cry
You float like a feather
In a beautiful world
I wish I was special
You're so fucking special

အနားမှာ မင်းရှိနေတုန်းက မင်းကိုငါ စေ့စေ့တောင်မကြည့်ရဲ
မင်းက နတ်သမီးတယောက်လိုပဲ
အသားအရည်ကလဲလှပြီး တကယ့်အပျံစား
ဒီလိုလှတဲ့လောကကြီးထဲမှာ မင်း သူများတွေလို ထူးထူးခြားခြားဖြစ်ချင်တာပေါ့
မင်းကတော့ ငါ့အတွက်တကယ်ထူးထူးခြားခြားလှတဲ့သူလေ။

But I'm a creep,
I'm a weirdo
What the hell am I doing here?
I don't belong here

ဒါပေမယ့် ငါက တကယ့်ကို အူကြောင်ကြားသက်သက်ပါပဲ။ တကယ့်ဂေါက်။
ဒီလောကကြီးထဲမှာ ငါဘာတွေလုပ်ပြီး ဘယ်လိုအသက်ရှင်နေလဲ ငါတကယ်မသိ။ ငါနဲ့ဘာမှမဆိုသလိုမျိုး။

I don't care if it hurts
I want to have control
I want a perfect body
I want a perfect soul
I want you to notice
When I'm not around
You're so fucking special
I wish I was special

နောက်ဆက်တွဲဘာတွေဖြစ်မလဲ ငါသိပ်တော့ဂရုမစိုက်
ဒီအခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်ချင်တယ်
အမိုက်စားဘော်ဒီလဲ ငါလိုချင်တယ်
အမိုက်စားဘဝတခုကိုလဲ ငါလိုချင်တယ်
မင်းက ငါ့ကို သတိပြုမိတာမျိုးလဲ ငါလိုချင်တယ်
မင်းအနားမှာ ငါမရှိချိန်တွေမှာ မင်းက ထူးထူးခြားခြားကိုလှ၊ ငါလဲ မင်းနဲ့လိုက်ဖက်ညီလောက်အောင် ထူးခြားချင်သား။

But I'm a creep,
I'm a weirdo
What the hell am I doing here?
I don't belong here

ဒါပေမယ့် ငါက တကယ့်ကို အူကြောင်ကြားသက်သက်ပါပဲ။ တကယ့်ဂေါက်။
ဒီလောကကြီးထဲမှာ ငါဘာတွေလုပ်ပြီး ဘယ်လိုအသက်ရှင်နေလဲ ငါတကယ်မသိ။ ငါနဲ့ဘာမှမဆိုသလိုမျိုး။

She's running out the door
She's running out
She run, run, run, run
Run

သူမက အခန်းထဲကနေထွက်ပြေးတော့မယ်
သူမ တကယ်ပြေးထွက်သွားပြီ
ပြေးထွက်သွားပြီ။

Whatever makes you happy
Whatever you want
You're so fucking special
I wish I was special

မင်းဘဝကို ဘယ်အရာတွေကပဲ ပျော်ရွှင်ပါစေ
မင်းရဲ့လိုအင်တွေက ဘာတွေပဲဖြစ်ဖြစ်
မင်းကတော့ ငါ့အတွက် တကယ့်ကိုထူးထူးခြားခြားလှပ
မင်းရဲ့ထူးခြားတဲ့အလှတဲ့ လိုက်ဖက်ညီတဲ့ဘဝမျိုးရ ဆုတောင်းမိ။

But I'm a creep,
I'm a weirdo
What the hell am I doing here?
I don't belong here
I don't belong here

ဒါပေမယ့် ငါက တကယ့်ကို အူကြောင်ကြားသက်သက်ပါပဲ။ တကယ့်ဂေါက်။
ဒီလောကကြီးထဲမှာ ငါဘာတွေလုပ်ပြီး ဘယ်လိုအသက်ရှင်နေလဲ ငါတကယ်မသိ။ ငါနဲ့ဘာမှမဆိုသလိုမျိုး။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။