Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 31, 2014

တချို့မြန်မာတွေ ဘာလို့ရက်စက်လာကြတာလဲ



တချို့မြန်မာတွေ ဘာလို့ရက်စက်လာကြတာလဲ
သက်ခိုင်
ဧပြီ ၁၊ ၂၀၁၄
မိုးမခ
Photo @ Aung Htet
-------------------------------
တခါတခါစဉ်းစားမိတယ်၊ တချို့သော မြန်မာတွေ ရက်စက်လာနေပါလားပေါ့။ ပြန်ပြီးသေချာ စဉ်းစားကြည့်တော့ စာမတတ်လို့ ဖြစ်ကြတာဆိုတာ အရမ်းကို သေချာသွားတယ်။ စာမတတ်ဘူးဆိုလို့ ငါတို့ကမဟာဘွဲ့တောင် ရပြီးပြီ ဘာအပိုဆာဒါးတွေ ပြောနေရတာလဲလို့ မေးခံရစရာတော့ ရှိနိုင်တာပေါ့။
ဆိုလိုချင်တာက ဒီလိုပါ၊ အစိုးရလုပ်တဲ့သူကလည်း တိုင်းသူပြည်သားတွေရဲ့ဘဝမှာ နာကျင်စွာနဲ့ ဘဝကုန်ဆုံးရမယ့် အခြေအနေတွေကို လုပ်ဆောင်ခဲ့၊ ဖန်တီးခဲ့၊ ပြုမှုနေဆဲ ဖြစ်သလို။ လူချမ်းသာ၊ လူလတ်နဲ့ လူဆင်းရဲ အတန်းအစားအစုံကလည်း အစိုးရတောင်မှ အခုလို ပစ်စလက်ခတ် လုပ်သေးတာ၊ ငါတို့က ဘာကို ငဲ့ညှာရမှာလည်းဆိုပြီး တကိုယ်ရေကောင်းစားရေး၊ စိတ်ချမ်းသာရေး အာသာပြေရေးတွေပဲ လုပ်လာကြ တော့တာပဲ။ အဲဒီမှာ ဟီရိသြတ္တပ တရား အသီးသီး အသက အသက ကင်းမဲ့သွားကြပြီး ရက်စက်စွာ ပြုမှုနေထိုင် နေကြတော့တာပါပဲ။

ဘ၀ဆိုတာ တောင်လှန်မြောက်လှန်နဲ့ ပြီးစတမ်းလား

ဘ၀ဆိုတာ တောင်လှန်မြောက်လှန်နဲ့ ပြီးစတမ်းလား

(တစ်)
ရန်ကုန်အခြေစိုက် ပညာလိုလားသူ လူငယ်ထုအကြား၌ ကြားရလေ့ရှိသည့် စကားလုံးနှစ်လုံးမှာ B.C နှင့် A.C ပဲဖြစ်ပါသည်။ B.C ဆိုတာက British Council၊ A.C ဆိုတာက American Center ပေါ့။စာအုပ်ဖတ်ဖို့၊ အင်္ဂလိပ်စာသင်ဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ စီဒီခွေတွေ၊ ဗီစီဒီခွေတွေငှားဖို့ စသည်စသည်ဖြင့် ရည်ရွယ်ချက်အသီးသီးထားရှိကာထိုဘီစီနှင့် အေစီများရှိရာဆီသို့ လူငယ်တွေ ၀င်ကြထွက်ကြပါသည်။ တစ်နေ့ အေစီသို့ ၀င်ထွက်သွားလာ ပညာရှာနေကြသော လူငယ်တစ်စု ကျွန်တော့်ကို ချိတ်ဆက်တွေ့ဆုံကာ ကျွန်တော်နှင့်ဆရာမဂျူးကို ဖိတ်ကြားလာပါသည်။ စကားပြောပေးဖို့။ သူတို့က စာအုပ်ဖတ်သည့် အစုအဝေးကလေး (Reading Club) လုပ်ထားကြလေသတဲ့။

အလုပ်ရဖို့ဆိုတာ

အလုပ်ရဖို့ဆိုတာ
==========
ကျွန်တော် လွန်ခဲ့တဲ့ 1998 ခုနှစ်လောက်တုန်းက ဆရာချစ်စံဝင်းရေးတဲ့ စာစုလေးကို ခုထိတိုင် အမှတ်ရနေသေးပါတယ်။
မလေးရှားနိုင်ငံမှာ ဟိုတယ်ကြီးတစ်ခုက အလုပ်ခေါ်ပါတယ်တဲ့။ ခေါ်တဲ့ ရာထူးက "စားဖိုမှူး"ဆိုပါတော့ ။ဟိုတယ်ကြီးမှာ စားဖိုမှူးဆိုတော့ လစာလည်း ကောင်းတဲ့အတွက် လူတွေအများကြီးလာလျှောက်ကြတယ်တဲ့ ။

နံနက်စာ၏ လျှို့ဝှက်ချက်

~နံနက်စာ၏ လျှို့ဝှက်ချက်~
နေ့တစ်နေ့ရဲ့ ပထမဆုံး အစာဖြစ်တဲ့ မနက်စာကို မစားဘဲ ကျော်သွားကြ သူတွေဟာ ကယ်လိုရီများတဲ့ အစာတွေကို မြင်တဲ့အခါ ပိုပြီး စိတ်လှုပ်ရှားအောင် ဦးနှောက်က လှုံ့ဆော်ပေးနေပါတယ်။
:::::နံနက်စာစားခြင်းဖြင့် အစာစားချင်စိတ် လျှော့ချပါ

သန်းခေါင် စာရင်းမှာ ဘာ့ကြောင့် ခဲတံ သုံးရ သလဲ


သန်းခေါင် စာရင်းမှာ ဘာ့ကြောင့် ခဲတံ သုံးရ သလဲ
မင်္ဂလာပါ သူငယ်ချင်း များ ခင်ဗျာ ....။
အွန်လိုင်းမှာ သန်းခေါင် စာရင်း ကောက်ခံမှု ကို မအောင်မြင် စေရန် ရည်ရွယ်ချက် ဖြင့် သန်းခေါင် စာရင်း ဖြည့်စွက် ပုံစံ စာရွက်မှာ ခဲတံ နဲ့ ရေးသွင်း တာဟာ ယုံကြည်မှု မရှိပါ ဘူး ဆိုပြီး အွန်လိုင်း မှာ စိတ်ဓါတ် ရေးရာ စစ်ဆင်ရေး တွေ လုပ်ကာ ပြည်သူ အယုံ အကြည် မရှိအောင် လုပ်နေ တာ ကို တွေ့ လာ ရပါတယ် ..။ အဲဒီ အတွက် ခိုင်လုံ တဲ့ ဖြေရှင်းချက် တစ်ခု ကို မိတ်ဆွေ များ အားလုံး သိရှိ စေရန် ဗဟုသုတ အနေနဲ့  ကိုဘစည် ရှာဖွေ ကာ ကြိုးစား ပြီး တင်ပြ ရခြင်း ပါ ..။ ခံတံကို အသုံးပြု ရခြင်း အကြောင်း အရင်း ကို ကျွန်တော် သိရ သလောက် ကို ဗဟုသုတ အနေ နဲ့  အနည်း ငယ် မျှဝေ ပါရစေ ခင်ဗျ ..။

ရေးခဲ့ဖူးတဲ့  သီတာဒေ၀ီရဲ့  သစ္စာ

ရေးခဲ့ဖူးတဲ့  သီတာဒေ၀ီရဲ့  သစ္စာ
.................
((( တစ်နေ့ နေ့  တစ်ချိန်ချိန် တစ်နေရာရာမှာ )))
ဒီမနက်လည်းတို့ လေဆိပ်ကိုရောက်လာခဲ့ရပြန်ပြီကောင်လေးရေ-
မြန်မာပြည်ကို လာမယ့် နိုင်ငံခြားသားတွေကို ကြိုဖို့ ပါ။
အလုပ်ကိစ္စနဲ့ ခဏခဏလာကြိုနေရလို့ လေဆိပ်က၀န်ထမ်းတစ်ချို့ ကတောင် တို့ ကိုမှတ်မိနေလို့  ပြုံးပြီးနုတ်ဆက်နေကြတယ်။

နှင်းခူ အတွက် အိမ်တွင်း ဆေးနည်းများ

နှင်းခူ အတွက် အိမ်တွင်း ဆေးနည်းများ
=====================
နှင်းခူအတွက် အိမ်တွင်းဆေးနည်းများ နှင်းခူဆိုတာ အရေပြား ရောင်ရမ်းတဲ့ အခြေနေ တစ်ရပ်ပါ။ လက္ခဏာ အနေနဲ့ အရေပြားနီးမြန်းတာ ၊ရောင်တာ ၊ ယားတာ ၊ ခြောက်တာနဲ့ အဖက်တွေလန် တာတို့ ဖြစ်တတ်သလို ပြင်းထန်တဲ့ ပိုးဝင်မှုကြောင့် အရည်ကြည် စိမ့်ထွက်တာနဲ့ သွေးထွက်တာတို့ ဖြစ်တတ်ပါတယ် ။ နှင်းခူ ဖြစ်ရင် သက်သာစေဖို့ အိမ်တွင်း ကုသနည်းတစ်မျိုးကိုလိုက်နာသင့်ပါတယ်။

Facebook Account Security နဲ့ ပတ်သက်လို့ အခြေခံအချက်လေးများ


Facebook Account Security နဲ့ ပတ်သက်လို့ အခြေခံအချက်လေးများ
Facebook Account Security နဲ့ ပတ်သက်လို့ အခြေခံအချက်လေးများ..
၁။ သင့်ရဲ့ Facebook Account ကို ဟက်ခံရလို့ ပါသွားပြှီဆိုရင်...ပြန်ဟက်ဖို့ မကြိုးစားပါနဲ့... ဘာလို့လဲဆိုတော့..Facebook Account hacking နဲ့ ပါတ်သက်လို့ အတွေ့အာကြုံရှိတဲ့ဗဟုသုတ ပြည့်စုံတဲ့လူရဲ့ လက်ထဲ ရောက်နေလို့ပါပဲ..။ သင့်ရဲ့ primary email ကို အသုံးပြုပြီး...မိမိ Facebook Account ကို recovery လုပ်ဆောင်ရန်သာ ရှိပါတယ်...

Facebook ရောဂါကာကွယ်ဆေး

Facebook ရောဂါကာကွယ်ဆေး
Monday, March 31, 2014
မဲမှောင်သော ဇာတ်ရုံတစ်ခုတွင်ပြဇာတ် (သို့) ရုပ်ရှင်တစ်ခုခုကို ကြည့်နေစဉ် ရုတ်တရက် လူတစ်ဦး၏ စမက်ဖုန်းမှ ဖြတ်ကနဲလင်းလားပြီး ၀င်လာသောစာကိုဖတ်ရှု၍ အချိန်ယူကာ စာပြန်ကောင်း ပြန်လိမ့်မည်။
အလေးအနက်မထားမှုများ- အင်တာနက်က ဦးနှောက်များကို ဘယ်လိုဖြစ်အောင် လုပ်နေ သနည်းဟူသည့် စာအုပ်၌ `နီကိုနလပ်ကား´ က အချင်းချင်းချိတ်ဆက် ဆက်သွယ်ထားသော ကမ္ဘာကြီး၌ `အခြားတစ်နေရာရာတွင် ကျွန်ုပ်တို့သိရမည့် အချက်အလက်သတင်းတစ်ခုခုရှိကောင်း ရှိနေမည်´ ဟုခံစား ရချက်ကို `မဟုတ်ဘူး´ဟု ငြင်းလိုက်ရန် ကြာလေခက်လာသည်ဟု ဆိုပါသည်။

Sunday, March 30, 2014

မျက်မမြင်ခြောက်ယောက်နဲ့ ဆင်အကြောင်း

မျက်မမြင်များနှင့် ဆင်ပုံပြင်မှာ မူကွဲအမျိုးမျိုး ရှိပါတယ်။
ဒီပုံပြင်ဟာ ယဉ်ကျေးမှုအမျိုးမျိုး အထူးသဖြင့် တရုတ်၊ အာဖရိကနှင့် အိန္ဒိယတို့မှာ ပေါ်ပေါက်ခဲ့တဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်ပြီး
နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိခဲ့ပေပြီ။ ပုံပြင်အချို့မှာမျက်မမြင်သုံးယောက်၊ အချို့ကတော့ ငါးယောက်သို့မဟုတ် ခြောက်ယောက်အဖြစ် ပုံဖော်ကြပါတယ်။
ဒါပေမဲ့ ပြောကြားချင်တဲ့ သတင်းစကားကတော့ အတူတူပါပဲ။ အောက်ဖော်ပြပါ ပုံပြင်ကတော့
မျက်မမြင်ခြောက်ယောက်နဲ့ ဆင်အကြောင်းပါ။

တစ်နေ့ဖားမလေး တစ်ကောင်ဟာ ကလေးမွေးသတဲ့

တစ်နေ့ဖားမလေး တစ်ကောင်ဟာ ကလေးမွေးသတဲ့ ၊ မွေးလာတဲ့ကလေးဟာ သူတို့နဲ့ အမျိုးစားမတူတဲ့ ဖားပြုတ်လေးတစ်ကောင် ထွက်လာတော့ ဖားထီးက ပြဿနာရှာတာပေါ့ ။
ဖြေရှင်းချက်လည်း အသည်းသန်တောင်းတာပေါ့ ။ ဒီတော့မှ ဖားမလေးက သူဟာအရင်က ပလတ်စတစ်ဆာဂျီရီ လုပ်ဖူးခဲ့တာကို ဝန်ခံပါတော့သတဲ့ ။
ဒီတော့ ဖားထီးလေးလည်း ဘာပြောရမှန်းမသိဖြစ်သွားပါသတဲ့။

လိပ်ရော့ခ်ကာ ခေါ် မာရီမြစ်လိပ် (Rocker Turtle)

လိပ်ရော့ခ်ကာ ခေါ် မာရီမြစ်လိပ် (Rocker Turtle)

ဆံပင်မွေးတစ်ထောင်ထောင်နဲ့ ရေညှိတက်နေတဲ့ ခေါင်းနဲ့ လိပ်ခွံကြောင့် သူ့ကို လိပ်ရော့ခ်ကာ (Rocker Turtle) လို့ နာမည်ပြောင် ပေးထားပါတယ်။ အမည်ရင်းကတော့ Mary River turtle ဖြစ်ပါတယ်။

သြစတေးလျနိုင်ငံ၊ Queensland အရှေ့ တောင်က Mary မြစ်မှာပဲ ရှိတာမို့ သူ့ကို မာရီမြစ်လိပ်လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် လက်မ ၂၀ လောက်ထိ အကြီးဆုံးတွေ့ရှိထားပါတယ်။ သြစတေးလျမှာ တစ်ချိန်တုန်း က အင်မတန် နာမည်ကြီးတဲ့ အိမ်မွေးတိရစ္ဆာန်တစ်မျိုး လည်း ဖြစ်ပါတယ်။ အခုတော့ အင်မတန်ရှားပါးနေပါပြီ။ မကြာမီ နှစ်များအတွက် ကမ္ဘာပေါ်မှာ မျိုးသုန်းပျောက် ကွယ်တော့မယ့် လိပ်မျိုးစိတ်အဖြစ်လည်း သတ်မှတ်ထား ပါတယ်။ 

မန်မာနိုင်ငံမှ ဒုက္ခသည်ခိုလှုံသူအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေထိုင်နေသော ချင်းတိုင်းရင်းသား မိသားစုမှ ကျောင်းသူလေးသည် ဘင် ကာဆင် ပညာချွန်ဆု ဆွတ်ခူးရရှိခဲ့ပါသည်။


မန်မာနိုင်ငံမှ ဒုက္ခသည်ခိုလှုံသူအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေထိုင်နေသော ချင်းတိုင်းရင်းသား မိသားစုမှ ကျောင်းသူလေးသည် ဘင် ကာဆင် ပညာချွန်ဆု ဆွတ်ခူးရရှိခဲ့ပါသည်။
မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့ ArbutusMiddle School အလယ်တန်းကျောင်းမှ အဋ္ဌမတန်းကျောင်းသူ မသီတာအေးသည် အမေရိကန် ပြည်ထောင်စုတစ်ခုလုံးမှ ကျောင်းသား ၅၁၀ ဦးကို ရွေးချယ်ပေးအပ်သော ဆုရရှိသူတစ်ဦး ဖြစ်ပါသည်။ ဒေါ်လာ ၁,၀၀၀ ချီးမြှင့်သောဆုအတွက် ရွေးချယ်ရာတွင် မသီတာအေး၏ စာစီစာကုံးကြောင့်လည်း တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့၏။ စာစီစာကုံးတွင် မြန်မာပြည်မှာ နေထိုင်ခဲ့ရသော သူမ၏ ဘဝနှင့် ကမ္ဘာကို ငြိမ်းချမ်းစွာ ပြောင်းလဲစေလိုသော သူမ၏ ဆန္ဒကို ရေးသားခဲ့ပါသည်။

အချစ်ကမ္ဘာမှာ ....

အချစ်ကမ္ဘာမှာ ....
တစ်ယောက်တည်းဆိုရင် အထီးကျန်တယ်။
နှစ်ယောက်ဆိုရင် ပျော်ရွှင်တယ်။
သုံးယောက်ဆိုရင် နာကျင်တယ်။
လေးယောက်ဆိုရင် ညှဉ်းပန်းနှိပ်စက်တယ်။
ချစ်သူရည်းစားကြားမှာ ကြားလူတစ်ယောက်ရှိလာပြီဆိုရင် နာကျင်ကြေကွဲရသူက နှစ်ယောက်ထက်မကတော့ပါဘူး။
အချစ်ကို ရှုပ်ထွေးအောင် မလုပ်ကြပါနဲ့....

အချစ်ကမ္ဘာဟာ စိတ်ညစ်၊ ကြေကွဲခြင်းပေါင်းတစ်ထောင် ထည့်ထားနိုင်လောက်အောင် ကြီးသလို
လူသုံးယောက်ဝင်နေရင် အသက်ရှူမဝ မွန်းကြပ်လောက်အောင်လည်း သေးငယ်ပါတယ်။

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ သိထား၊ ဆောင်ရန်အချက်များ

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ သိထား၊ ဆောင်ရန်အချက်များ

ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။

LG G Flex ကွေးကောက်စမတ်ဖုန်းမှာ အသက်ပါ


LG G Flex ကွေးကောက်စမတ်ဖုန်းမှာ အသက်ပါ
ခေါင်းစဉ်ကြောင့်မို့ တစ်မျိုးထင်မသွားပါနဲ့။ ပြောချင်တာကတေ့ အနာရှိရင် သူ့ဘာသူ ပြန်လည်ပြုပြင်ပေးနိုင်တဲ့ LG G Flex ရဲ့  ထူးခြားတဲ့ အစွမ်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ရိုဟင်ဂျာဟုဖြေသော ဘင်္ဂါလီများကို သန်းခေါင်စာရင်းမကောက်


စစ်တွေမြို့အနီး မွတ်စလင်လူမျိုးအများစုနေထိုင်ရာ ကျေးရွာတစ်ရွာတွင် သန်းခေါင်စာရင်းကောက်ယူမည့် သန်းခေါင်စာရင်း စာရင်းစစ်နှင့် စာရင်းကောက်များအား လုံခြုံရေးအပြည့်ဖြင့် မတ်လ ၃၀ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
အစိုးရက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟူသောအသုံးအနှုန်းကို လက်မခံနိုင်ကြောင်း တရားဝင် စာထုတ်ပြန်လိုက်သောကြောင့် ရခိုင်ပြည်သူများက သပိတ်လှန်လိုက်၍ သန်းခေါင်စာရင်းကောက်ယူနိုင်သော်လည်း ဘင်္ဂါလီအများစုက ရိုဟင်ဂျာဟုသာ ဖြေဆို၍ မကောက်ယူခဲ့ကြောင်း သတင်းရရှိသည်။

ဘဘရဲ့ တန်ဘိုးကြီးတဲ့ စာစကား

ဘဘရဲ့ တန်ဘိုးကြီးတဲ့ စာစကား
ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ်-ဟံသာဝတီ ဦးဝင်းတင်
ဘဘကိုယ်တိုင်ရေးပြီး ပေးပို့ ခဲ့တဲ့ ဘဘရဲ့ စာ ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီစာက အွန်လိုင်းမှာ အရင်က ကျနော်တင်ခဲ့ဘူးပါတယ်.
သို့ သော် မူရင်း ကိုခရက်ဒစ်မပေးရဲကြတဲ့ သူများအတွက် ကျနော်ပြန်မဖြေရှင်းလိုတော့ပါ။
ဖတ်ကြည့်လိုက်ပါ.....လေးစားလျက်
ကိုထွန်းဝေ

Facebook ရဲ့ privacy shortcuts များအကြောင်း

Facebook ရဲ့ privacy shortcuts များအကြောင်း
=======================
Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။
ဒီလို privacy shortcuts များကို US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။
ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Browser ၁ ခု ထဲမှာ အကောင့် တွေ ခွဲတွေ သုံးလို့ရအောင်

Browser ၁ ခု ထဲမှာ အကောင့် တွေ ခွဲတွေ သုံးလို့ရအောင်
=======================
Browser ၁ ခု ထဲမှာ အကောင့် တွေ ခွဲတွေ သုံးလို့ရအောင်လုပ်တဲ့ နည်းလေးတွေ ရှိပါတယ် ။ အများဆုံး သုံးဖြစ်တဲ့ Browser 2 ခု ဖြစ်တဲ့ သုံးနေကျ (1) Chrome (2) Mozillz (Firefox) တို့ မှာ ဘယ်လိုသုံးလို့ရလည်း ဆိုတာပါ ။

FACEBOOK ရဲ့အသစ်တိုးလာတဲ့ "TRUSTED CONTACTS" ဆိုတာ

FACEBOOK ရဲ့အသစ်တိုးလာတဲ့ "TRUSTED CONTACTS" ဆိုတာ
=================================
Facebook ကအကောင့် လော့ကျသွားတဲ့ အခါ ကိုယ်အယုံကြည်ဆုံး၊ အခင်ဆုံး သူငယ်ချင်းတွေက ကိုယ့်အကောင့်ကို ပြန်ရအောင် လုပ်ပေးမယ့် "Trusted Contacts" ဆိုတဲ့ feature ကိုထပ်တိုး လိုက်ပါပြီ။
Facebook ကကိုယ့် Account Security ကိုကိုယ့်သူငယ်ချင်းတွေ လက်ထဲကို ထည့်ပေး လိုက်ပါပြီ။ ကိုယ့်ရဲ့ Account လော့ကျ သွားတဲ့အခါ ကိုယ်အယုံဆုံး၊ အခင်ဆုံး သူငယ်ချင်း တွေက Account ကိုပြန်ရအောင် လုပ်ပေး နိုင်တော့မှာပါ။

ကျွန်မ ရဲ့  သူလိုလင်


( ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ ဇနီး ဒေါ်ခင်ရီ ရေးတဲ့ “ကျွန်မပြောချင်တဲ့ ကျွန်မတို့ လင်မယား အကြောင်း” ဆောင်းပါးမှ ကောက်နုတ်ချက် )
ကို Yan Naung Soe ရဲ့ facebook မှ ကူးယူ ဝေမျှ ပါတယ်။ကျေးဇူးတင်ပါတယ်။( Fireflies )
................................ ကျွန်မ ရဲ့  သူလိုလင် ..........................

ကျမ ကွင်းလျားရွာမှာ ကျောင်းတက်တော့ အသက်က 14 နှစ် 7 တန်းကျောင်းသူဖြစ်ပါတယ် ။ ကွင်းလျားရွာဆိုတာ ငသိုင်းချောင်းနဲ့ 6 မိုင်လောက်ဝေးပါတယ် ။ သူက ငသိုင်းချောင်းရဲ့ တစ်ဖက်ကမ်းက ဒေါင့်ကြိးရွာမှာနေပါတယ် ။ သူနဲ့ ကျမ ကအသက်အားဖြင့် 5 နှစ်ကျော် 6 နှစ်နီးပါး ကွာပါတယ် ။ သူက အဲဒီတုန်းက ဥပစာ ပထမနှစ် တက်နေပါပြီ ။ သူက ကျမဆရာနဲ့ မှ သူငယ်ချင်းတွေ ဖြစ်တော့ ဆရာက မိတ်ဆက်ပေးလို့သာ သိခဲ့ကြပါ ။ နောက်ပိုင်း စစ်တွင်းမှာ ခေတ်ကာလ အခြေနေတွေ ဆိုးလာလို့ ကျမတို့ မိသားစုက ငသိုင်းချောင်းကို ပြောင်းနေရပါတယ် ။ ကျမ ဖခင်ဆုံးပြီးနောက်ပိုင်းမှာ ငသိုင်းချောင်း အမျိုးသားကျောင်းမှာ လက်နိပ်စက်နဲ့ စာရင်းကိုင်သင်တန်းတွေ တက်ပါတယ် ။ အဲဒီသင်တန်းတွေကို သူလည်းလာတက်ပါတယ် ။ သူက လက်ရေးတိုနဲ့ စာရင်းကိုင် ဘာသာတွေ မှာ ပထမ ၊ ကျမက လက်နှိပ်စက်မှာ ပထမ ရကြပါတယ် ။ 

မနက်ဖြန်တိုင်း ပိုကောင်းမယ်ဆိုတာကို ယုံကြည်ခဲ့လို့ဖြစ်တယ်။

လူတိုင်း ပြီးပြည့်စုံသူတွေမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းလည်း ပြီးပြည့်စုံနိုင်တာမဟုတ်ပါဘူး ... လူ့အဖွဲ့အစည်းဆိုတာ မပြီးပြည့်စုံတဲ့လူတွေနဲ့ ဖွဲ့စည်းထားလို့ပါ။
သင်လုပ်ရမယ့်တာဝန်က တခြားလူထက် နည်းနည်းပိုဝီရိယရှိမယ်၊ နည်းနည်းပိုကြိုးစားမယ်၊ နည်းနည်းပိုတွေးပိုမြင်မယ်ဆိုရင် ဒီလောက,က ကောင်းလာမှာပဲ။ ကျွန်တော်က ဒီလိုပဲဖြတ်သန်းလာခဲ့သူပါ။
ဒီကနေ့မှာ ကျွန်တော်ဒီလိုရပ်တည်နိုင်ခဲ့ရတာဟာ ကျွန်တော့်ရွယ်တူတွေထက် ကျွန်တော့်မှာအကောင်းမြင်စိတ် ပိုရှိလို့ ၊ ပျော်ရွှင်ခြင်းတွေကို ပိုရှာဖွေတတ်ခဲ့လို့၊
ညာလက်ကိုအသုံးပြုပြီး ဘယ်လက်ကို နွေးထွေးမှုတွေ ပိုပေးတတ်ခဲ့လို့၊ မနက်ဖြန်တိုင်း ပိုကောင်းမယ်ဆိုတာကို ယုံကြည်ခဲ့လို့ဖြစ်တယ်။

Ma Yun

Saturday, March 29, 2014

ဒေါ်လာတစ်သန်းတန် သင်ခန်းစာ

ဒေါ်လာတစ်သန်းတန် သင်ခန်းစာ

တစ်နေ့တော့ အကျိုးဆောင်ကုမ္မဏီက လူတစ်ယောက်ဟာ တက္ကစီတစ်စီး ငှားစီးလိုက်ပါတယ်။ သူ့ကို မြို့အနောက်ဖက်မှာနေတဲ့ လူကုံထံအသိုင်းအ၀ိုင်းတစ်ခုက အိမ်ဝယ်မလို့ တိုင်ပင်ဖို့ ခေါ်လိုက်တာဖြစ်ပါတယ်။ အဲဒီမိသားစုဟာ အလွန်ပစိပစပ်နိုင်ပြီးတော့ ပြောရဆိုရတာလဲလက်ပေါက်ကပ်လို့ အခြားအကျိုးဆောင်တွေကတောင် ရှောင်ကြတဲ့သူတွေပါ။

တက္ကစီ ငှားစီးရင်းနဲ့ တက္ကစီသမားဟာ အရမ်းကိုပျော်နေတယ်။ ကားမောင်းတဲ့အခါမှာလဲ အလွန်ဂရုတစိုက်နဲ့မောင်းတယ်။ ဒါနဲ့သူက ခင်ဗျားဘာလို့ လုပ်ငန်းခွင်မှာပျော်ရွင်တာလဲလို့မေးလိုက်တယ်။

ဘဝကြမ်းမှာ ရုန်းကန်ခဲ့တဲ့ Walt Disney တည်ထောင်သူ

ဘဝကြမ်းမှာ ရုန်းကန်ခဲ့တဲ့ Walt Disney တည်ထောင်သူ

လက်ရှိ ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ Walt Disney ကို တည်ထောင်ခဲ့ သူက Walter Elias Disney လို့အမည်ရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်ပါတယ်။

အထက်တန်း တောင် ပြီးအောင် မတက်နိုင်ခဲ့တဲ့ ကျောင်းထွက် ဖြစ်ပြီး သတင်းစာ တိုက်တစ်ခုမှ အယ်ဒီတာ လုပ်နေတုန်း အလုပ်ထုတ် ခံရ ပါတယ်။ တွေးခေါ်ယူဆမှု၊ အိုင်ဒီယာကောင်း မရှိသူလို့ မှတ်ချက် အပေးခံ ရပြီး အလုပ်ထုတ်ပယ်ခံရခြင်း ဖြစ်ပါတယ်။ နောက်တော့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ၂ ခု ကြိုးစားလုပ်ကိုင်ခဲ့ပါသေးတယ်။ ရလဒ်ကတော့ ၂ ကြိမ်စလုံး ဒေဝါလီခံရခြင်း ဖြစ်ပါတယ်။ 

ကျန်းမာရေးက တစ် ၊ ကျန်တာတွေ သုည ( နိုင်းနိုင်းစနေ ဘာသာပြန်သည် ။)

ကျန်းမာရေးက တစ် ၊ ကျန်တာတွေ သုည ( နိုင်းနိုင်းစနေ ဘာသာပြန်သည် ။)
-------------------------------------------
( တရုတ်ရုပ်သံ CCTV မှာ ကျန်းမာရေးပညာရှင် ပါမောက္ခWan Cheng Kui(万承奎) အသက် ၈၀ နှစ်၊ ပြောပြတဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ အသက်ရှည်ရေး ရဲ့ လျှို့ဝှက်ချက်များ။ )
(၁) ကျန်းမာဖို့အတွက် သင့်ကိုယ်ပေါ်မှာမူတည်တယ်။

Friday, March 28, 2014

ဆရာဝန်များအတွက် Google Glass

ဆရာဝန်များအတွက် Google Glass
====================
ရောင်းအားအကောင်းဆုံးသော ပစ္စည်းကိရိယာ အမျိုးအစားများတွင် Google Glass အနေဖြင့် ပါဝင်ခြင်း မရှိပေ။ သို့သော်လည်း အဆိုပါ Glass အနေဖြင့် ဆရာဝန်များကိုယ်တိုင် အသုံးပြုနိုင်ရန် စိတ်ဝင်စားအောင် ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သော ဆရာဝန်များ အနေဖြင့် လူနာထံမှ ဆေးကုသခြင်းဆိုင်ရာ အချက်အလက်များကို Google Glass ကိုအသုံးပြု၍ သိရှိနိုင်တော့ မည်ဖြစ်ပေသည်။

အီတလီကဗျာဆရာ Dante Alighieri က ဒီလိုပြောဖူးတယ်။ “ကိုယ့်လမ်းကိုယ်လျှောက်ပါ.. လူတွေ ပြောချင်ရာပြောပါစေ”တဲ့။

အီတလီကဗျာဆရာ Dante Alighieri က ဒီလိုပြောဖူးတယ်။ “ကိုယ့်လမ်းကိုယ်လျှောက်ပါ.. လူတွေ ပြောချင်ရာပြောပါစေ”တဲ့။

သင့်လမ်းကို သင်ရှာတွေ့သွားတဲ့အခါ အဲဒီလမ်းဟာ ချောမွတ်ချင်မှ ချောမွတ်မယ်။ ဆူးခက် ခလုတ်ကန်သင်းတွေနဲ့လည်း ပြည့်နှက်နိုင်တယ်။ ဒီလမ်းကို သင်ဖြတ်ကျော်ဖို့လုပ်တဲ့အခါ သင့်ဘေးက သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေက သင့်ကို ဒီလမ်းမဖြတ်ဖို့၊ လက်လွှတ်လိုက်ဖို့ တားရင်တားကြမယ်။ ဒါမှမဟုတ် ဖြတ်ကျော်ပါလို့ အားပေးရင်လည်း ပေးကြမယ်။ သင့်အပေါ်မကောင်းတဲ့လူက သင့်ကို လှောင်ပြောင်မယ်၊ တိုက်ခိုက်မယ်၊ ပြောကြဆိုကြမယ်။ ဒီလိုအဖြစ်မျိုးနဲ့ ကြုံလာတဲ့အခါ မိမိကိုယ်ကိုယ်ယုံကြည်မှုကိုသင်ပိုဆုပ်ကိုင်ထားရပါမယ်။ တခြားလူရဲ့စကားတွေကြောင့် ကိုယ့်နဂိုရည်ရွယ်ချက်ကို မပျက်ပြားစေပါနဲ့။ ဒီလမ်းဟာ သင်ရွေးချယ်တဲ့လမ်းလို့ သင့်ကိုယ်သင်ယုံကြည်ရင် မတွန့်မဆုတ်နဲ့ ရဲရဲသာလျှောက်ပါ။ နောက်ဆုံးမှာ သင်နဲ့သက်ဆိုင်တဲ့လမ်းကို သင်အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

--- ထင်ရှားသူတို့၏ဘဝပုံပြင်စာအုပ်မှ

Nikolai Ostrovsky



Nikolai Ostrovskyက ရုရှား နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်တယ်။ သူဟာ သူရေးသားခဲ့တဲ့ How the Steel Was Tempered (သံမဏီတွေမာအောင် ဘယ်လိုပြုလုပ်ခံခဲ့ရသလဲ) ဆိုတဲ့ စာအုပ်ထဲက ဇာတ်လိုက်Pavel Korchagin အတိုင်း ကမ္ဘာ့အရပ်ရပ်က စိတ်ဆန္ဒပြင်းပြသူ၊ ရည်မှန်းချက်ရှိသူတို့ရဲ့ မိတ်ဆွေကောင်း၊ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။

ကံကြမ္မာက Ostrovskyအပေါ်ရက်စက်လွန်းခဲ့ပါတယ်။ သူဟာ မူလတန်း၃နှစ်တက်ခဲ့ဖူးပြီး သူ့ရဲ့နုပျိုတဲ့အရွယ်ကို စစ်မြင်းပေါ်ဒုန်းစိုင်းစီးပြီး ကျည်ဆံမိုးတွေကြားမှာ ဖြတ်သန်းကုန်လွန်ခဲ့တယ်။ ၁၆နှစ်အရွယ်မှာ သူ့ရဲ့ဝမ်းဗိုက်ပိုင်းနဲ့ ခေါင်းပိုင်းမှာ ဒဏ်ရာအကြီးအကျယ်ရခဲ့တယ်။ ညာမျက်လုံးကွယ်ခဲ့တယ်။ အသက် ၂ဝအရွယ်မှာ အဆစ်မာရောဂါနဲ့ အိပ်ရာက မထနိုင်ဖြစ်ခဲ့တယ်။

တန်ဖိုးဖြတ်မရတဲ့ ရေခဲထုပ်


***တန်ဖိုးဖြတ်မရတဲ့ ရေခဲထုပ်***
*************************
ဒီနေ့ ဥသျှစ်ပင်-ပြည် လမ်းမဘေးမှာ မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် စီးလာတဲ့ဆိုင်ကယ်ကို ရပ်လိုက်မိပါတယ်။
နေ့လည် ၁နာရီခွဲ ကတ္တရာလမ်းအရည်ပျော်အောင် ပူပြင်းလှတဲ့နေရောင်အောက်မှာ တစ်ယောက်ကိုတစ်ယောက် ဖေးကူရင်း ယိုင်နဲ့နဲ့ခြေလှမ်းများနဲ့ ရေခဲထုပ်ရောင်းနေတဲ့ အဖိုးအဖွါးနှစ်ယောက်ကို တွေ့လိုက်ပါတယ်။
ဇရာကိုအံတုရင်း ကိုယ့်ဝမ်းကိုယ်ကျောင်းနေတဲ့ အဖိုးနဲ့အဖွါးကို တော်တော်လေးစား အထင်ကြီးမိပါတယ်။
ကျနော်တို့ပါတ်ဝန်းကျင်မှာ သူတို့ထက် ငယ်ရွယ်သန်စွမ်းပြီး တောင်းစားနေကြသူတွေ အများကြီးတွေ့ဖူးပါတယ်။

သေမယ်ဆိုတာ ကြိုသိတဲ့အခါ


သေမယ်ဆိုတာ ကြိုသိတဲ့အခါ ( သန္တာဝင်း ဘာသာပြန်သည်။ )
-------------------------------
မျက်နှာအလှပြုပြင်ခွဲစိတ်ကုဆရာဝန် ဒေါက်တာ ရစ်ချတ်ဟာ အသက် ၄၀အရွယ်၊ သန်းကြွယ်သူဌေး တစ်ဦးဖြစ်ပါတယ်။ သူဟာ နောက်ဆုံးအဆင့် အဆုပ်ကင်ဆာဖြစ်ပွားနေကြောင်း သိရပြီးနောက် သူ့ရဲ့ဘ၀အကြောင်းကို ၁၉.၀၁.၁၂ နေ့မှာ သွားဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသားများရှေ့မှာ ကိုယ်ကျိုးမငှဲ့ပဲ လူအများအတွက် တွေ့ဆုံပြောပြခဲ့ပါတယ်။