အမြင့်ကိုပျံမယ့် ငှက်ဇင်ယော် ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )
------------------------------
မိဘတိုင်းက ကိုယ့်သားသမီးကို လိမ္မာထက်မြက်စေချင်ကြတာချည်းပဲ။
------------------------------
မိဘတိုင်းက ကိုယ့်သားသမီးကို လိမ္မာထက်မြက်စေချင်ကြတာချည်းပဲ။
"မကြိုးစားချင်"တဲ့ သားသမီးတွေနဲ့ ကြုံရတဲ့အခါ ဘယ်မိဘတွေကများ
ကိုယ်ချင်းစာစိတ်နဲ့ နားလည်မှုတွေ ပေးနိုင်ခဲ့ကြသလဲ ။
တချို့ကပြစ်တင်ဆဲဆိုဖို့၊ တချို့က ရိုက်နှက်ဖို့နဲ့ ပဲ နားလည်ကြတယ်။
ဒီလိုအဖြစ်က သားသမီးတွေကိုဆုံးမရာမှာ အသုံးမဝင်တဲ့အပြင်သူတို့အတွက်
စိတ်ဒဏ်ရာနဲ့ ကိုယ့်ကိုယ်မယုံကြည်မှုတွေ ပိုတိုးစေပြီးသင်ယူရမှာကို
မုန်းတီးသွားနိုင်ပါတယ်။
"မကြိုးစားချင်"တဲ့ သားသမီးတွေနဲ့ ကြုံရတဲ့အခါ၊ မိဘတွေက
ကိုယ့်ဒေါသစိတ်ကိုအရင်ဆုံး မထိန်းချုပ်နိုင်ခဲ့ရင် ကလေးကိုပြောဆို
ဆုံးမရာမှာအရာရောက်မှာ မဟုတ်ဘူး။
မိဘလုပ်သူက အရင်ဆုံး တည်ငြိမ်တဲ့EQ၊ငြိမ်သက်တဲ့ ရင်ဘတ်၊
ကျယ်ပြန့်တဲ့အတွေး အမြင်ရှိမှ သားသမီးတွေကို
ညွှန်ပြဆုံးမနိုင်မှာဖြစ်တယ်။
---------------
ကလေးတစ်ယောက်ဟာ အဖြစ်အပျက်တစ်ခုကို
နားမလည်နိုင်အောင် ဖြစ်နေတယ်။
ဘာဖြစ်လို့ သူ့ဘေးခုံက သူငယ်ချင်းက အဆင့်တစ်အမြဲလိုလို ရနေပြီး
အဆင့်တစ်ရဖို့ မှန်းထားတဲ့သူက အဆင့် (၂၁)ဖြစ်နေခဲ့ရသလဲ
ဆိုတာနဲ့ပတ်သက်ပြီး နားမလည်နိုင်ပဲဖြစ်နေတာ ။
ဒီလိုနဲ့ အိမ်ပြန်ရောက်တော့အမေဖြစ်သူကို "မေမေ.. မေမေ သားကသူ့ထက်
ပိုညံ့နေလို့လား။ သားက သူ့လိုပဲ ဆရာမ စကားကိုလည်းနားထောင်တယ်၊
စာကိုလည်းမှန်မှန်လုပ်တယ်။
ဒါပေမယ့် ဘာဖြစ်လို့ သားက သူ့ထက်အမှတ်နည်းရသလဲ။"
သားစကားကိုကြားတော့ အမေက သားဟာ ကိုယ့်ကိုယ်လေးစားစိတ်
(Self-esteem) ရှိလာပြီလို့ ထင်မိတယ်။
ဒီလို ကိုယ့်ကိုယ်လေးစားစိတ်ကို ကျောင်းစာရဲ့အဆင့်က
ထိခိုက်နာကျင်စေခဲ့တယ်။
အမေဟာ သားအမေးကိုမဖြေဘဲ သားကိုပဲကြည့်နေခဲ့တယ်။ ဘယ်လိုအဖြေမျိုး
ပေးရမယ်မှန်း သူ မစဉ်းစားတတ်လို့ပါ။
နောက်တစ်ကြိမ်စာမေးပွဲမှာ သားအဆင့်(၁၇)ရပြီး သားသူငယ်ချင်းက
အဆင့်တစ်ရပြန်တယ်။ အိမ်ရောက်တာနဲ့ သားက အရင်အတိုင်း
အမေ့ကိုထပ်မေးပြန်တယ်။
"သာမန်လူတစ်ဦးရဲ့ အသိဥာဏ်က ၃၆၉ရှိပြီး အဆင့်တစ်ရသူရဲ့ ဦးနှောက်က
တစ်ခြားလူထက် ပိုသွက်လက်လို့"လို့ သားကို သူဖြေချင်ခဲ့တယ်။
ဒါပေမယ့်ဒီလိုအဖြေမျိုးက သားလိုချင်ခဲ့တဲ့ တကယ့်အဖြေလား။
ဒါကြောင့် သားအမေကိုသူမဖြေခဲ့ပြန်ဘူး။
သားကို ဘယ်လိုပြန်ဖြေရမလဲလို့ သူအမြဲတွေးနေခဲ့တယ်။
တစ်ခြားမိဘတွေ ဖြေခဲ့ဖူးတဲ့ အပ်ကြောင်းထပ်အဖြေတွေလို
"သားက အဆော့မက်လို့၊ကြိုးစားမှုနည်းလို့၊ တစ်ခြားလူထက် မကြိုးစားလို့"
စတဲ့ အဖြေတွေဖြေဖို့ သူစဉ်းစားခဲ့ဖူးသေးတယ်။
ဒါပေမယ့် သားလိုဥာဏ်ထိုင်းတဲ့သူ၊ အတန်းထဲမှာ အဆင့်မမှီတဲ့
သူတစ်ယောက်အဖို့ဘဝမှာ ရှင်သန်ရတာကိုက တစ်ခြားလူထက်
ပိုပင်ပန်းနေခဲ့ပါပြီ။
ဒါကြောင့်သားရဲ့ထပ်တလဲလဲ အမေးအတွက် ပြည့်စုံတဲ့အဖြေတစ်ခုပေးဖို့
သူဆုံးဖြတ်လိုက်တယ်။
မူလတန်းအောင်ခဲ့တဲ့ သားက အရင်ထက်ပိုကြိုးစားခဲ့ပေမယ့် သူ့သူငယ်ချင်းကို
မမှီခဲ့ဘူး။ဒါပေမယ့် အရင်ကထက်စာရင် အမှတ်တွေ ကောင်းခဲ့တယ်။
သားရဲ့တိုးတက်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ အမေဟာ သားနဲ့အတူ
ပင်လယ်ဖက်ဆီအလည်အပတ် ထွက်ခဲ့ကြတယ်။
အဲဒီခရီးစဉ်မှာပဲ သားရဲ့အမေးကိုသူပြန်ဖြေပေးနိုင်ခဲ့ပါတယ်။
------------
အခုအချိန်မှာတော့ ကလေးငယ်ဟာ အဆင့်အတွက်နဲ့
အခုအချိန်မှာတော့ ကလေးငယ်ဟာ အဆင့်အတွက်နဲ့
စိုးရိမ်ပူပန်မနေရတော့ဘူး။
မူလတန်းတုန်းက သူအဆင့်ဘယ်လောက် ရခဲ့ကြောင်းကို လူတွေမေးမှာ
မကြောက်ရတော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ သားဟာ အထက်တန်းကို ပထမအဆင့်နဲ့
အောင်မြင်ခဲ့လို့ပါ။
ဲအဲဒီ ဆုပေးပွဲမှာ သားက ကျောင်းသားနဲ့ အုပ်ထိန်းသူတွေကို သူပထမရတဲ့
အတွေ့အကြုံကို ပြောပြခဲ့တယ်။
ဟောပြောပွဲမှာ ငယ်ငယ်ကအမေနဲ့တွေ့ကြုံခဲ့တာကို သူက
ဒီလိုပြန်ပြောပြခဲ့တယ်။
"အဲဒီနေ့က ကျွန်တော်နဲ့မေမေ သဲသောင်ပြင်ပေါ်မှာ ထိုင်နေခဲ့ကြတယ်။
မေမေကကမ်းခြေတစ်နေရာကို ထိုးပြပြီး "သား ၊ပင်လယ်ဘေးက
အစာရှာနေတဲ့ငှက်ကလေးတွေကို ကြည့်လိုက်၊ လှိုင်းလာတဲ့အချိန်
တစ်ခြားငှက်တွေက အတောင်၂ချက်၊ ၃ချက်ခတ်ပြီး
အမြန်ရှောင်လိုက်နိုင်တယ်။
ဒါပေမယ့် ဇင်ယော်တွေကပိုနှေးကွေး၊ ထုံအ နေသလိုပဲ၊ ကမ်းခြေကနေ
အမြင့်ကိုပျံဖို့လည်း သူတို့ခမျာ အချိန်တော်တော်ယူရတယ်။
ဒါပေမယ့် တကယ့်ကျယ်ပြန့်တဲ့ ပင်လယ်ပြင်ကိုပျံသန်းကျော်ဖြတ်နိုင်တာလည်း
အဲဒီဇင်ယော်ငှက်တွေပဲ" လို့ပြောခဲ့တယ်။
အဲဒီဟောပြောပွဲမှာ မိခင်တော်တော်များများနဲ့အတူ သူ့မေမေလည်း
မျက်ရည်ကျခဲ့ရတယ်။
သူအမေက အကူအညီမဲ့တဲ့စကား၊စိတ်ပျက်အားငယ်စေတဲ့စကားတွေ သားကို
ဘယ်တော့မှမပြောခဲ့ဘူး။သင့်တော်တဲ့အဖြေ မတွေ့ခင်မှာ
တိတ်တိတ်လေးနေခဲ့တယ်။
တစ်လှမ်းချင်း တဖြေးဖြေးကြီးပြင်းလာတဲ့သားကို အားပေးဖေးမခဲ့တယ်။
ဒီလို နားလည်ခွင့်လွတ်တတ်တဲ့မိခင်ရင်ခွင်ထက်က
ကြီးပြင်းခဲ့တဲ့သားဟာ နောက်ဆုံးမှာ အကောင်းဆုံးကို
ရွေးချယ်နိုင်ခဲ့တယ်။
အဆုံးအမဆိုတာဘဝတစ်ခုလုံးအတွက် လေးစားကြည်ညိုခြင်းနဲ့
လှုပ်နှိုးခြင်းဖြစ်ပြီးကိုယ်ထဲခိုအောင်းနေတဲ့ ဖြစ်နိုင်စွမ်းတွေကိုဖွံ့ဖြိုး
တိုးတက်စေတာဖြစ်တယ်။
ကလေးငယ်တွေ ကျန်းကျန်းမာမာကြီးထွားရှင်သန်အောင်
လူကြီးမိဘတွေမှာ ငြိမ်းချမ်းတည်ငြိမ်တဲ့စိတ်နှလုံး၊
ကျယ်ပြန့်တဲ့ရင်ခွင်တွေ ရှိသင့်ပါတယ်။
ဒါဟာ ခွင့်လွတ်နားလည်တဲ့စိတ်ရဲ့အခြေခံတွေပဲဖြစ်တယ်။
-----------------------
credit to နိုင်းနိုင်းစနေ
-----------------------
credit to နိုင်းနိုင်းစနေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။