Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 30, 2014

မန်မာနိုင်ငံမှ ဒုက္ခသည်ခိုလှုံသူအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေထိုင်နေသော ချင်းတိုင်းရင်းသား မိသားစုမှ ကျောင်းသူလေးသည် ဘင် ကာဆင် ပညာချွန်ဆု ဆွတ်ခူးရရှိခဲ့ပါသည်။


မန်မာနိုင်ငံမှ ဒုက္ခသည်ခိုလှုံသူအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေထိုင်နေသော ချင်းတိုင်းရင်းသား မိသားစုမှ ကျောင်းသူလေးသည် ဘင် ကာဆင် ပညာချွန်ဆု ဆွတ်ခူးရရှိခဲ့ပါသည်။
မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့ ArbutusMiddle School အလယ်တန်းကျောင်းမှ အဋ္ဌမတန်းကျောင်းသူ မသီတာအေးသည် အမေရိကန် ပြည်ထောင်စုတစ်ခုလုံးမှ ကျောင်းသား ၅၁၀ ဦးကို ရွေးချယ်ပေးအပ်သော ဆုရရှိသူတစ်ဦး ဖြစ်ပါသည်။ ဒေါ်လာ ၁,၀၀၀ ချီးမြှင့်သောဆုအတွက် ရွေးချယ်ရာတွင် မသီတာအေး၏ စာစီစာကုံးကြောင့်လည်း တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့၏။ စာစီစာကုံးတွင် မြန်မာပြည်မှာ နေထိုင်ခဲ့ရသော သူမ၏ ဘဝနှင့် ကမ္ဘာကို ငြိမ်းချမ်းစွာ ပြောင်းလဲစေလိုသော သူမ၏ ဆန္ဒကို ရေးသားခဲ့ပါသည်။

Ben Carson Scholarship သည် ပညာရေးထူးချွန်မှုနှင့် လူ့ယဉ်ကျေးမှုကျင့်ဝတ် မြင့်မားမှုတို့ပေါ်မူတည်၍ ၄ တန်းမှ ၁၁ တန်းအထိ ကျောင်းသူကျောင်းသားများကို ရွေးချယ် ချီးမြှင့်ပါသည်။
ယခု အသက် ၁၄ နှစ် ရှိပြီဖြစ်သော မသီတာအေးနှင့် မိသားစုသည် စစ်အစိုးရလက်အောက် မြန်မာနိုင်ငံမှ မိုင် ၁,၁၀၀ ဝေးသော မလေးရှားသို့ လှေဖြင့် ထွက်ပြေးခဲ့ကြပြီး ဒုက္ခသည်စခန်းတွင် တစ်နှစ်ခန့် နေထိုင်ခဲ့ကြရပါသည်။ ထိုမှတစ်ဆင့် အမေရိကားသို့ ၂၀၀၉ ခုနှစ်တွင် ရောက်ရှိလာခဲ့သည်။
ရွက်ဖျင်စဖုံးထားသော လှေကလေး တစ်စင်းထဲတွင် သူမတို့ မိသားစု ပုန်းအောင်းပြီး မလေးရှားသို့ မိုင်ထောင်ကျော်ခရီးကို ထွက်ပြေးခဲ့ရပုံကို မနေ့တစ်နေ့ကလိုပင် မှတ်မိသတိရနေသေးကြောင်း မသီတာအေးက ပြောပြပါသည်။ သူတို့မိသားစုသည် အစာမစားရသော ရက်များ ရှိခဲ့သည်။
"အဲဒီလို စွန့်ခဲ့ရကျိုးနပ်ပါတယ်။ ခုတော့ ကျွန်မတို့ ဘဝမှာ ကောင်းကောင်းမွန်မွန်နေနိုင်ပါပြီ" "အမေရိကားကို ရောက်လာတာဟာ ဘဝမှာ အပြောင်းအလဲ ကာလတစ်ခုပါပဲ" ဟူ၍ မသီတာအေးက ပြန်လည် ပြောပြပါသည်။
မြန်မာနိုင်ငံမှ ဘဝနှင့် အမေရိကန်မှ ဘဝအကြောင်းကို မသီတာအေးက သူမ၏ အင်္ဂလိပ်စာသင်ခန်းစာတွင် သင်ကြားရသော ချားလ်စ် ဒစ်ကင်း၏ "မြို့ကြီးနှစ်ခု၏ပုံပြင်" စာအုပ်ဖြင့် နှိုင်းယှဉ်ပြောပါသည်။
"ဆင်းရဲတဲ့ လူတန်းစားနဲ့ ချမ်းသာတဲ့ လူတန်းစားက အလွန်ပဲ ကွာခြားလွန်းပါတယ်။ ကျွန်မတို့က ဆင်းရဲတဲ့ လူတန်းစားဆိုတော့ ပတ်ဝန်းကျင်ကောင်းကောင်း မနေခဲ့ရဘူး၊ ပြီးတော့ အကြမ်းဖက်တာတွေလည်း အများကြီး ဖြစ်နေတာပါ" ဟု မသီတာအေးက ပြောကာ အမေရိကန်မှ ဘဝမှာတော့ လုံးဝ ဆန့်ကျင်ဖက်ဖြစ်ကြောင်း ပြောပါသည်။
မိမိတို့နေထိုင်ရာ မြို့၊ ပြည်နယ်၊ တိုင်းပြည်များတွင် သတင်းထူးရှိလျှင်၊ မြန်မာ့ ပွဲလမ်းအခမ်းအနား ရှိလျှင်၊ ထူးချွန်ထက်မြက်သူများ ရှိလျှင် ကမ္ဘာသစ်သို့ ဆက်သွယ်၍ သတင်း ပေးပို့နိုင်ပါသည်။editor@kabarthit.com
"မေမေနဲ့ ဖေဖေက အရမ်းကို ပင်ပင်ပန်းပန်း အလုပ် လုပ်ရတာ ကျွန်မသိပေမယ့်လည်း သူတို့လုပ်သမျှ အကျိုးရှိတယ်လေ။ ကျွန်မ ကျောင်းကောင်းကောင်းကြီးမှာ တက်ရတယ်၊ အရမ်းကောင်းတဲ့ ဆရာဆရာမတွေနဲ့ သင်ရတယ်" ဟု ပြောသည်။
မသီတာအေးသည် အာဘူတပ်စ် အလယ်တန်းကျောင်းတွင် ပါရမီထူးချွန်သောအတန်းမှာ တက်ရပြီး ချီးကျူးဖွယ်ကျောင်းသူဖြစ်ကြောင်း အင်္ဂလိပ်စာဆရာမ လင်း အယ်လိယော့တ်က ပြောကြားသည်။
နွံထဲမှပွင့်လန်းလာသော ပဒုမ္မာရွှေကြာပန်း
သူမသည် ပညာရေးမှာသာမက သီချင်းလည်း ဝါသနာပါကာ သံပြိုင်သီချင်းအဖွဲ့တွင် ပါဝင်ပါသည်။ အသံကောင်း၊ အဆိုကောင်းကြောင်း ဆရာမက ချီးမွမ်းပြောကြားသည်။
မသီတာအေးသည် ဖခင် ဦးငွန်းနေ၊ မိခင် ဒေါ်ဟွိုင်ခန်း၊ အစ်မ ဆွန် (၁၆ နှစ်)၊ ညီမ ဇင်း (၄ နှစ်) နှင့် အယ်လိဇဘက် (၃ နှစ်) တို့နှင့်အတူ နေထိုင်ပါသည်။
မိခင်သည် သူမကို ဆက်လက်၍ စိတ်အားတက်ကြွစေရင်း သူမအတွက် စံပြပုဂ္ဂိုလ်ပင် ဖြစ်ကြောင်းလည်း ပြောပြသည်။
"မေမေက အရမ်းမာတယ်၊ မိဘမဲ့အဖြစ်နဲ့ ကြီးပြင်းလာရတာ၊ အရမ်းဆိုးဝါးကြမ်းတမ်းတဲ့ အခြေအနေမှာ နေခဲ့ရတာပါ၊ မေမေဟာ အလှဆုံး ပွင့်လန်းလာတဲ့ ပန်းလေးတစ်ပွင့်လိုပေါ့ရှင်"ဟု မသီတာအေးက ပြောကြားပါသည်။
မိခင်က သူမအား ဘဝကို အပြုသဘော ရှုမြင်ဖို့ သင်ပေးသည်ဟု ဆိုသည်။
"ဘဝဆိုတာ ကိုယ်က သူ့အပေါ် ဘယ်လိုမြင်သလဲဆိုတဲ့အပေါ် မူတည်တယ်လို့ မေမေက သင်ပေးတယ်" ဟု ပြောပါသည်။
တစ်နေ့မှာ ဆရာဝန်တစ်ယောက်အနေဖြင့် ကမ္ဘာကို ပတ်ပြီး ခရီးသွားချင်ကြောင်း၊ ဒါမှသာ မြန်မာပြည်မှာ ကျန်ခဲ့သော ဆွေမျိုးသားချင်းများကဲ့သို့ လိုအပ်ချို့တဲ့နေသူများကို ကူညီနိုင်မှာ ဖြစ်ကြောင်း မသီတာအေးက ပြောကြားသည်။
ယခုလည်း မသီတာအေးသည် လိုအပ်နေသူများကို ကူညီပေးလျက်ရှိသည်။ အင်္ဂလိပ်၊ မြန်မာနှင့် သူမ၏ မိခင်ဘာသာဖြစ်သော ဇိုတန်း ချင်းဘာသာစကားများကို ကျွမ်းကျင်စွာ တတ်မြောက်သော မသီတာအေးသည် သူမနေထိုင်ရာ ပတ်ဝန်းကျင်ရှိ မြန်မာများကို ဘဏ်၊ ကျောင်း၊ ဆေးရုံနှင့် အခြားနေရာဌာနများတွင် ဘာသာပြန် ကူညီပေးနေပါသည်။
အတိတ်က ဆိုးဝါးကြမ်းတမ်းသော ဘဝ၏ အမှတ်ရစရာများကို သစ်လွင်တောက်ပသော ပုံရိပ်များဖြင့် အစားထိုးမေ့ပျောက်ဖို့ ကြိုးစားနေဆဲမှာပင် အတိတ်သည် မတူညီသော ဘဝအမြင်ကို ပေး၍ သူမ၏ ဘဝကို ပိုကောင်းအောင် ပြောင်းလဲပေးနိုင်ခဲ့ပေသည်။
ပညာတော်ရုံသာမက အသံကောင်းပြီး သီချင်းဆို ဝါသနာပါသော မသီတာအေးကို ဇိုတန်း ချင်းတိုင်းရင်းသား ပွဲတော် အခမ်းအနားတစ်ခုမှာ တေးသံသာဖြင့် ဖျော်ဖြေနေသည့် ဗီဒီယိုတွင် ကြည့်နိုင်ပါသည်။
http://kabarthit.com/index.php?option=com_content&view=article&id=210%3A2014-03-31-00-40-21&catid=8%3A2013-10-13-17-09-02&Itemid=214

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။