Browser ၁ ခု ထဲမှာ အကောင့် တွေ ခွဲတွေ သုံးလို့ရအောင်
=======================
Browser ၁ ခု ထဲမှာ အကောင့် တွေ ခွဲတွေ သုံးလို့ရအောင်လုပ်တဲ့ နည်းလေးတွေ ရှိပါတယ် ။ အများဆုံး သုံးဖြစ်တဲ့ Browser 2 ခု ဖြစ်တဲ့ သုံးနေကျ (1) Chrome (2) Mozillz (Firefox) တို့ မှာ ဘယ်လိုသုံးလို့ရလည်း ဆိုတာပါ ။

Chrome
Chrome က အလွယ်ဆုံးပါပဲ .. သူက အကောင့် ၂ ခုလောက် သုံးဖို့ အဆင်ပြေဆုံးပါ .. ဘာလို့လဲ ဆိုတော့ ဘာမှလည်း ပြင်စရာမလို ဘာမှလည်း လုပ်စရာမလိုပါဘူး .. Key လေး နှိပ်လိုက်ရင်ပဲ အဆင်ပြေပါပီ
Crl+Shift+N
ဖွင့်ပီး သုံးနေချိန်မှာ Crl+Shift+N နှိပ်လိုက်တာနဲ့ နောက်ထပ် အကောင့် ၁ ခု ထပ်သုံးဖို့ နောက်ထပ် new window နဲ့ ပေါ်လာပါလိမ့်မယ်
Crl+Shift+N
ဖွင့်ပီး သုံးနေချိန်မှာ Crl+Shift+N နှိပ်လိုက်တာနဲ့ နောက်ထပ် အကောင့် ၁ ခု ထပ်သုံးဖို့ နောက်ထပ် new window နဲ့ ပေါ်လာပါလိမ့်မယ်
ဒါဆို အကောင့် ၂ ခုလောက်ကို ဘာမှ လုပ်စရာမလိုပဲ Chrome မှာ အမြန်သုံးလို့ ရပါပီ။
Mozilla (Firefox)
Firefox ကတော့ နည်းနည်း လုပ်စရာလေး ရှိပါတယ် ။ ဘာလုပ်ရမှာလဲ ဆိုတော့ Add-ons လေး ၁ ခု ထည့်ပေးရတာပါ ။ နာမည်လေးက Multifox ဆိုတဲ့ Add on လေးပါ ။ ကိုယ့် Firefox လေးမှာ Install လုပ်ရပါမယ် ။ Install လုပ်မယ်ဆို အောက်က Multifox ဆိုတဲ့ Icon လေး နှိပ်ပီး Install အရင်လုပ်ရပါမယ် ။
Add-on လေးကို Install လုပ်ပီးရင်တော့ Browser ကို Restart ချခိုင်းပါလိမ့်မယ် .. Restart ချပီး ပြန်တတ်လာပီ ဆိုရင်တော့ စတင်ပီးသုံးလို့ရပါပီဗျာ။ သုံးရမယ့် နည်းလေးကတော့ New Identity Profile ဆိုတာလေးကနေ သွားဖို့ပါပဲ ။

သုံးနေပီဆို အောက်က ပုံလေးလို ပေါ်လာပါလိမ့်မယ် .. ၂ ခု သုံးနေတယ်ပေါ့
ကိုယ်က အရင် ၁ ခုထဲ ဖွင့်နေတယ် .. ကိုယ်ထပ်ဖွင့်ချင်တာလေးရှိရင် ဖွင့်ချင်တာလေးကို (Eg- www.facebook.com) Bookmark ထဲမှာ ထည့်ထားလိုက်ပါ။ ပီးရင် မှတ်ထားတာလေးကို Right Click > Open in a New Identity Profile ကိုရွေးလိုက်ရင် နောက်ထပ် New Window လေး ပေါ်လာပီး စတင်ပီး သုံးလို့ရပါပီ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။