ယောကျာ်းတွေဟာ သူတို့အိမ်ထောင်ကျသွားလို့ မိန်းမကိုအမေနဲ့တူတူနေဖို့ အိမ်ပေါ်တက်တော့မယ်ဆိုရင်
" အမေက ကို့ကို ၀မ်းနဲ့လွယ်ပြီးမွေးထားတာ လွယ်တာမဟုတ်ဘူး ဒီတော့ အမေ့ကို ဂရုစိုက်ပေးနော် သူနဲ့ထိပ်တိုက်တွေ့မဲ့ ကိစ္စတွေကို ရှောင်နော်"
ဆိုပြီး ကြိုတင်မှာကြားထားလေ့ရှိပါတယ်။

ချွေးမလုပ်သူကလည်း ယောကျာ်းမှာထားတဲ့အတိုင်း ယောက္ခမကို ရိုသေလေးစားပြီး ဆက်ဆံရမှာဖြစ်သလို ....
ယောကျာ်းဖြစ်သူကလည်း
" အမေရေ ကျွန်တော့မိန်းမက သူ့မိဘတွေနဲ့ ခွဲပြီးကျွန်တော့နောက်လိုက် လာရတာ လွယ်တာမဟုတ်ဘူး ဒီတော့ အမေ့သမီးလို ဂရုစိုက်ပေးနော် "

ဆိုတာလေးလည်း အမေဖြစ်သူကို သားဖြစ်သူက ပြောသင့်တယ်လို့ထင်ပါတယ်။
တစ်ဦးနဲ့တစ်ဦး အပြန်လှန် စာနာ နားလည်ကြမယ်ဆိုရင် အရာအားလုံးဟာ အဆင်ပြေနေမှာ အမှန်ပါပဲ ။
သဘောတူရင် လက်ဆင့်ကမ်းပြီး ပြန် Share ပေးကြနော်။

ချစ်တဲ့...မနုဿ
www.facebook.com/manotetha
www.facebook.com/manotetha
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။