True Man
အမေပေးသော နှလုံးသား
*****************
သားသမီးတိုင်းအတွက် မိခင်ဟာ တန်ဖိုးသိပ်ကြီးလွန်းလို့ ဘယ်အရာနဲ့ မှ နှိုင်းလို့ မရပါဘူး။ မိခင်ဟာ အနီးကပ်နေရတဲ့သူ ဖြစ်တဲ့အတွက် ကိုယ် နှုတ် နှလုံး သုံးပါးကို သင်ကြားပြသပေးတဲ့ အိမ်တွင်း ယဉ်ကျေးမှု သင်တန်းကြီးပါပဲ။ သူမရဲ့ တစ်နေတာဟာ သားတွေ သမီးတွေရဲ့ ဝေယျဝဇ္ဇနဲ့ ပဲ ကုန်ဆုံးသွားတာပါ။ သား၊သမီးတွေရှိတဲ့ အိမ်က
လေးဟာ သူ့ မအတွက် ပျော်စရာအကောင်းဆုံးကမ္ဘာလို့ လည်း မှတ်ယူထားသူပါ။

သတ္တ၀ါတိုင်းကို ချစ်တတ် ခင်တတ်အောင်၊ ရိုးရာယဉ်ကျေးမှုတွေကို တန်ဖိုးထားတတ်အောင်၊ ဘာသာတရားကို ရိုသေ ကိုင်းရှိုင်းတတ်အောင်၊ လူကြီးသူမတွေကို ဂါရဝေါစတရား ထားတတ်အောင်၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင် စတဲ့ ချစ်ခြင်းတရားတွေ အများကြီးကို နှလုံးသားတစ်ခုအသွင် ဖန်ဆင်းပြီး မိမိ သား၊သမီးတွေရဲ့ ရင်ထဲကို ထည့်ပေးခဲ့တာပါ။
မိမိရဲ့ ချစ်ခြင်းတရားတွေနဲ့ ပတ်ဝန်းကျင်ကို ဖန်ဆင်းတတ်ဖို့ ၊ ချစ်ခြင်းတရားတွေနဲ့  အသက်ရှင်တတ်ဖို့ လည်း မိခင်ကပဲ အဓိက သင်ကြားပေးပါတယ်။ မုန်းအောင်မနေနဲ့  ချစ်အောင်နေဖို့ ကိုလည်း ဆုံးမ သွန်သင်ပေးပါတယ်။ ဘ၀ရဲ့ဆင်းရဲမှု၊ ပင်ပန်းမှု နဲ့ အခက်အခဲတွေ အားလုံးကိုလည်း အမေ့ရင်ခွင်က ချေဖျက်ပြစ်လိုက်နိုင်ပါတယ်။
ခွန်အားတွေနဲ့ ပြည့်နှက်နေတဲ့ အမေ့ရင်ခွင်ဟာ ရင်သွေးငယ်လေးတွေအတွက် အေးချမ်းတဲ့ကမ္ဘာကြီးပါ။ သား၊သမီးတွေရဲ့ အလိုဆန္ဒတွေကို စကားပြောစရာမလိုပဲ အလိုလို အသိနိုင်ဆုံးသော သူဟာ မိခင်ပါ။ သား၊သမီးတွေဟာ သူမရဲ့အစိတ်အပိုင်း
လေး တွေအဖြစ် မှတ်ယူထားတဲ့သူပါ။ ဒါကြောင့်လည်း မိခင်ဟာ ကမ္ဘာပေါ်မှာမထင်
ရှားပေမယ့် သား၊သမီးတွေရဲ့ရင်ထဲမှာ အခမ်းနားဆုံး ဖန်ဆင်းရှင်တစ်ဦး ဖြစ်ခဲ့တာပါ။
လေး တွေအဖြစ် မှတ်ယူထားတဲ့သူပါ။ ဒါကြောင့်လည်း မိခင်ဟာ ကမ္ဘာပေါ်မှာမထင်
ရှားပေမယ့် သား၊သမီးတွေရဲ့ရင်ထဲမှာ အခမ်းနားဆုံး ဖန်ဆင်းရှင်တစ်ဦး ဖြစ်ခဲ့တာပါ။
အမေပေးတဲ့ နှလုံးသားတစ်စုံဟာ ဘယ်လောက် မာကျောတဲ့ ကျောက်ဆောင်၊ ကျောက်သွားတွေပဲ ဖြစ်ဖြစ် ဖြိုချဖျက်ဆီးနိုင်လောက်အောင်ကို စွမ်းအားကြီးပါတယ်။ ဒီနှလုံးသားနဲ့ ပဲ လောကကြီးကို အလှဆင်နိုင်ပါတယ်။ သတ္တ၀ါအားလုံးကိုလည်း နွေးထွေးမှုတွေ ပေးနိုင်ပါတယ်။ အမေ့ရင်တွင်းက ပြောတဲ့ စကားကိုလည်း
အလိုလို သိရှိနားလည်နိုင်တဲ့ တစ်ခုတည်းသော ဘာသာပြန်ကိရိယာဟာ အမေပေးတဲ့
နှလုံးသား တစ်စုံပါ။
အလိုလို သိရှိနားလည်နိုင်တဲ့ တစ်ခုတည်းသော ဘာသာပြန်ကိရိယာဟာ အမေပေးတဲ့
နှလုံးသား တစ်စုံပါ။
True Man
(5- 11- 2013)
(5- 11- 2013)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။