ချင်းပြည်နယ်တွင်း နိုင်ငံခြားသားခရီးသွားများ တရားဝင်လည်ပတ်ခွင့်
ပေးထားသော်လည်း မြို့နယ်ရဲစခန်းများတွင် ပါမစ်ထပ်တင်နေရ

ဆလိုင်းကျော်မိုး-ရန်ကုန်
=======================================
ချင်းပြည်နယ်အတွင်း နိုင်ငံခြားသားခရီးသွားများ လည်ပတ်ခွင့်ကို
ပြည်ထဲရေးဌာနက ခွင့်ပြုပေးထားပြီးဖြစ်သော်လည်း အချို့မြို့နယ်များ
တွင် သက်ဆိုင်ရာမြို့နယ်ရဲစခန်းများက အထောက်အထားတောင်းခြင်း၊
ခွင့်ပြုမိန့်ထပ်တင်ခိုင်းခြင်းတို့ကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

“ နိုင်ငံခြားသားတွေကို ပြည်ထဲရေးက အမိန့်ထုတ်ထားတာရှိတယ်။ မြို့တွေပေါ်မှာဆိုရင် လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ ရွာတွေသွားတာ
ဆိုရင်တော့ ဟိုတယ်နှင့်ခရီးသွားက ပါမစ်ထုတ်ထားတာတွေရှိတယ်။
ပြည်ထဲရေးကထုတ်ထားတာဆိုရင် ပုံမှန် လွတ်လွတ်လပ်လပ်သွားလို့
ရတယ်။ ဒါပေမဲ့ရိဒ်ခေါဒါရ် မြို့နယ်ရွာတွေက ရဲတွေကတော့ အရင်ခေတ်က
လမ်းဟောင်းအတိုင်းပဲ အထောက်အထားပါလား။ဘာလားဆိုပြီးမေးတာ
တွေရှိတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ထားတဲ့အမိန့်ကြေငြာစာ
တွေက အောက်ခြေထိ မရောက်ဘူးထင်တယ်” ချင်းပြည်နယ်ကို အဓိက
ထားပြီး ခရီးသွားလုပ်ငန်းဆောင်ရွက်နေသည့် Friends of Nature Travels And Tours Co Ltd.; မှ ကိုမုန်ပီးကပြောသည်။

“ ရိဒ်ရေကန်ကို ရန်ကုန်ကနေလာတာတော့သိပ်မရှိဘူး။ ပြီးခဲ့တဲ့အပတ်
ကပဲတရုတ်၊ ဂျာမန်တွေလောက်ပဲရှိတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကလူတွေကတော့ အရမ်းလာတယ်။ တစ်ရက်ကို ၁၅
ယောက်ကျော်လောက်လာလည်ကြတယ်”ဟု Friends of Nature
Travels And Tours Co Ltd.; မှ ကိုမုန်ပီးကပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားခရီးသွားအများစုမှာ သွားလာရလွယ်ကူသည့်
မင်းတပ်၊ ကန်ပက်လက်ကိုသာ အများဆုံးသွားရောက်ကြကြောင်းသိရ
သည်။ယခင်က ချင်းပြည်နယ်၏ ဒေသလုံခြုံရေးအခြေအနေအရ ချင်းပြည်နယ်မြောက်ပိုင်းဒေသများကို နိုင်ငံခြားသားခရီးသွားများ
အတွက် ကန့်သတ်ဧရိယာသတ်မှတ်ထားခြင်းဖြစ်သည်။ ယင်းနောက် ၂၀၁၂ ခုနှစ်တွင် ချင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်သည့် ချင်းအမျိုးသားတပ်ဦးနှင့်အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးရာတွင်
ချင်းပြည်နယ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ လွတ်လပ်စွာ ၀င်ထွက်
သွားလာခွင့်ကို နှစ်ဖက်သဘောတူပြီးနောက် အဆိုပါကန့်သတ်ဧရိယာ
များကို သွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Full News>>http://www.chinworld.info/?p=963
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။