ဘ၀ဆိုတာ တောင်လှန်မြောက်လှန်နဲ့ ပြီးစတမ်းလား
(တစ်)
ရန်ကုန်အခြေစိုက် ပညာလိုလားသူ လူငယ်ထုအကြား၌ ကြားရလေ့ရှိသည့် စကားလုံးနှစ်လုံးမှာ B.C နှင့် A.C ပဲဖြစ်ပါသည်။ B.C ဆိုတာက British Council၊ A.C ဆိုတာက American Center ပေါ့။စာအုပ်ဖတ်ဖို့၊ အင်္ဂလိပ်စာသင်ဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ စီဒီခွေတွေ၊ ဗီစီဒီခွေတွေငှားဖို့ စသည်စသည်ဖြင့် ရည်ရွယ်ချက်အသီးသီးထားရှိကာ ထိုဘီစီနှင့် အေစီများရှိရာဆီသို့ လူငယ်တွေ ၀င်ကြထွက်ကြပါသည်။ တစ်နေ့ အေစီသို့ ၀င်ထွက်သွားလာ ပညာရှာနေကြသော လူငယ်တစ်စု ကျွန်တော့်ကို ချိတ်ဆက်တွေ့ဆုံကာ ကျွန်တော်နှင့်ဆရာမဂျူးကို ဖိတ်ကြားလာပါသည်။ စကားပြောပေးဖို့။ သူတို့က စာအုပ်ဖတ်သည့် အစုအဝေးကလေး (Reading Club) လုပ်ထားကြလေသတဲ့။ စာအဖတ်နိုင်ဆုံးဆုကိုလည်း ပေးကြလေသတဲ့။ ကိုယ်ဖတ်ထားသည့် စာအုပ်တစ်အုပ်အကြောင်းကိုလည်း ပြန်လည်တင်ဆက်ကြရလေသတဲ့။ ကောင်းလိုက်တာ။ ကျွန်တော် တော်တော့ကို အံ့သြသွားမိပါသည်။
(နှစ်)
ကျွန်တော် နောက်ထပ်တစ်ခါ ပိုပြီးအံ့သြသွားမိတာက သူတို့ကပေးလာသည့် လက်ကမ်းကြော်ငြာစာရွက်ကလေြး ဖစ်ပါသည်။ စာဖတ်သူများအသင်းတွင် ပါဝင်သူများလိုက်နာရမည့် စည်းကမ်းချက်များတဲ့။သတင်းစာဖတ်ခြင်း၊ ဂျာနယ်ဖတ်ခြင်း၊ အင်တာနက်ကြည့်ခြင်းကဲ့သို့ေ သာအရာများကို စာဖတ်ခြင်းထဲ၌ စာရင်းမသွင်းဘူးဆိုပါ့လား။ တော်လိုက်တဲ့လူငယ်ကလေးတွေ။ သူတို့ကို ကျွန်တော်အထင်မသေးရဲပါလေတော့ ။
(သုံး)
သည်နေ့ခေတ်က သတင်းနည်းပညာတို့ အဆမတန် ပေါက်ကွဲပွင့်ထွက်နေသောခေတ် ဖြစ်ပါသည်။ ဂျာနယ်တွေ ဂျာနယ်တွေ ထွက်လာလိုက်ကြသည်မှာ ပလူပျံလို့။ ဟောအခုတစ်ခါ သတင်းစာတွေ၊ သတင်းစာတွေ။ ဂြိုဟ်တုစလောင်းချန်နယ် (channel) အမျိုးမျိုး၊ ကွန်ပျူတာအင်တာနက်ချိတ်ဆက်မှုအသွယ်သွယ်၊ လက်ဖ၀ါးပေါ်က လက်ကိုင်ဖုန်းမျက်နှာပြင်ပေါ်သို့ တက်တက်ပြီးလာနေသည့် သတင်း များ။ နည်းပညာကြောင့် ကမ္ဘာကြီး ကျုံ့သွားတာ အလွန်ကောင်းပါသည်။ သို့သော် အတင်းအဖျင်းသတင်းပလင်းတွေကြားထဲမှာ လူငယ်အများစု စာမဖတ်ဖြစ်ကြတော့။ ဤနေရာ၌ “စာ”ဆိုသည်မှာ အမေရိကန်စင်တာက လူငယ်ကလေးများပြောသလို Bookကို ဆိုလိုခြင်းဖြစ်ပါသည်။ ဟိုသတင်းစာဂျာနယ်ကလေး တောင်လှန်မြောက်လှန်၊ အင်တာနက်ထဲဝင်ကာ တောင်နှိုက်၊ မြောက်နှိုက်လုပ်လိုက်နှင့် သတင်းအတိုအထွာအစအန မှော်ရုံတောထဲမှာ မျက်စိလည်လမ်းမှားကာ အချိန်ကုန်သွားကြတော့မည့်အေ ရးကို စိုးရိမ်စရာဖြစ်ပါသည်။
(လေး)
ချေဂွေဗားရား၊ ကက်စထရို၊ လင်ကွန်း၊ ဟိုချီမင်း၊ ၀င်စတန်ချာချီ၊ မာသာထရီဆာ၊ ဂန္ဒီ၊ ငုရင်ဗန်ထရိုင်း၊ နော်မန်ဗက်သွန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဦးနု စသည်စသည်ဖြင့် အတ္ထုပ္ပတ္တိစာအုပ်ကြီးများက ထိုသူ တို့၏ဘ၀၊ ထိုသူတို့၏အားသာချက် အားနည်းချက်၊ အားကျစရာစရိုက်များနှင့် ဆင်ခြင်သတိထားစရာစရိုက်များ စသည်စသည်တို့ကို ရသခံစားရင်းက စာဖတ်သူကိုပေးပါသည်။ ရွှေဥဒေါင်း၏ဘ၀တစ်သက် တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ ဒေါက်တာသန်းထွန်း၏ ငါပြောချင်သမျှငါ့အကြောင်း၊ သခင်တင်မြ၏ ဘုံဘ၀မှာဖြင့်၊ ဒဂုန်တာရာ၏ ဒဂုန်တာရာ၊ သခင်ဖေဌေး၏ သခင်ဖေဌေး၊ မန်းတင်၏ ပထမအရွယ် စသည်စသည်ဖြင့် ကိုယ်တိုင်ရေး ဘ၀မှတ်တမ်းစာအုပ်ကြီးများက သူ့ ခေတ်၊ သူ့လူနှင့် သူ့ဘ၀အရိပ်အတိတ်တို့ကို အတုယူစရာများ၊ ငြင်းပယ်ရှောင်ကွင်းစရာများ ဖြင့် ရသခံစားမှုနှင့်အတူ စာဖတ်သူကိုပေးပါ သည်။
အမေရိကန်တောင်မြောက်စစ်ပြွဲ ကီးအတွင်းက လူသားတို့၏ဘ၀ကို လေရူးသုန်သုန်လိုစာအုပ်၊ အမေရိကန်ကျွန်စံနစ်၏ ခါးသီးသောဘ၀များကို ဦးလေးတွမ်၏ တဲကလေးလိုစာအုပ်၊ ကိုလိုနီခေတ် အိန္ဒိယနိုင်ငံ၏ လူ့အဖြစ်သနစ်များကို ရွှေပြည်တော်မျှော်တိုင်းဝေး ၊ ပန်းချီကျော်ဂေါ်ဂင်နှင့် ဗင်းဆင့်ဗန်ဂိုးတို့၏ဘ၀များ ကို မှော်ရုံတောမှာမောလှပြီ၊ ရုရှားလူ့အဖွဲ့ အစည်း၏ ကမောက်ကမဖြစ်ရပ်များကို လူနာဆောင်အမှတ်ခြောက်၊ ဂေါတမမြတ်စွာဘုရား၏ လေးစားကြည်ညိုဖွယ်ရာဘ၀ကို အာရှတိုက် ရဲ့အလင်းရောင်၊ လူသား၏ ဘ၀ဒဿနနှင့် ရှင်သန်ရုန်းကန်မှုများကို ပင်လယ်ဝံပုလွေ၊ ခုခံအားကျဆင်းမှု ရောဂါ၏ ထိတ်လန့်ဖွယ်ရာကို အချစ်မိုးကောင်းကင် စသည် စသည်ဖြင့် ဘာသာပြန်စာအုပ်ကောင်းများကလ ည်း စာဖတ်သူ၏ ခံစားမှု၊ အသိတရားနှင့် ဉာဏ်ပညာကို တိုးမြှင့်ပေးတတ်မြဲဖြစ်ပါသ ည်။တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ကိုဖတ်ရင်းက ဂုဏ်သိက္ခာရှိစွာ ချစ်တတ်လာခဲ့ကြရသည်။ ဂျာနယ်ကျော်မမလေး၏ သူလိုလူကိုဖတ်ရင်းက တကယ့်ယောက်ျားအနက်အဓိပ္ပာယ်ကို တူးဆွလာတတ်ခဲ့ကြရသည်။ ကြယ်နီ၏ ကိုတံငါဝတ္ထုများကိုဖတ်ရင်းက ရေလုပ်သားတို့၏ဘ၀ကို စာနာနားလည် သိရှိလာခဲ့ကြရသည်။ မောင်ထင်၏ ငဘကိုဖတ်ရင်းက ဂျပန်ခေတ်လယ်သမားထု၏ ဘ၀ကို ခံစားနားလည်ခဲ့ကြရသည်။ သိန်းဖေမြင့်၏ သပိတ်မှောက်ကျောင်းသားကိုဖတ်ရင်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားတို့၏ အလံမလှဲစတမ်း နိုးကြားထက်သန်မှုများကို ဦးညွှတ်ခဲ့ကြရသည်။ နိုင်ဝင်းဆွေ၏ မသိန်းရှင်ဆီပို့ပေးပါကိုဖတ်ရင်းက မဆလခေတ် ထန်းလျက်မှောင်ခိုသမကလေးများ၏ဘ၀ကို စာနာနားလည်လာခဲ့ကြရသည်။
အို...လူထုဦးလှရဲ့ ပုံပြင်တွေ၊ မင်းသုဝဏ်ရဲ့ ကလေးကဗျာတွေ၊ ၅၅၀တွေ ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ၊ ဗန်းမော်တင်အောင်တွေ၊ သခင်မြသန်းတွေ၊ ခင်နှင်းယုတွေ၊ စမ်းစမ်းနွဲ့(သာယာဝတီ)တွေ၊ နုနုရည်(အင်းဝ)တွေ၊ ချစ်ဦးညိုတွေ၊ ဖေမြင့်တွေ၊ ဂျူးတွေ၊ ကြူးနှစ်တွေ၊ နေ၀င်းမြင့်တွေ၊ ခင်ခင်ထူးတွေ၊ အောင်ချိမ့်တွေ၊ မောင်ချောနွယ်တွေ၊ စာအုပ်တွေ စာအုပ်တွေ။
(ငါး)
ကျွန်တော် သတင်းစာကို စွဲစွဲမြဲမြဲဖတ်ပါသည်။ ဂျာနယ်ငါးစောင်လောက်ကို ပိုက်စိပ်တိုက် အပြန်ပြန်အလှန်အလှန် ဖတ်ပါသည်။ သို့သော် ဤမျှနှင့် ရပ်မနေပါ။ စာအုပ်တွေကိုလည်း ၀ယ်ယူစုဆောင်း ဖတ်ရှုရပါသည်။ အမေရိကန်စင်တာက ညီငယ်၊ ညီမငယ်ကလေးတွေရဲ့ Reading Clubက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းဖတ်တာကို စာဖတ်ခြင်းထဲမှာ စာရင်းမသွင်းထားပါတဲ့။ Bookကို ဖတ်ရမှာပါတဲ့။သြော်..တောင်လှန်မြောက်လှန်ကလေးနဲ့ ကျေနပ်နေကြတော့မှာလား။
Author: မောင်သာချို
(တစ်)
ရန်ကုန်အခြေစိုက် ပညာလိုလားသူ လူငယ်ထုအကြား၌ ကြားရလေ့ရှိသည့် စကားလုံးနှစ်လုံးမှာ B.C နှင့် A.C ပဲဖြစ်ပါသည်။ B.C ဆိုတာက British Council၊ A.C ဆိုတာက American Center ပေါ့။စာအုပ်ဖတ်ဖို့၊ အင်္ဂလိပ်စာသင်ဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ စီဒီခွေတွေ၊ ဗီစီဒီခွေတွေငှားဖို့ စသည်စသည်ဖြင့် ရည်ရွယ်ချက်အသီးသီးထားရှိကာ
(နှစ်)
ကျွန်တော် နောက်ထပ်တစ်ခါ ပိုပြီးအံ့သြသွားမိတာက သူတို့ကပေးလာသည့် လက်ကမ်းကြော်ငြာစာရွက်ကလေြး
(သုံး)
သည်နေ့ခေတ်က သတင်းနည်းပညာတို့ အဆမတန် ပေါက်ကွဲပွင့်ထွက်နေသောခေတ်
(လေး)
ချေဂွေဗားရား၊ ကက်စထရို၊ လင်ကွန်း၊ ဟိုချီမင်း၊ ၀င်စတန်ချာချီ၊ မာသာထရီဆာ၊ ဂန္ဒီ၊ ငုရင်ဗန်ထရိုင်း၊ နော်မန်ဗက်သွန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဦးနု စသည်စသည်ဖြင့် အတ္ထုပ္ပတ္တိစာအုပ်ကြီးများက ထိုသူ တို့၏ဘ၀၊ ထိုသူတို့၏အားသာချက် အားနည်းချက်၊ အားကျစရာစရိုက်များနှင့် ဆင်ခြင်သတိထားစရာစရိုက်များ
အမေရိကန်တောင်မြောက်စစ်ပြွဲ
အို...လူထုဦးလှရဲ့ ပုံပြင်တွေ၊ မင်းသုဝဏ်ရဲ့ ကလေးကဗျာတွေ၊ ၅၅၀တွေ ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ၊ ဗန်းမော်တင်အောင်တွေ၊ သခင်မြသန်းတွေ၊ ခင်နှင်းယုတွေ၊ စမ်းစမ်းနွဲ့(သာယာဝတီ)တွေ၊ နုနုရည်(အင်းဝ)တွေ၊ ချစ်ဦးညိုတွေ၊ ဖေမြင့်တွေ၊ ဂျူးတွေ၊ ကြူးနှစ်တွေ၊ နေ၀င်းမြင့်တွေ၊ ခင်ခင်ထူးတွေ၊ အောင်ချိမ့်တွေ၊ မောင်ချောနွယ်တွေ၊ စာအုပ်တွေ စာအုပ်တွေ။
(ငါး)
ကျွန်တော် သတင်းစာကို စွဲစွဲမြဲမြဲဖတ်ပါသည်။ ဂျာနယ်ငါးစောင်လောက်ကို ပိုက်စိပ်တိုက် အပြန်ပြန်အလှန်အလှန် ဖတ်ပါသည်။ သို့သော် ဤမျှနှင့် ရပ်မနေပါ။ စာအုပ်တွေကိုလည်း ၀ယ်ယူစုဆောင်း ဖတ်ရှုရပါသည်။ အမေရိကန်စင်တာက ညီငယ်၊ ညီမငယ်ကလေးတွေရဲ့ Reading Clubက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းဖတ်တာကို စာဖတ်ခြင်းထဲမှာ စာရင်းမသွင်းထားပါတဲ့။ Bookကို ဖတ်ရမှာပါတဲ့။သြော်..တောင်လ
Author: မောင်သာချို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။