[ Opinion ]
ပညာရေး လွန်ဆွဲပွဲကြားက သနားစရာကလေးများ
မနေ့က မြို့ထဲထွက်တော့ ပန်းဆိုးတန်း တိုက်တစ်တိုက်အောက်က လှေကားခုံလေးမှာ ငုတ်တုတ်လေး ထိုင်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဘာလုပ်နေတာလဲ ဆိုတော့ မြေးက ကျူရှင်တက်နေလို့ စောင့်နေတာတဲ့။ ကျောင်းတွေ ပိတ်တာကမှ မကြာသေးဘူး ဘာကျူရှင်လဲ ဆိုတော့ ဒီနှစ် ကိုးတန်းဖြေထားတာ၊ နောက်နှစ်ဆယ်တန်းအတွက် နွေသုံးလ ပြတ် သင်တန်း လာတက်နေတာတဲ့။
ကျွန်တော့် သူငယ်ချင်းဆိုတာက ယခင် မြို့နယ်ပညာရေးမှူး အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ တစ်ယောက်။ ခုတော့ ပင်စင်ရမှ မြေးတွေထိန်းပြီး ဟိုမြေးကို ကျူရှင်ပို့၊ သည်မြေးကို ကျောင်းကြိုနဲ့ မရှိတဲ့အလုပ်တွေ ရှာကြံ လုပ်နေရတဲ့ဘဝကို ရောက်နေရှာသူ ဖြစ်ပါတယ်။ ကျူရှင် နှိပ်ကွပ်ခဲ့သူက မြေးကျမှ ကျူရှင်လာပို့နေရလို့ သံဝေဂ ရမိတော့တယ်။
မြန်မာ့ပညာရေးစနစ်က တစ်နှစ်လုံး ကျောင်းတက်၊ တစ်နေ့လုံးလည်း မနက်ကျူရှင်၊ နေ့ခင်းကျောင်းကြီး၊ ညနေကျူရှင်၊ ကျောင်းပိတ်ရက်ကျူရှင်၊ ကျောင်းနားတဲ့ နွေရာသီလည်း ကျူရှင် ကလေးတွေ ဘယ်မှာအနားယူချိန် ရှိတော့သလဲ။
ကျူရှင်တွေကလည်း ကျောင်းစာပဲသင်။ ကျောင်းရောက်တော့လည်း ကျောင်းစာပဲသင်။ ဒီကြားထဲက နွေရာသီမှာတောင် အတန်းကြိုပြီး စာသင်။ ကျောင်းဖွင့်တော့လည်း ဒီစာတွေကိုပဲ ပြန်အသင်ခံရနဲ့ မုန့်လုံး စက္ကူကပ်နေတဲ့ ပညာရေးကို အစိုးရကလည်း ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ အသံကောင်း ဟစ်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာလာပြီ။ ယနေ့အထိ ထူးမခြားနားသီချင်း တွေပဲ ပညာရေးဌာနမှာ ဟစ်ကြွေးနေဆဲ။
ပညာရေးဆိုတာ ကျောင်းအပ်ချိန် အရွယ်မရောက်မီ ကတည်းက၊ စကား တတ်လောက်ကတည်းက သင်ကြားပေး ရမယ်ဆိုတဲ့ အသိတရားကို ဘယ်သူတွေကများ တီထွင်ခဲ့မှန်း မသိတော့ပါဘူး။ မွေးလာပြီး စကားလေး တွတ်တီးတွတ်တာ ပြောကတည်းက အေဘီစီဒီတွေ စသင်ခြင်းကို ခံနေရပြီ။ ဦးနှောက်ဖွံ့ဖြိုးရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးရေး ဆိုတာတွေကို နားမလည်သူတွေက နားလည်တဲ့ ပညာရှင်တွေ ကျောင်းကြီးတွေဖွင့်ပြီး ပိုက်ဆံတွေကို ကဲ့ယူနေကြတာနဲ့ ကဲ့ယူခွင့် ပေးနေ တာကလည်း စနစ်ပျက်ကို အားပေးနေသယောင် ရှိနေပါတယ်။
ကျွန်တော်တို့ ငယ်စဉ်ကာလနဲ့ပဲ နှိုင်းယှဉ်ပြရဦးမယ်။ ကျွန်တော်တို့ လေးငါးတန်း ခေတ်လောက်ကတည်းက ကျောင်းက ပြန်လာရင် အိမ်စာလုပ်တာ၊ မိဘတွေက စာကျက်ခိုင်းတာတွေ သိပ်မရှိဘူး။ ကျောင်းက အိမ်ကိုပြန်လာရင် လွယ်အိတ်ကို ဒီအတိုင်းပစ်ထား လိုက်ပြီး ဘောလုံးကန်တယ်၊ ကစားတယ်။ အတန်း ကြီးလာတော့လည်း ဒီအတိုင်းပဲ သူငယ်ချင်းတွေနဲ့ လည်ပတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ ညနေခင်းမှာ ဝိတ်မတယ်။ ကရာတေး ကစားကြတယ်။ ဘာကျူရှင်မှလည်း မရှိဘူး။ ဘယ်ဆရာကမှလည်း အိမ်ခေါ်ပြီး စာမသင်ဘူး။ စာဆိုတာ ကျောင်းမှာပဲ သင်ကြား သင်ယူကြရတယ်။
ဒီခေတ်မှာတော့ ကလေးတွေကို မွေးလာကတည်းက သူတို့လက်တွေက မလွတ်မချင်း စာတွေနဲ့ ဖိသတ်ထားခြင်း ခံနေရတဲ့ သူတို့ဘဝတွေဟာ ဘာတွေ ဖြစ်လာသလဲ။ မိဘဆိုတာ ပိုက်ဆံရှာရ မယ်။သားသမီးတွေအတွက် ပူပန်ရမယ်။ ပညာတွေတတ်အောင် သင်ပေးရမယ်။ ကလေးက ခံယူချင်သည် ဖြစ်စေ၊ မခံယူ ချင်သည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်၊ မကြိုက်သည်ဖြစ်စေ မိဘကနေ ပြဋ္ဌာန်း ပေးနေရတဲ့ အပြဋ္ဌာန်းခံ ကလေးတွေရဲ့ ဘဝကို စစ်မှန်တဲ့ ကလေးများဘဝလို့ လက်ခံသင့်ပါသလား။
ကိုယ်စွမ်းကိုယ်စ နည်းလာတဲ့ ကလေးတွေရဲ့ဘဝဟာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တဲ့ ဒဏ်တွေကို ခံနိုင်ရည်နည်း တတ်တယ်။ ဒီခေတ်မှာ ကျောင်းကို ပို့တာကအစ မိဘတွေက လွယ်အိတ် လွယ်လိုက်ပို့၊ ဆယ်တန်းရောက်တာတောင် နေ့ခင်း ထမင်းလာခွံ၊ ညနေ ကျောင်းပြန်ရင်လည်း ကားမရှိတဲ့သူတွေ ကတောင် ကျောင်းကို လာကြိုပြီးတော့ နေရတဲ့ဘဝတွေ ဆိုတော့ ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့် ဆိုတာကရော ဘယ်မှာလဲ။ ကျွန်တော်တို့ ကျောင်းသား ဘဝတွေက မိဘတွေက ဒီအတိုင်းပဲ မုန့်ဖိုးပေးပြီး ကျောင်းလွှတ်လိုက်ကြတာ။
တက္ကသိုလ်ရောက်တဲ့အထိ မိဘတွေက တက္ကသိုလ် ဘယ်နားရှိမှန်းမသိ။ ကွယ်လွန်သွားကြတယ် သူသားက ဘာနဲ့ ဘွဲ့တွေရထားမှန်းလည်း မသိသွားကြရှာဘူး။ ဒါပေမဲ့ ကျွန်တော့် မိဘတွေကို ယနေ့အထိ တာဝန်မကျေတဲ့ မိဘတွေလို့ တစ်သက်လုံး စိတ်နဲ့တောင် မပြစ်မှားခဲ့ဖူးပါဘူး။ ဘဝကို ဒေါင်ကျကျ ပြားကျကျ ရင်ဆိုင်တတ်အောင် လေ့ကျင့်ပေးခဲ့လို့ ကျေးဇူးတောင် တင်မိသေးတယ်။
ကလေးတွေကို ပတ်ဝန်းကျင်၊ လောကဓံ ကြံ့ကြံ့ခံနိုင်အောင် မလေ့ကျင့်ပေးတာဟာ လူ့လောကမှာ လူသာ ဖြစ်ရတယ်၊ လူမှန်း သူမှန်းမသိ၊ လူလို နားမလည်၊ လူတောမတိုး၊ ကိုယ့် ဝန်းကျင်လေးတွေ နဲ့သာ ဘဝကို တည်ဆောက်တတ်တဲ့ အကျင့်တွေ ဖြစ်စေပါတယ်။
တက္ကသိုလ်ရောက်တဲ့အထိ မိဘတွေက တက္ကသိုလ် ဘယ်နားရှိမှန်းမသိ။ ကွယ်လွန်သွားကြတယ် သူသားက ဘာနဲ့ ဘွဲ့တွေရထားမှန်းလည်း မသိသွားကြရှာဘူး။ ဒါပေမဲ့ ကျွန်တော့် မိဘတွေကို ယနေ့အထိ တာဝန်မကျေတဲ့ မိဘတွေလို့ တစ်သက်လုံး စိတ်နဲ့တောင် မပြစ်မှားခဲ့ဖူးပါဘူး။ ဘဝကို ဒေါင်ကျကျ ပြားကျကျ ရင်ဆိုင်တတ်အောင် လေ့ကျင့်ပေးခဲ့လို့ ကျေးဇူးတောင် တင်မိသေးတယ်။
ကလေးတွေကို ပတ်ဝန်းကျင်၊ လောကဓံ ကြံ့ကြံ့ခံနိုင်အောင် မလေ့ကျင့်ပေးတာဟာ လူ့လောကမှာ လူသာ ဖြစ်ရတယ်၊ လူမှန်း သူမှန်းမသိ၊ လူလို နားမလည်၊ လူတောမတိုး၊ ကိုယ့် ဝန်းကျင်လေးတွေ နဲ့သာ ဘဝကို တည်ဆောက်တတ်တဲ့ အကျင့်တွေ ဖြစ်စေပါတယ်။
မြန်မာ့ပညာရေးစနစ်နဲ့ လူမှုရေး အခြေခံမှာကိုက အစုအသင်းလိုက် လုပ်ဆောင်ရတဲ့စနစ်၊ အဖွဲ့လိုက် ဖော်ဆောင်ရတဲ့ တီထွင်ဖန်တီးမှု၊ တစ်ဦးဆောင်သော် မရ၊ အများဆောင်မှ အောင်မြင်ရ၏ဆိုတဲ့ Team Work လို့ခေါ်တဲ့ သဘောတရားတွေကိုလည်း သင်ကြားပျိုးထောင်ပေးမှု အလွန် အားနည်းပါတယ်။
ဒါကြောင့်လည်း ကျောင်းလာတက်ရင် စာသင်တယ်ဆိုတာ အမှန်တော့ တစ်ကိုယ်တော် စာကျက်၊ ကိုယ်ရတာ ကိုယ်ဖြေ၊ များများကျက်နိုင်၊ များများ ဖတ်နိုင်မှ အမှတ်ကောင်းကောင်းရ၊ တော်ချင်ရင် ကိုယ်တိုင်ကြိုးစား၊ ကိုယ်တော်မှ ကိုယ်ရဆိုတဲ့ စိတ်ဓာတ်တွေ လွှမ်းမိုးစေခဲ့တာ နှစ်ပေါင်းများစွာ ကြာနေမှပဲ။
လွန်ခဲ့တဲ့ သုံးနှစ်လောက်က မိတ်ဆွေ တစ်ယောက်ခေါ်လို့ ပုဂ္ဂလိက ဖွင့်ထားတဲ့ ကျောင်းတစ်ကျောင်းကို ရောက်သွားပါတယ်။ တကယ့်နိုင်ငံခြားကို ရောက်နေသလား အောက်မေ့ရတယ်။ တစ်ကျောင်းလုံး ကလေးတွေနဲ့ ဆရာသာမက၊ ကျောင်းသန့်ရှင်းရေး အဆုံး အင်္ဂလိပ်လိုပဲ ပြောနေတာကြောင့် နိုင်ငံခြား ရောက်နေသလားလို့ ထင်သွားမိတာပါ။
ကျောင်းကလက်ထောက် ကျောင်းအုပ်ဖြစ်တဲ့ မြန်မာအမျိုးသမီး တစ်ယောက်နဲ့ စကားလက်ဆုံကျမိ တယ်။ သူ့ကို ကျွန်တော်က ကလေးတွေ စာမေးပွဲဘယ်တော့လဲလို့ မေးလိုက်တော့ သူကရယ်တယ်။ "အန်ကယ်လ် ဒီကျောင်းမှာ ကလေးတွေအားလုံးကို စာမေးပွဲဆိုတဲ့စကား လုံးဝမသင်ဘူး။ စာမေးပွဲ ဆိုတာကို လုံးဝ နားမလည် အောင်လုပ်ထားတယ်။ ဒီမှာက ပရောဂျက် ဆိုတာကို သုံးကြတယ်။ သူတို့ကို အဖွဲ့လိုက် ပရောဂျက်တွေပေးတယ်။ Assignment ဆိုတာလောက်ပဲ သူတို့ သိတယ်။ တစ်ဦးတစ်ယောက်ကောင်း စွမ်းဆောင်အောင်မြင်မှုကို သိပ်ပြီး အသိအမှတ် မပြုဘူး။ Team Work နဲ့ အောင်မြင်မှုတွေကိုပဲ အကဲဖြတ်တယ်" လို့ပြန်ပြောလိုက်တဲ့ စကားဟာ မြန်မာပြည်ထဲမှာ ပညာရေးနဲ့ ပတ်သက်ပြီး အကြီးအကျယ် ကွာခြားနေပါလား ဆိုတာကို သဘောပေါက်လိုက် မိပါတယ်။
တစ်လောက ပုဂ္ဂလိကကျောင်း တွေမှာ ကျောင်းလခတက်လို့ ဆိုပြီး မကျေနပ်သံတွေ ထွက်လာတယ်။ ကျောင်းဘက်ကလည်း သူတို့ Quality ထိန်းချင်လို့ ဌာနေဆရာ တွေထက်၊ နိုင်ငံခြားက ဆရာတွေကိုပဲ ငှားသင်ကြတယ်။ သူတို့ကိုပေးရတဲ့ စရိတ်တွေ ကလည်း အရမ်းများတယ်။ ဒါကြောင့် ကျောင်းလခ တိုးကောက်ရတယ်လို့ အကြောင်းပြကြတယ်။ နောက်ဆုံးတော့ ပုဂ္ဂလိကကျောင်းတွေရဲ့ သဘောက ကောင်းကောင်းသင်မယ်၊ ထားနိုင်ရင် လာထား၊ မထားနိုင်ရင် အစိုးရကျောင်း သွားဆိုတဲ့ သဘောတွေ ဆောင်လာတယ်။
မြန်မာနိုင်ငံ ပညာရေးဌာန ကလည်း နောက်ပညာသင်နှစ်က စပြီးတော့ အလယ်တန်းအဆင့် အထိ မသင်မနေရ ပညာရေးကို တိုးမြှင့်မယ်၊ ကျောင်းသုံး စာအုပ်တွေ အခမဲ့ပေးမယ် ဆိုတဲ့ အသံတွေ ကြားလာရတယ်။ အားရှိစရာပါပဲ။ ဒါပေမဲ့ သည်မိုး၊ သည်လေ၊ သည်လူတွေ နဲ့ ဒီစနစ်အတိုင်း သွားနေလို့ ကတော့ မသင်မနေရတွေ ဘယ်အဆင့်အထိ လုပ်လုပ် တိုးတက်လာမယ်တော့ မထင် ပါဘူး။ ပညာရေးကို မြှင့်တင်တယ်ဆိုတာ ကျောင်းသုံးဖတ်စာအုပ် တွေကို စာရွက်ကြမ်း၊ စက္ကူကြမ်းတွေနဲ့ ထုတ်ဝေပေးနေရာ ကနေ စာရွက် အချောလေးတွေနဲ့
ထုတ်ဝေဖြန့်ချိပေးတာ လောက်ထက် ပိုတယ်ဆိုတာ ကျွန်တော့်ထက် ပညာရှင်ကြီးတွေ ပိုသိမယ်ထင်ပါတယ်။
ထုတ်ဝေဖြန့်ချိပေးတာ လောက်ထက် ပိုတယ်ဆိုတာ ကျွန်တော့်ထက် ပညာရှင်ကြီးတွေ ပိုသိမယ်ထင်ပါတယ်။
အငြိမ်းစားကျောင်းဆရာတစ်ဦး
(ဤကဏ္ဍတွင် ဖော်ပြချက်များသည် The Voice ၏အာဘော် မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာ ဖြစ်သည်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။