~?~ ဆက်နွယ်မှု ~?~
တစ်ခါတုန်းက ပြောင်းဖူးကိုစိုက်ပျိုးပြီး
သူ့ ရဲ့ကောင်းမွန်တဲ့ပြောင်းဖူးစိုက်ခင်းကြောင့်
အမြဲဆုတံဆိပ်ရခဲ့တဲ့ လယ်သမားကြီးတစ်ဦးရှိခဲ့ပါတယ်။
နှစ်စဉ်တိုင်းလိုလိုကျင်းပတဲ့ နိုင်ငံတော်အဆင့်ပြိုင်ပွဲမှာလည်း
ပထမဆုရခဲ့သလို ဒီလိုအောင်မြင်တဲ့ သူ့ ရဲ့ပြောင်းဖူးစိုက်ခင်းကြောင့်လည်း
နိုင်ငံအတွင်းရှိ မီဒီယာများနှင့် အခြားသောစိုက်ပျိုးရေးသမားတို့ ၏
စိတ်ဝင်စားခြင်းကိုအထူးရရှိခဲ့ပါတယ်။

ဒီလိုနဲ့ သတင်းဌာနများမှ သူ့ စိုက်ခင်းအကြောင်းကို တွေ့ ဆုံပြီးမေးမြန်းတော့
သူ့ ရဲ့ ထူးခြားတဲ့စိုက်ပျိုးပုံအကြောင်းကို သိခဲ့ရပါတော့တယ်။
ဒီလယ်သမားကြီးဟာ သူ့ ပြောင်းဖူးစိုက်ခင်းအတွက် ကောင်းမွန်တဲ့မျိုးစေ့ကို
သူ့ စိုက်ခင်းမှာစိုက်ပျိုးရုံမက အနီးပတ်လည်ရှိ လယ်သမားတို့ အတွက်လည်း
မျှဝေပြီးစိုက်ပျိုးစေပါတယ်။
ဒီတော့ သတင်းမေးသူတွေကလည်း

" ဒါဆို ဆရာနဲ့ အတူ ဆရာ့အနီးနားက လယ်သမားကြီးတွေလည်း
ဒီပြိုင်ပွဲတွေမှာ ၀င်ပြိုင်နေတာပဲ သူတို့ ကကောဘာလို့ ဆုမရ ရတာလဲ "
လို့ မေးလိုက်တော့ လယ်သမားကြီးက

" ဆရာ ဘာကြောင့်လဲဆိုတာကို မသိဘူးလားဗျ။
ရင့်မှည့်နေတဲ့ ပြောင်းဖူးခင်းက ဝတ်မှုံတွေဟာ
လေကြောင့် တစ်ခင်းမှတစ်ခင်း ဝတ်မှုံကူးလေ့ရှိတယ်။
ကျွန်တော့် အနီးအနားမှာရှိတဲ့ အခင်းရှင်တွေဟာ
အရည်အသွေးမကောင်းတဲ့ ပြောင်းဖူးမျိုးစေ့တွေ စိုက်ပျိုးမယ်ဆိုရင်
ဝတ်မှုံကူးခြင်းကြောင့် ကျွန်တော့်အခင်းက ပြောင်းဖူးတွေလည်း
တဖြည်းဖြည်းနဲ့ အရည်အသွေး ကျဆင်းလာလိမ့်မယ်။
ကျွန်တော်ဟာ ကောင်းမွန်ပြည့်စုံတဲ့ ပြောင်းဖူးတွေ စိုက်ပျိုးချင်တယ်ဆိုရင်တော့ အနီးအနားမှာရှိတဲ့ အခင်းရှင်တွေကိုလည်း ကောင်းမွန်တဲ့ပြောင်းဖူးမျိုးစေ့တွေ ဖြန့်ဝေပေးရမှာပေါ့ဗျာ " လို့ ဖြေခဲ့တယ်။

သူဒီလို ဆုတွေဆွတ်ခူးနိုင်တာကတော့ အပင်တွေရဲ့သဘောသဘာဝကို
နားလည်ထားလို့ ဆိုတာထက် ဘ၀တစ်ခုနဲ့ တစ်ခုဆက်နွယ်မှုကို
နားလည်းထားလို့ သာဖြစ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။