Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 27, 2014

ဤ ကွန်းခိုရာလေးကို ကျွန်မသိပ်မြတ်နိုးနေမိပါပြီ ။



ဤ ကွန်းခိုရာလေးကို ကျွန်မသိပ်မြတ်နိုးနေမိပါပြီ ။
April-Living Fashion magazine

* မင်းကိုယ်တိုင် မသိအောင် လျှို့ဝှက်ထား ၊ ရင်တွေခုန်တတ်စအရွယ် ငယ်ဘ၀မှာ
ငါ ချစ်တတ်စိတ်ဟာ ဆန်းကြယ်စွာ ပိုင်ဆိုင်ခြင်းရဲ့ တစ်ဘက်မှာ ကျန်ရစ်ခဲ့ ........ *

အလန်းပေးထားသော သီချင်းသံကြောင့် ကျင့်သားရနေသည့် ကျွန်မမျက်လုံးများ အလိုလို ပွင့်လာရ၏ ။ ပြန်အိပ်ချင်ပေမယ့် ဒီချိန်လေးကို ကျွန်မ နှမြောနေမိသည် ။ ထိုကြော့်မထချင်ဘဲ ထလာခဲ့ရပါတော့သည် ။ ကျွန်မဆက်အိပ်နေမည်ဆိုလျှင်ကျွန်မအတွက် တစ်ယောက်တည်းနေရချိန်တွေ ပိုများလာပေလိမ့်မည်။ တနေကုန် အလုပ်သွားနေသည့် ခင်ပွန်းနှင့် တူတူ နေရချိန်သည် အင်မတန်ရှားလွန်းလှ၏ ။ ထိုကြောင့် မှိတ်ချင်နေသေးသည့် မျက်လုံးအစုံကို အတင်းပြူးကာ ရေချိုးခန်းဆီသို့ ဦးတည်လိုက်သည် ။ အမှန်တာ့ ကျွန်မ ဒီအချိန်ထခြင်းသည်သာ အသင့်လျော်ဆုံးဖြစ်ပေသည် ။ ဒီအိမ်လေးမှာ အိမ်သာ ရေချိုးခန်းတွဲလျှက် နှစ်ခန်းသာပါဝင်သည် မို့ အခန်း နှစ်ခန်းကို အလှည့်ကြသုံးစွဲကြရသည် ။ ကျွန်မတို့ ဇနီးမောင်နှံနေထိုင်ရာ အခန်းတွင် ရေချိုးခန်း တပါတည်းပါဝင်တာမို့ ကျွန်မအတွက်တော့ အရမ်းအဆင်ပြေသည် ။ ကျွန်မတို့အခန်းထဲမှာ ရှိနေသော်လည်း ကျွန်မတို့ချည်း သုံးလို့မရပါ ။ မလေးတရုတ် ၊ ကျွန်မတို့လင်မယားနှစ်ဦးရယ် ပေါင်း သုံးယောက် သုံးစွဲရသည်။ မနက်ဆို ကျွန်မ အစောဆုံးထ ကိုယ်လက်သန့်စင် မျက်နှာသစ်ပြီးသည်နှင့် အမျိုးသားထရပါသည် ။ အမျိုးသားပြီးသည်နှင့် မလေးတရုတ် ထလာသည် ။ အကယ်၍ တယောက်ယောက်က နောက်ကျခဲ့ရင် စောင့်ပေတော့ပဲ ။ ကျွန်မ နောက်ကျမှ အိပ်ယာနိုးခဲ့မိလျှင် အားလုံးအလုပ်သွားချိန်ကျမှ ရေချိုးခန်းကို သုံးခွင့်ရတော့သည် ။ ဒါနေ့စဉ် မနက်ခင်းအချိန်ဇယားလေးပါပဲ ။
ကျွန်မ အမျိုးသား၏ အလုပ်ရှင် ငှားပေးထားသော ဒီကွန်ဒိုတိုက်ခန်းလေးတွင် ကျွန်မအပါဝင် မြန်မာလူမျိုးချည်း ၅ယောက် ၊ မလေးရှား တရုတ်လူမျိုး တစ်ယောက် ပေါင်း၆ယောက်တိတိ နေထိုင်ကြသည် ။ တခြားသူတွေအနေနဲ့ ဒီအိမ်လေးကို ဘယ်လိုသဘောထားသည် ကျွန်မ မသိပါ ။ ကျွန်မအတွက်တော့ ထိုအိမ်လေးသည် ကျွန်မ၏ကွန်းခိုရာလေးပင် ဖြစ်သည် ။ မည်သူငှားပေးသည်ဖြစ်ပါစေ ကျွန်မနေထိုင်ရာနေရာသည် ကျွန်မ အိမ်ဂေဟာလေးပင်ဖြစ်သည် ။ ဒီစိတ်တစ်ခုဖြင့် ဒီအိမ်ဂေဟာလေးကို အစဉ်သန့်ရှင်း သပ်ရပ်နေအောင် ကျွန်မပြင်ဆင်တတ်သည် ။ ကျွန်မ မလေးရှားကို စရောက်ပြီး အမျိုးသားဆီမှာဘဲ နေတော့မည်လို့ ဆုံးဖြတ်လိုက်ချိန်က အစပြုလို့ ဒီအိမ်လေးသည် ကျွန်မအတွက် ကွန်းခွန်ရာလေးဖြစ်ခဲ့သည် ။ မလေးစံတော်ချိန် မနက် 8နာရီကနေ ည 9နာရီခွဲသည်အထိ ဒီအိမ်လေးထဲမှာ ကျွန်မ တစ်ယောက်တည်းနေရသည် ။ အချိန်တွေကြာလာသည်အမျှ ဒီအိမ်လေးသည် ကျွန်မအတွက် အဖော်မွန်ကောင်းတစ်ဦး ဖြစ်မှန်းမသိဖြစ်လာခဲ့ရသည် ။ ဘယ်နေရာက ပြန်လာပါစေ ကျွန်မနေထိုင်ရာ ကွန်ဒိုတိုက်ဝန်းထဲကို ခြေချမိ ရင်ဘဲ ကျွန်မစိတ်တွေ အေးချမ်းသွားတတ်၏ ။ မလေးရှားဆိုသည်မှာ ပတ်စပို့( စ် ) တွေ ၊ ပါမစ်တွေ ဘယ်လိုရှိရှိ ရဲဆိုသည့် လူမျိုးတို့သည် ရစ်ချင်ရစ်တတ်သည့် နိုင်ငံပါ ။ ခိုးယူလုယက်သူ အင်မတန်ပေါများသည့် နိုင်ငံမို့ လမ်းပေါ်ထွက်ချိန်တိုင်း အမြဲသတိထားနေရပါသည် ။ကျွန်မစိတ်တွေ အပေါ့ပါးဆုံးအချိန်ကတော့ ကျွန်မအိမ်လေးထဲမှာ နေနေရသည့် အချိန်တွေပါပဲ ။ ဒီအိမ်လေးထဲမှာ တစ်ယောက်ထဲနေလာလိုက်တာ ခုဆို နှစ်နှစ်တင်းတင်းပြည့်ရော့မည် ။
သံယောဇဉ်တွေလည်း ခိုင်မာနေပြီ ။ တစ်ပတ်တစ်ကြိမ်ခါမျှသာ အပြင်ထွက်ရသည့် ကျွန်မအနေဖြင့် ဒီအိမ်လေးထဲမှာ နေသားတကျဖြစ်နေခဲ့ပြီ ။ ကျွန်မ အခန်းလေးကိုလည်း နှစ်သက်သည် ။ ဧည့်ခန်းရယ်လို့ သတ်သတ်မှတ်မှတ် ဘာမှ မရှိသော်လည်း ကိုးကွယ်ဆည်းကပ်ရာ ဘုရားစင်လေးရယ် ၊ ကော်ဇောတစ်ချပ်ရယ်သာ ရှိနေသည့် အိမ်ရှေ့အခန်းလေးကိုလည်း သဘောကျသည် ။ ကျွန်မခင်ပွန်းသည်အတွက် အရသာရှိသော ဟင်းလျာပေါင်းစုံကို စီမံချက်ပြုတ်ပေးနိုင်သည့် မီးဖိုခန်းလေးကိုလည်း မြတ်နိုးသည် ။ အားလုံးကို စမတ်ကျ သန့်ရှင်းစွာ ၀တ်ဆင်နိုင်ဖို့ ကူညီပေးနေသည့် အ၀တ်လျော်စက်ထားသော ၊ အ၀တ်လှန်း ခွင့်ရသော အခန်းငယ်လေးကိုလည်း ကျေးဇူးတင်သည် ။ တခြားသူတွေ အတွက် နားခို အိပ်စက်ခွင့်ပေးထားသော အခန်းငယ်လေး နှစ်ခန်းကိုလည်း ကျွန်မ ကြိုက်နှစ်သက်သည် ။ အနှစ်သာရပေါင်းများစွာ စီးဆင်းပျော်ဝင်နေသော ကျွန်မ အခန်းလေးရဲ့ အဓိက အားသာချက်ကတော့စာတွေအများကြီးကိုစိတ်ပါဝင်စားစွာဖတ်နိုင်ဖို့ ပေးစွမ်းစေသည့်တိတ်ဆိတ်ခြင်း ၊ ရေးချင်သည့်စာတွေကို စိတ်ချမ်းမြေ့စွာ ရေးနိုင်သည့် စိတ်ငြိမ်ခြင်း တွေပါပဲ ။
ဒီအိမ်လေးထဲမှာ ရက်ပေါင်းများစွာ ကျွန်မတစ်ယောက်ထဲ အချိန်တော်တော်များများကို ဖြတ်ကျော်ခဲ့ရဘူးပါသည် ။ ငြီးငွေ့ခြင်းဆိုသော ခံစားချက်လေးကို တစ်ခါတရံခံစားမိသော်လည်း များသောအားဖြင့် ချမ်းမြေ့ခြင်းတွေကိုဘဲ ပေးစေခဲ့သည် ။ ဒီအိမ်လေးထဲမှာ ကျွန်မအတွက် အမှတ်တရများစွာ ရှိနေခဲ့ဘူးသည် ။
ပထမဆုံးအမှတ်တရက ကျွန်မချစ်ခင်မြတ်နိုးရသော မောင်ဆိုသော လူသားလေးနဲ့ တရားဝင်အကြင်လင်မယားအဖြစ် ပတ်ဝန်းကျင်က အသိမှတ်ပြုစေဖို့ ဒီအိမ်လေးကစွမ်းဆောင်ပေးခဲ့သည် ။ ဘာလို့လည်းဆိုရင် ဒီအိမ်လေးထဲမှာ ကျွန်မတို့ရဲ့ မင်္ဂလာဦးတွမ်းကျွေးပွဲလေး ၊ မင်္ဂလာဧည့်ခံပွဲလေး နှင့်အတူ ညစာစာပွဲလေးကိုပါ ကျင်းပဖြစ်ခဲ့လို့ပါ ။
ဒုတိယတစ်ချက်အနေနဲ့ မလေးရှားနိုင်ငံကို ရောက်ပြီး အကြောင်းကြောင်းကြောင့် အိုဗာစတေးဘ၀ဖြင့် ရှစ်လကြာနေထိုင်ခဲ့ဘူးသည် ။ ဒီရှစ်လတာကာလအတွင်း အဆိုးရွားဆုံး ဖမ်းဆီးရှာဖွေခြင်းတွေ မလေးရှားနိုင်ငံ အနှံ့အပြားပြုလုပ်ခဲ့သော်လည်း ကျွန်မအစစ်ဆေးတောင်မခံရအောင် ကျွန်မချစ်သည့်ဒီအိမ်လေးက ကာကွယ်ပေးခဲ့သည် ။ ဒီအိမ် ဒီတိုက်ဝန်းထဲကို မည့်သည့်အဖမ်းဆီး အစစ်မျိုးမှ မလာခဲ့ပါဘူး ။
တတိယအချက်ကတော့ သွားရလာရအဆင်ပြေချောမွေ့စေခြင်း ၊ ဘေးပတ်ဝန်းကျင်တွင် နေထိုင်ရတာ အဆင်ပြေသော အိမ်နီးနားချင်းများကြောင့် ကျွန်မအိမ်လေးက ကျွန်မကိုများစွာနေပျော်ခဲ့ပါသည် ။ ကျွန်မအိမ်လေးထဲမှာ ခမ်းနားထယ်ဝါသည့် ဇိမ်ခံပစ္စည်းတွေ ရှိမနေသော်လည်း ကျွန်မချစ်တဲ့ green ဆိုသည့် ကြက်တူရွေးလေးရှိနေသည် ။ ချစ်စဖွယ် ငါးကန်လေးလည်းရှိနေပြန်သည် ။ နောက်ကျွန်မချစ်တဲ့ စာအုပ်စင်လေးရှိသည် ။ ကဲဘာလိုသေးလည်း ။ဒီအိမ်လေးအပါဝင် ကျွန်မဘ၀မှာ အိမ်ငါးအိမ်ပြောင်းနေခဲ့ဖူးပါသည် ။ ဒီအိမ်လေးမှာ နေရတာကျွန်မအတွက် စိတ်အချမ်းမြေ့ဆုံးပါ ။ ကျွန်မအတွက် ခံစားမှု့ရသပေါင်းစုံကိုလည်း အိမ်လေးကပေးစွမ်းစေခဲ့သည် ။
အလွမ်းဆိုသည့်ခံစားချက်ကို ဒီအိမ်လေးက ပီပြင်စွာ သရုတ်ခွဲပြနိုင်ခဲ့ပါသည် ။ အိမ်လေးထဲမှာ တစ်ယောက်ထဲရှိနေချိန် ပျင်းပျင်းရှိလို့ ၀ရန်တာရပ်မိချိန်တိုင်း လမ်းပေါ်မှာ သွားလာနေကြသည့် မိသားစုလိုက်ပုံရိပ်တွေကို ကြည့်မိတိုင်း ကျွန်မရင်ထဲက ပျောက်နေသည့် လမင်းလေးနှစ်စင်း ကို လွမ်းမိသည် ။ ကျွန်မရဲ့ လမင်းလေးတွေကို မြင်ယောင်လာမိသည် ။ ဒီအမှတ်ရမှု့တွေကို အိမ်လေးရဲ့ တိတ်ဆိတ်ခြင်းတွေက အားဖြည့်လိုက်တော့ အလွမ်းတွေ ဖွဲ့တည်လာကြပြန်တာပေါ့ ။ မိဘအရွယ်တွေကို တွေ့ရပြန်ရင် ဖေဖေနဲ့ မေမေကို လွမ်းမိပြန်သည် ။ လွမ်းခြင်းရသကို အရောင်တင်ပေးလိုက်သည့် အိမ်လေးရဲ့ တိတ်ဆိတ်မှု့တွေကို ထာဝရ ကျေးဇူးတင်မိပါသည် ။ ဘာလို့လည်းဆိုတော့ အလွမ်းရသကို တခါခါ ကျွန်မမက်မောမိနေတာကို ။
ဒီအိမ်လေးက ပေးစေသည့် ကြည်နူးခြင်းတွေကလည်း ချိုမိန်လို့ နေပြန်သည် ။ မောင်အလုပ်သွားချိန်တိုင်း အိမ်ရှေ့တံခါးနားထိလိုက်ပို့ပေးရသည့် ကြည်နူးခြင်းတွေကို အိမ်လေးရဲ့ တံခါးမကြီးက ကျွန်မကိုပေးစေသည် ။ မောင်နဲ့ တူတူနေထိုင်ခွင့်တွေကို လက်ဆောင်ပေးထားသလို မောင်ရဲ့ အကြင်နာတွေဖြန့်ကျဲ့ထားတဲ့ ဒီအိမ်လေးရဲ့ တစ်နေရာက ကျွန်မတို့အခန်းငယ်လေးကိုလည်း မြတ်နိုးသည် ။ မောင် အလုပ်ကပြန်ချိန်တိုင်း ခေါက်တတ်သည့် အခန်းတံခါးခေါက်သံလေးတစ်ခုကဘာရယ်မဟုတ်ပေမယ့် ကျွန်မလိုခံစားတတ်သူအတွက် ချိုမိန်ခြင်းရသတစ်မျိုးပါပဲ ။
ခင်မင်မှု့ကိုပေါင်းကူးဆက်သွယ်စေသည့် ရင်းနှီးခြင်းတွေကိုလည်း ကျွန်မအိမ်လေးက ပေးပါသေးသည် ။ ကျွန်မခင်မင်သိကျွမ်းရသော မိတ်ဆွေသူငယ်ချင်းများ ကိုလည်း ဒီအိမ်လေးက နွေးထွေးပျူငှာစွာ ကြိုဆိုပေးတတ်ပါသည် ။ အိမ်ဆိုသည်မှာ နားခိုရာ သက်သက်မဟုတ်ဘဲ ကျွန်မတို့၏ စိတ်ခံစားမှု့တွေနှင့် ထပ်တူကျစွာ ခံစားပေးနေသည့် အကောင်းဆုံး သက်မဲ့ မိတ်ဆွေပါပဲ ။ ကျွန်မပျော်နေရင် ကျွန်မရယ်သံတွေ စိတ်ချမ်းမြေ့ခြင်းတွေက အိမ်လေးဆီသို့ကူးစက်ကာ အိမ်လေးလည်း ပျော်နေပါလိမ့်မည် ။ ကျွန်မ ငိုကျွေးနေလျှင် ကျွန်မငိုသံတွေ စိတ်မချမ်းမြေ့မှု့တွေ အိမ်လေးဆီသို့ ပဲ့တင်ထပ်နေမည်သာဖြစ်သည် ။
ကျွန်မ အတွက် စိတ်ချမ်းမြေ့ခြင်းတွေကို အိမ်လေးက အပြည့်ဝ ၀န်ဆောင်မှု့ပေးစေခဲ့ပါသည်လို့ ကျွန်မ အမြဲမှတ်ယူထားသူပါ။ ခုတော့ ကျွန်မ ၀မ်းနည်းနေရပြီ ။ ညက အမျိုးသားက ပြောလာသည် ။
* အိမ်လေးက နှစ်နှစ်ကျော်ပြီဆိုတော့ သူဌေးက အိမ်ပြောင်းအုံးမှလားမသသိဘူးမိန်းမရေ ။ အိမ်အသစ်ပြောင်းရတယ်ဆိုတာကလည်း မလွယ်ပါဘူးကွာ ။ ထင်တာပြောတာပါ ။ ဆက်ငှားချင်လည်းငှားမှာပေါ့ ။ ဒါပေမယ့် ကိုယ်အပိုင်မဟုတ်တော့ ကြိုတင်တော့ တွေးထားပေါ့ကွာ *
ကျွန်မ လွန်စွာ ၀မ်းနည်းသွားသည် ။ ဟင်အင်း ကျွန်မ မပြောင်းချင်ဘူး ။ ဒီအိမ်လေးရဲ့ ထွေးနွေးလုံခြုံခြင်းတွေကိုအိမ်သစ်ဆိုသည့်အရာက ပေးစွမ်းနိုင်မှာလား ။ မသေချာပါဘူး ။ ကျွန်မစိတ်တွေကို ကျေနပ်ခြင်းပေါင်းများစွာပေးသည့် ဒီိအိမ်လေးကိုဘဲ ကျွန်မ ချစ်ခင်မြတ်နိုးနေမိပြီ ။ အမျိုးသားစကားဆုံးသည်နှင့် တပြိုင်တည်း ကျွန်မသူ့နားကနေချက်ချင်း ထထွက်လာခဲ့လိုက်သည် ။ ဘာလုပ်မလို့လည်းဟု အဓိပ်ပယ်ရစေသည့် အမျိုးသား၏ အကြည့်တွေကို ခုချိန်မှာ ဖြေရှင်းဖို့ စိတ်မပါသေးပါ ။ လောလောဆယ် ကျွန်မ ဆုတောင်းခြင်း အမှု့ကိုသာ ပြုချင်နေသည် ။ အခန်းတံခါးကို တွန်းဖွင့်လို့ အိမ်ရှေ့ခန်းဆီသို့ ဦးတည်လိုက်၏ ။ ဘုရားစင်ရှေ့အရောက်တွင် ညင်သာစွာ ထိုင်ချလိုက်သည် ။ ထို့နောက် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ထိခြင်းငါးပါးဖြင့် ကန်တော့ လိုက်ပါသည် ။ တပည့်တော် ပြုခဲ့ဘူးသော ကောင်းမှု့အစုစု၏ အကျိုးကြောင့် ယခုနေသော အိမ်ဂေဟာလေးမှတပါး တခြားသော နေရာသို့ မပြောင်းရွေ့ရပါစေနဲ့ ဘုရား ဟု လေသံတိုးတိုးဖြင့် ဆုတောင်းလိုက်မိသည် ။ အိမ်ရှိလူအားလုံး၏ ဆန္ဒကိုတော့ ကျွန်မ မသိပါ ။ ကျွန်မကတော့ ဒီအိမ်လေးမှတခြားမည်သည့်နေရာကိုမှ မပြောင်းရွေ့လိုပါ ။ အဘယ်ကြောင့်ဆိုသော် ဤ ကွန်းခိုရာလေးကို ကျွန်မသိပ်မြတ်နိုးနေမိပါပြီ ။

ခိုင်လေး ( ရွှေတောင် )

illustration - artist လင်းငြိမ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။