မလေးရှား အိပ်မက်အလွန်
လူတစ်စုအသက်အရွယ် မတိမ်းမယိမ်း၊ တူညီဝတ်စုံများနှင့် အစဉ်လိုက်တန်းစီထားသော အနေအထား။ မျက်နှာ အသွင်အပြင်များမှာ ပြုံးပျော်ရွှင်နေကြသည်။ သူတို့ကို ကြည့်ရသည်မှာ အချုပ်အနှောင်များမှ အခုမှ လွတ်လာသည့်ပုံစံ။ သူတို့ထွက်မယ့် ဂိတ်ပေါက်ဝမှာ ပိုက်ဆံထည့်ထားသည့် စာအိတ်များကိုဝေဖို့ အသက် ၆ဝ အရွယ် လင်မယားနှစ်ဦးမှာလည်း သူတို့ကို စောင့်ဆိုင်းနေသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖြစ်သည်။
ဦးဆောင်သူက စထွက်ပါဟုအချက်ပြလိုက်သည်နှင့် တစ်ပြိုင်တည်း ဝေငှသော ပိုက်ဆံများကိုယူရင်း ထွက်လာကြသည်။ တချို့တွင်လည်း လာကြိုသော မိသားစုသူငယ်ချင်းဆွေမျိုးများရှိသကဲ့သို့ တချို့မှာလည်း ကိုယ့်လမ်း ကိုယ်လျှောက် ကိုယ့်အိမ်ကိုယ်ပြန်ရမည့် အနေအထား။ ထိုလူအုပ်စုတစ်စုမှာ ပျော်ရွှင်နေပါသည်။ အ ဘယ်ကြောင့်ဆိုသော် နိုင်ငံရပ်ခြားမှ အမိမြေသို့ ပြန် လည် အခြေချနိုင်ခဲ့သော ကြောင့်ပင် ဖြစ်ပါသည်။
အစီအရီဖြင့် ရှေ့ဆုံးမှ ထွက်လာသော ထိုလူအုပ်စု အားလုံး နီးနီး ပျော်ရွှင်သော အနေအထားဖြင့် ရှိသော်လည်း မျှော်လင့်ချက် နည်းသော မျက်နှာထား၊ အားငယ်သော မျက်နှာထားတို့ ဖြင့် အမျိုးသမီးတစ်ဦး စိတ်လက်မပါစွာ လမ်းလျှောက်ရင်း ဟိုငေးသည်ငေးဖြင့် တစ်ခုခုကိုရှာဖွေနေဟန်ရှိသည်။ နောက်မှကျန်ခဲ့သောသူ့ကို သူ၏သူငယ် ချင်းဖော်များက လက်ကို လှမ်းဆွဲကာ အားပေးနှစ်သိမ့်နေကြသည်။
”မြန်မာနိုင်ငံမှာ ကျွန်မအတွက် နေစရာအိမ်မရှိဘူး” ဟု စကားသံ ခပ်ဝဲဝဲ၊ အရပ်ပုပု၊ အသားအနည်းငယ်မည်းသည့် မနုနုဝင်း(အမည်လွှဲ)က ဝမ်းနည်းသံဖြင့် ဆိုသည်။ စကားသံကြောင့်တိုင်းရင်းသူတစ်ဦးဟု ထင်မှတ်ရသည်။ သူအပါအဝင် ယင်းလူအုပ်စု တိတိကျကျဆိုလျှင်အမျိုးသား ၇၉ ယောက်၊ အမျိုးသမီး ၅ ယောက် သီတဂူဆ ရာတော်ကြီး အစီအစဉ်ဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
တရားဝင်လမ်းကြောင်းနှင့်သွားခြင်းမျိုးမဟုတ်သောကြောင့် မလေး ရှားနိုင်ငံမှာ ဒုက္ခမျိုးစုံခံကာ အချုပ်ကျသူ၊ ထောင်ကျသူများကို ဆရာတော်က ကယ်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုသူတို့ လူအုပ်စုမှာ ဆယ်ခေါက်မြောက်ဖြစ်သည်။ စုစုပေါင်း လူဦးရေ ၁၆ဝဝ ကျော်ဆရာတော် အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီး ဖြစ်သည်။
အားလုံးပျော်ရွှင်နေပါသော်လည်း မနုနုဝင်းကတော့ မပျော်ရွှ င်နိုင်။ နေစရာအိမ်ရှိခြင်းကြောင့်ဟု ဆိုသည့်အပြင် ငွေကြေးလည်း များများစားစားမရှိ။ လွန်ခဲ့သည့် နှစ်နှစ်ခွဲ ခန့်မှ မလေးရှားသို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်ခဲ့သူဖြစ်သည်။ ထိုအချိန် ၎င်းအသက်မှာ ၁၈ နှစ်ပင် မပြည့်သေး။ အတန်းပညာမှာလည်း သတ္တမတန်းသို့ တက်ရောက်ကာ ပညာသင်ယူနေသည့် အချိန်သာ ဖြစ်သည်။ မြန်မာနိုင်ငံ မြိတ်မြို့တွင် နေထိုင်ပြီး စားရေးသောက်ရေးခက်ခဲသော မိသားစုမှဟု ဆိုသည်။ နွေရာ သီကျောင်းများ ပိတ်သောအခါ ၎င်းတို့ မိသားစု အတွက် ငွေသိသိသာသာ လိုအပ်လာခဲ့သည်။ ထို့ကြောင့် အလုပ်လုပ်ကိုင်ရန် စဉ်း စားပြီး ကျောင်း ဆက်မ တက်ရန် ဆုံးဖြတ်လိုက်သည်။
”မလေးရှားမှာ အလုပ်တွေပေါတယ်”ဟု ၎င်းသူငယ် ချင်းတွေ က ပြော ပြလာကြောင်း မနုနုဝင်းက ပြော သည်။”လူတွေကလည်း အယောက်နှစ်ဆယ်လောက် သွားမှာ ဆိုတော့ အားတက်သရောနဲ့ လိုက်ချင်ခဲ့တာ။ ပြီးတော့ မလေးရှားကို အောက်လမ်းက နေသွားခဲ့တယ်”ဟု မနုနုဝင်းကပြန်လည် စဉ်းစားသည့်ဟန်နှင့် ဆိုပါသည်။
၎င်း၏ အဖော်အယောက် ၂ဝ ခန့် နှင့် ပင်လယ်ပြင်ကိုဖြတ်ကာ မလေးရှား နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ လမ်းတွင် လှိုင်းကြီးသောကြောင့် သင်္ဘောမှာ နစ်မလိုဖြစ် ခဲ့သေးသည်ဟု သူမကဆိုသည်။ အဖမ်းအဆီးကြမ်းသောကြောင့် ဖမ်းမိမလိုဖြစ်ခါနီး လက်မတင်လေးတွင် လွတ်ခဲ့ကြောင်း မနုနုဝင်းက ပြောသည်။ စထွက်ပြီး လေးရ က်မြောက် နေ့မှာတော့ မလေးရှားနိုင်ငံသို့ ၎င်းတို့ သူငယ်ချင်းတစ်စု ခြေချနိုင်ခဲ့သည်။ ထိုကဲ့သို့ ခြေချနိုင်ရန် ပွဲစားအား မလေးရှားရင်းဂစ် ၁၂ဝဝ ပေးချေခဲ့ ရသည်။ သို့သော် သူ၏ ရည်မှန်း ချက်များကို အကောင်အထည်ဖော်နိုင်မည်ဟုယုံကြည်ခဲ့ခြင်းကြောင့် သူက ပျော်သည်ဟု ဆိုသည်။
”စ သွားတုန်းက ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်ပဲ။ အလုပ်ကို ကြိုးစားလုပ်မယ်။ ပိုက်ဆံစုမယ်။ ပြီးရင် မြန်မာပြည်မှာ ဆိုင်လေးတစ်ဆိုင်ဖွင့် မယ်။ မြန်မာပြည်မှာ ပဲပြန်အခြေ ချမယ်ပေါ့”ဟု မလေးရှားမသွားခင် ရည်ရွယ်ချက်ကို လေသံခပ်ဖျော့ဖျော့ဖြင့် မနုနုဝင်းက ပြောပြပါသည်။
မလေးရှားရောက်သည့်နေ့မှာပင် အလုပ်စဝင်ရသည်။ ၎င်းကို ပြောဆိုထားသည့်အတိုင်း ထမင်းဆိုင်တွင် တစ်လ ရင်းဂစ် ၇၅ဝ ဖြင့် အောက်ခြေသိမ်း အလုပ်လုပ်ရပါသည်။ ကံကောင်းသည်ဟု ဆိုနိုင်မလားပင်။ ၎င်း၏ အလုပ်ရှင်မှာ မြန်မာလူမျိုး ဘိတ်သားဖြစ်သည်။ ရင်းဂစ် ၇၅ဝ သည် စရိတ်မငြိမ်းပါ။ စားစရိတ်၊ နေစရိတ် အကုန်ပြန်ဖြတ် ပါသည်။ စားပြီးသောက်ပြီး ၄၅ဝ၊ ၅ဝဝ ရင်းဂစ်ခန့်ပိုသည်ဟု မနုနုဝင်းက ပြောသည်။ သို့သော် ပိုငွေပြန်မရပါ။ အပိုသုံးမိမည်ကို စိုးရိမ်သောကြောင့် ဆိုင်ရှင်က သိမ်း ထားပေးသည်ဟု မနုနုဝင်းက ဆိုသည်။ အသုံးလိုလျှင် ရင်းဂစ် ၅ဝ ခန့်သာ ထုတ်ပေးသည်ဟု ဆိုသည်။ အလုပ်ကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်ရင်း တစ်နှစ် ခန့်အကြာ မှာတော့ လစာ မှာ ရင်းဂစ် ၉၅ဝ ဖြစ်လာသည်။ မလေးရှားသို့ ရောက်ပြီး ၁ နှစ်နှင့် ၂လအကြာမှာတော့ ၎င်း၏ ဖူးစာဖက်နှင့်ဆုံခဲ့သည်။ မြန်မာနိုင်ငံ၊ မြိတ်မြို့ ကပင် ဖြစ် သည်။ ငါးဖမ်းအလုပ်ကြမ်းသမား၊ ၎င်းတို့ထမင်းဆိုင်တွင် စားနေကျဖြစ်သည်။
”စတွေ့ချင်းချစ်တယ်ကြိုက်တယ်ဆိုတော့ ယူလိုက်တယ်။ မင်္ဂလာဆောင်တော့လည်း အိမ်နီးနားချင်းတွေကို ကော်ဖီလေး လက်ဖက်ရည်လေး တိုက်ပြီး ဧည့်ခံလိုက်ပြီး ပြီးသွားတာပါပဲ။ ဘာလက်မှတ်ထိုးတာတွေ ဘာတွေမှ တော့မလုပ်ဘူး” ဟု မနုနုဝင်းက ပြောသည်။
မင်္ဂလာဆောင်ပြီး လအနည်းငယ်အကြာမှာတော့ အိမ်ထောင်ပြုခြင်းမှာ မှားယွင်းသည်ဟု ခံစားလာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအမျိုးသား မှာ ဆေး သမား တစ်ယောက် ဖြစ်နေသောကြောင့် ပင် ဖြစ်သည်။ ညတွင် သင်္ဘောပေါ်၌အလုပ်လုပ်၍ မနက် ၇ နာရီ ၈ နာရီမှာ ပြန်လာတတ်သည်ဟု ဆိုသည်။ ရိုက်သည့်နှက်သည့် ပုံစံမျိုး လုပ်လေ့မရှိသော်လည်း အိမ်အတွက် အသုံးစရိတ် ထောက်ပံ့ပေးနိုင်ခြင်း မရှိခြင်းပင် ဖြစ်သည်။ သို့သော် သူ့အလုပ်သူသာ ကြိုးစားလုပ်ကိုင်ခဲ့ပြီး တခြားအကြောင်း အရာ ခေါင်းထဲကို ကြီးကြီးမားမားထည့်ထားခြင်းမျိုး မရှိကြောင်း မနုနုဝင်းက ပြောသည်။
တစ်ရက်တွင်တော့ ၎င်းအတွက် မလေးရှားတွင် ကံအဆိုးဆုံးဖြစ်ရပ်တစ်ခုနှင့် ကြုံခဲ့သည်။ ၎င်းအမျိုးသား မပြန်လာမီ မနက် ၇ နာရီခန့်တွင် ၎င်းအား ရှောင်တခင် ဝင်ရောက်စစ် ဆေးခြင်းခံခဲ့ရသည်။ တရားဝင် နေထိုင်ခြင်းမဟုတ်သည့်အတွက်အဖမ်းခံရမည်ကို အမြဲတစေကြောက်ရွံ့ထိတ်လန့် နေခဲ့ရသည်ဟု မနုနုဝင်းက ဆိုသည်။ ”ကျွန်မတို့ အပြင်သွားခါနီး အော်ပရာစီ စစ်တာလေ။ မိသွားတာပေါ့။ အဖမ်းခံရတယ်။ ကျွန်မ ယောက်ျားက လည်း ပြန်မလာသေး ဘူး။ ကြောက်ကြောက်နဲ့ ရဲစခန်းကို လိုက် သွားရ တယ်” ဟု မနုနုဝင်းက ဆိုသည်။
သူထင်ထားသည့် အတိုင်းပင် အားလုံးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားခဲ့ရသည်။ မည်သူတစ်ဦး တစ်ယောက်မျှ ၎င်းဘက်မှ ရပ်တည်ဖေးမမည့်သူမရှိ။ မိမိကိုယ် တိုင်သာ ရင် ဆိုင်ရတော့ မည် ဖြစ်သောကြောင့် အကောင်းဆုံးရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူကပြောသည်။
”ထောင်ထဲတွင် နှိပ်စက်ခြင်း၊ အလုပ်ကြမ်းခိုင်းခြင်းမျိုးမရှိဘဲ။ အဆင်ပြေပြေဖြစ်ခဲ့သည်” ဟု မနုနုဝင်းက ပြောသည်။ ထောင် ကျပြီး နှစ်လခန့်အကြာတွင် ထင်မှတ်မ ထားသော စကား တစ် ခွန်းကြားခဲ့ရသည်။ ထိုစကားမှာ ၎င်းထောင်မှ လွတ်မြောက်ပြီဆိုသော စကားပင်ဖြစ်သည်။ သီတဂူ ဆရာတော်ကြီး၏ အစီအစဉ်နှင့်ပင် ဖြစ်သည်။
သို့သော် မချင့်မရဲပင်၊ အဘယ့် ကြောင့်ဆိုသော် ငွေများများစားစား မရှိသောကြောင့် မြန်မာပြည်သို့ ပြန်နိုင်ရန် ဖြစ်ပါ့မလားဟု တွေး
ပူနေခြင်းကြောင့် ဖြစ်သည်။ ”အလကား”လို့လည်း သိရော တော်တော်ပျော်ခဲ့တာဟု မနုနုဝင်းက ဆိုသည်။
ပူနေခြင်းကြောင့် ဖြစ်သည်။ ”အလကား”လို့လည်း သိရော တော်တော်ပျော်ခဲ့တာဟု မနုနုဝင်းက ဆိုသည်။
ထောင်မှ ထွက်ထွက်ခြင်း ၎င်း၏ အမျိုးသားကို ဆက်သွယ်ခဲ့သည်။
သို့ သော် ဆက်သွယ်၍မရ။ ဖုန်းနံပါတ်ပြောင်းလဲထားခြင်းကြောင့် ဖြစ်ပြီး လိုက်လံရှာဖွေရန်လည်း မ လွယ်ကူ။ ထို့နောက် အလုပ်ရှင်ဖြင့် ဆက်သွယ်သေးသည်။ ရသင့်ရထိုက်သည့် လစာများ ကို တောင်းရန်ဖြစ်ပြီးရပါက မြန်မာနိုင်ငံတွင် အရင်းအနှီးတစ်ခုလုပ်၍ ရနိုင် သည်ဟု ထင်မှတ်ကာ ဆက်သွယ်ခဲ့ ခြင်းဖြစ်သည်။ သို့သော် အချည်းအနှီးသာ ဖြစ်ခဲ့သည်။ အလုပ်ရှင်မှာ လစာစုဆောင်း ထားသောငွေများကိုပြန်လည် မေ ပးချေနို င်ကြောင်း အကြောင်းကြား လာ၍ ဖြစ်သည်။ ”စုထားတာ အားလုံး ဆိုရင် ရင်းဂစ်နှစ် သောင်းလောက် ရှိတယ်” ဟု မနုနုဝင်းက ပြောသည်။
သို့ သော် ဆက်သွယ်၍မရ။ ဖုန်းနံပါတ်ပြောင်းလဲထားခြင်းကြောင့် ဖြစ်ပြီး လိုက်လံရှာဖွေရန်လည်း မ လွယ်ကူ။ ထို့နောက် အလုပ်ရှင်ဖြင့် ဆက်သွယ်သေးသည်။ ရသင့်ရထိုက်သည့် လစာများ ကို တောင်းရန်ဖြစ်ပြီးရပါက မြန်မာနိုင်ငံတွင် အရင်းအနှီးတစ်ခုလုပ်၍ ရနိုင် သည်ဟု ထင်မှတ်ကာ ဆက်သွယ်ခဲ့ ခြင်းဖြစ်သည်။ သို့သော် အချည်းအနှီးသာ ဖြစ်ခဲ့သည်။ အလုပ်ရှင်မှာ လစာစုဆောင်း ထားသောငွေများကိုပြန်လည် မေ ပးချေနို င်ကြောင်း အကြောင်းကြား လာ၍ ဖြစ်သည်။ ”စုထားတာ အားလုံး ဆိုရင် ရင်းဂစ်နှစ် သောင်းလောက် ရှိတယ်” ဟု မနုနုဝင်းက ပြောသည်။
ယခုအချိန်တွင်တော့ သူ မြန်မာနိုင်ငံသို့ ပြန်ရောက်နေပြီ ဖြစ်ပါသည်။ သို့ရာတွင် မိဘမောင်ဘွားများ မြန်မာနိုင်ငံတွင် မရှိကြတော့။ မောင်နှ မ ခြောက်ယောက်အနက် ငါးယောက်မှာ ၎င်းမလေးရှား သို့ သွားပြီး နောက်ပိုင်း ထိုင်းနိုင်ငံသို့ အသီးသီးထွက်ခွာသွားကြပြီဟု မနုနုဝင်းကပြောသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ၎င်းအတွက် နေစရာ အိမ်မရှိ။ ရန်ကုန်တွင် အဘိုးနှင့်အဘွား ရှိသည်ဟုကြားဖူးသော်လည်း မည်သည့်နေရာတွင် နေထိုင်သည်ကို အတိအကျမသိ။ ထို့ကြောင့် အားလုံးပျော်ရွှင်နေသော်လည်း သူ့မှာ မပျော်ရွှင်နိုင်။
မလေးရှားမသွားခင် ရင်ထဲရှိနေခဲ့သော မျှော်လင့်ချက် များလည်း မှေးမှိန်ခဲ့ရပြီဖြစ်သည်။ ယင်း၏ မောင်နှမများ ရှိရာသို့ လိုက်မည်ဆိုပါက အားလုံးမှာ တစ်ယောက် တစ်နေရာစီသာဖြစ်ပြီး တစ်စုတစ်စည်းတည်းမဟုတ်။ မည်သည့် နေရာတွင် နေထိုင်သည်ကိုလည်း မသိသောကြောင့်ပင် ဖြစ်သည်။ သို့သော်သွားခွင့်ကြုံလာပါကလည်း တခြားမည်သည့်နိုင်ငံရပ်ခြားကိုမျှ သွားမည်မဟုတ်တော့ကြောင်း ၎င်းက ပြောသည်။
”နောက်သွားမယ့်သူတွေလည်း သေချာစဉ်းစားစေချင်တယ်။ ကျွန်မလို အဖြစ်မျိုးနဲ့ မကြုံကြပါစေနဲ့လို့လည်း ဆုတောင်းပေးတယ်။ အကောင်း ဆုံးကတော့ ကိုယ့်နိုင်ငံမှာပဲ ဥမကွဲသိုက်မပျက်နဲ့ ကောင်းရောင်းေ ကာင်းဝယ် လုပ်စားစေချင်တယ်။ ကျွန်မဘဝက မိသားစုတစ်ကွဲတပြားနဲ့ ဘာဆက်လုပ်ရမှန်း မသိတော့တဲ့ဘဝကို ရောက်နေတယ်” ဟု မနုနုဝင်းက မျက်ရည်ဝဲကာ ဝမ်းနည်းသည့်လေသံဖြင့်ပြောသည်။
”ဘယ်နိုင်ငံမှ မသွားတော့ဘူး။ စိတ်နာတယ်။ ဒီမှာပဲငတ်ငတ်ပြတ်ပြတ် လုပ်စားတော့မယ်။ ယောက်ျားလည်း မယူတော့ဘူး” ဟု နာကြည်းသောလေသံဖြင့် ပြောသည်။ ယခုလက် ရှိတွင် ရန်ကုန်၌ မလေးရှားမှအတူ လုပ်ကိုင်ခဲ့သူ သူငယ်ချင်းတစ်ယောက်၏ အိမ်တွင် ခေတ္တလိုက်နေပြီး အလုပ်ရှာမည်ဟု ဆိုသည်။ သမာအာဇီဝကျ သည့်မည် သည့်အလုပ်ကိုမဆို လုပ်ကိုင် သွားမည်ဖြစ်ပြီး ဘဝအား ရိုးရိုးရှင်းရှင်းပင် ဖြတ်သန်းတော့မည်ဟု ဆိုသည်။
ဖိုးလပြည့်နှင့် ဇေဝေယံ ရေးဖွဲ့သည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။