Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 28, 2014

တိုင်းရင်းသားများနှင့် သန်းခေါင်စာရင်း ကုဒ်နံပါတ် ( ၉၁၄ )


တိုင်းရင်းသားများနှင့် သန်းခေါင်စာရင်း ကုဒ်နံပါတ် ( ၉၁၄ )
=======================
ရေးသားသူ - မန်ကိန်း
နှစ်ပေါင်း ၃၀ ကျော်ကြာမှတဖန်ပြန်လည်ကောက်ယူမည့် ပြည်လုံးကျွတ်
သန်းခေါင်စာရင်းကောက်ယူမှုများ မကြာမီ် စတင်တော့မည်။ ပြည်သူ
လူထုကြားထဲတွင်လည်း သန်းခေါင်စာရင်းနှင့် ပတ်သက်၍ စိတ်ဝင်စားမှု
အမြင့်မားဆုံး အချိန်လည်းဖြစ်သည်။ တစ်ဖက်တွင်လည်း သန်းခေါင်
စာရင်းနှင့်ပတ်သက်၍ အားလုံးတွင် စိုးရိမ်မှု ကိုယ်စီရှိနေကြပြန်သည်။

အထူးသဖြင့် တိုင်းရင်းသားများအတွက် သန်းခေါင်စာရင်းတွင် လူမျိုး
အမည် ထည့်သွင်းရေးနှင့် ပတ်သက်ပြီး များစွာ စိုးရိမ်မှု ကိုယ်စီ
ရှိနေကြသည်။ အငြင်းပွားမှု များစွာလည်း ရှိနေသည်။ တစ်ဦးနှင့် တစ်ဦး
တွေ့ကြပြီဆိုလျှင် “သန်းခေါင်စာရင်းမှာ ဘာထည့်မှာလဲ” ဆိုသည့်
မေးခွန်းမှာ အမေးများဆုံး မေးခွန်းဖြစ်သကဲ့သို့ အပြောများဆုံး အကြောင်းအရာတစ်ခုလည်းဖြစ်နေသည်။သန်းခေါင်စာရင်းအကြောင်း
ပြောကြပြီဆိုလျှင် ကုဒ်နံပါတ် ၉၁၄ အကြောင်းသည်လည်း မပါမဖြစ်သည့်
အကြောင်းအရာ တစ်ခုအဖြစ် ရှိနေသည်။ သို့ဖြစ်၍ ကုဒ်နံပါတ် ၉၁၄
အကြောင်းကို ဆွေးနွေးသွားပါမည်။

ကုဒ်နံပါတ် ၉၁၄ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
ကုဒ်နံပါတ် ၉၁၄ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၏၂၀၁၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဂဏန်းသင်္ကေတ
စာရင်းတွင် ဂဏန်းသင်္ကေတ အမှတ်- ၉၁၄= အခြား (မြန်မာနိုင်ငံတွင်းရှိ
အခြားလူမျိုးများနှင့် အခြားနိုင်ငံသားများ) ဟု ရေးသားဖော်ပြထားသည်
ကိုတွေ့ရှိရသည်။
ထို့ပြင် လက်ရှိ ကုဒ်နံပါတ် ၉၁၄ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ နှစ်မျိုးဖြစ်
နေကြောင်း ၊ အစိုးရ၏စာရွက်စာတမ်းများတွင်လည်း အဓိပ္ပါယ်ဖွင့်ဆိုပုံချင်း အနည်းငယ်ကွဲပြားကြောင်း ၊ ရောထွေးနေခြင်းလား ၊ နှစ်မျိုးစလုံးဖြစ်နိုင်တာလား ဆိုသည်မှာ မရှင်းလင်းကြောင်း သန်းခေါင်စာရင်း
ဆိုင်ရာ ချင်းအထောက်အကူပြုကော်မတီမှ ညှိနှိုင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်း က
ထောက်ပြသည်။
“၉၁၄ အဓိကပ္ပါယ်ဖွင့်ဆိုချက်က ပြောပြတဲ့ပုံစံမျိုးကလည်း တစ်ချို့ဟာတွေမှာ မတူဘူး ။
နောက်အစိုးရရဲ့စာရွက်စာတမ်းတွေမှာလည်းပဲ တစ်ချို့ ဟာတွေမှာ ဥပမာ အရင်တစ်ခေါက်
သူတို့ထုတ်ထားတဲ့ သန်းခေါင်စာရင်းဆိုင်ရာသိကောင်းစရာအချက်များဆိုတဲ့ ဗဟိုသန်းခေါင်
စာရင်းကော်မတီက ထုတ်ဝေတဲ့ စာအုပ်မှာကျတော့ ၁၃၅ မှာမပါတဲ့သူတွေက ၉၁၄ မှာ
ထည့်ပြီးတော့ ကွင်းစကွင်းပိတ်နဲ့ ကိုယ့်လူမျိုးကို ကိုယ်ရေးလို့ရတယ်ဆိုပြီးတော့ပါတယ်။
ဒါပေမယ့် တစ်ဖက်ကလည်းပဲတစ်ချို့ အခုနောက်ဆုံးမှာထွက်လာတဲ့ လောလောလက်လက်
အောက်ခြေက သန်းခေါင်စာရင်းကောက်ယူမယ့် ကျောင်းဆရာဆရမများအတွက် လက်စွဲ
စာအုပ် စာမျက်နှာ ၇၀ လောက်ရှိတယ် ။ အဲဒီလက်စွဲစာအုပ်မှာကျတော့ နိုင်ငံခြားလူမျိုးများ
အတွက် ၉၁၄ကို ထည့်သွင်းလို့ရတယ်ဆိုပြီေးတာ့ နိုင်ငံခြားလူမျိုးများအတွက် ၉၁၄ ဆိုတာ
ကို သေသေချာချာကို ရေးထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီဟာကို ရောထွေး
နေတယ်လို့လည်း ပြောလို့ရတယ်။ နောက်ပြီးတော့ နိုင်ငံခြားသားများအတွက်ကို ဆိုလိုတာ
ရောက်တဲ့သဘောပဲဖြစ်တဲ့အတွက်ကြောင့် သေချာတာကတော့ မရှင်းမလင်းဖြစ်နေတယ်။
အဲ့တော့ ဒီဟာက နှစ်ခုစလုံးက ဘယ်ဟာက ၉၁၄ ကိုအဓိပ္ပါယ်ဖွင့်ဆိုတဲ့ ဟာက ၂ မျိုး
ဖြစ်နေတယ်” ဟု ၎င်းကပြောသည်။
သို့သော် ၉၁၄ ကုဒ်၏ အဓိပ္ပါယ်ဖွင့်ဆိုမှုမှာ ရောထွေးမှု မရှင်းလင်းမှုများ ရှိနေသော်လည်း
အခွင့်အရေးဆုံးရှုံးမှု မရှိနိုင်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊
ဦးမြင့်ကြိုင်က ဆိုသည်။
“တိုင်းရင်းသား ၁၃၅ မျိုးကို သင်္ကေတပေးတယ်ဆိုတာက ရှိပြီးသား၊ အတည်ပြုပြီးသားဖြစ်လို့
အဲဒီအမည်အတိုင်း ဝင်လာတဲ့ဟာဆိုရင် လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် စက်နဲ့ဖတ်နိုင်အောင်
ဂဏန်းသင်္ကေတ ပေးရတဲ့ သဘောဖြစ်ပါတယ်။ အဲဒီ ၁၃၅ မျိုးထဲမှာ မပါတဲ့ အမည်မျိုးကို
စာရင်းကောက်တဲ့အခါကျမှ သိရမှာဖြစ်လို့ ဘယ်ဂဏန်းသင်္ကေတကို ကြိုပေးရမှာလဲ။
ကျွန်တော်တို့က မသိဘဲ မည်ကဲ့သို့ ဂဏန်းသင်္ကေတပေးရမှာလဲ။ အဲဒီတော့ ၁၃၅ မျိုးက
လွဲပြီး အပြောသမျှအသစ်တွေကို “အခြား” ထဲမှာ ထည့်ပေးလိုက်ရင် ဘယ်လူမျိုးမှ
မကျန်တော့ဘူးပေါ့။ အားလုံးပြီးတဲ့အခါ အသစ်ပေါ်လာတဲ့လူမျိုးတွေကို ဖော်ထုတ်ပြီး
ပါဝင်ပတ်သက်သူအားလုံး စုံစုံညီညီနဲ့ ဘယ်အုပ်စုမှာထည့်မယ်၊ ဘယ်လိုလုပ်ရမည်ဆိုတာ
ဆက်လက်ဆုံးဖြတ်အတည်ပြုရမယ့် ကိစ္စပါ။ ဘာအခွင့်အရေးမှ မဆုံးရှုံးပါဘူး။” ဟု
ဗဟိုသန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း
ကြီးတစ်ခုလုံးကို တာဝန်ယူထားသည့် သန်းခေါင်စာရင်းတာဝန်ခံ ပြည်သူ့အင်အားဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် က ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ
တွင် ပြောကြားထားသည်။
၉၁၄ ကို လက်ရှိ ဘယ်သူတွေက ထည့်ဖို့ရွေးချယ်ကြသလဲ
သန်းခေါင်စာရင်းအကြောင်း ပြောကြဆိုကြ ဆွေးနွေးကြပြီဆိုလျှင် ၉၁၄ ကုဒ်အကြောင်းသည်
မပြောမဖြစ် မပါမဖြစ်သည့် အကြောင်းအရာ ဖြစ်နေသည်။ အကြောင်းမှာ လက်ရှိ သန်းခေါင်
စာရင်းတွင် အသုံးပြုမည့် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှာ မှန်ကန်မှုမရှိဘဲ လူမျိုးအမည်
ကုဒ်နံပါတ်မပါရှိသည့် တိုင်းရင်းသားများအနေဖြင့် ၉၁၄ ကုဒ်တွင် ထည့်သွင်းမည်ဟု ပြောဆို
မှုများရှိသကဲ့သို့ ယင်းကုဒ်ကို ရွေးခြယ်ရန် ကန့်ကွက်ကြသူများနှင့် တွေဝေကြသူများလည်း
ရှိပြန်သည်။ အကြောင်းမှာ ၉၁၄ ကုဒ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ တိကျ ခိုင်မာမှုမရှိသည့်အပြင်
၉၁၄ ကုဒ်ကို ရွေးချယ်လျှင် မိမိတို့၏ တိုင်းရင်းသားဖြစ်တည်မှု ပျောက်ဆုံးသွားမည်ကို
တိုင်းရင်းသားအများစုက အထူးစိုးရိမ်ကြသည်။ မည်သို့ပင် ဆိုစေကာမူ သန်းခေါင်စာရင်းတွင်
၉၁၄ ကုဒ်ကို ရွေးချယ်ထည့်သွင်းကြမည့် သူများလည်း ရှိကြပြန်သည်။
“ကျွန်တော်တို့အနေနဲ့ကတော့ ဇိုမီးဆိုလို့ရှိရင် ၁၃၅ မျိုးထဲမှာမပါတဲ့အတွက်ကြောင့် သန်းခေါင်
စာရင်း ကော်မရှင်ကလည်း ခွင့်ပြုထားတဲ့အတွက်ကြောင့် 914 မှ ဇိုမီး လို့ ရေးဖို့ဆိုတာကို
အဓိကပြောပါတယ် ။ ကျွန်တော်တို့ကတော့ ဒီဇင်ဘာလတုန်းက ရန်ကုန်မြို့မှာ ပြည်ထောင်စု
ဝန်ကြီးဦးခင်ရီကိုယ်တိုင်ပြောပြတော့ ရှင်းပါတယ် ။ ၁၃၅ မျိုးမှာမပါတဲ့ လူမျိုးတွေက Other
914 မှာရေးလို့ရတယ်ဆိုတာ ရှင်းရှင်းလေးပါပဲ ရှုပ်ထွေးမှုမရှိဘူးလို့ ကျွန်တော်တို့ကတော့
မြင်ပါတယ်” ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ပူဂင်ကမ်းလျန်က
ပြောသည်။
ZCD အနေဖြင့် ဇိုမီး ဟု ၉၁၄ တွင်ထည့်သွင်းကြရန် လူထုအသိပေး ရှင်းလင်းပွဲများများ
သန်းခေါင်စာရင်းမကောက်ခင် ၂ လအလိုခန့်ကပင် စတင်ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် GZA
အဖွဲ့အစည်းအနေဖြင့်လည်း သန်းခေါင်စာရင်းတွင် ဇိုမီး ဟု ၉၁၄ တွင်ထည့်သွင်းကြရန်
တိုက်တွန်းမှုများကို သန်းခေါင်စာရင်း နီးကပ်လာချိန်တွင် ပို၍တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။
လွန်ခဲ့သည့် ၂ ပတ်ခန့်က GZA အဖွဲ့အနေဖြင့် တီးတိန်မြို့နယ်တွင် GZA ညီလာခံတစ်ခုကို
ပြုလုပ်ခဲ့ပြီး အဆိုပါ ညီလာခံတွင် ဇိုမီး များအနေဖြင့် ဇိုမီးဟု ၉၁၄ တွင် ထည့်သွင်းကြရန်
တိုက်တွန်းနှိုးဆော်ထားကြောင်းကို ယင်းတို့၏ ထုတ်ပြန်ကြေညာချက်မှ သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဒေသခံ လူငယ်တစ်ဦးဖြစ်သူ ကိုတွောင်က “မျိုးနွယ်စုအမည်တွေကို
ပေါင်းတဲ့သဘောလို့မြင်ပါတယ် ။ ဥပမာ ကျွန်တော်တို့ အခုတလော တီးတိန်မှာဆိုရင် ဆိုင်ကယ်
လိုင်စင်ချပေးနေတယ် ၊ အဲဒီဆိုင်ကယ်လိုင်စင်တွေကို ဥပမာ အိန္ဒိယ တရုတ် ထိုင်း သုံးမျိုး
ရှိတယ် ၊ တခြားနည်းလမ်းနဲ့ဝင်တဲ့ ဆိုင်ကယ်တွေ ဆိုရင် အခြားဆိုပြီိး Other ဆိုပြီးတစ်ခု
ထည့်ပေးတာပေါ့ ၊ အဲဒီ ၃ မျိုးစလုံးထဲမှာ မရှိတဲ့ဟာတွေကို Other အခြားထဲမှာ ထည့်ဖို့
သူတို့က ထားထားတယ် ။ အဲဒီလိုပဲ မပါတဲ့စာရင်းကို ကျွန်တော်တို့ 914 မှာ ထည့်ရင်
နောင်တစ်ချိန် Census လုပ်ရင် အဲ့ဒီဟာကို ကုဒ်နံပါတ်ရမယ်လို့ ကျွန်တော်မျှော်လင့်တယ်”
ဟု သူ၏ အမြင်ကို ပြောပြသည်။
ထို့ပြင် ချင်းအနွယ်ဝင် ကူကီးမျိုးနွယ်စုများကလည်း သန်းခေါင်စာရင်းကောက်ယူချိန်တွင်
ထည့်သွင်းရမည့် ၁၃၅ မျိုးတွင် ကူကီး ဟူသောမျိုးနွယ်စုအမည် မပါရှိခြင်းကြောင့် အခြား -
Other - ၉၁၄ တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ကူကီးရေးရာကော်မတီမှ သိရသည်။
ချင်းလူမျိုးတွင် ပါဝင်ပြီး ကုဒ်နံပါတ်မပါရှိသည့် မီဇိုး မျိုးနွယ်စုများအနေဖြင့်လည်း သန်းခေါင်
စာရင်းတွင် ၉၁၄ ကို ရွေးချယ်ထည့်သွင်းကြမည့်ဖြစ်ကြောင်းကိုလည်း ပြောဆိုသံများ ကြားရ
သည်။ ထို့ပြင် နာဂ လူမျိုးများ၊ တိုင်းလိုင်း-ရှမ်းနီလူမျိုးများ နှင့် ကရင်မျိုးနွယ်စုအချို့တို့မှလည်း
၉၁၄ တွင် ရွေးချယ်ထည့်သွင်းသွားမည်ဖြစ်ကြောင်း ကြားသိရသည်။ ထို့ပြင် ဘင်္ဂါလီများမှလည်း
၉၁၄ တွင်ထည့်သွားကြမည်ဖြစ်ကြောင်း သတင်းများအရ ကြားသိရသည်။
“ကျွန်တော်တို့ ချင်းဘက်မှာကျတော့ ဇိုမီးမျိုးနွယ်စု တစ်ချို့တွေပေါ့လေ ၊ ကူကီးအုပ်တစ်ချို့တွေ
ပေါ့ ။ နောက်ပြီးတော့ ရှမ်းနဲ့ ကရင်ဘက်မှာ တစ်ချို့မျိုးနွယ်စုတွေက ၉၁၄ မှာထည့်ဖို့လေသံတွေ
တော့ ကျွန်တော်တို့ ကြားရတယ် အများဆုံးကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာလို့ခေါ်တဲ့
ဘင်္ဂလီတွေကတော့ ၉၁၄ ကိုအဓိကတော့ ထည့်မယ်လို့သိရတာ် ။ တစ်ချို့ မီဇိုးလို့ခံယူထားတဲ့
သူတွေကလည်းပဲ သူတို့မှာ ကုဒ်နံပါတ်မရှိဘူးလေ အဲဒီတော့ သူတို့လည်းထည့်မလားပေါ့ ။
အဓိကကတော့ ၉၁၄ ဆိုတာကတော့ တိုင်းရင်းသား ၁၃၅ ထဲမှာ စာရင်းမဝင်သေးတဲ့
တိုင်းရင်းသားခံယူထားတဲ့ ကိုယ့်ဘာသာကိုယ် မျိုးနွယ်စုသီးခြားရှိပါတယ်ဆိုတဲ့ ခံယူထားတဲ့
သူတွေက ၉၁၄ ကို ထည့်ချင်ကြတာကိုး ။ ကျွန်တော်တို့ ချင်းထဲမှာတော့ ဇိုမီးနဲ့ ကူကီးနဲ့
မီဇိုးကလည်းပဲ ၁၃၅ ထဲမှာသူတို့မပါသေးဘူး ချင်း ၅၃ ထဲမှာလည်းသူတို့မပါသေးဘူးပေါ့” ဟု
ဆလိုင်း ကျဲအိုဘိခ်ထောင်းက ပြောသည်။
ထို့ပြင် ၉၁၄ ကုဒ်၏ လုပ်ထုံးလုပ်နည်းနှင့်ပတ်သက်၍ “အခြား (Other) မှာထည့်ရင်ဘာမှ
မဖြစ်ပါဘူး ။ ဒါပေမယ့် စာရင်းထွက်လာတာကတော့ နည်းနည်းနောက်ကျသွားမယ်ပေါ့ ။
ကုဒ်ရှိတဲ့ဟာတွေကျတော့ စက်နဲ့ရေတွက်သွားမှာမို့ တစ်နေ့တည်းမှာပဲ စာရင်းထွက်နိုင်ချေ
ရှိတယ်ပေါ့ ။ အခြား (Other) ထဲက စာရင်းတွေကို လက်နဲ့အကုန်ချရေးပြီး ရေတွက်မှာ
ဖြစ်တဲ့အတွက် အနည်းနဲ့အများ ချွတ်ချော်သွားနိုင်တယ်လေ။ အချိန်လည်း နည်းနည်းတော့
နောက်ကျသွားမယ်ပေါ့” ဟု သန်းခေါင်စာရင်းဆိုင်ရာ ချင်းအထောက်အကူပြုကော်မတီမှ
ညှိနှိုင်းရေးမှူး ဆရာအိုင်ဇက်ခင် ကပြောသည်။
ထို့ပြင် လက်ရှိ သန်းခေါင်စာရင်းတွင် သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးနှင့်
ချင်းတိုင်းရင်းသား ၅၃ မျိုးတို့မှာ မှန်ကန်မှုမရှိသဖြင့် ပြင်ဆင်ပေးရန် လိုအပ်ကြောင်း
သိရသည်။ သန်းခေါင်စာရင်းတွင် အချို့မှ ၉၁၄ ကုဒ်ကို ရွေးချယ်လာကြခြင်းမှာလည်း
အဆိုပါ တိုင်းရင်းသား ၁၃၅ မျိုးနှင့် ချင်း ၅၃ မျိုးစာရင်းတို့၏ မှားယွင်းမှုများကြောင့်
လည်း ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။
တိုင်းရင်းသား ၁၃၅ မျိုး၏ မှားယွင်းမှုများ
တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှာ မှားယွင်းကြောင်း၊ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ တိုင်းရင်းသား
ပါတီအားလုံးကလည် ကန့်ကွက်ကြကြောင်း ကို “ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့လည်းတွေ့ပါ
တယ်၊ ဒီနေ့ ကျနော်တို့အားလုံးပြောနေတာက တိုင်းရင်းသားတွေအားလုံးက ဒီတိုင်းရင်းသား
၁၃၅ မျိုးဆိုတာကို လုံးဝလက်မခံဘူး၊ ကျနော်တို့ ဘယ်လိုခံစားရသလဲဆိုရင် အစိုးရက ကျနော်
တို့တိုင်းရင်းသားတွေကို အရင် အင်္ဂလိပ်အစိုးရကလုပ်သွားသလိုမျိုးလုပ်နေတယ်လို့ ကျနော်
ခံစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သေချာမလေ့လာဘူး သေချာမသုံးသပ်ပဲနဲ့ လုပ်နေတယ်
ဆိုတော့ တိုင်းရင်းသားတွေအကွဲအပြဲဖြစ်အောင် လုပ်နေတယ်လို့ ကျနော်တို့ ရှုံ့ချတယ်။ ကျနော်
တို့တွေပဲမဟုတ်ဘူး၊ တိုင်းရင်းသား ပါတီတွေကလည်း ရှုံ့ချတယ် ဒီကိစ္စကို ။ ရှုပ်ထွေးအောင်
လုပ်တယ်လို့ ကျနော်တို့ ယူဆသုံးသပ်တယ် ။ ”ဟု ဇိုမီးပါတီ အထွေထွေအတွင်းရေးမှူး
ပူဂင်ကမ်းလျန်က ပြောကြားသည်။
ထို့အတူ လက်ရှိအတိုင်းဆက်လုပ်မည်ဆိုလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်များကိုပါ ထိခိုက်နိုင်ကြောင်း
ကို “သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ အခုဆိုတိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လည်း
အသေအချာလေ့လာတိုင်ပင်မှုမျိုးမလုပ်ပဲ မမှန်ကန်သည့် တိုင်းရင်းသား ၁၃၅ မျိုးကို
အခြေခံတဲ့ဟာကို လက်မခံကြဘူး။ ဒါကို အစိုးရဘက်က ကရုမပြုပဲ ဒီအတိုင်းသာဆက်လုပ်
သွားရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ သွားထိနိုင်တဲ့အခြေအနေဖြစ်နေတယ်” ဟု ချင်းအမျိုးသား
တိုးတက်ရေးပါတီ အတွင်းရေးမှူး(၂) ဆလိုင်း ကျဲဘိခ်ထောင်းက သုံးသပ် ပြောကြားသည်။
ချင်း ၅၃ မျိုး၏ မှားယွင်းမှုများ
ချင်းတိုင်းရင်းသား ၅၃ မျိုးစာရင်းသည်လည်းမှားယွင်းနေကြောင်း ဇိုမီးနှင့် ခူမီး အဖွဲ့အစည်းများမှ
ပြောဆိုကြသည်။ ၂၀၁၄ ခုနှစ် မတ်လတွင်ကောက်ခံမည့် သန်းခေါင်းစာရင်း ကုဒ်နံပါတ် ၄၀၅
တွင် ပါဝင်သော “ခမိ” လူမျိုးဆိုသည်မှာ မှားယွင်းကြောင်း၊ အမှန်မှာ “ခူမီး” (Khumi)
လူမျိုးဖြစ်ကြောင်း နှင့် လူမျိုးအမည် မှန်မှန်ကန်ကန်ဖြစ်စေရေးအတွက် ပြင်ဆင်ပေးပါရန်
သမ္မတထံသို့ တင်ပြထားကြောင်း သိရသည်။
“ချင်းပြည်နယ်မှာလည်း ၅၃ မျိုးရှိတယ်ဆိုတာလည်း ကျနော်တို့ လုံးဝလက်မခံဘူး။ ကျနော်တို့
ဘာနဲ့ ထောက်ပြလို့ ရသလဲဆိုရင် ချင်း code ရဲ့ 402 မှာ Meithei(Kathae) ဆိုတာထည့်
ထားတယ်။ Meithei(Kathae) ဆိုတာ ချင်းပြည်နယ်မှာမရှိဘူး။ Meithei(Kathae) ဆိုတာ
အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ ပြီးတော့ နာဂဆိုတာလည်း ချင်းတိုင်းရင်းသားထဲမှာ
မရှိပါဘူး။ ပြီးတော့ ဒီမှာပါတဲ့ Code No 424 မှာ တီးတိန်ဆိုတာ ကျနော်တို့နေထိုင်တဲ့မြို့ပဲဖြစ်ပါတယ်။
ဥပမာ ဗမာတိုင်းရင်းသားတွေက ရန်ကုန်မှာနေထိုင်လို့ ရန်ကုန်တိုင်းရင်းသားဖြစ်လို့ရမလား၊ မန္တလေး
မှာနေထိုင်လို့ မန္တလေးတိုင်းရင်းသားဖြစ်လို့ရမလား၊ မရဘူးလေ။ ဒါတွေက ရွာနာမည် မြို့နာမည်
အသုံးအနှုန်းတွေနဲ့ လူမျိုးနာမည်မှည့်ထားတာ” ဟု ဂင်ကမ်းလျန်ကပြောသည်။
ဖြစ်လာနိုင်ဖွယ်ရှိသည့် ၉၁၄ ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ
သန်းခေါင်စာရင်းကောက်ယူသည့်အခါ လူမျိုးအမည်တွင် ၉၁၄ ကုဒ်ကိုရွေးချယ်မှုနှင့်ပတ်သက်၍
ကောင်းကျိုးထက် ဆိုကျိုးပိုများနိုင်ကြောင်းကို ဆလိုင်းကျဲအိုဘိခ်ထောင်းက “ကောင်းကျိုးကတော့ ကျွန်တော်တို့လေ့လာသလောက်ကတော့မတွေ့ဘူးပေါ့လေ ။ ဆိုးကျိုးအနေနဲ့ကတော့ ကျွန်တော်တို့
ရဲ့လေ့လာသလောက်အရဆိုရင် နံပါတ် (၁) ကတော့ လုံးဝမသေချာတဲ့နေ၇ာမှာသွားထည့်တဲ့အခါ
ကျတော့ မရေမရာတဲ့ ၉၁၄ အဓိပ္ပါယ်ဖွင့်ဆိုချက်ကလည်း ၂ မျိုး ၃ မျိုးလောက်ထွက်တဲ့ဟာမျိုး
မရေရာတဲ့ပုံစံမျိုးဖြစ်တဲ့အခါကျတော့ အဲဒီမှာ ရေရာတဲ့ ကိုယ့်လူမျိုးကို မရေရာတဲ့ အကွက်မှာ
သွားထည့်ရင် အဲဒီဟာက ကိုယ့်လူမျိုးအတွက်ပါ ဖြစ်တည်ဖို့အတွက်ပါ နောက်နောင်မှာပေါ့လေ
စိုးရိမ်စရာ ဖြစ်နိုင်ပါတယ် ။ နံပါတ် ၂ အချက်ကတော့ ဥပမာ ၉၁၄ မှာသွားထည့်ရင် ကူကီး
ဘက်က ဇိုမီးဘက်က မီဇိုးဘက်က ပြီးတော့ တောင်ပိုင်းဘက်မှာလည်းပဲရှိပါတယ် ခူမီး
တို့ဘာတို့ပေါ့လေ တကယ်လို့ ၉၁၄ မှာသူတို့ထည့်လို့ရှိရင် ချင်းလူဦးရေ တအားကြီးလျော့သွား
လိမ့်မယ် ။ ၉၁၄ မှာထည့်ထားတဲ့ဟာတွေက ချင်းလူဦးရေစာရင်းမှာ မဝင်တော့ဘူးလေ ။
အဲဒီအခါကျတော့ ချင်းလူဦးရေတအားလျော့သွားမှာပေါ့လေ ။ ချင်းလူမျိုးအားလုံးအတွက်
နစ်နာချက်ဖြစ်မှာပေါ့ ။ပြီးတော့ ၉၁၄ ဆိုတာကလည်းပဲ သန်းခေါင်စာရင်းပြီးတဲ့အချိန်ကျရင်
၉၁၄ ကိစ္စနဲ့ပတ်သက်ပြီးတော့ စဉ်းစားပေးမယ်ဆိုတာကတော့ ဘယ်သူက စဉ်းစားပေးမလဲ
။ ဘယ်အဖွဲ့အစည်းက အစိုးရကဆိုရင်လဲ အစိုးရကဘယ်လိုအကောင်အထည်ဖော်မလဲ ။
၉၁၄ နဲ့ပတ်သက်ပြီးတော့ ကိုယ့်လူမျိုးကို အဲဒီမှာထည့်ထားတိုင်းလည်းပဲ ကွင်းစကွင်းပိတ်နဲ့
ကိုယ့်လူမျိုးနာမည်ရေးမယ်ဆိုတဲ့ဟာကလည်း အစိုးရက အသိအမှတ်ပြုမယ်ဆိုတဲ့ ဟာက
လည်းပဲ အာမခံချက်မရှိဘူးလေ ။ အာမခံချက်မရှိဘူးပေါ့ ” ဟု ပြောသည်။
နိုင်ငံတော်စီမံကိန်းဖြစ်သည့်အတွက် အပြည့်အဝ ယုံကြည်မှုရှိကြောင်း ကို ပူ ဂင်ကမ်းလျန်က
“ကျွန်တော့်အနေနဲ့ကတော့ နိုင်ငံတော်စီမံကိန်းဆိုတော့ အပြည့်အဝ ယုံကြည်ပါတယ် ။ ဝန်ကြီး
ကိုယ်တိုင်ပြောကာဆိုတော့ အန္တရာယ်မရှိနိုင်ဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီဇင်ဘာ
လတုန်းက ရန်ကုန်မြို့မှာ ပြည်ထောင်စုဝန်ကြီးဦးခင်ရီကိုယ်တိုင်ပြောပြတော့ ရှင်းပါတယ် ။
၁၃၅ မျိုးမှာမပါတဲ့ လူမျိုးတွေက Other 914 မှာရေးလို့ရတယ်ဆိုတာ ရှင်းရှင်းလေးပါပဲ
ရှုပ်ထွေးမှုမရှိဘူးလို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်။ 914 က Serial နံပါတ် ၁၁
ဖြစ်ပါတယ် ။ နိုင်ငံခြားသားများအတွက်က Serial နံပါတ် ၁၀ မှာပါပြီးသားဖြစ်ပါတယ်
ဘာမှမဆိုင်ပါ ဘူး ။ ကျွန်တော်တို့က ဇိုမီးဆိုတာကတော့ အားလုံးပေါင်းစည်းနိုင်အောင်ဆိုတဲ့
အနေအထားပါပဲ ။” ဟု ပြောသည်။
ထို့ပြင် ၉၁၄ ကုဒ်ကိုရွေးချယ်မည့်အစား ရှိပြီးသားကုဒ်တွင် ထည့်သွင်းခြင်းသည် အမှန်ကန်ဆုံး
ဖြစ်မည်ဟု ထင်မြင်မိကြောင်းကို ချင်းလူငယ် Web Master တစ်ဦးဖြစ်သူ ကိုဒဲရစ်မှ "၉၁၄ကို
ကျွန်တော်တော့ သိပ်ပြီးအားမပေးချင်ဘူး။ခုကိစ္စက ကုဒ်ရဖို့အရေး အရင်သွားရမှာဖြစ်တဲ့အတွက်
ကိုယ်ရပြီးသားကုဒ်ဘေးမှာ ကိုယ်လိုချင်တဲ့ကုဒ် ရေးရင် အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်
လို့မြင်ပါတယ်။ ဥပမာ ကိုယ်လိုချင်တာ ဇိုမီးဆိုတဲ့ ကုဒ်ဖြစ်တဲ့အတွက် ၉၁၄=အခြား(ဇိုမီး)
လို့ရေးတာထက် ရှိပြီးသားကုဒ်တခုခု၊ကိုယ်နဲ့ နီးစပ်တဲ့ ၄၂၄=တီးတိန်(ဇိုမီး) လို့ရေးခြင်းသည်
ပိုမို သင့်လျော်ကောင်းမွန်တဲ့ ရွေးချယ်မှုလို့မြင်တယ်။ နောက်တခုပြောရမယ်ဆိုရင် ၉၁၄
ကိစ္စမှာတာဝန်ခံခဲ့ကြတဲ့ သူတွေကနောင်တချိန် ဒီကိစ္စကြောင့် တစုံတခုဖြစ်လာခဲ့ရင်ကိုယ့်နောက်ကို
လိုက်ပါခဲ့တဲ့ လူတွေရဲ့ အနာဂတ်ကိုတာဝန်ယူရမယ် လို့ပြောချင်ပါတယ် " ဟု သူ၏ အမြင်ကို
ပြောပြသည်။
၉၁၄ အစား ဘာတွေ ရွေးချယ်နိုင်မလဲ
၉၁၄ ကုဒ်ကို ရွေးချယ်ရန် တွေဝေ စိုးရိမ်နေသူများလည်း ရှိနေရာ ချင်းလူမျိုးများအနေဖြင့်
၉၁၄ အစားရွေးချယ်စရာများရှိနေသည်။ ၉၁၄ ကိုရွေးချယ်မည့်အစား ချင်းလူမျိုးများအနေဖြင့်
၎ နှင့် စသည့် ကုဒ်နံပါတ်များနေရာတွင် ကွင်းစကွင်းပိတ်ဖြင့် မိမိတို့ လူမျိုးနွယ်စု အမည်များကို
ထည့်သွင်းဖြည့်စွက်နိုင်ကြောင်းသိရသည်။
“၉၁၄ ကိုမထည့်ပဲနဲ့ ၉၁၄ ထည့်မယ့်အစား ၄ နဲ့စတဲ့ နေရာမှာ အကုန်လုံးထည့်နိုင်ဖို့ လိုပါတယ်။
စာရင်းမဝင်းသေးတဲ့မျိုးနွယ်စုတွေကလည်းပဲ ၄ နဲ့စတဲ့နေရာမှာ ကိုယ်နဲ့နီးတဲ့နေရာတွေမှာ ကွင်းစ
ကွင်းပိတ်နဲ့ ကိုယ့်ရဲ့မျိုးနွယ်စုတွေကို ရေးစေချင်တယ် ။ နိုင်ငံတော်အစိုးရအနေနဲ့ မျိုးနွယ်စုတွေကို
အတည်ပြုနိုင်ဖို့လည်းပဲ ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်သွားနိုင်မှာပေါ့” ဟု
ဆလိုင်းကျဲအိုဘိခ်ထောင်းက ပြောသည်။
ယခု သန်းခေါင်စာရင်းကောက်ယူမှုသည် လူဦးရေကိန်းဂဏန်းတစ်ခုတည်းကိုသာ ကောက်ယူ
ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာထားသော်လည်း ပြည်သူလူထုအတွင်း စိုးရိမ်မှု
များစွာရှိနေပြီး လူမျိုးအမည်ထည့်သွင်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ယနေ့ကမ္ဘာတွင် ဘုံဖြစ်တည်မှုများနှင့် ဘုံယဉ်ကျေးမှုများ အတွက် ကြိုးစားအကောင်အထည်
ဖော်နေကြချိန်တွင် ချင်းတိုင်းရင်းသားများအနေဖြင့်လည်း ချင်း ဟူသည့် ဘုံဖြစ်တည်မှုအောက်တွင်
စည်းလုံးညီညွတ်စွာ အတူတကွ ရပ်တည်နိုင်ကြမည်ဆိုလျှင် ချင်းသမိုင်းတွင် မရှိခဲ့ဖူးသည့် ချင်းတို့၏
သမိုင်းမော်ကွန်းသစ်ကို ရေးထိုးမှတ်တမ်းတင်နိုင်ကြမည်ဖြစ်သည်။
ရွေးချယ်မှုမှာ ပြည်သူလူထု တစ်ဦးချင်းစီတို့၏ ကိုယ်ပိုင် ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်သာ ဖြစ်ပေသည် ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။