Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Showing posts with label သုတ၊ရသ. Show all posts
Showing posts with label သုတ၊ရသ. Show all posts

Saturday, April 14, 2018

နောင်​တ တရား

နောင်​တ တရား
÷÷÷÷÷÷÷÷÷÷÷÷ {{အာဒံ}}

ညနေအလုပ်ကအပြန်အိမ်ကိုရောက်တာနဲ့ အမေနဲ့ဇနီးသည်ပြောနေတဲ့စကား
တွေကိုကြားနေရတယ်...

" သမီးရယ် အမေရောဂါနဲ့ ဒီးဟင်းတွေနဲ့ စားလို့မှမရတာ
တခြားဟင်းမရှိတော့ဘူးလား"

"ဒီမှာ တော်သားရတဲ့လစာနဲ့ ဒီဟင်းနဲ့ပဲစားရတာကံကောင်းတယ်မှတ်"

မိန်းမဖြစ်သူရဲ့စကားကိုကြားလိုက်ရတဲ့ကျွန်တော် ဒေါသတွေဖြစ်မိတယ်
ပြီးတော့မိန်းမဖြစ်သူကိုပြောလိုက်တယ်……

"မင်းကလဲကွာ အမေမှာဒီဟင်းတွေနဲ့မတည့်ပါဘူး မစားနဲ့လို့
ဒေါက်တာကမှာထားတယ်လေ ဒီလောက်တော့မင်းနားလည်ရမှာပေါ့"

"ဒီလောက်စားချင်နေရင် ရှင့်အမေကိုရှင်ကိုယ်တိုင်ချက်ကျွေးလိုက်……"

Friday, April 13, 2018

“ အောင်မြင်မှုအတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ ”

တစ်ခါတုန်းကပေါ့ အရမ်းကိုအောင်မြင်နေတဲ့ ရုပ်မြင်သံကြားဌာနတစ်ခုကနေပြီး စီးပွားရေးမှာ ထူးချွန်လို့နာမည်ကြီးနေ တဲ့ လူငယ်တစ်ဦးကို အင်တာဗျူးပါတယ် ။ အင်တာဗျုးတွေ ရဲ့နောက်ဆုံးအဆုံးသတ်စကားအတိုင်း မေးတဲ့သူက လူငယ်ကို “ အောင်မြင်မှုအတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ ” လို့မေးခဲ့ပါတယ် ။ လူငယ်က ခဏစဉ်းစားပြီး အဖြေကို တိုက်ရိုက်မပြောပဲ သူ့ကိုပုံပြင်လေးတစ်ပုဒ်ပြောသွားခဲ့တယ် ။

ဂျပန်ဆိုတာ မင်းထင်သလို မဟုတ်ဘူးညီလေး

ဂျပန်ဆိုတာ မင်းထင်သလို မဟုတ်ဘူးညီလေး

သူ့နိုင်ငံသားတွေအတွက်တော့ အရမ်းကောင်းတဲ့

နိုင်ငံလို့ပြောလို့ရတယ် ဂျပန်ရဲ့တိုးတတ်မှု့ တွေကြည့်ပြီး

ငါလည်း ဂျပန်ရောက်ရင်အဲ့လိုဖြစ်မှာပဲမတွေးနဲ့ အရာအား

လုံးကို ဥပဒေနဲ့ထိန်းချုပ်ထားပြီးသား ကောင်းတယ် ကောင်း

ကို ကောင်းလွန်းနေတာ ပင်ပန်းမှု့ဒါဏ် နဲ့ စိတ်ဖိစီးမှု့များ

လို့ ရှင်းဂျု့ခုလိုနေရာမျိုးမှာ ခဏခဏ ရထားလမ်းပေါ်

ခုန်ချပြီး သေတဲ့ဂျပန်တွေဆိုလည်း မကြာခဏကြားနေရ

Friday, March 30, 2018

ဘဝရဲ့ ရှိခြင်း နဲ့ မရှိခြင်း နှစ်ဖက်လုံးကို မြင်နိုင်ပါစေ။

မင်းက အဆင့်မြင့်ဆေးရုံမှာ မွေးခဲ့တယ်
ငါက အိမ်မှာ လက်သည်နဲ့ မွေးခဲ့တယ်။
ဒို့နှစ်ယောက်လုံး အသက်ရှင်နေထိုင်နိုင်ခဲ့ကြတယ်
.
မင်းက ပရိုက်ဗိတ်ကျောင်းကို တက်ခဲ့တယ်
ငါက အစိုးရကျောင်းကို တက်ခဲ့တယ်
ဒို့နှစ်ယောက်လုံး အထက်တန်းကို အောင်ခဲ့ကြတယ်
.
မင်းက မနက်မှာ အကောင်စားမွေ့ယာနဲ့ ကုတင်ပေါ်မှာ အိပ်ခဲ့တယ်
ငါက ကြမ်းပြင် အိပ်ယာပေါ်မှာ အိပ်ခဲ့တယ်
ဒို့နှစ်ယောက်လုံး ညကို ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ခဲ့ကြတယ်။

အို အသင်လောက

အို အသင်လောက

တစ်အိမ်လုံးမှာ ပိုက်ဆံ ဘယ်လောက်ရှိကြောင်းကို ပြားကစ၍ အတိအကျသိရသည့် အခြေအနေသို့ ရောက်ရှိပြီဖြစ်၏။ ကလေးတွေကို သူတို့အမေက မုန့်ဖိုး တစ်ယောက်တစ်မတ်စီ ပေးသည်။ ခါတိုင်း သုံးဆယ့်ငါးပြား ပေးနေကျ ဖြစ်သဖြင့် ကလေးတွေက မကျေနပ်ကြ။ ဘာမျှတော့ မပြောချေ။ ပြောလို့လည်း ဘာမှမထူး၊ ပိုရမည်မဟုတ်မှန်း သိသောကြောင့် လေကုန်ခံပြီး မပြောကြခြင်း ဖြစ်လိမ့်မည်။ သို့တည်းမဟုတ် သူတို့အမေ စိတ်ထွက်ပြီး ခေါင်းခေါက်မည် စိုးသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်မည်။
အငယ်ဆုံးကောင်ကတော့ ပိုက်ဆံတစ်မတ်စီကိုင်၍ လှည့်အထွက်တွင်..
“နည်းနည်းလေး ပေးတာ မလောက်လို့.. များများကြီး ပေးပါဦးလို့”
ဟု သီချင်းတစ်ပုဒ်ကို ဖျက်ပြီး မကြားတကြား ဆိုသွားသည်။

Thursday, March 29, 2018

ဆည်မနိုင်တဲ့ စုန်ရေ



“အမေကသားကို မချစ်ပါဘူးဗျာ”
“နင်က ချစ်စရာ ကောင်းတာကိုး အကောင်ရဲ့”
“အမေက သားကို ဆိုအကောင်းကိုမပြောဘူး”
“အေးဟေ့ ငါ့သားလေး သိပ်ချစ်တာပဲ တွေ ဘာတွေ ပြောမနေအားဘူး ၊ လုပ်စားရတာ မောရတဲ့ကြား နင်ကတစ်မျိုး ရော့ ဒီမှာ လက်ဖက်ရည်ဖိုး ထားခဲ့တယ် သွားမယ် ”
ကျွန်တော်ပြုံးလိုက်သည်။ သေချာအောင် စောင်ထဲက ချောင်းကြည့်လိုက်သည်။
ပိုက်ဆံ တစ်ထောင်တန်ကိုမြင်မှ စောင်ခြုံပြီး အသာပြန်ကွေးနေလိုက်သည်။ မနက်ခင်းတိုင်းကြား
ရမြဲအသံတွေထဲ မှာ အမေ နောက်ဆုံးပြောနေကျ လက်ဖက်ရည် ဖိုး ထားခဲ့တယ် ဆိုတဲ့
အသံသည် ကျွန်တော်မနက်ခင်း တိုင်းအတွက် အသာယာဆုံး တေးသံပင်ဖြစ်သည်။ တခါ တရံ ငါးရာတန်
ထားခဲ့လျှင်ဂျီကျ တတ်လို့ အခုဆို တစ်ထောင်တန် သာထားခဲ့တာများသည်။

Saturday, March 3, 2018

"ငှက်နှစ်ကောင်ရဲ့ ချစ်ပုံပြင်"

"ငှက်နှစ်ကောင်ရဲ့ ချစ်ပုံပြင်"
💖💖💖💖💖💖💖💖💖

ဒီငှက်နှစ်ကောင်ရဲ့ အချစ်ဇာတ်လမ်းက စိတ်ကူးယဉ်မဟုတ်သလို ဒဏ္ဍာရီပုံပြင်လည်း မဟုတ်ပါဘူး။ တကယ်လက်ရှိဘဝမှာ ဖြစ်ပျက်နေတဲ့ အဖြစ်တစ်ခုပါ။ ဒီငှက်နှစ်ကောင်ရဲ့အကြောင်းကို သတင်းတွေမှာ ဖတ်မိ ကြည့်မိကြမှာပေါ့။

ဥရောပတိုက်မှာ Croatia ဆိုတဲ့ ဒေသတစ်ခုရှိတယ်။ အဲဒီဒေသမှာ Slavonski Brod ဆိုတဲ့မြို့လေးတစ်မြို့ရှိတယ်။ အဲဒီမြို့လေးက ရာသီဥတုမျှတပြီး တောတောင်ရေမြေစိမ်းစိုတာကြောင့် ငှက်အများရဲ့ ခေတ္တနားခိုရာနေရာဖြစ်ခဲ့တယ်။ အထူးသဖြင့် ငှက်ကျားဖြူတွေဟာ နွေဦးရာသီရောက်တိုင်း အဲဒီမြို့လေးဆီ ပျံသန်းလာကြပြီး ခေတ္တနေထိုင်ကြတယ်။

Tuesday, February 27, 2018

သူ့တပါးအ​ပေါ် စိတ်​ရင်းဖြူစင်​စွာ ကူညီခဲ့​သော​ကြောင့်စေတနာ အကျိုးပေးကောင်းပုံ


ဘရိုင်ယန်ဟာ သူ့ကားဟောင်းလေးကို မောင်းရင်း
အလုပ်ကနေ အိမ်ကို ပြန်လာတယ်။
ဆောင်းဝင်စ မိုးချုပ်ခါနီးမို့ မြူတွေကလဲ ကျနေတယ်။
မိုးကလဲ ဖွဲဖွဲလေးရွာနေတယ်။ မြင်ကွင်းက သိတ်မကြည်လို့
သူဟာ ကားကို ဂရုစိုက်ပြီး ဖြေးဖြေးလေး မောင်းနေရတယ်။
မှောင်စပြုနေပြီမို့ ကားမီးထိုးပြီး မောင်းနေရတယ်။
သူဟာ ရုတ်တရက် ရှေ့မလှမ်းမကမ်း လမ်းဘေးမှာ
ရပ်ထားတဲ့ မာစီဒီးကားတစ်စီးဘေးနားက အသက်ကြီးကြီး မိန်းမကြီးတယောက်ဟာ ဖြတ်သွားတဲ့ ကားတွေကို
လက်ပြတားနေတာကို တွေ့လိုက်ရတယ်။

ရွဲကုန်သည်နှင့် ပင့်ကူအိမ်

ရွဲကုန်သည်နှင့် ပင့်ကူအိမ်
----------------------------------- သျှီ(တမာမြေ)

တစ်ခါက ရွဲကုန်သည် နှစ်ဦးရှိတယ်။
ထိုရွဲကုန်သည်နှစ်ဦးဟာ သူ့တို့မှာ ပါလာတဲ့ ရွဲတွေကို တစ်ရွာဝင်တစ်ရွာထွတ် လိုက်လံရောင်းချနေတယ်။
ရာသီဥတုက ပူပြင်းတာရယ် သီးနှံအထွတ်တိုးနည်းပါးတာရယ်ကြောင့် တောင်သူတွေ ၀င်ငွေပါးတော့ ထင်ထားသလို မရောင်းရပါ။

နှစ်ယောက်စလုံးလည်း စိတ်ဓာတ်တွေကျဆင်းနေကြတယ်။
မိမိထင်ထားသလို ဖြစ်မလာတော့ လေးလံသော ရွဲတွေကို ထမ်းပိုးရင်း ခြေတိုအောင် ရှောက်နေကြရတယ်။

Monday, February 26, 2018

အချစ်ရဲ့ ဒုက္ခ

အချစ်ရဲ့ ဒုက္ခ

ထိုင်ဝမ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။
သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။
အရွယ်ကောင်းတုန်းမှာပဲ ယောက်ျားဆုံးပါးသွားပါတယ်။
ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့
နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခု သားတစ်ခုနဲ့ ပဲ
သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။

Saturday, February 24, 2018

မေတ္တာ၏အတိုး

 
 
မေတ္တာ၏အတိုး
xxxxxxxxxxxxx

အဲဒီတစ်နေ့၊ ငါးနာရီခွဲ ကားပြန်အပ်ရပါမယ်။ တက္ကစီ ဆရာ ဂျိုးဟာ ခေတ္တနားမည် ဆိုတဲ့ ကပ်ထူဘုတ်ကို ထောင်လိုက်ပါတယ်။ အဲဒီနေ့ဟာ သော့ကြာနေ့ ဖြစ်ပါတယ်။ အမှတ် ( ၁၄ )ကျောင်းက အဆောင်နေ ကျောင်းသူကျောင်းသားများဟာ ကျောင်းအပြင်ဘက်ကို တစ်ရုန်းရုန်း နဲ့ ထွက်လာနေကြပါတယ်။ ဂျိုးဟာ အကျင့်ပါနေသလိုပါပဲ ကားကို ရပ်လိုက်ပါတယ်။ကျောင်းသူ ကျောင်းသားများ သွားလာနေကြတာကို စိုက်ကြည့်နေတတ်ပါတယ်။ သူတို့လေးတွေ ရိုးရှင်းတဲ့ ကျောင်းဝတ်စုံကို ၀တ်ဆင်ထားကြပါတယ်။ သူတို့မျက်နာလေးတွေ အစဉ်အမြဲ ကြည်လင် ၀င်းပနေလို့ပါလား။

Monday, February 19, 2018

အမောက်ထောင်၍ သည်းခံပါ

အမောက်ထောင်၍ သည်းခံပါ

ရှေးအခါက ရွာတစ်ရွာမှာ အင်မတန်အဆိပ်ပြင်းတဲ့
မြွေဟောက်ကြီးတစ်ကောင်သည် ရွာ၏အနီး လယ်ပြင်မှာ ရှိနေခဲ့တယ်။

အဲ့ဒီမြွေဟောက်ကြီးဟာ ရွာအပြင်လယ်ကွင်းထဲ ထွက်လာသူအားလုံးကို လိုက်၍ ကိုက်သတ်နေသောကြောင့် ရွာသားများဟာ
ရွာအပြင်လယ်ကွင်းထဲကို မည်သူမျှမသွားရဲကြပေ။

Wednesday, February 14, 2018

* အချစ်ရဲ့ ဒုက္ခ *

* အချစ်ရဲ့ ဒုက္ခ *

ထိုင်ဝမ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။
သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။
အရွယ်ကောင်းတုန်းမှာပဲ ယောက်ျားဆုံးပါးသွားပါတယ်။
ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့
နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခု
သားတစ်ခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။
သားလေးလည်း အလွန်လိမ္မာပါတယ်။
အမေ့ကိုလည်း အလွန်သိတတ်ပါတယ်။

Tuesday, February 6, 2018

အရေးကြီးတာ မနေ့က သင်ဘယ်သူလဲ မဟုတ်ပါဘူး၊ ဒီနေ့ သင်ဘယ်သူလဲ ဆိုတာပါ

အရမ်းကို ကောင်းလွန်းတဲ့ စာတိုလေးပါ
ဖတ်ဖြစ်အောင်ဖတ်ကြစို့
.
လှေက ကမ်းမှာကပ်ထားရင် အန္တရယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
.
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

Thursday, February 1, 2018

“ မမွှေးသော ပန်းများ" အပိုင်း (၁)

“ မမွှေးသော ပန်းများ"

အပိုင်း (၁)

အတန်းထဲဝင်လိုက်သည်နှင့် မြင်နေကျ မြင်ကွင်းက ဆီးကြိုသည်။ စာမေးနေကြသော ထိုင်းကျောင်းသူကျောင်းသားတစ်ချို့ကြားမှာ ခေါင်းကုတ်လိုက် စာရွက်တွေကို လှန်လိုက်နှင့် မေးသမျှရှာဖွေဖြေပေးနေသူ မလေရှမ်ကျောင်းသား ချမ်။ အတန်းအရှေ့ဆုံးထောင့်ခုံတွင်တော့ သူ့ကွန်ပြူတာထဲကို စူးစိုက်ကြည့်နေပြီး တိတ်တဆိတ်ထိုင်နေသူ ထိုင်းကျောင်းသား ထန်ခွန်။

Sunday, January 28, 2018

( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

 
 
🇯🇵🇯🇵 ( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ 🇯🇵🇯🇵

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်း အဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်းပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက် ပါ့မယ်။

Friday, January 26, 2018

#ချွေးနဲ့ ရှာထားတဲ့ ပိုက်ဆံ

#ချွေးနဲ့ ရှာထားတဲ့ ပိုက်ဆံ

အလွန်ချမ်းသာတဲ့ သူဌေးကြီး လင်မယားမှာ သားတစ်ယောက်ရှိတယ်။ တစ်ဦးတည်းသော သားမို့ အဖေရော အမေပါ အလိုလိုက်ထားတယ်။ ကလေးဟာ ငယ်ကတဲက အလိုလိုက်ခံထားရလို့ အိမ်မှာ ဘာအလုပ်မှ မလုပ်ချင်ဘူး။ ပျင်းတယ်။ ပျင်းတာမှ အရမ်းကို ပျင်းတယ်။

Monday, January 22, 2018

မြင့်မိုရ်တောင်ကြီး အကြောင်း


နှိုက်နှိုက် ချွတ်ချွတ် မေးတတ်လွန်းကြပြီး မတင်ပေးမချင်း ဂျီကျနေတဲ့ မောင်လေးညီမလေးတွေ… မြင်းမိုရ်တောင်ကြီး အကြောင်းပါပဲရှင်။( နူးတို့ရဲ့ဘာသာဝင်တွေကို ဘာသာခြားတွေ လာလာမေးတိုင်း အခက်တွေတွေ့စေတဲ့မေး ခွန်းပေါ့ ….) ဖတ်ကြည့်ရှင် …။
ဗြဟ္မဏ ၀ါဒ ဖြစ်တဲ့ ဟိန္ဒူ နဲ့ ဂျိန်းဘာသာ မဟာဘာရတ္တ ကျမ်းမှာတော့
မေယု ဆိုတဲ့ မြင်းမိုရ် တောင်ကို သက္ကတ ဘာသာနဲ့ သုမေရု၊ မဟာမေရု ခေါ်ပြီး မြင်းမိုရ်တောင်မှာ နတ်ပြည် အထပ်ထပ် ရှိနေပြီး ဂန္ဓမာ ဒန (Gandhamadana) နဲ့တစ်ကွ တောင်စဉ် ( ၇ ) သွယ် ကျွန်းကြီး လေးကျွန်း နဲ့ ဂင်္ဂါ (Ganga) မြစ် တို့ရှိကြောင်း ဖေါ်ပြထားတာကို တွေ့နိုင်ပါတယ် … မြင်းမိုရ် တောင်ကို ဗဟိုပြုပြီး နေလ နက္ခတ် တာရာများ သွားလာ လည်ပတ် လျှက် ရှိသည် တဲ့ဘူတန် လူမျိုးတွေရဲ့ မြင်းမိုရ် တောင်လည်း ဒီသဘော အတိုင်းပင်ပါပဲ
ဂျပန် လူမျိုးတွေက တော့ (Shumisen) ဟု ခေါ်ဝေါ်ကြပါတယ် ကောင်းကင်၊ ငရဲ နှင့် လူ့ပြည်တို့ ကို ဆက်သွယ်ထားတယ် လို့ ယုံကြည်ခဲ့ကြပါတယ် …။

Thursday, January 18, 2018

ပဲရစ်ရဲ့ မိန်းမပျို သို့မဟုတ် နော်ထျာဒမ်ဝတ်ကျောင်းတော်


ဗစ်တာဟူဂို (Victor Hugo) ရဲ့ ခါးကုန်းကြီး (The Hunchback of Notre-Dame)ဝတ္ထုဖတ်ဖူးမယ်ဆိုရင်ဖြင့် နော်ထျာဒမ် (Notre-Dame)ဆိုတဲ့နာမည်က နားထဲစိမ်းမနေလောက်ပါဘူး။
ဒါ့အပြင် မြောက်မြားစွာသောရုပ်ရှင်တွေထဲမှာ နော်ထျာဒမ်က အထင်ကရ ပါဝင်နေပြီးသားဖြစ်ပါတယ်။ ပြင်သစ်လို နော်ထျာဒမ်ဆိုတဲ့နာမည်ဟာ ပဲရစ်မြို့ရဲ့မိန်းမပျိုလို့ အမည်ရပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တည်ရှိတဲ့ နော်ထျာဒမ်ဝတ်ကျောင်းတော်ဟာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ခန့်ညားထည်ဝါလှတဲ့ ကက်သိုလစ်ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ပြင်သစ်မှာသာမက ကမ္ဘာမှာပါ အကြီးမားဆုံးဘုရားကျောင်းတွေထဲကတစ်ခုဖြစ်တဲ့အပြင် ပြင်သစ်ရဲ့၁၁၄၀ ခုနှစ်မှ ၁၅၀၀ခုနှစ်အတွင်းကဗိသုကာပညာရပ် (Gothic Architecture) တွေနဲ့ ခြယ်မှုန်းထားတဲ့ အလှပဆုံးကျောင်းတော်တွေထဲက တစ်ခုဖြစ်ပါတယ်။

နေရာမှန်


တခါတုန်းက ကုလားအုပ် သားအမိဟာ သစ်ပင်တစ်ပင်အောက်မှာ လဲလျောင်းနေတယ်…
ကုလားအုပ်ပေါက်ကလေးက သူ့အမေကို မေးတယ်
“ ဘာကြောင့် ကုလားအုပ်တွေမှာ ဘို့တွေ့ရှိနေရတာလဲ မေမေ”
သူ့အမေဟာ စဉ်းစားပြီးတော့ အခုလိုပြောတယ်
“ငါတို့ဟာ ကန္တာရမှာနေတဲ့ သတ္တဝါတွေဖြစ်တယ်၊ ရေတွေကို သိုလှောင်ဖို့အတွက်
ငါတို့မှာ ဘို့တွေရှိနေတာ… ဒါကြောင့် ရေနည်းနည်းရှိပေမယ့် ငါတို့အသက်ရှင်နိုင်တယ်”
ကလားအုပ်ပေါက်ကလေးဟာ ခဏတာတွေးနေပြီး ဒီလိုဆက်မေးတယ်
“ဟုတ်ပါပြီ မေမေ… ကျွန်တော်တို့ရဲ့ ခြေထောက်တွေဟာ ရှည်ပြီးတော့
ခြေချောင်းတွေဟာ ဘာလို့ လုံးတုတ်နေတာလဲဟင်”
သူ့အမေက အခုလိုပြန်ပြောတယ်