“ မမွှေးသော ပန်းများ"
အပိုင်း (၁)
အတန်းထဲဝင်လိုက်သည်နှင့် မြင်နေကျ မြင်ကွင်းက ဆီးကြိုသည်။ စာမေးနေကြသော ထိုင်းကျောင်းသူကျောင်းသားတ စ်ချို့ကြားမှာ
ခေါင်းကုတ်လိုက် စာရွက်တွေကို လှန်လိုက်နှင့် မေးသမျှရှာဖွေဖြေပေးနေသူ
မလေရှမ်ကျောင်းသား ချမ်။ အတန်းအရှေ့ဆုံးထောင့်ခုံတွင်တော့ သူ့ကွန်ပြူတာထဲကို စူးစိုက်ကြည့်နေပြီး တိတ်တဆိတ်ထိုင်နေသူ ထိုင်းကျောင်းသား ထန်ခွန်။
အရပ်ရှည်ရှည်အသားဖြူဖြူလူချော
ချမ်သည် မျက်နှာက ကြည်လင်ရွှင်ပြနေသလို အမူအရာကလည်း ယဉ်ကျေးသည်။
ထန်ခွန်ကတော့ ခပ်တင်းတင်းမျက်နှာနှင့်။ ဆရာမကိုယ့်ကိုတောင်
ခေါင်းတစ်ချက်ဆတ်ပြပြီးသာ နှုတ်ဆက်လေ့ရှိသည်။ အာရှတိုက်သား
မြန်မာလူမျိုးဆရာမကိုယ်ကလည်း ခေါင်းဆတ်ပြပြီးနှုတ်ဆက်ခြင်းနှင့်
မရင်းနှီးမကျွမ်းဝင်။ ဤအပြုအမူမျိုးကို ကိုယ့်ထက်အသက်ကြီးသူ သို့မဟုတ်
ကိုယ့်အထက်အရာရှိက လုပ်ပြသည်ကို လက်ခံနိုင်သော်လည်း ကိုယ်စာသင်ပေးနေရသော
ကျောင်းသားက လုပ်ခြင်းကိုတော့ မခံစားနိုင်။
သင်မည့်စာအုပ်ကို ကျောင်းစဖွင့်သည့်ရက်မတိုင် ခင်ကပင်
website ပေါ်တင်ထားပြီဖြစ်သော်လည်း ကျောင်းသားအများစုက ဖတ်မလာကြ။
အေရှမ်စတိုင်အတိုင်း ဆရာမသင်ပေးသည်ကိုသာ နားထောင်ကြသည်။ ထန်ခွန်ကတော့
textbook တစ်အုပ်လုံးကုန်သည့်အပြင် အခြားသက်ဆိုင်ရာဆောင်းပါး
ဘာဘာညာညာတွေတောင် ဖတ်လာခဲ့ပြီးပြီ။
စာရှင်းသည့်အချိန်တွင် ဆရာမကို ကြည့်လေ့မရှိ၊ သူ့ကွန်ပြူတာထဲတွင်သာ သူမှတ်လိုသည်ကို အတိုချုပ်မှတ်လေ့ရှိသည်။ စာရှင်းနေတုန်း သူသိချင်တာကို မပြုံးမရယ်မျက်နှာနှင့် ထမေးတတ်သေးသည်။ သူမေးသည်က သာမန်ကျောင်းသားများနားမလည် နိုင်သည့် မေးခွန်းများ။
အစပထမပိုင်းတွင်တော့ သူ့မေးခွန်းများကို ဖြေသည်။ အဖြေတစ်ခုပြီးတိုင်း နောက်ဆက်တွဲမေးခွန်းက ၄ ၅ ၆ ခု။ သူ့မေးခွန်းများကို ဖြေနေစဉ် အခြားကျောင်းသားများ ဖုန်းပွတ်တဲ့သူပွတ် ငိုင်တဲ့သူငိုင် ငေးတဲ့သူငေးတွေ ဖြစ်ခြင်းကို သတိထားမိချိန်တွင် ဆရာမဒေါ်ကြည်ပြာ စိတ်မကောင်းဖြစ်ရသည်။ အပြစ်တစ်ခုကို ကျူးလွန်မိသူလို ကျန်ကျောင်းသားများကို အားနာသနားနေမိသည်။
တနေ့တော့ အတန်းအပြီး သူကို ခေါ်ပြောမိသည်။
“သင်ခန်းစာနဲ့တိုက်ရိုက်မသက်ဆိုင်တာတွေ မေးချင်ရင် အတန်းအပြီးမှာ လာမေးပါ။ လက်ချာတိုင်းကို အတန်းထဲက ကျောင်းသားအများစုနားလည်နို င်လောက်တဲ့အဆင့်နဲ့ ချိန်ညှိပြီးသင်ရတယ်။ သူတို့နားမလည်တာတွေအများကြီးပြောနေရင် သူတို့ရဲ့ စာသင်ချင်စိတ်တွေကို အနှောက်အယှက်ဖြစ်မှာ စိုးတယ်"
အိုခေ ဟု ဖြေပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ကာ အတန်းထဲမှ ထွက်ခွာသွားသည်။
အင်္ဂလိပ်စာကျွမ်းကျင်မှုအားန ည်းသော
ကျောင်းသားအများစုသည် အကြောင်းအရာတစ်ခုကို ထပ်ခါတလဲလဲပြောမှ နားလည်သည်။
ထိုအချိန်များတွင် ထန်ခွန်သည် စိတ်ပျက်လိုက်ထာ ဟူသော မျက်နှာမျိုးနှင့်
သုန်မှုန်နေတတ်သည်။ တခါတလေ ထ, ထွက်သွားတတ်သည်။
ကိုယ်က လူကြီး၊ ဆရာမလည်းဖြစ်သည်မို့ ပမာမခန့်သူ့အပြုအမူများကို သည်းခံရန်ကြိုးစားသော်လည်း ရံဖန်ရံခါတွင် သူ့ကို အမြင်ကပ်သည့်စိတ်ကို ထိန်းမထားချင်တော့။
ဒီလောက်ဖြစ်နေရင်လည်း အမေရိကားကျောင်းကို သွားပါတော့လားဟု ရန်တွေ့ပစ်ချင်သည်။ ဩော် ... သူ့မိဘတွေက မလွှတ်တာများလားမသိ။
တခါတလေတော့လည်း နောက်ခံအရည်အချင်းမတူသည့် ကျောင်းသားများကို အတန်းတစ်ခုတည်းမှာ လက်ခံထားသော ကိုယ်အလုပ်လုပ်နေသည့်တက္ကသို လ်ကြီးကို အပြစ်တင်မိပြန်သည်။ အေးလေ ... ဒီလိုမှ လက်မခံရင်လည်း တိုင်းပြည်သယံဇာတတစ်ခုဖြစ်တဲ့ လူ့စွမ်းအားတွေ ဘယ်လိုမွေးထုတ်ကြမလဲ။
နောက်ဆုံးကျတော့ ငါညံ့တာ အတန်းအုပ်ချုပ်နည်းမကျွမ်းကျင်တာဟု ကိုယ့်ဘာသာအပြစ်တင်ရင်း ကိုယ့်ကိုယ်ကိုယ်သာ ပိုကောင်းအောင် ကြိုးစားနေထိုင်ရပြန်လေသည်။
အိမ်စာစစ်ဆေးရသည့်ရက်တစ်ရက် ၌ စာတော်သည့်ကျောင်းသူကျောင်း သား၅ယောက်အား
အားနည်းသူများကို စာကူရှင်းပြပေးရန် တောင်းဆိုသောအခါ အားလုံးက
ပြုံးရယ်ပြီး yes ဟုပြောကြသည်။ ထန်ခွန်ကတော့ သူ့ထုံးစံအတိုင်း ခေါင်းသာ
ဆတ်ပြသည်။
နောက်ပိုင်းတွင် စာတော်သောကျောင်းသား၂ယောက်ကို ထန်ခွန်နှင့်အတူတွဲ၍ မကြာခဏတွေ့လာရသော်လည်း အခြားသူများကတော့ နေမြဲအတိုင်းပင်။
ထန်ခွန့်လို စာထူးချွန်ပြီးဖြစ်သော ကျောင်းသားတစ်ဦးအား ပေါင်းသင်းဆက်ဆံရေးလေး ပိုကောင်းလာဖို့ ကြိုးစားပါလား ဟု ဆရာမပီပီ ဆရာလုပ်ဆုံးမချင်မိသည်။ ခက်တာက ဒေါ်ကြည်ပြာစာသင်ရသော ကျောင်းသူကျောင်းသားများက အသက်၁၈နှစ်ပြည့်ပြီးအရွယ် ( နိုင်ငံတကာစံနုန်းနှင့်ဆိုလျှင်) ကိုယ့်ဘဝကို ကိုယ်တိုင်ပဲ့ကိုင်နိုင်သည့်အရွယ် ရောက်နေကြပြီးဖြစ်သည်။ ကလေးတွေလို ဆုံးမ၍ မသင့်တော်လှ။ ဟူး ထန်ခွန်ရယ် .....
တနေ့သ၌ အတန်း ၁၅မိနစ်ခန့် စောပြီးသွားသည်။ ကျောင်းသားတော်တော်များများ
အခန်းအပြင်ကို ထွက်မသွားကြသေးဘဲ ချမ့်အနားတွင် စာဝိုင်းမေးနေကြသည်။
ဒေါ်ကြည်ပြာသင်သည့် ဘာသာမဟုတ်၊ အခြားဘာသာ assignment တင်ရမည်မို့
ဆွေးနွေးနေကြခြင်းဖြစ်ဟန်တူ သည်။
ထိုအခိုက် ကျောင်းသူကျောင်းသားတစ်စု မွေးနေ့ကိတ်လှလှတစ်လုံးကို မီးထွန်းကာ
ချမ့်အနားသို့ တိတ်တဆိတ်ရောက်လာကြပြီး Happy Birthday ဟု
ဝိုင်းအော်လိုက်ကြသည်။ ချမ် မပြောနှင့် ဒေါ်ကြည်ပြာပင် ရင်ထဲ
အံ့သြလှိုက်ခတ်သွားသည်။ စိတ်လှုပ်ရှားသွားသော ချမ်သည် ထိုင်ရမလို
ထရမလိုနှင့် တဟားဟားအော်ရယ်သည်။
ကြည်နူးဖွယ်အတိမြင်ကွင်းကို ဒေါ်ကြည်ပြာတစ်ယောက် အဆုံးအထိကြည့်နေမိသည်။ Birthday wish လုပ်ကြသူများက ထိုင်းကျောင်းသားများသာမဟုတ် အတန်းထဲရှိ အိန္ဒီယမ်၊ ပါကစ္စတန်နီစ်၊ ကမ္ဘောဒီယမ်၊ ကိုးရီးယမ် ကျောင်းသူကျောင်းသားများပါ ပါဝင်ကြသည်။ ထန်ခွန်ကို မတွေ့မိပါ။
စာတော်တာခြင်းအတူတူ လူမျိုးမတူစကားမတူသူကို စာမေးပြီး လူမျိုးတူစကားတူသူကို စာမမေးကြဘူးဆိုတော့ ကျောင်းသားအများစုစိတ်ထဲမှာ ဘယ်သူက နွေးထွေးစေသလဲ၊ ဘယ်သူက လုံခြုံစေသလဲ။ ဒေါ်ကြည်ပြာရင်ထဲတွင် ထိုအကြောင်းအရာက လနှင့်ချီ၍ ထင်ကျန်ရစ်သည်။
စာမေးပွဲအားလုံးပြီးသွားသည့်အခါ ထန်ခွန်က အမှတ်အများဆုံးဖြင့် အခြားကျောင်းသူကျောင်းသား ၃ယောက်နှင့်အတူ A ရသည်။ ချမ်က ၄ယောက်ထဲတွင် နောက်ဆုံးနေရာမှ A ရသည်။
အမှတ်စာရင်းကို မော်ခွန်းထိန်းရုံးသို့မတင် မီ ဘယ်နှစ်ခေါက်မှန်းမသိ ဒေါ်ကြည်ပြာ ပြန်ကြည့်နေမိသည်။ ကိုယ်ကိုယ်တိုင် စာသင် မေးခွန်းထုတ် အမှတ်ပေးခဲ့သည်မှန်သော်လည်း ကိုယ့်လက်ထဲက အဖြေကို ကိုယ်လက်မခံချင်သလို ခိုးလိုးခုလု။ ဘာကြောင့်လဲ၊ ဘာကို မကျေမနပ်ဖြစ်နေတာလဲ။
နောက်ဆုံးတွင် ဒေါ်ကြည်ပြာတစ်ယောက် အဖြေကောင်းကောင်းတစ်ခုရသွား ခဲ့သည်။ ဒေါ်ကြည်ပြာသင်သည့် ဘာသာက Principles of Macroeconomics။ မြန်မာဘာသာနှင့်ဆို စီးပွားရေးအဆောက်အဦ၏အခြေခံေ ကြာင်းအရာများဟု
ဘာသာပြန်ရမည်ထင်ပါသည်။ ဘာသာရပ်ကို သင်ကြားရခြင်း၏ ပန်းတိုင် နှင့်
ရည်ရွယ်ချက် (Goals and Objectives) များကို သင်ရိုးညွှန်းတမ်း (curriculum)
တွင် ပြန်ဆန်းစစ်သည့်အခါ ဘာသာရပ်ကို နားလည်တတ်ကျွမ်းရန်၊ လက်တွေ့ဘဝထဲတွင်
အသုံးချတတ်စေရန် စသော အချက်များသာ ပါသည်။ ထိုရည်ရွယ်ချက်များ
အထမြောက်-မမြောက် စစ်ဆေးရသည်။ ကျောင်းသားတွေကို စာမေးပွဲများနှင့်
အကဲဖြတ်ကာ သက်သေအထောက်အထားများဖြင့် တင်ပြရသည်။
Team work (အဖွဲ့အစည်းနှင့်အလုပ်လုပ်တ တ်စေခြင်း)၊
cultural intelligence (မတူညီမှုများကို နားလည်လက်ခံပြီး
ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်နိုင်စွမ်းရည်) စသည့်
အချက်များလေ့ကျင့်သင်ကြားပေးရန် ဒေါ်ကြည်ပြာ့ဘာသာရပ်တွင် ထည့်သွင်းရေးသားထားခြင်းမရှိပါ။ ရေးသားထားခြင်းမရှိသည့်အကြောင်းအရာကို အမှတ်ပေးစည်းမျဉ်းတွင် ထည့်သွင်းခွင့်မရှိ၊ အကဲဖြတ်အမှတ်ပေးနိုင်ခွင့်မ ရှိပါ။
ဒေါ်ကြည်ပြာ့ဘာသာတွင်မပါသော် ငြားလည်း အဖွဲ့နှင့်အလုပ်လုပ်နိုင်စွ မ်းရည်၊ ကွဲပြားခြားနားမှုများကို လက်ခံနိုင်စွမ်းရည် စသည့်တို့ကို လေ့ကျင့်ပျိုးထောင်ပေးသည့် ဘာသာများ ဤတက္ကသိုလ်တွင် ရှိနေပါသေးသည်။
ဩော် ထန်ခွန်ရေ .....
ဘဝဆိုတာ ဒီနေရာလေးတစ်ခုတည်း မဟုတ်ဘူးကွယ် …
Quality of life (ဘဝရဲ့အရည်အသွေး) မြင့်မားဖို့ဆိုတာကလည်း A တွေချည်းရဖို့မှ မဟုတ်တာပဲ ကလေးရယ် .....
အပိုင်း (၂)
ဘဏ်ကို လူကိုယ်တိုင်သွားမှ ရမှာမို့ လင်မယားနှစ်ယောက် ကလေးထားခဲ့ပြီး ထွက်လာခဲ့သည်အတွက် ဒေါ်ကြည်ပြာ အလျင်လိုနေသည်။ တလက်စတည်း ဟင်းချက်စရာလေးပါ ဝယ်လိုက်မည်ဟု ခင်ပွန်းသည်ကို တင်ပြကာ shopping mall ထဲ ဝင်ခဲ့သည်။ ကလေးအဝတ်ရောင်းသည့် ကောင်တာရှေ့တွင် ခင်ပွန်းသည်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် မထင်မှတ်ဘဲတွေ့ကာ သူတို့နှစ်ဦးစကားလက်ဆုံကျကြ သည်။
သူတို့ပြောနေသည့် ခေါင်းစဉ်က ကိုယ်နှင့်မဆိုင်သည်မို့ ယဉ်ကျေးမှုအရနားထောင်းနေရင်းမှ
မိတ်ဆွေတစ်ဦး ကလေးအတွက် မွေးနေ့လက်ဆောင်ပေးရန် သတိရသွားပြီး ဘေးနားက
ကောင်တာမှာပင် ကလေးအင်္ကျံရွေးရင်း ခင်ပွန်းသည် စကားအပြတ်ကို စောင့်ဖို့
ဆုံးဖြတ်လိုက်သည်။
“ဒါကဘယ်လောက်လဲ ...”
“Size အကြီးရှိသေးလားဟင် ...”
အရောင်းစာရေးမလေးသည် ဘာမှ ပြန်မဖြေ။ သူ့မျက်နှာကိုကြည့်လိုက်တော့ 
မဖြေချင်လို့ မဖြေတာ ဟူသည့် အရိပ်လက္ခဏာကို ထင်ရှားစွာတွေ့ရသည်။ ဟောတော့
ထိုင်းက အရောင်းစာရေးမလေးတွေဟာ အလွန်ပြုံးချိုကြတာ ဘယ်လိုဖြစ်ပါလိမ့်။
“မောင်ရေ ကျွန်မစကားနားမလည်လို့လားမသိ သူက ပြန်မဖြေဘူးသိလား၊ သူ့မျက်နှာက တမျိုးပဲ မောင် ကူပြီး ပြောပေးပါအုန်းနော် .....”
စကားဖြတ်လိုက်ရသည်မို့ အားနာသည့်မျက်နှာပေးထားကာ ပြောလိုက်သည်တွင် ခင်ပွန်းသည်က ကိုယ့်ဆီ အာရုံအရောက် သူ့မိတ်ဆွေအမျိုးသမီးဆီမှ ထွက်လာသော စကားကြောင့် လင်မယားနှစ်ယောက် ကြောင်သွားကြသည်။
“ကောင်းကောင်းဘယ်ဖြေမလဲ ရှင့်မျက်နှာပေးကိုက ဖြေချင်စရာမကောင်းတဲ့ မျက်နှာပေးကိုး”
ရုတ်တရက် ဘာပြောရမှန်းမသိသော ဒေါ်ကြည်ပြာသည် စကားလုံးရှာရင်းမှ သွေးတွေ တဒိတ်ဒိတ်ခုန်လာနေသည်။ ဒေါသထွက်မှန်း ကိုယ့်ကိုယ်ကို သတိထားလိုက်မိပြီး အယဉ်ကျေးဆုံးစကားလုံးကို ရွေးရင်း ဘာမှ ပြန်မပြောဖြစ်တော့။
စနောက်သည့်မျက်နှာမဟုတ်သည်မှာ
အသေအချာ၊ စနောက်ရလောက်အောင်လည်း သူမနှင့် ဒေါ်ကြည်ပြာ နှုတ်ဆက်ပြုံးပြနှင့်
စကားပင် ၁၀မိနစ်ပြည့်အောင် မပြောဖူး။ ဒီလို စကားထွက်လာတာ
တော်ရုံအကုသိုလ်မျိုးနဲ့တော့ မဟုတ်တန်ရာ။
“သူက အဲလိုပဲပြောတတ်တယ်၊ တွေးမနေနဲ့တော့” ဟု ခင်ပွန်းသည်က ဖျောင်းဖျသည်။ ကိုယ့်အမေလောက်ရှိသည့် အမျိုးသမီးတစ်ဦးဆီမှ မဆီမလျော်ထွက်လာသော စကားကို ဆန်းစစ်အဖြေရှာလိုက်တာ ၁၀ရက်ခန့် ကြာသွားသည်။ နောက်ဆုံးတော့ ဒေါ်ကြည်ပြာ ကျေနပ်မှုကောင်းကောင်းရသွား သည်။
ထိုအမျိုးသမီး၏ ရိုင်းစိုင်းမှုကို သူ ရိုင်းစိုင်းစွာ မတုံ့ပြန်ခဲ့၊ ဒါက
ကိုယ့်အတွက် အမြတ်တစ်ခု။ နောက်တစ်ခုက သူပြောသလို ကိုယ့်မျက်နှာက
အမြင်ကပ်စရာကောင်းနေသလားဆို သည်ကို ကိုယ့်ကိုယ်ကိုယ် လေ့လာဆန်းစစ်ဖို့ အလုပ်တစ်ခုရသွားခဲ့သည်၊ ဒါကလည်း အမြတ်။
ပြန်စဉ်းစားကြည့်တော့ သူတို့နှစ်ယောက် ဆိုင်ရှေ့တည့်တည့်မှာ စကားရပ်ပြောနေလို့ ဆိုင်အပေါက်ဝပိတ်သလိုဖြစ်နေ ခဲ့ပြီး အရောင်းစာရေးက ဒေါ်ကြည်ပြာတို့၃ယောက်လုံးကို ကြည့်မရဖြစ်နေခဲ့ရာမှ မေးခွန်းလာမေးတဲ့ ဒေါ်ကြည်ပြာကို တုံ့ပြန်ခဲ့ခြင်းဖြစ်ဟန်တူပါသည်။
ဘာကြောင့်လဲဆိုတော့ ဒေါ်ကြည်ပြာ့ခင်ပွန်း မေးခွန်းမေးတော့လည်း
အရောင်းစာရေးမလေးက မျက်နှာထားမပြောင်းဘဲ ဖြေခဲ့လို့ပါ။ အခြေအနေကို
ရိပ်မိသော ဒေါ်ကြည်ပြာသည် သူကလေး ကျေနပ်အောင် ကလေးဝတ်စုံတစ်စုံဝယ်ခြင်းဖြ င့် တုံ့ပြန်ခဲ့ပါသည်။
ရုတ်တရက်ကြည့်လျှင် ဒေါ်ကြည်ပြာသည် သူများဘာလုပ်လုပ် ငုံ့ခံတတ်သည့် လူအမျိုးအစားထဲတွင် ပါမည်ဟု ဆိုနိုင်ပါသည်။ ကိုယ့်ဘာသာ မေးခွန်းတွေထုတ် ကိုယ့်ဘာသာအဖြေတွေရှာနေတတ်သ ည့် ခပ်ကြောင်ကြောင်ဆရာမမျိုးလည်း ဟုတ်သည်ဟု ဒေါ်ကြည်ပြာ သူမကိုယ်သူမ မကြာခဏ သုံးသပ်ကြည့်မိသည်။ အိုး သိဘူး ….. အဓိကက ကိုယ့်စိတ်ရှင်းသန့်နေဖို့လိုတယ်။
သူဆိုးတယ် ကိုယ်ပြန်မဆိုး သူ ရိုင်းတယ် ကိုယ်ပြန်မရိုင်း
ပြန်တွေးလိုက်တိုင်း စိတ်ထဲ သန့်နေတယ်၊ ကိုယ့်ကိုယ်ကိုယ် အထင်သေးမနေဘူး၊
တကယ်အရေးကြီးတဲ့အရာတွေကို လာထိခိုက်တာမျိုး မရှိမခြင်း ဒီလောက်လေးနဲ့
တုံ့ပြန်နေဖို့မလိုဘူးလေနော်။
၁နှစ်ခန့်အကြာတွင် ဖေ့စဘုတ်ပေါ်၌ ဒေါ်ကြည်ပြာနှင့် ထိုအမျိုးသမီးတို့ friend ဖြစ်သွားကြသည်။ သူက စ friend လုပ်ခြင်းဖြစ်သည်။ ခင်ပွန်းသည်နှင့်အလုပ်တွဲလု ပ်နေသူမို့ သူ့ကို လက်မခံလို့ကလည်းမဖြစ်။ သူ့ကြည့်ရသည်မှာ သူပြောခဲ့သည့်စကားကို စိုးစင်မျှမှတ်မိသည့်ဟန်မရှိ။ အံ့ဩသစရာကြီး တကယ်။ ဒေါ်ကြည်ပြာတို့လင်မယားဓာတ်ပုံအောက်မှာ ကွန်မန့်လာရေးတိုင်းလည်း စိတ်ဆိုးချင်စရာက ခပ်များများ။ ဒေါ်ကြည်ပြာ့ခင်ပွန်းပြောသလို သူ ဒီလိုပဲ ပြောတတ်သည်ဆိုခြင်းကို လက်ခံလိုက်ရတော့မှာလား။ ဒေါ်ကြည်ပြာလက်ခံခြင်းက သူ့အတွက် အကောင်းလား အဆိုးလား …..
တနေ့တော့ ဒေါ်ကြည်ပြာတို့၏ mutual friend (သူ့ friend ကိုယ့် friend) တစ်ယောက် ခမ်းနားသောညစာစားပွဲတစ်ခုတွ င် ကောင်းမွန်စွာဝတ်စားထားပြီး သူတို့အား သူတို့အလုပ်မှ ချီးမြှောက်သည့်ပွဲဟု စာရေးကာ ဖေ့စဘုတ်တွင် ဓာတ်ပုံတင်ပါသည်။ ဒေါ်ကြည်ပြာ့ချစ်မိတ်ဆွေကြီး မှ ပေးထားသောကွန်မန့်မှာ
“ဟိုတလောက ကြောင်ကုပ်ခံရတာ ဒဏ်ရာသက်သာသွားပြီလား”
ဟူသတတ်။
အသက်၆၀ခန့် ဘွဲ့၃ခုထက်မနည်းရရှိထားသော ငွေကြေးပြည့်စုံသည့် ရုပ်ရည်ချောမောသော ထိုအမျိုးသမီးသည် တကယ်ပဲစကားပြောမတတ်လေခြင်းလား သို့တည်းမဟုတ် ကိုယ့်ဘဝကို မကျေမနပ်ဖြစ်နေသည့် စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးလေလား …..
အမေးခံရသူ မိတ်ဆွေသည် ဘာမှ ပြန်မဖြေထားပါ။ သူမ ကွန်မန့်ကို like မလုပ်ထားခြင်းဖြင့် ယဉ်ကျေးစွာ တုံ့ပြန်ခဲ့ပါသည်။
ထိုတုံ့ပြန်မှုက သူမအတွက် အကောင်းလား အဆိုးလား .....
အပိုင်း (၃)
ဘန်ကောက်မြို့ရှိ အခြားတက္ကသိုလ်တစ်ခုတွင် လုပ်ငန်းခွင်လိုအပ်ချက်အရ ဒေါ်ကြည်ပြာတစ်ယောက် စာတမ်းဖတ်ပွဲတစ်ခုသို့ တက်ရောက်ပေးရသောနေ့တစ်နေ့၌ြ ဖစ်သည်။
ကျယ်ဝန်းလှပသော အဆောက်အဦးများ သာယာအေးချမ်းသော ပန်းမန်များအကြားတွင်
ဒေါ်ကြည်ပြာ ခဏထိုင်နားမိသည်။ တက္ကသိုလ်ဆရာမအလုပ်က ပင်ပန်းသလားဟု
တစ်စုံတစ်ယောက်က မေးလာခဲ့လျှင် “စိတ်ရောလူပါပင်ပန်းတယ်”၊ ဒါဆိုမပျော်ဘူးလား
ဆိုရင်တော့ “တအားပျော်တယ်” ဟု ဖြေမိမလားမသိပါ။
စာတမ်းများစတင်ဖတ်ကြားချိန် တွင်
ဒေါ်ကြည်ပြာသည် အခန်းအတွင်းရှိလူများကို မသိမသာအကဲခတ်ကြည့်မိသည်။
လူ၁၀ယောက်ထက်မပို။ အရေးအပါဆုံးနေရာ၃ခုတွင် ထိုင်နေသူများအနက်
တည်ကြည်သည်ထက်ပိုလွန်ကဲပြီး
စူးစူးရှရှမျက်လုံးဖြင့် ကြည့်တတ်သူ အသက်၄၀ကျော် အမျိုးသမီးက
အထင်ရှားဆုံးဖြစ်သည်။ သူ့ရှေ့က နာမည်နှင့်ရာထူးကို ဖတ်ကြည့်တော့
သူဘယ်သူလဲဆိုတာ ဒေါ်ကြည်ပြာသိလိုက်သည်။ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တစ်ခုဆီက ပါရဂူဘွဲ့ရရှိထားသူ လူမှုစီးပွားဆိုင်ရာသုတေသနန ယ်ပယ်မှာ နာမည်ကြီးပညာရှင်တစ်ဦးဖြစ်သ ည်။ ကျန်သူများလည်း အာရှတိုက်အကောင်းဆုံးတက္ကသို လ်များမှ ပါရဂူဘွဲ့ရခဲ့သူများဖြစ်ကြသ ည်။
အားလုံးထဲတွင် ဒေါ်ကြည်ပြာသည် ပညာအရည်အချင်းအရသာမက ရာထူးရော အတွေ့အကြုံပါ အနိမ့်ဆုံးဖြစ်သည်။ ဒီအတွက်တော့ ဒေါ်ကြည်ပြာသည် ထူးခြားပြီး ဝမ်းနည်းမနေတတ်တော့၊ ကလေး၂ယောက်မွေးထားပြီး သူများတွေလို နေရာတကာ ထူးချွန်ထက်မြက်နေချင်လို့မ ရ။ ရသည့်နေရာလေးကတောင် သူ့အတွက် တော်တော်လေးကျေနပ်စရာကောင်း နေပြီးသားမို့ ဘယ်ရောက်ရောက် ကိုယ့်နေရာကိုယ် ရှာနေတတ်ပြီးသား။ အခုလည်း နားထောင်သူ သက်သက်သာ။
စုစုပေါင်း စာတမ်း၃စောင်ဖတ်ကြမည်ဖြစ်သည်။
ပထမနှစ်ဦးက ကထိကများဖြစ်ကြသည်။ မျက်လုံးစူးရှသော ပညာရှင်သည်
မေးခွန်းများကို ဒိုးကနဲဒေါက်ကနဲ ထ,ထ မေးသည်။ အချို့နေရာများတွင် ဒါကို ငါ
လက်မခံနိုင်ဘူး၊ စာတမ်းကို ပြန်ပြင်ပါ၊ မင်း ဒါတော့ သိသင့်တယ်၊
အဲဒါကိုကျော်လိုက် ငါမသိချင်ဘူး စသည်ဖြင့် လေသံပြတ်ပြတ်နှင့် သူ့အမြင်
သူ့ဆုံးဖြတ်ချက်ကို ပေးသည်။
သူတို့စာတမ်းများကို သဘောတရားအရနားလည်သော်လည်း Research Methodology (သုတေသနဆိုင်ရာ နည်းပညာ) ကို ဒေါ်ကြည်ပြာတစ်ယောက် နှိုက်နှိုက်ချွတ်ချွတ်နားလ ည်ထားခြင်းမရှိသေးပါ။
နည်းပညာဆိုင်ရာအမှားကို ဒက်ကနဲထောက်ပြနိုင်သော စူးရှပညာရှင်၏
ကျွမ်းကျင်မှုက ဒေါ်ကြည်ပြာကို ကောင်းကောင်းကြီး ဖမ်းစားထားသည်။
ထိုပညာရှင်က Research Methodology ကို ထုံးလိုချေ ရေလိုနှောက်ထားသူ။ ဒါကလည်း တကယ့်လိုအပ်ချက်ဖြစ်သည်ကိုး ။ သုတေသနနယ်ပယ်ထဲမှ ပညာရှင်များ၏ စာတမ်းများသည် ခိုင်လုံမှုမရှိသော အချက်အလက်များ၊ ဆီလျော်မှုမရှိသောနည်းလမ်းများ အပေါ်အခြေခံခဲ့ပါက လူ့အဖွဲ့အစည်းအတွက် မကောင်းသောနောက်ဆက်တွဲများကို ဖန်တီးစေနိုင်သည်။ ဒါကို ထောက်ပြရမည်က သူတို့အလုပ်။
သူ့အလုပ်သူလုပ်သည်က မှန်သော်လည်း ထိုပညာရှင်၏ လေယူလေသိမ်းကို ဒေါ်ကြည်ပြာ သိပ်မနှစ်မြိုလှပေ။ သူ့ကို ကြည့်ရင်း ထန်ခွန့်ကို သတိရသည်။ အသက်၆၀ အမျိုးသမီးကို မြင်ယောင်မိသည်။ လူတွေကို ပညာအဆင့်အတန်း ငွေ ရာထူးတို့ဖြင့် တိုင်းတာခြင်းထက် စိတ်နေသဘောထားကို ပိုတန်ဖိုးထား ကြည့်ရှုလေ့ရှိသူ ဒေါ်ကြည်ပြာသည် ထိုအမျိုးသမီးကို စိတ်ထဲမှ အမှတ်တွေ ပေးပြီး အကဲဖြတ်နေမိသည်။
နောက်ဆုံးစာတမ်းဖတ်သူက ပါရဂူဘွဲ့စာတမ်းပြုစုနေသူ ထိုင်းကျောင်းသူတစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံရှိ သက်ကြီးရွယ်အိုများ၏ လူမှုစီးပွားအခြေအနေကို လေ့လာစာတမ်းပြုစုထားခြင်းဖြ စ်သည်။ အလုပ်မှ အငြိမ်းစားယူပြီးချိန်တွင် ထိုလူကြီးသူမတို့ဘဝ မည်ကဲ့သို့ဆက်လက်ရှင်သန်နေသ လဲ ထိုသူတို့အတွက် အစိုးရမှ ဘယ်လိုမူဝါဒများချမှတ်သင့်သ လဲ စသည်တို့က သူ့ သုတေသန၏အဓိက မေးခွန်းများဖြစ်သည်။
စာတမ်း၏ နိဒါန်းသာပြီးသေးသည် စူးရှပညာရှင်က မင်း data ငါ့ကို ပြပါဟု ပြောလာသည်။ ကျောင်းသူလေးက data ကိုပြပြီး ရှင်းအပြတွင်
“နေပါဦး မင်းပြောတော့ ပင်စင်ယူပြီးသူတွေဟာ ပင်စင်လစာနဲ့ မလောက်ဘူး၊ သားသမီးတွေဆီက ထောက်ပံ့ငွေကို ယူနေရတယ်ပြောပြီး မင်း data ထဲမှာ 'ပင်စင်လစာ' 'သားသမီးဆီမှရငွေ' အဲဒီနှစ်ခုအပြင် 'သားသမီးထံပေးငွေ' ဆိုတာ ပါနေတယ်။ ရှေ့နောက် ဆီလျော်မှုမရှိဘူး။ မင်း ပြောနေတာ ဘာတွေလဲဆိုတာ မင်းကိုယ်တိုင်ရော သိရဲ့လား"
ကျောင်းသူလေးသည် ဆွံ့အနေသည်။ ပညာရှင်ကို ကြောက်နေသလား data ကောက်တုန်းက အကြောင်းတွေ မေ့နေသလား တစ်ခုခုပင်။
ဘေးနားထိုင်နေသူ ပညာရှင်များသည်လည်း data သည် တစ်ခုခုမှားနေတာ ဖြစ်မည်၊ ဝင်ငွေမရှိတဲ့အဘိုးကြီးအဘွားကြီးက သားသမီးဆီ ဘယ်လိုပိုက်ဆံပေးမှာလဲ အစရှိသဖြင့် တစ်ယောက်တစ်မျိုး ထင်ကြေးပေးနေကြသည်။
ကျောင်းသူလေးသည် မျက်နှာပျက်နေရှာသည်။ data က စမှားပြီဆိုတော့ အားလုံး သွားပါပြီဟူသော အတွေးသည် သူ့ကို တုပ်နှောင်ထားသလို သူ့တစ်ကိုယ်လုံး အခဲတစ်ခုဖြစ်နေပြီလားဟုပင် ထင်ရသည်။ တကယ်တော့ သူမ သာမဟုတ် ဒေါ်ကြည်ပြာသည်လည်း နှလုံးသွေး တဒိတ်ဒိတ်ခုန်နေပြီး တစ်ခုခုခံစားနေရသည်။ ဘာလဲ ငါ ဘာဖြစ်နေတာလဲ …..
တကယ်တော့ အဖြေက လွယ်လွယ်လေးဖြစ်သည်။ ဒေါ်ကြည်ပြာ့တွင် အဖြေရှိသည်။ ပညာရှင်များမဖြေနိုင်သော အရာကို ဒေါ်ကြည်ပြာဖြေနိုင်ခြင်းမှာ သူမ တော်လွန်းနေ၍ လုံးဝလုံးဝမဟုတ်ပါ။ ဒေါ်ကြည်ပြာတို့ မြန်မာပြည်တွင် ဤမေးခွန်းကို လူ၁၀၀မှာ ၉၀လောက်ဖြေနိုင်ကြလိမ့်မည်။ ပါရဂူဘွဲ့ရစရာမလို နိုင်ငံခြားပြန်ဖြစ်စရာမလို ။
ဘဝတွင် ငွေကြေးဆိုင်ရာချောမွေ့စွာ ဖြတ်သန်းခဲ့သူ ... ထိုပညာတတ်တို့ နားလည်နိုင်စွမ်းမရှိသည့်
ဆင်းရဲခြင်း ဟူသော ဝမ်းနည်းစရာအမှန်တရားကြီး.. ...
ကိုယ်ချင်းစာတရား ဟူသည့် ကြည်နူးစရာမေတ္တာများ .....
ဘာစကားမှ မစခင် ဒေါ်ကြည်ပြာ သူ့စိတ်ကို သူ ပြန် သုံးသပ်လိုက်သည်။
“ငါ ဘာဖြစ်နေလဲ”
“ငါ စိတ်တိုနေတယ် စိတ်လှုပ်ရှားနေတယ်”
“ဘယ်သူ့ကို စိတ်တိုတာလဲ”
“ဟို စူးရှပညာရှင်ကိုပေါ့၊ စာတမ်းဖတ်နေသူကို တရားခံလို လက်အောက်ငယ်သားလို စစ်မေးနေတဲ့ သူ့အပြုအမူကို ငါ မကြိုက်ဘူး”
“ငါ ဝင်ပြောသင့်သလား”
“ပြောသင့်တယ်”
“ဟိုကျောင်းသူလေး အချိန်တွေ ပိုက်ဆံတွေ စိတ်အင်အားတွေ အလကားဖြစ်ကုန်တော့မယ်”
ဒေါ်ကြည်ပြာသည် ညာဘက်လက်ကို မြှောက်ရင်း ကျွန်မ တစ်ခု ပြောပါရစေဟု အသံကို မြှင့်ကာ ပြောလိုက်သည်။ ပညာရှင်အားလုံးသည် တချိန်လုံးနှုတ်ဆိတ်နေခဲ့သူ ဒေါ်ကြည်ပြာကို ထူးဆန်းစွာ ဝိုင်းကြည့်ကြသည်။
“သူ့ data မမှားပါဘူး။ True story တစ်ခု ကျွန်မပြောပြမယ်။ ကျွန်မအဖွားဟာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ် ယောက်ဖြစ်ခဲ့ပါတယ်။
သူအသက် ၇၀လောက်မှာ ဆိုင်အလုပ်ကို ရပ်ခဲ့တယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့
သူ့ခင်ပွန်းပင်စင်က သူ့အတွက် မလုံလောက်ပါဘူး။ သားသမီး၅ယောက်အနက် ၄ယောက်က
စားဝတ်နေရေးပြေလည်တော့ သူ့ကို တနိုင်တပိုင် ငွေထောက်ပံ့ကြပါတယ်။ အဖွားက
သူရတဲ့ပိုက်ဆံတွေထဲကနေ အဆင်မပြေသူ သူ့သမီးမိသားစုကို ပြန်ထောက်ပံ့ပါတယ်။
ကျန်တဲ့မောင်နှမတွေကလည်း ကြည်ဖြူကြပါတယ်။ အဲဒီလို ကိစ္စတွေက
ဆင်းရဲတဲ့လူ့အသိုင်းအဝိုင်း မှာ အမြဲရှိနေပါတယ်။ ဒီအတွက် သူ့ data ထဲမှာ သားသမီးဆီမှရငွေ ဆိုတာအပြင် သားသမီးထံပေးငွေ ဆိုတာ ပါကို ပါနေပါလိမ့်မယ် ...”
အပ်ကျသံကြားရမတတ် တိတ်ဆိတ်ခြင်းသည် အခန်းတစ်ခုလုံးအား စက္ကန့်၃၀ခန့် သိမ်းပိုက်လိုက်သည်။
ရင်ဘတ်ကြီးကို ဖွင့်ပြလိုက်ရသော ဒေါ်ကြည်ပြာသည် မောဟိုက်ကာ ကျန်ရစ်သည်။
ဒေါ်ကြည်ပြာ့စကားကို အစအဆုံး ဂရုတစိုက်နားထောင်ခဲ့သော စူးရှပညာရှင်သည် “အိုခေ ငါနားလည်ပြီ စာတမ်းကို ဆက်ဖတ်ပါ” ဟု ဆိုကာ တည်ငြိမ်အေးချမ်းစွာ သူ့တာဝန်ကို ဆက်လက်ထမ်းဆောင်သည်။
ကျောင်းသူလေးသည် ကျေးဇူးတင်သည့်မျက်လုံးများ ဖြင့် ဒေါ်ကြည်ပြာကို လှမ်းပြုံးပြပြီး သူ့စာတမ်းကို ချောမောစွာ ဖတ်ကြားနေတော့သည်။
စာတမ်းဖတ်ပွဲအပြီးတွင် စူးရှပညာရှင်သည် ဒေါ်ကြည်ပြာကို ခေါင်းတစ်ချက်ဆတ်ကာ ပြုံးပြပြီး အခန်းထဲမှ လျင်မြန်စွာထွက်ခွါသွားခဲ့သ ည်။
.
.
.
နွမ်းလျစွာဖြင့် အိမ်ပြန်ခဲ့ရသော နေ့တစ်နေ့ဖြစ်ပါလေတော့သတည်း …..
February 1, 2018
အပိုင်း (၁)
အတန်းထဲဝင်လိုက်သည်နှင့် မြင်နေကျ မြင်ကွင်းက ဆီးကြိုသည်။ စာမေးနေကြသော ထိုင်းကျောင်းသူကျောင်းသားတ
အရပ်ရှည်ရှည်အသားဖြူဖြူလူခေ
သင်မည့်စာအုပ်ကို ကျောင်းစဖွင့်သည့်ရက်မတိုင်
စာရှင်းသည့်အချိန်တွင် ဆရာမကို ကြည့်လေ့မရှိ၊ သူ့ကွန်ပြူတာထဲတွင်သာ သူမှတ်လိုသည်ကို အတိုချုပ်မှတ်လေ့ရှိသည်။ စာရှင်းနေတုန်း သူသိချင်တာကို မပြုံးမရယ်မျက်နှာနှင့် ထမေးတတ်သေးသည်။ သူမေးသည်က သာမန်ကျောင်းသားများနားမလည်
အစပထမပိုင်းတွင်တော့ သူ့မေးခွန်းများကို ဖြေသည်။ အဖြေတစ်ခုပြီးတိုင်း နောက်ဆက်တွဲမေးခွန်းက ၄ ၅ ၆ ခု။ သူ့မေးခွန်းများကို ဖြေနေစဉ် အခြားကျောင်းသားများ ဖုန်းပွတ်တဲ့သူပွတ် ငိုင်တဲ့သူငိုင် ငေးတဲ့သူငေးတွေ ဖြစ်ခြင်းကို သတိထားမိချိန်တွင် ဆရာမဒေါ်ကြည်ပြာ စိတ်မကောင်းဖြစ်ရသည်။ အပြစ်တစ်ခုကို ကျူးလွန်မိသူလို ကျန်ကျောင်းသားများကို အားနာသနားနေမိသည်။
တနေ့တော့ အတန်းအပြီး သူကို ခေါ်ပြောမိသည်။
“သင်ခန်းစာနဲ့တိုက်ရိုက်မသက
အိုခေ ဟု ဖြေပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ကာ အတန်းထဲမှ ထွက်ခွာသွားသည်။
အင်္ဂလိပ်စာကျွမ်းကျင်မှုအားန
ကိုယ်က လူကြီး၊ ဆရာမလည်းဖြစ်သည်မို့ ပမာမခန့်သူ့အပြုအမူများကို သည်းခံရန်ကြိုးစားသော်လည်း ရံဖန်ရံခါတွင် သူ့ကို အမြင်ကပ်သည့်စိတ်ကို ထိန်းမထားချင်တော့။
ဒီလောက်ဖြစ်နေရင်လည်း အမေရိကားကျောင်းကို သွားပါတော့လားဟု ရန်တွေ့ပစ်ချင်သည်။ ဩော် ... သူ့မိဘတွေက မလွှတ်တာများလားမသိ။
တခါတလေတော့လည်း နောက်ခံအရည်အချင်းမတူသည့် ကျောင်းသားများကို အတန်းတစ်ခုတည်းမှာ လက်ခံထားသော ကိုယ်အလုပ်လုပ်နေသည့်တက္ကသို
နောက်ဆုံးကျတော့ ငါညံ့တာ အတန်းအုပ်ချုပ်နည်းမကျွမ်းက
အိမ်စာစစ်ဆေးရသည့်ရက်တစ်ရက်
နောက်ပိုင်းတွင် စာတော်သောကျောင်းသား၂ယောက်က
ထန်ခွန့်လို စာထူးချွန်ပြီးဖြစ်သော ကျောင်းသားတစ်ဦးအား ပေါင်းသင်းဆက်ဆံရေးလေး ပိုကောင်းလာဖို့ ကြိုးစားပါလား ဟု ဆရာမပီပီ ဆရာလုပ်ဆုံးမချင်မိသည်။ ခက်တာက ဒေါ်ကြည်ပြာစာသင်ရသော ကျောင်းသူကျောင်းသားများက အသက်၁၈နှစ်ပြည့်ပြီးအရွယ် ( နိုင်ငံတကာစံနုန်းနှင့်ဆိုလ
တနေ့သ၌ အတန်း ၁၅မိနစ်ခန့် စောပြီးသွားသည်။ ကျောင်းသားတော်တော်များများ
ကြည်နူးဖွယ်အတိမြင်ကွင်းကို
စာတော်တာခြင်းအတူတူ လူမျိုးမတူစကားမတူသူကို စာမေးပြီး လူမျိုးတူစကားတူသူကို စာမမေးကြဘူးဆိုတော့ ကျောင်းသားအများစုစိတ်ထဲမှာ
စာမေးပွဲအားလုံးပြီးသွားသည့
အမှတ်စာရင်းကို မော်ခွန်းထိန်းရုံးသို့မတင်
နောက်ဆုံးတွင် ဒေါ်ကြည်ပြာတစ်ယောက် အဖြေကောင်းကောင်းတစ်ခုရသွား
Team work (အဖွဲ့အစည်းနှင့်အလုပ်လုပ်တ
ဒေါ်ကြည်ပြာ့ဘာသာတွင်မပါသော်
ဩော် ထန်ခွန်ရေ .....
ဘဝဆိုတာ ဒီနေရာလေးတစ်ခုတည်း မဟုတ်ဘူးကွယ် …
Quality of life (ဘဝရဲ့အရည်အသွေး) မြင့်မားဖို့ဆိုတာကလည်း A တွေချည်းရဖို့မှ မဟုတ်တာပဲ ကလေးရယ် .....
အပိုင်း (၂)
ဘဏ်ကို လူကိုယ်တိုင်သွားမှ ရမှာမို့ လင်မယားနှစ်ယောက် ကလေးထားခဲ့ပြီး ထွက်လာခဲ့သည်အတွက် ဒေါ်ကြည်ပြာ အလျင်လိုနေသည်။ တလက်စတည်း ဟင်းချက်စရာလေးပါ ဝယ်လိုက်မည်ဟု ခင်ပွန်းသည်ကို တင်ပြကာ shopping mall ထဲ ဝင်ခဲ့သည်။ ကလေးအဝတ်ရောင်းသည့် ကောင်တာရှေ့တွင် ခင်ပွန်းသည်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့်
သူတို့ပြောနေသည့် ခေါင်းစဉ်က ကိုယ်နှင့်မဆိုင်သည်မို့ ယဉ်ကျေးမှုအရနားထောင်းနေရင်
“ဒါကဘယ်လောက်လဲ ...”
“Size အကြီးရှိသေးလားဟင် ...”
အရောင်းစာရေးမလေးသည် ဘာမှ ပြန်မဖြေ။ သူ့မျက်နှာကိုကြည့်လိုက်တော
“မောင်ရေ ကျွန်မစကားနားမလည်လို့လားမသ
စကားဖြတ်လိုက်ရသည်မို့ အားနာသည့်မျက်နှာပေးထားကာ ပြောလိုက်သည်တွင် ခင်ပွန်းသည်က ကိုယ့်ဆီ အာရုံအရောက် သူ့မိတ်ဆွေအမျိုးသမီးဆီမှ ထွက်လာသော စကားကြောင့် လင်မယားနှစ်ယောက် ကြောင်သွားကြသည်။
“ကောင်းကောင်းဘယ်ဖြေမလဲ ရှင့်မျက်နှာပေးကိုက ဖြေချင်စရာမကောင်းတဲ့ မျက်နှာပေးကိုး”
ရုတ်တရက် ဘာပြောရမှန်းမသိသော ဒေါ်ကြည်ပြာသည် စကားလုံးရှာရင်းမှ သွေးတွေ တဒိတ်ဒိတ်ခုန်လာနေသည်။ ဒေါသထွက်မှန်း ကိုယ့်ကိုယ်ကို သတိထားလိုက်မိပြီး အယဉ်ကျေးဆုံးစကားလုံးကို ရွေးရင်း ဘာမှ ပြန်မပြောဖြစ်တော့။
စနောက်သည့်မျက်နှာမဟုတ်သည်မ
“သူက အဲလိုပဲပြောတတ်တယ်၊ တွေးမနေနဲ့တော့” ဟု ခင်ပွန်းသည်က ဖျောင်းဖျသည်။ ကိုယ့်အမေလောက်ရှိသည့် အမျိုးသမီးတစ်ဦးဆီမှ မဆီမလျော်ထွက်လာသော စကားကို ဆန်းစစ်အဖြေရှာလိုက်တာ ၁၀ရက်ခန့် ကြာသွားသည်။ နောက်ဆုံးတော့ ဒေါ်ကြည်ပြာ ကျေနပ်မှုကောင်းကောင်းရသွား
ပြန်စဉ်းစားကြည့်တော့ သူတို့နှစ်ယောက် ဆိုင်ရှေ့တည့်တည့်မှာ စကားရပ်ပြောနေလို့ ဆိုင်အပေါက်ဝပိတ်သလိုဖြစ်နေ
ရုတ်တရက်ကြည့်လျှင် ဒေါ်ကြည်ပြာသည် သူများဘာလုပ်လုပ် ငုံ့ခံတတ်သည့် လူအမျိုးအစားထဲတွင် ပါမည်ဟု ဆိုနိုင်ပါသည်။ ကိုယ့်ဘာသာ မေးခွန်းတွေထုတ် ကိုယ့်ဘာသာအဖြေတွေရှာနေတတ်သ
၁နှစ်ခန့်အကြာတွင် ဖေ့စဘုတ်ပေါ်၌ ဒေါ်ကြည်ပြာနှင့် ထိုအမျိုးသမီးတို့ friend ဖြစ်သွားကြသည်။ သူက စ friend လုပ်ခြင်းဖြစ်သည်။ ခင်ပွန်းသည်နှင့်အလုပ်တွဲလု
တနေ့တော့ ဒေါ်ကြည်ပြာတို့၏ mutual friend (သူ့ friend ကိုယ့် friend) တစ်ယောက် ခမ်းနားသောညစာစားပွဲတစ်ခုတွ
“ဟိုတလောက ကြောင်ကုပ်ခံရတာ ဒဏ်ရာသက်သာသွားပြီလား”
ဟူသတတ်။
အသက်၆၀ခန့် ဘွဲ့၃ခုထက်မနည်းရရှိထားသော ငွေကြေးပြည့်စုံသည့် ရုပ်ရည်ချောမောသော ထိုအမျိုးသမီးသည် တကယ်ပဲစကားပြောမတတ်လေခြင်းလ
အမေးခံရသူ မိတ်ဆွေသည် ဘာမှ ပြန်မဖြေထားပါ။ သူမ ကွန်မန့်ကို like မလုပ်ထားခြင်းဖြင့် ယဉ်ကျေးစွာ တုံ့ပြန်ခဲ့ပါသည်။
ထိုတုံ့ပြန်မှုက သူမအတွက် အကောင်းလား အဆိုးလား .....
အပိုင်း (၃)
ဘန်ကောက်မြို့ရှိ အခြားတက္ကသိုလ်တစ်ခုတွင် လုပ်ငန်းခွင်လိုအပ်ချက်အရ ဒေါ်ကြည်ပြာတစ်ယောက် စာတမ်းဖတ်ပွဲတစ်ခုသို့ တက်ရောက်ပေးရသောနေ့တစ်နေ့၌ြ
စာတမ်းများစတင်ဖတ်ကြားချိန်
အားလုံးထဲတွင် ဒေါ်ကြည်ပြာသည် ပညာအရည်အချင်းအရသာမက ရာထူးရော အတွေ့အကြုံပါ အနိမ့်ဆုံးဖြစ်သည်။ ဒီအတွက်တော့ ဒေါ်ကြည်ပြာသည် ထူးခြားပြီး ဝမ်းနည်းမနေတတ်တော့၊ ကလေး၂ယောက်မွေးထားပြီး သူများတွေလို နေရာတကာ ထူးချွန်ထက်မြက်နေချင်လို့မ
စုစုပေါင်း စာတမ်း၃စောင်ဖတ်ကြမည်ဖြစ်သည
သူတို့စာတမ်းများကို သဘောတရားအရနားလည်သော်လည်း Research Methodology (သုတေသနဆိုင်ရာ နည်းပညာ) ကို ဒေါ်ကြည်ပြာတစ်ယောက် နှိုက်နှိုက်ချွတ်ချွတ်နားလ
ထိုပညာရှင်က Research Methodology ကို ထုံးလိုချေ ရေလိုနှောက်ထားသူ။ ဒါကလည်း တကယ့်လိုအပ်ချက်ဖြစ်သည်ကိုး
သူ့အလုပ်သူလုပ်သည်က မှန်သော်လည်း ထိုပညာရှင်၏ လေယူလေသိမ်းကို ဒေါ်ကြည်ပြာ သိပ်မနှစ်မြိုလှပေ။ သူ့ကို ကြည့်ရင်း ထန်ခွန့်ကို သတိရသည်။ အသက်၆၀ အမျိုးသမီးကို မြင်ယောင်မိသည်။ လူတွေကို ပညာအဆင့်အတန်း ငွေ ရာထူးတို့ဖြင့် တိုင်းတာခြင်းထက် စိတ်နေသဘောထားကို ပိုတန်ဖိုးထား ကြည့်ရှုလေ့ရှိသူ ဒေါ်ကြည်ပြာသည် ထိုအမျိုးသမီးကို စိတ်ထဲမှ အမှတ်တွေ ပေးပြီး အကဲဖြတ်နေမိသည်။
နောက်ဆုံးစာတမ်းဖတ်သူက ပါရဂူဘွဲ့စာတမ်းပြုစုနေသူ ထိုင်းကျောင်းသူတစ်ဦးဖြစ်သည
စာတမ်း၏ နိဒါန်းသာပြီးသေးသည် စူးရှပညာရှင်က မင်း data ငါ့ကို ပြပါဟု ပြောလာသည်။ ကျောင်းသူလေးက data ကိုပြပြီး ရှင်းအပြတွင်
“နေပါဦး မင်းပြောတော့ ပင်စင်ယူပြီးသူတွေဟာ ပင်စင်လစာနဲ့ မလောက်ဘူး၊ သားသမီးတွေဆီက ထောက်ပံ့ငွေကို ယူနေရတယ်ပြောပြီး မင်း data ထဲမှာ 'ပင်စင်လစာ' 'သားသမီးဆီမှရငွေ' အဲဒီနှစ်ခုအပြင် 'သားသမီးထံပေးငွေ' ဆိုတာ ပါနေတယ်။ ရှေ့နောက် ဆီလျော်မှုမရှိဘူး။ မင်း ပြောနေတာ ဘာတွေလဲဆိုတာ မင်းကိုယ်တိုင်ရော သိရဲ့လား"
ကျောင်းသူလေးသည် ဆွံ့အနေသည်။ ပညာရှင်ကို ကြောက်နေသလား data ကောက်တုန်းက အကြောင်းတွေ မေ့နေသလား တစ်ခုခုပင်။
ဘေးနားထိုင်နေသူ ပညာရှင်များသည်လည်း data သည် တစ်ခုခုမှားနေတာ ဖြစ်မည်၊ ဝင်ငွေမရှိတဲ့အဘိုးကြီးအဘွာ
ကျောင်းသူလေးသည် မျက်နှာပျက်နေရှာသည်။ data က စမှားပြီဆိုတော့ အားလုံး သွားပါပြီဟူသော အတွေးသည် သူ့ကို တုပ်နှောင်ထားသလို သူ့တစ်ကိုယ်လုံး အခဲတစ်ခုဖြစ်နေပြီလားဟုပင် ထင်ရသည်။ တကယ်တော့ သူမ သာမဟုတ် ဒေါ်ကြည်ပြာသည်လည်း နှလုံးသွေး တဒိတ်ဒိတ်ခုန်နေပြီး တစ်ခုခုခံစားနေရသည်။ ဘာလဲ ငါ ဘာဖြစ်နေတာလဲ …..
တကယ်တော့ အဖြေက လွယ်လွယ်လေးဖြစ်သည်။ ဒေါ်ကြည်ပြာ့တွင် အဖြေရှိသည်။ ပညာရှင်များမဖြေနိုင်သော အရာကို ဒေါ်ကြည်ပြာဖြေနိုင်ခြင်းမှာ
ဘဝတွင် ငွေကြေးဆိုင်ရာချောမွေ့စွာ ဖြတ်သန်းခဲ့သူ ... ထိုပညာတတ်တို့ နားလည်နိုင်စွမ်းမရှိသည့်
ဆင်းရဲခြင်း ဟူသော ဝမ်းနည်းစရာအမှန်တရားကြီး..
ကိုယ်ချင်းစာတရား ဟူသည့် ကြည်နူးစရာမေတ္တာများ .....
ဘာစကားမှ မစခင် ဒေါ်ကြည်ပြာ သူ့စိတ်ကို သူ ပြန် သုံးသပ်လိုက်သည်။
“ငါ ဘာဖြစ်နေလဲ”
“ငါ စိတ်တိုနေတယ် စိတ်လှုပ်ရှားနေတယ်”
“ဘယ်သူ့ကို စိတ်တိုတာလဲ”
“ဟို စူးရှပညာရှင်ကိုပေါ့၊ စာတမ်းဖတ်နေသူကို တရားခံလို လက်အောက်ငယ်သားလို စစ်မေးနေတဲ့ သူ့အပြုအမူကို ငါ မကြိုက်ဘူး”
“ငါ ဝင်ပြောသင့်သလား”
“ပြောသင့်တယ်”
“ဟိုကျောင်းသူလေး အချိန်တွေ ပိုက်ဆံတွေ စိတ်အင်အားတွေ အလကားဖြစ်ကုန်တော့မယ်”
ဒေါ်ကြည်ပြာသည် ညာဘက်လက်ကို မြှောက်ရင်း ကျွန်မ တစ်ခု ပြောပါရစေဟု အသံကို မြှင့်ကာ ပြောလိုက်သည်။ ပညာရှင်အားလုံးသည် တချိန်လုံးနှုတ်ဆိတ်နေခဲ့သူ
“သူ့ data မမှားပါဘူး။ True story တစ်ခု ကျွန်မပြောပြမယ်။ ကျွန်မအဖွားဟာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်
အပ်ကျသံကြားရမတတ် တိတ်ဆိတ်ခြင်းသည် အခန်းတစ်ခုလုံးအား စက္ကန့်၃၀ခန့် သိမ်းပိုက်လိုက်သည်။
ရင်ဘတ်ကြီးကို ဖွင့်ပြလိုက်ရသော ဒေါ်ကြည်ပြာသည် မောဟိုက်ကာ ကျန်ရစ်သည်။
ဒေါ်ကြည်ပြာ့စကားကို အစအဆုံး ဂရုတစိုက်နားထောင်ခဲ့သော စူးရှပညာရှင်သည် “အိုခေ ငါနားလည်ပြီ စာတမ်းကို ဆက်ဖတ်ပါ” ဟု ဆိုကာ တည်ငြိမ်အေးချမ်းစွာ သူ့တာဝန်ကို ဆက်လက်ထမ်းဆောင်သည်။
ကျောင်းသူလေးသည် ကျေးဇူးတင်သည့်မျက်လုံးများ
စာတမ်းဖတ်ပွဲအပြီးတွင် စူးရှပညာရှင်သည် ဒေါ်ကြည်ပြာကို ခေါင်းတစ်ချက်ဆတ်ကာ ပြုံးပြပြီး အခန်းထဲမှ လျင်မြန်စွာထွက်ခွါသွားခဲ့သ
.
.
.
နွမ်းလျစွာဖြင့် အိမ်ပြန်ခဲ့ရသော နေ့တစ်နေ့ဖြစ်ပါလေတော့သတည်း
February 1, 2018
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။