ငါ.. အရင်တုန်းက..
ငါ.. ငယ်ငယ်တုန်းက..
ငါ.. လူပျိုတုန်းက..
ငါ.. အောင်မြင်တုန်းက..
ငါ.. ... ... ... ... ... ။
လူတွေဟာ များသောအားဖြင့်
အတိတ်က ရွှေထီးဆောင်းခဲ့တာကို..
တခုတ်တရနဲ့ ပြန်လည်မော်ကြွား
ပြောပြလေ့ရှိကြပါတယ်။
တစ်ချို့ကျပြန်တော့လည်း ..
အဆင်ပြေ အောင်မြင်လာချိန်မှာ..
ငါ.. အရင်တုန်းက..
ဘယ်လို အဆင်မပြေခဲ့တာ
ဘယ်လို ရုန်းကန်ခဲ့ရတာ
ဘယ်လို ဒုက္ခရောက်ခဲ့ရတာဆိုပြီး
အတုယူရအောင် ပြန်လည်ပြောပြ
သင်ခန်းစာပေးကြတာလဲ ရှိပါတယ်။
အခုလည်း နေရာစုံမှာ..
"အရင်တုန်းက".. ဆိုတဲ့စကား
တွင်တွင်ကြီး ကြားနေရပါတယ်။
ဒါပေမယ့် ..
ဘာအတွက် ဘာကိုရည်ရွယ်ပြီး
ပြောနေတာလဲ မသဲကွဲပါ။
အရင်တုန်းက မကောင်းဘူး ..
အခုကောင်းနေပြီလို့ ပြောချင်တာလား။
အရင်တုန်းက ကောင်းတယ်..
အခုမကောင်းတော့ဘူးလို့ ပြောချင်တာလား။
အရင်တုန်းကလည်း မကောင်းဘူး ..
အခုလည်း မကောင်းဘူးလို့ ပြောချင်တာလား။
ဘယ်လိုဘဲဖြစ်ဖြစ်..
ရမ်းသန်းပြောနေလို့မရပါ ။
အပြောနဲ့အတူ သက်သေပြစရာ..
တစ်ခုခု ရှိရပါမယ်။
ယနေ့ခေတ်လူတွေရဲ့ အတွေ့အကြုံ
အသိပညာဗဟုသုတ ဉာဏ်ရည်တွေအရ..
သိလွယ်မြင်လွယ်တဲ့ လူမှုကွန်ရက်တွေအရ..
ထင်ရာပြောပြီး လေထဲတိုက်အိမ်ဆောက်ပြလို့
ရတဲ့ခေတ် မဟုတ်တော့ပါဘူး။
အကောင်အထည်ဖော်ပြနိုင် ဘို့ လိုပါတယ်။
ဒါကြောင့် ..
အဟောင်းထဲက မကောင်းတာပယ်
ကောင်းတာလည်း ပြန်ယူ
ရှေ့လူ နောက်လူ ၀ိုင်းကူပေါင်းစပ်လို့
အပြောနဲ့အလုပ်ညီစွာ..
အပြောနည်းနည်း အလုပ်များများဆောင်
အောင်မြင်အောင် အကောင်အထည်ဖော်ဘို့
ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
Aung Ko Latt ပေတူး ရာမညမြေ
ငါ.. ငယ်ငယ်တုန်းက..
ငါ.. လူပျိုတုန်းက..
ငါ.. အောင်မြင်တုန်းက..
ငါ.. ... ... ... ... ... ။
လူတွေဟာ များသောအားဖြင့်
အတိတ်က ရွှေထီးဆောင်းခဲ့တာကို..
တခုတ်တရနဲ့ ပြန်လည်မော်ကြွား
ပြောပြလေ့ရှိကြပါတယ်။
တစ်ချို့ကျပြန်တော့လည်း
အဆင်ပြေ အောင်မြင်လာချိန်မှာ..
ငါ.. အရင်တုန်းက..
ဘယ်လို အဆင်မပြေခဲ့တာ
ဘယ်လို ရုန်းကန်ခဲ့ရတာ
ဘယ်လို ဒုက္ခရောက်ခဲ့ရတာဆိုပြီး
အတုယူရအောင် ပြန်လည်ပြောပြ
သင်ခန်းစာပေးကြတာလဲ ရှိပါတယ်။
အခုလည်း နေရာစုံမှာ..
"အရင်တုန်းက".. ဆိုတဲ့စကား
တွင်တွင်ကြီး ကြားနေရပါတယ်။
ဒါပေမယ့် ..
ဘာအတွက် ဘာကိုရည်ရွယ်ပြီး
ပြောနေတာလဲ မသဲကွဲပါ။
အရင်တုန်းက မကောင်းဘူး ..
အခုကောင်းနေပြီလို့ ပြောချင်တာလား။
အရင်တုန်းက ကောင်းတယ်..
အခုမကောင်းတော့ဘူးလို့ ပြောချင်တာလား။
အရင်တုန်းကလည်း မကောင်းဘူး ..
အခုလည်း မကောင်းဘူးလို့ ပြောချင်တာလား။
ဘယ်လိုဘဲဖြစ်ဖြစ်..
ရမ်းသန်းပြောနေလို့မရပါ
အပြောနဲ့အတူ သက်သေပြစရာ..
တစ်ခုခု ရှိရပါမယ်။
ယနေ့ခေတ်လူတွေရဲ့ အတွေ့အကြုံ
အသိပညာဗဟုသုတ ဉာဏ်ရည်တွေအရ..
သိလွယ်မြင်လွယ်တဲ့ လူမှုကွန်ရက်တွေအရ..
ထင်ရာပြောပြီး လေထဲတိုက်အိမ်ဆောက်ပြလ
ရတဲ့ခေတ် မဟုတ်တော့ပါဘူး။
အကောင်အထည်ဖော်ပြနိုင်
ဒါကြောင့် ..
အဟောင်းထဲက မကောင်းတာပယ်
ကောင်းတာလည်း ပြန်ယူ
ရှေ့လူ နောက်လူ ၀ိုင်းကူပေါင်းစပ်လို့
အပြောနဲ့အလုပ်ညီစွာ..
အပြောနည်းနည်း အလုပ်များများဆောင်
အောင်မြင်အောင် အကောင်အထည်ဖော်ဘို့
ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
Aung Ko Latt ပေတူး ရာမညမြေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။