ဘ႐ိုင္ယန္ဟာ သူ႔ကားေဟာင္းေလးကို ေမာင္းရင္း
အလုပ္ကေန အိမ္ကို ျပန္လာတယ္။
ေဆာင္းဝင္စ မိုးခ်ဳပ္ခါနီးမို႔ ျမဴေတြကလဲ က်ေနတယ္။
မိုးကလဲ ဖြဲဖြဲေလးရြာေနတယ္။ ျမင္ကြင္းက သိတ္မၾကည္လို႔
သူဟာ ကားကို ဂ႐ုစိုက္ၿပီး ေျဖးေျဖးေလး ေမာင္းေနရတယ္။
ေမွာင္စျပဳေနၿပီမို႔ ကားမီးထိုးၿပီး ေမာင္းေနရတယ္။
သူဟာ ႐ုတ္တရက္ ေရွ႕မလွမ္းမကမ္း လမ္းေဘးမွာ
ရပ္ထားတဲ့ မာစီဒီးကားတစ္စီးေဘးနားက အသက္ႀကီးႀကီး မိန္းမႀကီးတေယာက္ဟာ ျဖတ္သြားတဲ့ ကားေတြကို
လက္ျပတားေနတာကို ေတြ႕လိုက္ရတယ္။
ကားေတြက ရပ္မေပးၾကပါဘူး။ မိုးဖြဲဖြဲေအာက္မွာ ထီးမပါ၊
မိုးကာမပါပဲ မတ္တတ္ရပ္ လက္ျပတားေနတဲ့ အဲဒီမိန္းမႀကီးကို
သနားတာနဲ႔ ဘ႐ိုင္ယန္ဟာ သူမေရွ႕မွာ ကားကို
ထိုးရပ္လိုက္ၿပီး ဘာျဖစ္လို႔လဲလို႔ ေမးလိုက္တယ္။
မိန္းမႀကီးက သူ႔ကား ဘီးေပါက္ေနလို႔ပါတဲ့။ ဘ႐ိုင္ယန္က
လဲစရာ ဘီးအပို ပါသလားလို႔ ေမးေတာ့ ပါတယ္တဲ့။
သူလဲ သူ႔ကားေပၚက ဆင္းၿပီး ကားေနာက္ဖံုးထဲက
ကားဘီးလဲတဲ့ ပစၥည္းေတြကို ဆြဲထုတ္လိုက္ၿပီး
ေပါက္ေနတဲ့ ကားဘီးကို အပိုဘီးနဲ႔ လဲဖို႔ လုပ္ပါတယ္။
သူက မိန္းမႀကီးကို မိုးနဲနဲသဲလာလို႔ သူမရဲ႕ မာစီဒီးကား
ထဲဝင္ထိုင္ဖို႔ ေျပာလို႔ မိန္းမႀကီးလဲ ကားေရွ႕ခန္းမွာ
ဝင္ထိုင္လိုက္တယ္။
ဘ႐ိုင္ယန္လဲ မိုးရြာထဲမွာ ဒူးေထာက္ျပီး ကားဘီးကို
လဲေနတယ္။ မိုးကလဲ သဲလာလို႔ သူ႔ တကိုယ္လံုးလဲ
ရႊဲရႊဲစိုကုန္တယ္။ ေဘာင္းဘီမွာလဲ ရႊံေတြေပကုန္တယ္။
ဒါေပမဲ့ သူဟာ အဲဒါေတြကို ဂ႐ုမစိုက္ပဲ ေပါက္ေနတဲ့
ကားဘီးကို ျဖဳတ္ၿပီး လဲေနတယ္။ မိန္းမႀကီးကလဲ
ကားေဘးမွန္ကို ဖြင့္ၿပီး သူ႔ကို ေက်းဇူးတင္စကားေတြ
တဖြဖြ ေျပာေနတယ္။
ကားဘီးလဲၿပီးသြားၿပီ။ မိန္းမႀကီးက ဘ႐ိုင္ယန္ကို
ကားဘီးလဲခ ဘယ္ေလာက္ေပးရမလဲလို႔ ေမးတယ္။
သူက ေပးစရာ မလိုပါဘူးလို႔ ေျပာလိုက္တယ္။
မိန္းမႀကီးက ပိုက္ဆံမယူဘူးဆိုရင္ တျခား ဘယ္နည္းနဲ႔
ကူညီရမလဲလို႔ ေမးတယ္။ မိန္းမႀကီးဟာ သူစီးတဲ့
မာစီဒီးကားနဲ႔ အဝတ္အစားေတြကို ၾကည့္ျခင္းၿပီး အေတာ္
ပိုက္ဆံခ်မ္းသာပံု ရွိတယ္ဆိုတာကို ဘ႐ိုင္ယန္
သတိျပဳမိတယ္။ သူက မိန္းမႀကီးကို ေျပာလိုက္တယ္။
သူ ကူညီတာကို ေက်းဇူးတံု႔ျပန္ခ်င္ရင္ ဒုကၡေရာက္ေနသူတေယာက္ကိုေတြ႕ရင္ အကူအညီေပး
လိုက္ပါ။ အဲဒီလို ကူညီတဲ့အခါ သူ႔ကို သတိရေပးပါ။
သူ႔နာမည္က ဘ႐ိုင္ယန္ အင္ဒါဆင္လို႔ ေခၚပါတယ္တဲ့။
မိန္းမႀကီးလဲ ဘ႐ိုင္ယန္ကို လက္ျပႏူတ္ဆက္ၿပီး ကားေမာင္းထြက္လာခဲ့တယ္။ သူမလဲ နာရီဝက္ေလာက္
ကားေမာင္းေနရင္း ဗိုက္ကလဲ ဆာလာတယ္။ ေအးကလဲ
ေအးလာၿပီ။ လမ္းေဘးမွာ နားစရာတစ္ခု ရွာၾကည့္လိုက္တယ္။ ဓါတ္ဆီဆိုင္တခုနဲ႔ တြဲလ်က္ဖြင့္ထားတဲ့ စားေသာက္
ဆိုင္တခုကို ေတြ႕လိုက္လို႔ ကားရပ္လိုက္ၿပီး ဆိုင္ထဲကို
ဝင္လိုက္တယ္။
ဆိုင္ထဲ ဝင္လိုက္တာနဲ႔ စားပြဲတလံုးမွာ ဝင္ထိုင္လိုက္တယ္။
အသက္ ၂၅ ႏွစ္ေလာက္ရွိတဲ့ စားပြဲထိုးအမ်ိဳးသမီးေလး
တစ္ေယာက္ စားပြဲနားကို ေရာက္လာတယ္။
အမိ်ဳးသမီးေလးဟာ မိန္းမႀကီးရဲ႕ေခါင္းက ဆံပင္ေတြ
မိုးေရေတြ စိုရႊဲေနတာ ေတြ႕လို႔ ဆိုင္ေနာက္ဖက္ ဝင္သြားတယ္။ မ်က္ႏွာသုတ္ပုဝါတထည္ယူလာၿပီး မိန္းမႀကီးရဲ႕
ဆံပင္ကို ေသေသခ်ာခ်ာ သုတ္ေပးလိုက္တယ္။
မိန္းမႀကီးလဲ အဲဒီအခါမွ အမ်ိဳးသမီးေလးကို ေသခ်ာ
ၾကည့္မိတယ္။ ကိုယ္ဝန္အရင့္အမာႀကီးနဲ႔ ေမြးဖြားခါနီးပံုပဲ။
ဒါေပမဲ့ အမ်ိဳးသမီးေလးကို ၾကည့္ရတာ ျပံဳးျပံဳးရႊင္ရႊင္
ေပ်ာ္ေနပံုပဲ။ မိန္းမႀကီးလဲ ဘိန္းမုန္႔တစ္ခုနဲ႔ ေကာ္ဖီတစ္ခြက္
မွာလိုက္တယ္။ ေရာက္လာတဲ့ အစားအေသာက္ေတြ
စားၿပီးသြားေတာ့ အမိ်ဳးသမီးေလးကို ေဒၚလာတစ္ရာတန္ တစ္ရြက္ထုတ္ေပးလိုက္တယ္။
စားပြဲထိုး အမိ်ဳးသမီးေလးလဲ က်သင့္ေငြယူၿပီး ပိုတဲ့
ပိုက္ဆံကို ျပန္အမ္းဖို႔ ေငြရွင္းတဲ့ ေကာင္တာကို သြား
လိုက္တယ္။ စားပြဲကို ျပန္လာေတာ့ ေစာေစာက မိန္းမႀကီး
မရွိေတာ့ဘူး။ ဆိုင္ထဲက ထြက္သြားၿပီ။ အမိ်ဳးသမီးေလးလဲ
စားပြဲေပၚက စားေသာက္ျပီးတဲ့ ပန္းကန္ေတြ သိမ္းရင္းနဲ႔
လက္သုတ္ပုဝါ ျဖဴေပၚမွာ ေဘာလ္ပင္နဲ႔ စာေရးထားတာ
ေတြ႕လိုက္လို႔ ဖတ္ၾကည့္လိုက္တယ္။
ေရးထားတဲ့စာက “ဒီေန႔ ငါ ဒုကၡေရာက္ေနတာကို
လူတစ္ေယာက္က အလကား ကူညီေပးခဲ့တယ္။ သူ႔ကို
ေက်းဇူးတင္လို႔ မင္းကို ဒီပိုက္ဆံ ေပးခဲ့ပါတယ္။ မင္း
လိုအပ္တာအတြက္ စိတ္သန္႔သန္႔ထားၿပီး သံုးလိုက္ပါ”တဲ့။
လက္သုတ္ပုဝါကို ဖယ္ၾကည့္လိုက္ေတာ့ ေအာက္မွာ ေဒၚလာတစ္ေထာင္တန္ ေငြစကၠဴတစ္ရြက္ကို
ေတြ႕လိုက္ရတယ္။
အမ်ိဳးသမီးေလးလဲ မိုးခ်ဳပ္လို႔ ဆိုင္သိမ္းေတာ့ အိမ္ကို
ျပန္လာတယ္။ အိမ္တံခါးလာဖြင့္ေပးတဲ့ သူ႔ေယာက္်ားကို
ဖက္နမ္းရင္း “ေမာင္ေရ အခ်စ္ေမြးဖြားဖို႔ကိစၥ ဘာမွ
မပူနဲ႔ေတာ့။ ဒီေန႔ မိန္းမႀကီးတေယာက္က ေဒၚလာ
တစ္ေထာင္ ေပးသြားတယ္” လို႔ ဝမ္းသာအားရ
ေျပာလိုက္တယ္။ ပိုက္ဆံ မရွိလို႔ စိတ္ညစ္ေနတဲ့
သူ႔ေယာက္်ားလဲ အေတာ္ ေပ်ာ္သြားတယ္။
ေအာ္ ဒါနဲ႔ ေယာက္်ားနာမည္က “ဘ႐ိုင္ယန္ အင္ဒါဆင္”ပါ။
ေစတနာသန္႔သန္႔နဲ႔ ကူညီလိုက္တဲ့ အျပဳအမူတိုင္းဟာ
မိမိထံကို တနည္းမဟုတ္ တနည္းနဲ႔ ျပန္လည္
အက်ိဳးသက္ေရာက္တဲ့ သေဘာရွိတယ္ဆိုတာကို
သတိျပဳမိရင္း ဒုကၡေရာက္ေနသူေတြ႕ရင္
ေစတနာသန္႔သန္႔နဲ႔ အက်ိဳးမေမွ်ာ္ကိုးပဲ ကူညီသူေတြ
ျဖစ္ၾကပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။
(#သိမွတ္ဖြယ္ရာ_ဗဟုသုတရြာ)
#ဗန္းေမာ္သိန္းေဖ
#ေမသတင္းရပ္ကြက္ေလး
Unicode
သူ့တပါးအပေါ် စိတ်ရင်းဖြူစင်စွာ ကူညီခဲ့သောကြောင့်
စေတနာ အကျိုးပေးကောင်းပုံ
✿✿✿✿✿✿✿✿
ဘရိုင်ယန်ဟာ သူ့ကားဟောင်းလေးကို မောင်းရင်း
အလုပ်ကနေ အိမ်ကို ပြန်လာတယ်။
ဆောင်းဝင်စ မိုးချုပ်ခါနီးမို့ မြူတွေကလဲ ကျနေတယ်။
မိုးကလဲ ဖွဲဖွဲလေးရွာနေတယ်။ မြင်ကွင်းက သိတ်မကြည်လို့
သူဟာ ကားကို ဂရုစိုက်ပြီး ဖြေးဖြေးလေး မောင်းနေရတယ်။
မှောင်စပြုနေပြီမို့ ကားမီးထိုးပြီး မောင်းနေရတယ်။
သူဟာ ရုတ်တရက် ရှေ့မလှမ်းမကမ်း လမ်းဘေးမှာ
ရပ်ထားတဲ့ မာစီဒီးကားတစ်စီးဘေးနားက အသက်ကြီးကြီး မိန်းမကြီးတယောက်ဟာ ဖြတ်သွားတဲ့ ကားတွေကို
လက်ပြတားနေတာကို တွေ့လိုက်ရတယ်။
ကားတွေက ရပ်မပေးကြပါဘူး။ မိုးဖွဲဖွဲအောက်မှာ ထီးမပါ၊
မိုးကာမပါပဲ မတ်တတ်ရပ် လက်ပြတားနေတဲ့ အဲဒီမိန်းမကြီးကို
သနားတာနဲ့ ဘရိုင်ယန်ဟာ သူမရှေ့မှာ ကားကို
ထိုးရပ်လိုက်ပြီး ဘာဖြစ်လို့လဲလို့ မေးလိုက်တယ်။
မိန်းမကြီးက သူ့ကား ဘီးပေါက်နေလို့ပါတဲ့။ ဘရိုင်ယန်က
လဲစရာ ဘီးအပို ပါသလားလို့ မေးတော့ ပါတယ်တဲ့။
သူလဲ သူ့ကားပေါ်က ဆင်းပြီး ကားနောက်ဖုံးထဲက
ကားဘီးလဲတဲ့ ပစ္စည်းတွေကို ဆွဲထုတ်လိုက်ပြီး
ပေါက်နေတဲ့ ကားဘီးကို အပိုဘီးနဲ့ လဲဖို့ လုပ်ပါတယ်။
သူက မိန်းမကြီးကို မိုးနဲနဲသဲလာလို့ သူမရဲ့ မာစီဒီးကား
ထဲဝင်ထိုင်ဖို့ ပြောလို့ မိန်းမကြီးလဲ ကားရှေ့ခန်းမှာ
ဝင်ထိုင်လိုက်တယ်။
ဘရိုင်ယန်လဲ မိုးရွာထဲမှာ ဒူးထောက်ပြီး ကားဘီးကို
လဲနေတယ်။ မိုးကလဲ သဲလာလို့ သူ့ တကိုယ်လုံးလဲ
ရွှဲရွှဲစိုကုန်တယ်။ ဘောင်းဘီမှာလဲ ရွှံတွေပေကုန်တယ်။
ဒါပေမဲ့ သူဟာ အဲဒါတွေကို ဂရုမစိုက်ပဲ ပေါက်နေတဲ့
ကားဘီးကို ဖြုတ်ပြီး လဲနေတယ်။ မိန်းမကြီးကလဲ
ကားဘေးမှန်ကို ဖွင့်ပြီး သူ့ကို ကျေးဇူးတင်စကားတွေ
တဖွဖွ ပြောနေတယ်။
ကားဘီးလဲပြီးသွားပြီ။ မိန်းမကြီးက ဘရိုင်ယန်ကို
ကားဘီးလဲခ ဘယ်လောက်ပေးရမလဲလို့ မေးတယ်။
သူက ပေးစရာ မလိုပါဘူးလို့ ပြောလိုက်တယ်။
မိန်းမကြီးက ပိုက်ဆံမယူဘူးဆိုရင် တခြား ဘယ်နည်းနဲ့
ကူညီရမလဲလို့ မေးတယ်။ မိန်းမကြီးဟာ သူစီးတဲ့
မာစီဒီးကားနဲ့ အဝတ်အစားတွေကို ကြည့်ခြင်းပြီး အတော်
ပိုက်ဆံချမ်းသာပုံ ရှိတယ်ဆိုတာကို ဘရိုင်ယန်
သတိပြုမိတယ်။ သူက မိန်းမကြီးကို ပြောလိုက်တယ်။
သူ ကူညီတာကို ကျေးဇူးတုံ့ပြန်ချင်ရင် ဒုက္ခရောက်နေသူတယောက်ကိုတွေ့ရင် အကူအညီပေး
လိုက်ပါ။ အဲဒီလို ကူညီတဲ့အခါ သူ့ကို သတိရပေးပါ။
သူ့နာမည်က ဘရိုင်ယန် အင်ဒါဆင်လို့ ခေါ်ပါတယ်တဲ့။
မိန်းမကြီးလဲ ဘရိုင်ယန်ကို လက်ပြနူတ်ဆက်ပြီး ကားမောင်းထွက်လာခဲ့တယ်။ သူမလဲ နာရီဝက်လောက်
ကားမောင်းနေရင်း ဗိုက်ကလဲ ဆာလာတယ်။ အေးကလဲ
အေးလာပြီ။ လမ်းဘေးမှာ နားစရာတစ်ခု ရှာကြည့်လိုက်တယ်။ ဓါတ်ဆီဆိုင်တခုနဲ့ တွဲလျက်ဖွင့်ထားတဲ့ စားသောက်
ဆိုင်တခုကို တွေ့လိုက်လို့ ကားရပ်လိုက်ပြီး ဆိုင်ထဲကို
ဝင်လိုက်တယ်။
ဆိုင်ထဲ ဝင်လိုက်တာနဲ့ စားပွဲတလုံးမှာ ဝင်ထိုင်လိုက်တယ်။
အသက် ၂၅ နှစ်လောက်ရှိတဲ့ စားပွဲထိုးအမျိုးသမီးလေး
တစ်ယောက် စားပွဲနားကို ရောက်လာတယ်။
အမျိုးသမီးလေးဟာ မိန်းမကြီးရဲ့ခေါင်းက ဆံပင်တွေ
မိုးရေတွေ စိုရွှဲနေတာ တွေ့လို့ ဆိုင်နောက်ဖက် ဝင်သွားတယ်။ မျက်နှာသုတ်ပုဝါတထည်ယူလာပြီး မိန်းမကြီးရဲ့
ဆံပင်ကို သေသေချာချာ သုတ်ပေးလိုက်တယ်။
မိန်းမကြီးလဲ အဲဒီအခါမှ အမျိုးသမီးလေးကို သေချာ
ကြည့်မိတယ်။ ကိုယ်ဝန်အရင့်အမာကြီးနဲ့ မွေးဖွားခါနီးပုံပဲ။
ဒါပေမဲ့ အမျိုးသမီးလေးကို ကြည့်ရတာ ပြုံးပြုံးရွှင်ရွှင်
ပျော်နေပုံပဲ။ မိန်းမကြီးလဲ ဘိန်းမုန့်တစ်ခုနဲ့ ကော်ဖီတစ်ခွက်
မှာလိုက်တယ်။ ရောက်လာတဲ့ အစားအသောက်တွေ
စားပြီးသွားတော့ အမျိုးသမီးလေးကို ဒေါ်လာတစ်ရာတန် တစ်ရွက်ထုတ်ပေးလိုက်တယ်။
စားပွဲထိုး အမျိုးသမီးလေးလဲ ကျသင့်ငွေယူပြီး ပိုတဲ့
ပိုက်ဆံကို ပြန်အမ်းဖို့ ငွေရှင်းတဲ့ ကောင်တာကို သွား
လိုက်တယ်။ စားပွဲကို ပြန်လာတော့ စောစောက မိန်းမကြီး
မရှိတော့ဘူး။ ဆိုင်ထဲက ထွက်သွားပြီ။ အမျိုးသမီးလေးလဲ
စားပွဲပေါ်က စားသောက်ပြီးတဲ့ ပန်းကန်တွေ သိမ်းရင်းနဲ့
လက်သုတ်ပုဝါ ဖြူပေါ်မှာ ဘောလ်ပင်နဲ့ စာရေးထားတာ
တွေ့လိုက်လို့ ဖတ်ကြည့်လိုက်တယ်။
ရေးထားတဲ့စာက “ဒီနေ့ ငါ ဒုက္ခရောက်နေတာကို
လူတစ်ယောက်က အလကား ကူညီပေးခဲ့တယ်။ သူ့ကို
ကျေးဇူးတင်လို့ မင်းကို ဒီပိုက်ဆံ ပေးခဲ့ပါတယ်။ မင်း
လိုအပ်တာအတွက် စိတ်သန့်သန့်ထားပြီး သုံးလိုက်ပါ”တဲ့။
လက်သုတ်ပုဝါကို ဖယ်ကြည့်လိုက်တော့ အောက်မှာ ဒေါ်လာတစ်ထောင်တန် ငွေစက္ကူတစ်ရွက်ကို
တွေ့လိုက်ရတယ်။
အမျိုးသမီးလေးလဲ မိုးချုပ်လို့ ဆိုင်သိမ်းတော့ အိမ်ကို
ပြန်လာတယ်။ အိမ်တံခါးလာဖွင့်ပေးတဲ့ သူ့ယောက်ျားကို
ဖက်နမ်းရင်း “မောင်ရေ အချစ်မွေးဖွားဖို့ကိစ္စ ဘာမှ
မပူနဲ့တော့။ ဒီနေ့ မိန်းမကြီးတယောက်က ဒေါ်လာ
တစ်ထောင် ပေးသွားတယ်” လို့ ဝမ်းသာအားရ
ပြောလိုက်တယ်။ ပိုက်ဆံ မရှိလို့ စိတ်ညစ်နေတဲ့
သူ့ယောက်ျားလဲ အတော် ပျော်သွားတယ်။
အော် ဒါနဲ့ ယောက်ျားနာမည်က “ဘရိုင်ယန် အင်ဒါဆင်”ပါ။
စေတနာသန့်သန့်နဲ့ ကူညီလိုက်တဲ့ အပြုအမူတိုင်းဟာ
မိမိထံကို တနည်းမဟုတ် တနည်းနဲ့ ပြန်လည်
အကျိုးသက်ရောက်တဲ့ သဘောရှိတယ်ဆိုတာကို
သတိပြုမိရင်း ဒုက္ခရောက်နေသူတွေ့ရင်
စေတနာသန့်သန့်နဲ့ အကျိုးမမျှော်ကိုးပဲ ကူညီသူတွေ
ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
#ဗန်းမော်သိန်းဖေ
#မေသတင်းရပ်ကွက်လေး
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။