တွေးတတ်ခြင်း
━━━━━━━━
(က)
“မတွေးတတ်သူများအတွက် သင်တွေးတတ်ပါစေ”...တဲ့။
ဒီစကားကို ဆရာကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ) ပြောခဲ့တာပါ။
(ခ)
မတွေးတတ်သူဆိုတာ လောကမှာ ခပ်ရှားရှားပါပဲ။
တွေးတတ်ကြသူတွေ လောကမှာ အများကြီး ရှိပါတယ်။ တောင်တောင်အီအီ တွေးတတ်ကြတယ်။
မဟုတ်မမှန်တာကို တွေးတတ်ကြတယ်။
မတော်တရော်တွေ တွေးတတ်ကြတယ်။
ဟုတ်လေနိုးနိုး တွေးတတ်ကြတယ်။
အတွေးပင်လယ်ထဲ မျောနေသူတွေ တစ်ပုံကြီးပါပဲ။
အဲဒီအထဲမှာ မှန်မှန်ကန်ကန် တွေးတတ်သူတွေလည်း ပါဝင်နိုင်ပါတယ်။
(ဂ)
တွေးတယ်ဆိုတဲ့ နယ်ပယ်ကိုကြည့်ရင်
တချို့က ကိုယ့်အတွက် တွေးတတ်ကြတယ်။
တချို့ကတော့ မိသားစုအတွက် တွေးတယ်။
ကိုယ့်အဖွဲ့အစည်းအတွက်၊ ကိုယ့်နိုင်ငံအတွက် စသည်ဖြင့် တွေးတဲ့နယ်ပယ်မျိုးစုံအလိုက် တွေးစရာတွေကို တွေးတတ်ကြပါတယ်။
လုပ်ငန်းအလိုက် ကွဲပြားတဲ့နယ်ပယ်တွေမှာလည်း
တွေးတတ်သူတွေ ရှိပါတယ်။
တချို့က စီးပွားရေးအတွက် တွေးကြတယ်။
တချို့က သက်ဆိုင်ရာလုပ်ငန်းအလိုက် ပညာရေး၊ နိုင်ငံရေးစသည်အတွက် တွေးကြတာလည်း ရှိပါတယ်။
ပုဂ္ဂိုလ်အလိုက် ကွဲပြားတဲ့နယ်ပယ်တွေမှာလည်း
တွေးတတ်သူတွေ များစွာရှိပါတယ်။ တချို့က ကလေးအတွက် တွေးတယ်။ တချို့က
လူကြီးအတွက် တွေးတယ်။ တချို့က ကျောင်းသားအတွက်၊ ဆရာအတွက်၊ မိဘအတွက်
ပြည်သူအတွက် တွေးကြသူတွေလည်း ရှိပါတယ်။
မတွေးတတ်သူဆိုတာ မရှိသလောက်ပါပဲ။
တွေးတတ်သူက အလွန်ပေါများလှပါတယ်။ ဒါကို ဆရာကြီးက ”မတွေးတတ်သူများ“အတွက် ဆိုပြီး ဘယ်လိုအကြောင်းကြောင့် ဒီလိုပြောခဲ့ရတာလဲ။
(ဃ)
စဉ်းစားမိပါတယ်။
လူတိုင်းဟာ တွေးတတ်ကြတယ်။
သို့သော် စနစ်တကျတွေးတတ်သူကတော့ အရေအတွက်အားဖြင့် နည်းနိုင်ပါတယ်။
လူတိုင်းမှာ ကိုယ်လိုရာကို တွေးနိုင်ပါတယ်။
သို့သော် ဘက်မလိုက်ဘဲ တွေးတတ်သူကတော့ အရေအတွက်အားဖြင့်
နည်းနိုင်ပါတယ်၊
လူတိုင်းဟာ လွတ်လပ်စွာ တွေးနိုင်ပါတယ်။
သို့သော် မယုတ်မလွန် မှန်မှန်ကန်ကန် တွေးတတ်သူကတော့ အရေအတွက်အားဖြင့် နည်းနိုင်ပါတယ်။
စနစ်တကျ တွေးတတ်သူ၊ ဘက်မလိုက်ဘဲ တွေးတတ်သူ၊ မယုတ်မလွန် မှန်မှန်ကန်ကန် တွေးတတ်သူတွေအနက်
လောကီ သမ္မာသင်္ကပ္ပအဆင့် ရောက်သူတွေ ရှိတယ်။
ထို့ထက်အလွန် လောကုတ္တရာ သမ္မာသင်္ကပ္ပအဆင့်ထိ ရောက်သူတွေလည်း ရှိပါတယ်။
(င)
ဒါဆိုရင် “မတွေးတတ်သူများအတွက် သင်တွေးတတ်ပါစေ” ဆိုတာ ဘယ်လိုလဲလို့ မေးလာရင် အောက်ပါအတိုင်း ဖြေဆိုမိမှာပါ။
မိမိကျင်လည်ရာပတ်ဝန်းကျင်မှာ စနစ်တကျ မတွေးတတ်သူများကိုတွေ့ရင်
သူတို့တွေးတဲ့အတွေးဟာ စနစ်မကျဘူးလို့ ရှေးဦးစွာ ဆုံးဖြတ်နိုင်ဖို့ လိုတယ်။ ဒီလို မဆုံးဖြတ်နိုင်ရင် သူ့အတွေးကို ကိုယ်ကနှစ်သက်လက်ခံပြီး သူ-စနစ်မကျသလို ကိုယ်လည်း စနစ်မကျ ဆက်လက်တွေးမိသွားနိုင်တယ်။
ဒီတော့ သူစနစ်မကျ တွေးနေကြောင်း ဦးစွာသိပြီးမှ ကိုယ်က စနစ်ကျအောင် ဘယ်လိုတွေးရမလဲလို့ စဉ်းစားမိမှာပါ။
စနစ်တကျ မတွေးတတ်သူများကို တွေ့ရင်
သူ့ကို အပြစ်မတင်ဘဲ ကိုယ်က စနစ်ကျအောင်တွေးတတ်ဖို့ လိုတယ်လို့ မိမိကိုယ်ကို ခံယူရမယ်။
မတွေးတတ်သူကို မြင်တွေ့ပြီး မိမိကိုယ်တိုင်
စနစ်တကျ တွေးတတ်အောင် ကြိုးစားရမယ်။
မတွေးတတ်သူများအတွက်
စနစ်တကျ တွေးတတ်အောင် မျှဝေပေးရမယ်။
စနစ်တကျ တွေးတတ်အောင် ပံ့ပိုးပေးရမယ်။
စနစ်တကျ တွေးတတ်အောင် ကူညီရမယ်။
ဖြစ်နိုင်ရင်
စနစ်မကျသော အတွေးတွေကို စနစ်ကျသောအတွေးတွေနဲ့ အစားထိုးနိုင်အောင် လုပ်ဆောင်ရမယ်။
အဲဒီအတွက် အရေးကြီးတာက မိမိကိုယ်တိုင် စနစ်ကျအောင် တွေးတတ်ဖို့လိုတယ်။
မှန်မှန်ကန်ကန် မတွေးတတ်သူများကို တွေ့ရင်
မှန်မှန်ကန်ကန် ငါတွေးတတ်ရမယ်လို့ ရှေးဦးစွာ သတိပြုပြီး မှန်ကန်အောင် တွေးတတ်ဖို့ လိုတယ်။
မှားယွင်းတဲ့အတွေးအခေါ်အယူအဆ တွေကို မြင်ရကြားရရင်
မှန်ကန်တဲ့အတွေးကို ငါတွေးပြရမယ်လို့ ရှေးဦးစွာသတိပြုပြီး...
မှန်ကန်အောင် တွေးတတ်ဖို့လိုတယ်...လို့ ဖြေဆိုမိမှာပါ။
(ဆရာကြီးအာဘော် မကျဟုယူဆပါက ခွင့်လွှတ်စေလိုပါတယ်။)
ဆရာကြီးအနေနဲ့ တစ်စုံတစ်ဦးကို ရည်ရွယ်ပြီး ပြောရတာဆိုတော့ “မတွေးတတ်သူများအတွက် သင်တွေးတတ်ပါစေ”ပေါ့။
မိမိကိုယ်ကို ပြန်ပြောမိတော့
“မတွေးတတ်သူများအတွက် ငါတွေးတတ်ပါစေ”လို့ ဆိုရမှာပါ။
(စ)
တွေးစရာကြုံတိုင်း ဆရာကြီးကို သတိရနေတတ်ပါတယ်။
တွေးစရာလမ်းစကို ရှာဇွေပြတတ်တဲ့ ဆရာကြီးမျက်နှာပေါ်က အပြုံးက
ကိုယ့်အတွက် ထွက်ပေါက်ပါပဲ။
“မတွေးတတ်သူများအတွက် သင်တွေးတတ်ပါစေ”ဆိုတဲ့ စကားကိုကြားယောင် မြင်ယောင်ပြီး
စနစ်ကျအောင် မတွေးတတ်သူများအတွက်
စနစ်တကျ တွေးတတ်ဖို့
ငါကြိုးစားဖို့ လိုတယ်လို့ ခံယူမိပါတယ်။
တွေးစရာပေါ်လာတိုင်း စနစ်တကျ တွေးတတ်ဖို့အတွက်
၁။ တွေးပုံတွေးနည်းများ (Ways of thinking)
၂။ တွေးစရာ နယ်ပယ်များ (Fields of thinking)
၃။ တွေးသူ၏ ပင်ကိုယ်အရည်အသွေးများ (Skills of thinking)
၎။ တွေးတောခြင်းဆိုင်ရာ နှုန်းစံများ (Norms of thinking)
စသည်တို့ကိုလည်း အခြေအနေအားလျှော်စွာ ထည့်သွင်းချိန်ဆကြည့်နေမိပါ တယ်။
Jobs4U
━━━━━━━━
(က)
“မတွေးတတ်သူများအတွက် သင်တွေးတတ်ပါစေ”...တဲ့။
ဒီစကားကို ဆရာကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ) ပြောခဲ့တာပါ။
(ခ)
မတွေးတတ်သူဆိုတာ လောကမှာ ခပ်ရှားရှားပါပဲ။
တွေးတတ်ကြသူတွေ လောကမှာ အများကြီး ရှိပါတယ်။ တောင်တောင်အီအီ တွေးတတ်ကြတယ်။
မဟုတ်မမှန်တာကို တွေးတတ်ကြတယ်။
မတော်တရော်တွေ တွေးတတ်ကြတယ်။
ဟုတ်လေနိုးနိုး တွေးတတ်ကြတယ်။
အတွေးပင်လယ်ထဲ မျောနေသူတွေ တစ်ပုံကြီးပါပဲ။
အဲဒီအထဲမှာ မှန်မှန်ကန်ကန် တွေးတတ်သူတွေလည်း ပါဝင်နိုင်ပါတယ်။
(ဂ)
တွေးတယ်ဆိုတဲ့ နယ်ပယ်ကိုကြည့်ရင်
တချို့က ကိုယ့်အတွက် တွေးတတ်ကြတယ်။
တချို့ကတော့ မိသားစုအတွက် တွေးတယ်။
ကိုယ့်အဖွဲ့အစည်းအတွက်၊ ကိုယ့်နိုင်ငံအတွက် စသည်ဖြင့် တွေးတဲ့နယ်ပယ်မျိုးစုံအလိုက
လုပ်ငန်းအလိုက် ကွဲပြားတဲ့နယ်ပယ်တွေမှာလည်း
တွေးတတ်သူတွေ ရှိပါတယ်။
တချို့က စီးပွားရေးအတွက် တွေးကြတယ်။
တချို့က သက်ဆိုင်ရာလုပ်ငန်းအလိုက် ပညာရေး၊ နိုင်ငံရေးစသည်အတွက် တွေးကြတာလည်း ရှိပါတယ်။
ပုဂ္ဂိုလ်အလိုက် ကွဲပြားတဲ့နယ်ပယ်တွေမှာလည်း
မတွေးတတ်သူဆိုတာ မရှိသလောက်ပါပဲ။
တွေးတတ်သူက အလွန်ပေါများလှပါတယ်။ ဒါကို ဆရာကြီးက ”မတွေးတတ်သူများ“အတွက် ဆိုပြီး ဘယ်လိုအကြောင်းကြောင့် ဒီလိုပြောခဲ့ရတာလဲ။
(ဃ)
စဉ်းစားမိပါတယ်။
လူတိုင်းဟာ တွေးတတ်ကြတယ်။
သို့သော် စနစ်တကျတွေးတတ်သူကတော့ အရေအတွက်အားဖြင့် နည်းနိုင်ပါတယ်။
လူတိုင်းမှာ ကိုယ်လိုရာကို တွေးနိုင်ပါတယ်။
သို့သော် ဘက်မလိုက်ဘဲ တွေးတတ်သူကတော့ အရေအတွက်အားဖြင့်
နည်းနိုင်ပါတယ်၊
လူတိုင်းဟာ လွတ်လပ်စွာ တွေးနိုင်ပါတယ်။
သို့သော် မယုတ်မလွန် မှန်မှန်ကန်ကန် တွေးတတ်သူကတော့ အရေအတွက်အားဖြင့် နည်းနိုင်ပါတယ်။
စနစ်တကျ တွေးတတ်သူ၊ ဘက်မလိုက်ဘဲ တွေးတတ်သူ၊ မယုတ်မလွန် မှန်မှန်ကန်ကန် တွေးတတ်သူတွေအနက်
လောကီ သမ္မာသင်္ကပ္ပအဆင့် ရောက်သူတွေ ရှိတယ်။
ထို့ထက်အလွန် လောကုတ္တရာ သမ္မာသင်္ကပ္ပအဆင့်ထိ ရောက်သူတွေလည်း ရှိပါတယ်။
(င)
ဒါဆိုရင် “မတွေးတတ်သူများအတွက် သင်တွေးတတ်ပါစေ” ဆိုတာ ဘယ်လိုလဲလို့ မေးလာရင် အောက်ပါအတိုင်း ဖြေဆိုမိမှာပါ။
မိမိကျင်လည်ရာပတ်ဝန်းကျင်မှ
သူတို့တွေးတဲ့အတွေးဟာ စနစ်မကျဘူးလို့ ရှေးဦးစွာ ဆုံးဖြတ်နိုင်ဖို့ လိုတယ်။ ဒီလို မဆုံးဖြတ်နိုင်ရင် သူ့အတွေးကို ကိုယ်ကနှစ်သက်လက်ခံပြီး သူ-စနစ်မကျသလို ကိုယ်လည်း စနစ်မကျ ဆက်လက်တွေးမိသွားနိုင်တယ်။
ဒီတော့ သူစနစ်မကျ တွေးနေကြောင်း ဦးစွာသိပြီးမှ ကိုယ်က စနစ်ကျအောင် ဘယ်လိုတွေးရမလဲလို့ စဉ်းစားမိမှာပါ။
စနစ်တကျ မတွေးတတ်သူများကို တွေ့ရင်
သူ့ကို အပြစ်မတင်ဘဲ ကိုယ်က စနစ်ကျအောင်တွေးတတ်ဖို့ လိုတယ်လို့ မိမိကိုယ်ကို ခံယူရမယ်။
မတွေးတတ်သူကို မြင်တွေ့ပြီး မိမိကိုယ်တိုင်
စနစ်တကျ တွေးတတ်အောင် ကြိုးစားရမယ်။
မတွေးတတ်သူများအတွက်
စနစ်တကျ တွေးတတ်အောင် မျှဝေပေးရမယ်။
စနစ်တကျ တွေးတတ်အောင် ပံ့ပိုးပေးရမယ်။
စနစ်တကျ တွေးတတ်အောင် ကူညီရမယ်။
ဖြစ်နိုင်ရင်
စနစ်မကျသော အတွေးတွေကို စနစ်ကျသောအတွေးတွေနဲ့ အစားထိုးနိုင်အောင် လုပ်ဆောင်ရမယ်။
အဲဒီအတွက် အရေးကြီးတာက မိမိကိုယ်တိုင် စနစ်ကျအောင် တွေးတတ်ဖို့လိုတယ်။
မှန်မှန်ကန်ကန် မတွေးတတ်သူများကို တွေ့ရင်
မှန်မှန်ကန်ကန် ငါတွေးတတ်ရမယ်လို့ ရှေးဦးစွာ သတိပြုပြီး မှန်ကန်အောင် တွေးတတ်ဖို့ လိုတယ်။
မှားယွင်းတဲ့အတွေးအခေါ်အယူအဆ
မှန်ကန်တဲ့အတွေးကို ငါတွေးပြရမယ်လို့ ရှေးဦးစွာသတိပြုပြီး...
မှန်ကန်အောင် တွေးတတ်ဖို့လိုတယ်...လို့ ဖြေဆိုမိမှာပါ။
(ဆရာကြီးအာဘော် မကျဟုယူဆပါက ခွင့်လွှတ်စေလိုပါတယ်။)
ဆရာကြီးအနေနဲ့ တစ်စုံတစ်ဦးကို ရည်ရွယ်ပြီး ပြောရတာဆိုတော့ “မတွေးတတ်သူများအတွက် သင်တွေးတတ်ပါစေ”ပေါ့။
မိမိကိုယ်ကို ပြန်ပြောမိတော့
“မတွေးတတ်သူများအတွက် ငါတွေးတတ်ပါစေ”လို့ ဆိုရမှာပါ။
(စ)
တွေးစရာကြုံတိုင်း ဆရာကြီးကို သတိရနေတတ်ပါတယ်။
တွေးစရာလမ်းစကို ရှာဇွေပြတတ်တဲ့ ဆရာကြီးမျက်နှာပေါ်က အပြုံးက
ကိုယ့်အတွက် ထွက်ပေါက်ပါပဲ။
“မတွေးတတ်သူများအတွက် သင်တွေးတတ်ပါစေ”ဆိုတဲ့ စကားကိုကြားယောင် မြင်ယောင်ပြီး
စနစ်ကျအောင် မတွေးတတ်သူများအတွက်
စနစ်တကျ တွေးတတ်ဖို့
ငါကြိုးစားဖို့ လိုတယ်လို့ ခံယူမိပါတယ်။
တွေးစရာပေါ်လာတိုင်း စနစ်တကျ တွေးတတ်ဖို့အတွက်
၁။ တွေးပုံတွေးနည်းများ (Ways of thinking)
၂။ တွေးစရာ နယ်ပယ်များ (Fields of thinking)
၃။ တွေးသူ၏ ပင်ကိုယ်အရည်အသွေးများ (Skills of thinking)
၎။ တွေးတောခြင်းဆိုင်ရာ နှုန်းစံများ (Norms of thinking)
စသည်တို့ကိုလည်း အခြေအနေအားလျှော်စွာ ထည့်သွင်းချိန်ဆကြည့်နေမိပါ
Jobs4U
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။