Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 5, 2018

စာရေးစာဖတ်ခက်ခဲလို့ ကျောင်းထွက်ရသူမှ ဘီလျံနာဖြစ်လာတဲ့သူ (သို့) #ဆာ_ရစ်ချတ်ဘရင်ဆန်

 Mi Mi Tun added 19 new photos — with Mi Mi Tun.
စာရေးစာဖတ်ခက်ခဲလို့ ကျောင်းထွက်ရသူမှ ဘီလျံနာဖြစ်လာတဲ့သူ (သို့)
#ဆာ_ရစ်ချတ်ဘရင်ဆန်
💫💫💫💫💫
အင်္ဂလန်နိုင်ငံက စာရေးစာဖတ် ခက်ခဲတဲ့ ဦးနှောက်ချို့ယွင်းချက်လေးရှိတဲ့ ကောင်လေးတယောက်ဟာ အသက် ၁၆ နှစ်မှာ စာမလိုက်နိုင်လို့ ကျောင်းထွက်လိုက်ပြီး ကိုယ်ပိုင်စီးပွားရေး စလုပ်တယ်။ သူနဲ့သူငယ်ချင်းတယောက်ဟာ သူတို့စုထားတဲ့ မုန့်ဖိုးလေးတွေနဲ့ ကျောင်းသားတွေဖတ်ဖို့ Student ဆိုတဲ့ စာစောင်လေးတခုကို ထုတ်ဝေလိုက်တယ်။
စာစောင်လေးဟာ အရမ်းရောင်းကောင်းပြီး အောင်မြင်သွားတယ်။ ဒီအောင်မြင်မှုက အစပြုပြီး ပေါ့သီချင်းအယ်ဘမ် ဓါတ်ပြားဆိုင်တွေ၊ ဗီဒီယိုအခွေငှားဆိုင်တွေ၊ လေကြောင်းလိုင်း ဖွင့်ရင်း နောက်ထပ် စီးပွားရေးလုပ်ငန်းတွေ အများကြီးထူထောင်တယ်။

အခုတော့ သူဟာ နိုင်ငံပေါင်း ၃၀ ကျော်မှာ ကုမ္ပဏီပေါင်း ၄၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ Virgin Group ရဲ့ပိုင်ရှင်နဲ့  အင်္ဂလန်နိုင်ငံမှာ အချမ်းသာဆုံးအဆင့် ၄ ဖြစ်တဲ့ ဘီလျံနာသူဋ္ဌေးကြီး တယောက် ဖြစ်နေပါပြီ။ သူ့နာမည်က ရစ်ချတ်ဘရင်ဆန် (Richard Branson) ပါ။
သူ့ရဲ့သတင်းဟာ ယနေ့သတင်းစာ၊ စာစောင်နဲ့ အင်တာနက်တွေမှာ ပျံ့နှံ့ နေပါတယ်။ သူ့ရဲ့တမူထူးခြားတဲ့ စီးပွားရေး လုပ်နည်းလုပ်ဟန်တွေဟာ စိတ်ဝင်စားစရာ ကောင်းလွန်းလို့ ရေးသားဖေါ်ပြပေးလိုက်ပါတယ်။
ဘာကြောင့် ကုမ္ပဏီနာမည်ကို Virgin လို့ နာမည်ပေးရတာလဲ ဆိုတဲ့မေးခွန်းကို ရစ်ချတ်က ခုလို ပြန်ဖြေခဲ့ပါတယ်။ သူ Virgin Records တေးသံသွင်းစတူဒီယိုဆိုင်ကို စထောင်တုံးက သူရဲ့လုပ်ငန်းပါတနာက ဒီလုပ်ငန်းမျိုးကို အရင်က တခါမှမလုပ်ဖူးကြလို့ သူတို့ ၂ ယောက်ဟာ virgin တွေပါပဲလို့ ပြောလိုက်တယ်။ (Virginဆိုတာ လိင်မှုကိစ္စမှာ အတွေ့အကြုံမရှိသေးတဲ့ လူပျို၊ အပျိုစစ်စစ်လေးတွေကို ပြောတာပါ)။ ဒါနဲ့ Virgin ဆိုတဲ့နာမည်ကို ပေးဖြစ်သွားတာပါတဲ့။
ရစ်ချတ်ဟာ ဘာကြောင့် Virgin နာမည်ကို သဘောကျရတာလဲဆိုတဲ့ လူတွေမသိကြတဲ့ အလွန်စိတ်ဝင်စားဖွယ် ကောင်းတဲ့ အကြောင်းလေးတခုလဲ ရှိသေးတယ်။ ရစ်ချတ် လူပျိုပေါက်အရွယ်မှာ သူသဘောကျနေတဲ့ ကောင်မလေးက Virgin Islands ဆိုတဲ့ အပန်းဖြေကျွန်းလေးတခုကို မိသားစုနဲ့ အလည်သွားတယ်။
ကောင်မလေးက သူ့ကို Virgin Islands ကို လိုက်လာရင် သူချစ်ခွင့်ပန်ထားတာကို အဖြေပေးမယ်လို့ ပြောခဲ့တယ်။ အမှန်က ကောင်မလေးက နောက်ပြောလိုက်တာပါ။ ရစ်ချတ်ဟာ ဆင်းရဲလို့ ကျွန်းကို လိုက်လာဖို့  လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်ဘူးဆိုတာ ကောင်မလေးက သိနေတာကိုး။
အဲဒါကို အချစ်စိတ်မွန်နေတဲ့ ရစ်ချတ်က တကယ်ပြောတာလို့ ထင်သွားတယ်။ ဒီတော့ သူ ဘာလုပ်သလဲ။ သူစုထားတဲ့ ပိုက်ဆံလေးနဲ့ သူငယ်ချင်းတွေဆီက ချေးငှားလို့ရတဲ့ ပိုက်ဆံပေါင်းပြီး Virgin Islands ကိုသွားဖို့ လေယာဉ် အသွားအပြန် လက်မှတ်တစောင် ဝယ်လိုက်တယ်။
ကံဆိုးချင်တော့ သွားမဲ့ရက် သူ လေဆိပ်ကို ရောက်သွားတဲ့အခါ သူစီးမဲ့လေယာဉ်ဟာ စက်ချွတ်ယွင်းနေလို့  နာရီအတော်ကြာကြာ နောက်ကျပြီးမှ လေယာဉ်ထွက်နိုင်မယ်လို့ ကြေငြာထားတာကို တွေ့လိုက်ရတယ်။ ရစ်ချတ်ဟာ ကျွန်းကို အချိန်မှီ ရောက်ချင်နေတယ်။ သူလိုက်လာတာကို ကောင်မလေး မြင်တွေ့ပြီး အံ့သြသွားစေချင်လို့ပါ။
ဒီတော့ သူဘာလုပ်သလဲ။ ချာတာပြေးဆွဲနေတဲ့ လေယဉ်အသေးလေးတစီးကို စီးလုံးငှားလိုက်တယ်။ လေယဉ်လက်မှတ်တောင် သူများဆီက ပိုက်ဆံချေးငှားပြီး ဝယ်လာရတဲ့ရစ်ချတ်ဟာ လေယာဉ် စီးလုံးငှားရအောင် ဘယ်က ပိုက်ဆံရတာလဲလို့ မေးချင်ကြမှာပါ။ သူ့အိပ်ထဲမှာလဲ ဟိုရောက်ရင် သုံးဖို့ပိုက်ဆံလေး နည်းနည်းပဲ ရှိပါတယ်။ ပိုက်ဆံမရှိပဲ သူ ချာတာလေယာဉ်ကို စီးလုံးငှါးနိုင်တာလဲ။ သူ့လုပ်ပုံဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
လေဆိပ်စားသောက်ဆိုင်တခုကနေ စက္ကူကဒ်ပြားအဖြူကြီးကြီးတခုကို တောင်းယူလိုက်ပြီး အဲဒီပေါ်မှာ ခုလိုစာရေးလိုက်တယ်။ “Virgin Islands ကို ချက်ခြင်းလေယာဉ် ထွက်မယ်။ လေယာဉ်ခ ၂၉ ဒေါ်လာထဲပါ” တဲ့။ အဲဒီကဒ်ပြားဖြူကြီးကို လက်နဲ့ ကိုင်မြှောက်ပြရင်း စောင့်နေကြတဲ့ ခရီးသည်တွေကြား လျှောက်သွားလိုက်တယ်။ ကျွန်းကို အမြန်ရောက်ချင်သူတွေက အလုအယက် ပိုက်ဆံပေးပြီး စာရင်းပေးကြလို့ ခနလေးနဲ့ လေယာဉ်တစီးစာ လူပြည့်သွားတယ်။
လူတွေဆီက ကောက်လို့ရတဲ့ ပိုက်ဆံတွေနဲ့ ချာတာလေယာဉ်ငှားခ ပေးလိုက်တယ်။ ရစ်ချတ်လဲ ကျွန်းကို လေယာဉ်အလကား စီးခွင့်ရသွားတယ်။ ဒါလေးဟာ သူ့ဘဝမှာ Virgin နာမည်ကို အမြဲအမှတ်ရနေစေတယ်။ ဒီအဖြစ်အပျက်လေးကို ကြည့်ခြင်းအားဖြင့် ရစ်ချတ်ဟာ စီးပွားရေးမှာ အရမ်းအကွက်မြင်တတ်သူမှန်း သိနိုင်ပါတယ်။
သူပြောခဲ့တဲ့ စကားတွေထဲက မှတ်သားစရာတချို့က –
– လူတွေက ပြောကြတယ်။ Customer comes first ဈေးဝယ်သူက ပထမတဲ့။ အမှန်က မိမိဝန်ထမ်းတွေက ပထမပါ။ ဝန်ထမ်းတွေကို ဂရုစိုက်ရင် သူတို့က ဈေးဝယ်သူတွေကို ဂရုစိုက်ပါလိမ့်မယ်။
– တကယ်လို့ သင့်ကို တစုံတယောက်က အလွန်ကောင်းတဲ့ အခွင့်အလမ်းကြီးတခု ကမ်းလှမ်းလာရင် လုပ်နိုင် မလုပ်နိုင် စဉ်းစားမနေနဲ့။ အရင်လက်ခံလိုက်ပါ။ ပြီးမှ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ယူလေ့လာပါ။
– လမ်းလျှောက်တတ်အောင် သင်ယူရာမှာ ဥပဒေအတိုင်း လုပ်ရတာမဟုတ်ဘူး။ လျှောက်ကြည့်ရမယ်။ လဲရင်ပြန်ထပြီး ထပ်လျှောက်မယ်။ စီးပွားရေးလုပ်တာလဲ ဒီလိုပါပဲ။
– အကောင်းဆုံးသင်ယူနည်းက လက်တွေ့လုပ်ခြင်းပါပဲ။
– ကျရှုံးလို့ စိတ်မပျက်ပါနဲ့။ အရှုံးကနေ သင်ခန်းစာယူပြီး ဆက်လုပ်ပါ။
– စီးပွားရေး အခွင့်အလမ်းဆိုတာ ဘတ်စ်ကားတွေလိုပါပဲ။ တစီးလွတ်သွားလဲ နောက်တစီး လာမှာပါ။
– လုပ်ငန်းလုပ်ရာမှာ ပထမက မိမိဝန်ထမ်း၊ ဒုတိယက ဈေးဝယ်သူဖေါက်သည်၊ တတိယက ရှယ်ယာအစုရှင်တွေလို့ သဘောထားပါ။
– ဘဝရဲ့ အချိန် ၈၀ ရာခိုင်နူန်းဟာ အလုပ်လုပ်ရင်း ကုန်ဆုံးရတယ်။ ဒီတော့ အလုပ်ကို ပျော်စရာဖြစ်အောင် ဖန်တီးနိုင်ရင် ဘဝမှာ အချိန်ပြည့် ပျော်နိုင်တာပေါ့။
– ကမ္ဘာကြီးဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတယ်။ ကြီးသူက ငယ်သူကို နိုင်တဲ့ခေတ် မဟုတ်တော့ဘူး။ မြန်သူက နှေးသူကို နိုင်တဲ့ခေတ် ဖြစ်သွားပြီ။
– လွယ်တာကို ခက်အောင်လုပ်ဖို့ လွယ်ပါတယ်။ ဒါပေမဲ့ ခက်တာကို လွယ်အောင်လုပ်ဖို့ကျတော့ ခက်ပါတယ်။
– စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာ တကယ်တော့ လူတွေရဲ့ဘဝကို တိုးတက်အောင် လုပ်ပေးရင်း ပိုက်ဆံရနေတာပါ။
(ဘီလျံနာသူဌေးကြီး ဆာ ရစ်ချက်ဘရင်ဆန်ရဲ့ ကြိုးစားခဲ့ပုံတွေ နဲ့ ဘ၀အတွေ့အကြုံတွေကို သိချင်ရင် ဆရာဗန်းမော်သိန်းဖေရေးထားတဲ့ “ဆာ ရစ်ချက် ဘရင်ဆန် – စွန့််စွန့်စားစား စီးပွားရေးသမား” ဆိုတဲ့ စာအုပ်ကို ဖတ်ပါ)
📖📔
📔📖
Credit*-#Thutazone
မူရင်းရေးသားသူ – ဗန်းမော်သိန်းဖေ
-------------------------------------------------
#Heain_Minn_Zar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။