Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Sunday, February 25, 2018

ေအာင္ျမင္မႈအတြက္ လွ်ိဳ႕ဝွက္လမ္း ၈ သြယ္


[ZawGyi]

ေအာင္ျမင္မႈအတြက္ လွ်ိဳ႕ဝွက္လမ္း ၈ သြယ္

ေအာင္ျမင္မႈအတြက္ ဘယ္လုိအခ်က္ေတြလိုအပ္သလဲ ဘာေတြလုပ္ရမလဲဆုိတာကို လူတိုင္းကအၾကမ္းဖ်င္းေတာ႔ သိထားၾကသူေတြခ်ည္းပါ။ ဒါေပမဲ႔အခုေျပာျပထားတဲ႔ နည္းလမ္းေတြကေတာ႔ လက္ရွိေအာင္ျမင္ေနတဲ႔ပုဂၢိဳလ္မ်ားစြာကို အင္တာဗ်ဴးေပါင္း ၅၀၀ ေက်ာ္ျပဳလုပ္ျပီး စစ္ထုတ္ထားတဲ႔နည္းလမ္း ၈ ခ်က္ျဖစ္ပါတယ္။ ဒီနည္းလမ္းေတြကို Marketer နဲ႔ Success Analyst ျဖစ္တဲ႔ Richard St.John က TED Talk မွာေျပာၾကားခဲ႔ပါတယ္။ TED Talk ဆုိတာက နယ္ပယ္အသီးသီးမွာေအာင္ျမင္ေနတဲ႔ ပုဂၢိဳလ္ေတြ၊ ကၽြမ္းက်င္သူေတြကို ဖိတ္ၾကားျပီး Ideas ေတြ ၊ အေတြ႔အၾကံဳေတြ ၊ အၾကံဥာဏ္ေတြ ၊ စိတ္ကူးစိတ္သန္းေတြ မ်ွေဝတဲ႔အစီအစဥ္ပါ။ ဝင္ေၾကးလည္း အရမ္းကိုေစ်းမ်ားျပီး တကယ္လည္းတန္ဖုိးရွိလွပါတယ္။

Richard St.John က TED Talk က်င္းပရာေနရာကို သြားတဲ႔အခ်ိန္ ေလယာဥ္ေပၚကသူနဲ႔ထိုင္ခံုခ်င္းကပ္ရက္မွာထိုင္တဲ႔ အထက္တန္းေက်ာင္းသူေကာင္မေလးတစ္ေယာက္နဲ႔ေတြ႔ပါတယ္။ သူမက ဆင္းရဲတဲ႔မိသားစုကေန ဆင္းသက္လာတာမို႔ သူမဘဝကို ေျပာင္းလဲေပးမယ္႔အရာတစ္ခုကို တကယ္ပဲလိုခ်င္ေနသူပါ။ ေက်ာင္းသူေလးက ဘဝမွာေအာင္ျမင္မႈရေစမယ္႔အရာကဘာေတြလဲ သိခ်င္တယ္လုိ႔ ေမးပါတယ္။ အဲဒီအခ်ိန္မွာေတာ႔ Richard St.John ဟာ အေကာင္းဆံုးအေျဖကို မေပးႏိုင္ခဲ႔ပါဘူး။ အဲဒီကေန သူစိတ္ကူးရသြားတာက TED Talk ဆုိတာေအာင္ျမင္သူေတြစုေဝးေနတဲ႔ေနရာ၊ သူတုိ႔ေတြကို အင္တာဗ်ဴးလုပ္ျပီး ေအာင္ျမင္ျခင္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို စုေဆာင္းမယ္ဆုိျပီးေတာ႔ပါ။ ဒါေၾကာင္႔ သူဟာ အင္တာဗ်ဴးေပါင္း ၅၀၀ ေက်ာ္ျပဳလုပ္ျပီး ေအာင္ျမင္မႈအတြက္သြားရာလမ္းကို မွ်ေဝႏိုင္ခဲ႔တာျဖစ္ပါတယ္။ အဲဒါကေတြကေတာ႔…

၁) Passion

သင္တကယ္ Passion ရွိတဲ႔အရာကိုလုပ္တာက သင္႔ကိုဘယ္ေတာ႔မွျငီးေငြ႔ေစမွာမဟုတ္ပါဘူးတဲ႔။ ေငြအတြက္ မဟုတ္ဘဲ သင္တကယ္ခ်စ္ျမတ္ႏိုးတဲ႔အရာကို လုပ္ဖုိ႔ပါ။ Passion ကကိုယ္႔ကိုေအာင္ျမင္မႈဆီတြန္းပို႔ပါတယ္။ ျမန္ျမန္လည္းေရာက္ပါတယ္။ ဒါေၾကာင္႔ ကိုယ္တကယ္ဝါသနာပါတဲ႔အရာဟာ ဘာလဲဆုိတာစဥ္းစားပါ။ အဲဒီအရာကေန ေငြေၾကးဘယ္လုိဝင္လာႏိုင္မလဲဆုိတဲ႔အခ်က္နဲ႔ Link လုပ္ႏိုင္ရင္ေတာ႔ သင္ဟာ ဘဝမွာ ေအာင္လည္းေအာင္ျမင္ ေပ်ာ္လည္းေပ်ာ္ရတဲ႔ သူအျဖစ္ကိုေရာက္ရွိမွာပါ။

၂) Work

ေနာက္တစ္ခ်က္က အလုပ္ကိုအလုပ္နဲ႔တူေအာင္လုပ္ဖုိ႔ပါ။ ေအာင္ျမင္ခ်င္တာေတာ႔ ဟုတ္ပါတယ္။ အလုပ္လုပ္တဲ႔ေနရာမွာ စိတ္မပါတာ၊ ပ်င္းတာ၊ တျခားေဟာ ဖီးလ္တဲ႔ကိစၥေတြမ်ားလြန္းတာ၊ အခ်ိန္ခိုးတာ၊ ခိုကပ္တာ မ်ိဳးေတြက သင္႔ကို ေအာင္ျမင္မႈဆီေရာက္ေစမွာ မဟုတ္ပါဘူး။ အေကာင္းဆံုးကေတာ႔ အလုပ္လုပ္ေနရရင္ ေပ်ာ္တဲ႔သူျဖစ္ဖုိ႔ပါပဲ။

၃) Good

ေနာက္တစ္ခ်က္က ဘာပဲလုပ္လုပ္ စူးစူးစိုက္စိုက္လုပ္ဖုိ႔ပါ။ ဘယ္အလုပ္မဆုိ သာမန္ကာလွ်ံကာ မလုပ္ပါနဲ႔။ အေလးအနက္ထားျပီး အေကာင္းဆံုးအားထုတ္ျပီး လုပ္ဖုိ႔ျဖစ္ပါတယ္။

၄) Focus

ေအာင္ျမင္မႈပန္းတိုင္ဆီ ျမန္ျမန္ေရာက္ခ်င္တယ္ဆုိရင္ေတာ႔ အာရံုမေထြျပားဖုိ႔ ဟိုဟာ ေကာင္းႏိုးႏိုး ဒီဟာေကာင္းႏိုးႏိုးမရွိဘဲ တစ္ခုတည္းကို အာရံုစိုက္ဖုိ႔လုိပါတယ္။ သင္ေရြးခ်ယ္တဲ႔အရာတစ္ခုကို တစ္စိုက္မတ္မတ္ အဆံုးထိလုပ္တာကသာ ေအာင္ျမင္မႈဆီျမန္ျမန္ေရာက္ႏိုင္မွာျဖစ္ပါတယ္။

၅) Push

ေအာင္ျမင္ခ်င္ရင္ေတာ႔ ပ်င္းေနလုိ႔မရပါဘူး။ စိတ္ကိုေရာ ရုပ္ကိုေရာတြန္းအားေပးရမွာျဖစ္ပါတယ္။ လူတိုင္းကေအးေအးေဆးေဆးသက္ေသာင္႔သက္သာ နားေနခ်င္ပါတယ္။ ဒါေပမဲ႔ ပ်င္းမေနဘဲ ေအာင္ျမင္မႈအတြက္ လိုအပ္တဲ႔လက္နက္ေတြတပ္ဆင္ေနရမွာပါ။ နာရီပိုင္းေလးေတာင္အခ်ိန္မျဖဳန္းဘဲ ကိုယ္႔ဘဝတက္လမ္းအတြက္ျဖည္႔တင္းေနရမွာျဖစ္ပါတယ္။

၆) Serve

ကိုယ္႔ဘက္က မေပးဆပ္ဘဲနဲ႔ေငြေၾကးနဲ႔ေအာင္ျမင္မႈဟာ သူ႔အလုိလုိေရာက္လာမွာမဟုတ္ပါဘူး။ ကိုယ္႔ဘက္က လူေတြအတြက္ တန္ဖုိးရွိတဲ႔အရာကိုေပးႏိုင္ေလေလ ေငြေၾကးနဲ႔ေအာင္ျမင္မႈကို မ်ားမ်ားနဲ႔ျမန္ျမန္ရေလေလပါပဲ။

၇) Ideas

Ideas ေကာင္းတစ္ခုက တစ္သက္လံုးခ်မ္းသာၾကြယ္ဝေအာင္ စြမ္းေဆာင္သြားႏိုင္ပါတယ္။ ေဘလ္ဂိတ္လိုမ်ိဳးေပါ႔။ Ideas ေသးေသးေလးကေန ၾကီးၾကီးအထိဘယ္အရာမဆုိ ေငြေၾကးနဲ႔ေအာင္ျမင္မႈကို ယူေဆာင္လာေပးမွာျဖစ္ပါတယ္။ ဒါေၾကာင္႔ အသစ္အသစ္ေတြကို အျမဲတမ္းေတြးဆေနပါ။ လမ္းသစ္ေဖာက္ႏိုင္တဲ႔သူျဖစ္ဖို႔လုိပါတယ္။

၈) Persist

အေရးအၾကီးဆံုးအခ်က္တစ္ခုကေတာ႔ ဇြဲနပဲရွိဖုိ႔ပါ။ ဘယ္အရာမဆုိ ၾက႕ံၾက႕ံမခံႏိုင္ရင္ အတိုက္ခိုက္မခံႏိုင္ရင္ ဇြဲမရွိရင္ မေအာင္ျမင္ပါဘူး။ ဘာပဲျဖစ္ျဖစ္ မဆုတ္မနစ္ မေလွ်ာ႔တမ္း လုပ္မယ္ဆုိတဲ႔စိတ္ရွိဖုိ႔လုိပါတယ္။
ဒီအခ်က္ေတြကေတာ႔ ဘဝမွာေအာင္ျမင္ဖုိ႔အတြက္ အဓိကလုိအပ္တဲ႔အခ်က္ေတြပါပဲ။ ဘယ္အခ်က္ေတြ ကိုယ္႔မွာအားသာလဲ အားနည္းေနလဲဆုိတာကို ေတြးဆျပီးျပင္ဆင္ရင္ ေအာင္ျမင္ေပ်ာ္ရႊင္တဲ႔လူသားတစ္ေယာက္ျဖစ္လာမွာ အမွန္ပါ။
www.akhayar.com[Unicode]

အောင်မြင်မှုအတွက် လျှို့ဝှက်လမ်း ၈ သွယ်

အောင်မြင်မှုအတွက် ဘယ်လိုအချက်တွေလိုအပ်သလဲ ဘာတွေလုပ်ရမလဲဆိုတာကို လူတိုင်းကအကြမ်းဖျင်းတော့ သိထားကြသူတွေချည်းပါ။ ဒါပေမဲ့အခုပြောပြထားတဲ့ နည်းလမ်းတွေကတော့ လက်ရှိအောင်မြင်နေတဲ့ပုဂ္ဂိုလ်များစွာကို အင်တာဗျူးပေါင်း ၅၀၀ ကျော်ပြုလုပ်ပြီး စစ်ထုတ်ထားတဲ့နည်းလမ်း ၈ ချက်ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို Marketer နဲ့ Success Analyst ဖြစ်တဲ့ Richard St.John က TED Talk မှာပြောကြားခဲ့ပါတယ်။ TED Talk ဆိုတာက နယ်ပယ်အသီးသီးမှာအောင်မြင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျွမ်းကျင်သူတွေကို ဖိတ်ကြားပြီး Ideas တွေ ၊ အတွေ့အကြုံတွေ ၊ အကြံဉာဏ်တွေ ၊ စိတ်ကူးစိတ်သန်းတွေ မျှဝေတဲ့အစီအစဉ်ပါ။ ဝင်ကြေးလည်း အရမ်းကိုဈေးများပြီး တကယ်လည်းတန်ဖိုးရှိလှပါတယ်။
Richard St.John က TED Talk ကျင်းပရာနေရာကို သွားတဲ့အချိန် လေယာဉ်ပေါ်ကသူနဲ့ထိုင်ခုံချင်းကပ်ရက်မှာထိုင်တဲ့ အထက်တန်းကျောင်းသူကောင်မလေးတစ်ယောက်နဲ့တွေ့ပါတယ်။ သူမက ဆင်းရဲတဲ့မိသားစုကနေ ဆင်းသက်လာတာမို့ သူမဘဝကို ပြောင်းလဲပေးမယ့်အရာတစ်ခုကို တကယ်ပဲလိုချင်နေသူပါ။ ကျောင်းသူလေးက ဘဝမှာအောင်မြင်မှုရစေမယ့်အရာကဘာတွေလဲ သိချင်တယ်လို့ မေးပါတယ်။ အဲဒီအချိန်မှာတော့ Richard St.John ဟာ အကောင်းဆုံးအဖြေကို မပေးနိုင်ခဲ့ပါဘူး။ အဲဒီကနေ သူစိတ်ကူးရသွားတာက TED Talk ဆိုတာအောင်မြင်သူတွေစုဝေးနေတဲ့နေရာ၊ သူတို့တွေကို အင်တာဗျူးလုပ်ပြီး အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်တွေကို စုဆောင်းမယ်ဆိုပြီးတော့ပါ။ ဒါကြောင့် သူဟာ အင်တာဗျူးပေါင်း ၅၀၀ ကျော်ပြုလုပ်ပြီး အောင်မြင်မှုအတွက်သွားရာလမ်းကို မျှဝေနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကတွေကတော့…

၁) Passion

သင်တကယ် Passion ရှိတဲ့အရာကိုလုပ်တာက သင့်ကိုဘယ်တော့မှငြီးငွေ့စေမှာမဟုတ်ပါဘူးတဲ့။ ငွေအတွက် မဟုတ်ဘဲ သင်တကယ်ချစ်မြတ်နိုးတဲ့အရာကို လုပ်ဖို့ပါ။ Passion ကကိုယ့်ကိုအောင်မြင်မှုဆီတွန်းပို့ပါတယ်။ မြန်မြန်လည်းရောက်ပါတယ်။ ဒါကြောင့် ကိုယ်တကယ်ဝါသနာပါတဲ့အရာဟာ ဘာလဲဆိုတာစဉ်းစားပါ။ အဲဒီအရာကနေ ငွေကြေးဘယ်လိုဝင်လာနိုင်မလဲဆိုတဲ့အချက်နဲ့ Link လုပ်နိုင်ရင်တော့ သင်ဟာ ဘဝမှာ အောင်လည်းအောင်မြင် ပျော်လည်းပျော်ရတဲ့ သူအဖြစ်ကိုရောက်ရှိမှာပါ။

၂) Work

နောက်တစ်ချက်က အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ဖို့ပါ။ အောင်မြင်ချင်တာတော့ ဟုတ်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ စိတ်မပါတာ၊ ပျင်းတာ၊ တခြားဟော ဖီးလ်တဲ့ကိစ္စတွေများလွန်းတာ၊ အချိန်ခိုးတာ၊ ခိုကပ်တာ မျိုးတွေက သင့်ကို အောင်မြင်မှုဆီရောက်စေမှာ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ အလုပ်လုပ်နေရရင် ပျော်တဲ့သူဖြစ်ဖို့ပါပဲ။

၃) Good

နောက်တစ်ချက်က ဘာပဲလုပ်လုပ် စူးစူးစိုက်စိုက်လုပ်ဖို့ပါ။ ဘယ်အလုပ်မဆို သာမန်ကာလျှံကာ မလုပ်ပါနဲ့။ အလေးအနက်ထားပြီး အကောင်းဆုံးအားထုတ်ပြီး လုပ်ဖို့ဖြစ်ပါတယ်။

၄) Focus

အောင်မြင်မှုပန်းတိုင်ဆီ မြန်မြန်ရောက်ချင်တယ်ဆိုရင်တော့ အာရုံမထွေပြားဖို့ ဟိုဟာ ကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးမရှိဘဲ တစ်ခုတည်းကို အာရုံစိုက်ဖို့လိုပါတယ်။ သင်ရွေးချယ်တဲ့အရာတစ်ခုကို တစ်စိုက်မတ်မတ် အဆုံးထိလုပ်တာကသာ အောင်မြင်မှုဆီမြန်မြန်ရောက်နိုင်မှာဖြစ်ပါတယ်။

၅) Push

အောင်မြင်ချင်ရင်တော့ ပျင်းနေလို့မရပါဘူး။ စိတ်ကိုရော ရုပ်ကိုရောတွန်းအားပေးရမှာဖြစ်ပါတယ်။ လူတိုင်းကအေးအေးဆေးဆေးသက်သောင့်သက်သာ နားနေချင်ပါတယ်။ ဒါပေမဲ့ ပျင်းမနေဘဲ အောင်မြင်မှုအတွက် လိုအပ်တဲ့လက်နက်တွေတပ်ဆင်နေရမှာပါ။ နာရီပိုင်းလေးတောင်အချိန်မဖြုန်းဘဲ ကိုယ့်ဘဝတက်လမ်းအတွက်ဖြည့်တင်းနေရမှာဖြစ်ပါတယ်။

၆) Serve

ကိုယ့်ဘက်က မပေးဆပ်ဘဲနဲ့ငွေကြေးနဲ့အောင်မြင်မှုဟာ သူ့အလိုလိုရောက်လာမှာမဟုတ်ပါဘူး။ ကိုယ့်ဘက်က လူတွေအတွက် တန်ဖိုးရှိတဲ့အရာကိုပေးနိုင်လေလေ ငွေကြေးနဲ့အောင်မြင်မှုကို များများနဲ့မြန်မြန်ရလေလေပါပဲ။

၇) Ideas

Ideas ကောင်းတစ်ခုက တစ်သက်လုံးချမ်းသာကြွယ်ဝအောင် စွမ်းဆောင်သွားနိုင်ပါတယ်။ ဘေလ်ဂိတ်လိုမျိုးပေါ့။ Ideas သေးသေးလေးကနေ ကြီးကြီးအထိဘယ်အရာမဆို ငွေကြေးနဲ့အောင်မြင်မှုကို ယူဆောင်လာပေးမှာဖြစ်ပါတယ်။ ဒါကြောင့် အသစ်အသစ်တွေကို အမြဲတမ်းတွေးဆနေပါ။ လမ်းသစ်ဖောက်နိုင်တဲ့သူဖြစ်ဖို့လိုပါတယ်။

၈) Persist

အရေးအကြီးဆုံးအချက်တစ်ခုကတော့ ဇွဲနပဲရှိဖို့ပါ။ ဘယ်အရာမဆို ကြံ့ကြံ့မခံနိုင်ရင် အတိုက်ခိုက်မခံနိုင်ရင် ဇွဲမရှိရင် မအောင်မြင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မဆုတ်မနစ် မလျှော့တမ်း လုပ်မယ်ဆိုတဲ့စိတ်ရှိဖို့လိုပါတယ်။
ဒီအချက်တွေကတော့ ဘဝမှာအောင်မြင်ဖို့အတွက် အဓိကလိုအပ်တဲ့အချက်တွေပါပဲ။ ဘယ်အချက်တွေ ကိုယ့်မှာအားသာလဲ အားနည်းနေလဲဆိုတာကို တွေးဆပြီးပြင်ဆင်ရင် အောင်မြင်ပျော်ရွှင်တဲ့လူသားတစ်ယောက်ဖြစ်လာမှာ အမှန်ပါ။
www.akhayar.com

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။