"ဂန္ဒီကြီး ရဲ့ ကမ္ဘာကြီးကို ပြောင်းလဲခြင်း အခြေခံ ၇ ချက်"
လူသားဆန်မှုအပေါ်မှာ ယုံကြည်သက်ဝင်မှု မပျောက်သင့်ဘူး။ လူသားဆန်မှုဆိုတာက သမုဒ္ဒရာကြီးပဲ။ သမုဒ္ဒရာကြီးထဲက ရေစက်အချို့ ညစ်ပေနေတိုင်း သမုဒ္ဒရာကြီးက ညစ်ပတ်သွားတာမှမဟုတ်ပဲ။ ကျွန်တော့်မှာသာ ဟာဥာဏ်ရွှင်ခြင်းမရှိခဲ့ရင် ကိုယ့်ကိုကိုယ်သတ်သေသွားပြီးကြာရောပေါ့။
ဒါတွေဟာ ဂန္ဒီကြီးရဲ့ စကားတွေထဲက တချို့ပဲဖြစ်ပါတယ်။ သူဘယ်သူလဲဆိုတာကို ထွေထွေထူးထူးကြီး မိတ်ဆက်ပေးနေစရာလဲ မလိုပါဘူး။ သူဟာ အိန္ဒိယပြည်ကြီးကို လွတ်လပ်ရေး ရစေခဲ့တဲ့သူဆိုတာ အရှင်းကြီးပါ။ သူရဲ့ ကြီးမြတ်တဲ့ အကြံပေးစကား ၁၀ ခွန်းကို ကြည့်လိုက်ရအောင်လားဗျာ..။
(၁)။ မိမိကိုယ်ကို ပြောင်းလဲပါ
“ကမ္ဘာကြီးထဲက သင်လိုချင်တဲ့ အပြောင်းလဲဟာ သင်ကိုယ်တိုင်ဖြစ်နေမှရမယ်”
“လူသားတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကြီးမြတ်ခြင်းဟာ ကမ္ဘာကြီးကို အစအဆုံးပြန်ဖန်တီးခြင်းမှ အခြေမတည်ပါဘူး။ ဒါဟာ Atomic Age ရဲ့ ဒဏ္ဍာရီပါ။ ကြီးမြတ်ခြင်းဟာ ကိုယ် ကိုယ်တိုင်ပြုပြင်ပြောင်းလဲခြင်းမှာ မူတည်ပါတယ်။”
မိမိကိုယ်တိုင်ပြောင်းလဲနိုင်သူဟာ ကမ္ဘာကြီးကိုလည်း ပြောင်းလဲနိုင်စွမ်းရှိတယ် ။
ကိုယ်တိုင်ရဲ့ တွေးပုံခေါ်ပုံတွေကို ပြောင်းလဲနိုင်ရင် သင့်ရဲ့
ပတ်ဝန်းကျင်က လူတွေရဲ့ အတွေးခေါ်တွေကိုလဲ ပြောင်းလဲနိုင်မယ်။ ဒီမှ တဆင့်
တကမ္ဘာလုံးက လူတွေရဲ့ အတွေးခေါ်တွေကိုလည်း ပြောင်းလဲပစ်နိုင်မယ်။
(၂)။ သင်သာလျှင် ထိန်းချုပ်နိုင်တယ်
“ငါ့ရဲ့ခွင့်ပြုချက်မပါပဲ ဘယ်သူကမှ င့ါကို နာကျင်အောင်မလုပ်နိုင်ဘူး”
ဘာကိုခံစားတယ် ၊ ဘယ်လို့ တုန့်ပြန်တယ် ၊ ခံစားတယ်ဆိုတာဟာ သင်နဲ့သာ အပြည့်အ၀သက်ဆိုင်ပါတယ်။ သင်ရဲ့ အတွေးတွေ ၊ ခံစားချက်တွေကို သင်ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။
(၃)။ ခွင့်လွှတ်ပြီး ၊ လက်လွှတ်လိုက်ပါ
“ပျော့ညံ့တဲ့သူတွေဟာ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ခွင့်လွှတ်ခြင်းဆိုတာဟာ ကြံ့ခိုင်သူတွေနဲ့ပဲဆိုင်တယ်။”
“မျက်လုံးတလုံးအတွက် မျက်လုံးတလုံးပြန်ယူကြေးဆို တကမ္ဘာလုံး မျက်ကန်းတွေ ဖြစ်ကုန်ရောပေါ့။”
ယုတ်မာတဲ့သူကို ယုတ်မာတဲ့ လမ်းစဉ်နဲ့ တိုက်ခိုက်လို့ ဘယ်သူ့ကိုမှ ကောင်းကျိုးမသက်ရောက်နိုင်ပါဘူး။
ခွင့်လွှတ်လိုက်ခြင်းနဲ့ အတိတ်ကို စွန့်လွှတ်လိုက်ခြင်းဟာ သင်နဲ့
သင့်ရဲ့ကမ္ဘာထဲက လူတွေအတွက် အလွန်ကြီးကျယ်တဲ့ ၀န်ဆောင်မှုတခု
ပေးအပ်လိုက်ခြင်းပင်။
(၄)။ အလုပ်ဆိုတာမပါပဲ မင်းဘယ်ကိုမှ မရောက်နိုင်ဘူး
“လေ့ကျင့်မှု တအောင်စ ဟာ တရားဟောခြင်း တစ်တန်ထက် အများကြီး အဖိုးတန်တယ်။”
အလုပ်ဆိုတာကို မလုပ်ရင်တော့ အလွန်သေးသွယ်တာလေးတွေပဲ ပြီးမြောက်လိမ့်မယ်။ အလုပ်တခုကို လုပ်ရခြင်းဟာ အခက်ခဲတွေ ရှိတတ်တဲ့အတွက်ကြောင့် အတွင်းစိတ်တော့ ခိုင်မာဖို့လိုလိမ့်မည်။
(၅)။ လက်ရှိအချိန်ကို ဂရုပြုပါ
“ကျွန်တော် အနာဂတ်ကို ကြိုပြီးမမြင်ချင်ဘူး။ လက်ရှိပစ္စုပန်ကို ဂရုစိုက်ဖို့အတွက်ပဲ အာရုံထားတယ်။ နောက်လာမယ့် ကိစ္စတွေအတွက် ဘုရားရှင်က ကျွန်တော့ကို ထိန်းချုပ်နိုင်စွမ်းတွေ မပေးထားဘူး။”
(၆)။ အားလုံးက လူသားတွေချည်းပဲ
လူတိုင်းဟား အမှားလုပ်တတ်တယ်။ ပညာရှိကြီးတွေလည်း အမှားလုပ်တတ်ကြတယ်။ မှားကြမှာပဲ ။ဒါကို ရှက်စရာမလိုဘူး။ အမှားတွေကို လက်ခံရဲရမယ် ၊ အတိတ်ကို တန်ဖိုးထားတတ်ရမယ်။ ဘာလို့ဆိုဒါတွေက သင့်ရဲ့ ယခုလက်ရှိ အနေထားကို ရောက်တွန်းပို့ပေးခဲ့တဲ့ အဖိုးတန်တဲ့ အရာတွေမို့လို့ပါပဲ။
(၇)။ ဇွဲရှိပါ ၊ စိတ်ရှည်ပါ
“အစတော့ သင့်ကို လစ်လျူရှုကြမယ် ၊ နောက်တော့ သင့်ကို လှောင်ရယ်ကြမယ် ၊ နောက်သင့်ကို တိုက်ခိုက်မယ် ၊ ပြီးရင်တော့ သင်အနိုင်ရပါပြီ”
ဇွဲရှိပါ ၊ စိတ်ရှည်ပါ။ အချိန်ကြာလာတာနဲ့အမျှ သင့်ကို ဆန့်ကျင်ကန့်ကွက်နေသူတွေဟာ တဖြည်းဖြည်း ကွယ်ပျောက်လာပါလိ့မ်မယ်။ ဂန္ဒီကြီးနဲ့ သူရဲ့ နောက်လိုက်တွေကို အကြမ်းမဖက်ခြင်းနည်းနဲ့ အောင်မြင်စေခဲ့တာကတော့ သူတို့ဟာ အရမ်းစိတ်ရှည်ကြသလို ၊ မလိုအပ်တာတွေကို ဂရုမစိုက်ကြလို့ပါ။
အစဉ်လေးစားလျှက်…. #RayDaniel_IV
#Credit_လူငယ်တို့အတွက် လူငယ်မီဒီယာ (lunge.media)
:-) ပြန်လည်မျှဝေသှ်။ #Thanks_you_for_reading :-)
Fb.com/hnin.pwinphu
လူသားဆန်မှုအပေါ်မှာ ယုံကြည်သက်ဝင်မှု မပျောက်သင့်ဘူး။ လူသားဆန်မှုဆိုတာက သမုဒ္ဒရာကြီးပဲ။ သမုဒ္ဒရာကြီးထဲက ရေစက်အချို့ ညစ်ပေနေတိုင်း သမုဒ္ဒရာကြီးက ညစ်ပတ်သွားတာမှမဟုတ်ပဲ။ ကျွန်တော့်မှာသာ ဟာဥာဏ်ရွှင်ခြင်းမရှိခဲ့ရင် ကိုယ့်ကိုကိုယ်သတ်သေသွားပြီ
ဒါတွေဟာ ဂန္ဒီကြီးရဲ့ စကားတွေထဲက တချို့ပဲဖြစ်ပါတယ်။ သူဘယ်သူလဲဆိုတာကို ထွေထွေထူးထူးကြီး မိတ်ဆက်ပေးနေစရာလဲ မလိုပါဘူး။ သူဟာ အိန္ဒိယပြည်ကြီးကို လွတ်လပ်ရေး ရစေခဲ့တဲ့သူဆိုတာ အရှင်းကြီးပါ။ သူရဲ့ ကြီးမြတ်တဲ့ အကြံပေးစကား ၁၀ ခွန်းကို ကြည့်လိုက်ရအောင်လားဗျာ..။
(၁)။ မိမိကိုယ်ကို ပြောင်းလဲပါ
“ကမ္ဘာကြီးထဲက သင်လိုချင်တဲ့ အပြောင်းလဲဟာ သင်ကိုယ်တိုင်ဖြစ်နေမှရမယ်”
“လူသားတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကြီးမြတ်ခြင်းဟာ ကမ္ဘာကြီးကို အစအဆုံးပြန်ဖန်တီးခြင်းမှ အခြေမတည်ပါဘူး။ ဒါဟာ Atomic Age ရဲ့ ဒဏ္ဍာရီပါ။ ကြီးမြတ်ခြင်းဟာ ကိုယ် ကိုယ်တိုင်ပြုပြင်ပြောင်းလ
မိမိကိုယ်တိုင်ပြောင်းလဲနို
(၂)။ သင်သာလျှင် ထိန်းချုပ်နိုင်တယ်
“ငါ့ရဲ့ခွင့်ပြုချက်မပါပဲ ဘယ်သူကမှ င့ါကို နာကျင်အောင်မလုပ်နိုင်ဘူး”
ဘာကိုခံစားတယ် ၊ ဘယ်လို့ တုန့်ပြန်တယ် ၊ ခံစားတယ်ဆိုတာဟာ သင်နဲ့သာ အပြည့်အ၀သက်ဆိုင်ပါတယ်။ သင်ရဲ့ အတွေးတွေ ၊ ခံစားချက်တွေကို သင်ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။
(၃)။ ခွင့်လွှတ်ပြီး ၊ လက်လွှတ်လိုက်ပါ
“ပျော့ညံ့တဲ့သူတွေဟာ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ခွင့်လွှတ်ခြင်းဆိုတာဟာ ကြံ့ခိုင်သူတွေနဲ့ပဲဆိုင်တယ
“မျက်လုံးတလုံးအတွက် မျက်လုံးတလုံးပြန်ယူကြေးဆို
ယုတ်မာတဲ့သူကို ယုတ်မာတဲ့ လမ်းစဉ်နဲ့ တိုက်ခိုက်လို့ ဘယ်သူ့ကိုမှ ကောင်းကျိုးမသက်ရောက်နိုင်ပ
(၄)။ အလုပ်ဆိုတာမပါပဲ မင်းဘယ်ကိုမှ မရောက်နိုင်ဘူး
“လေ့ကျင့်မှု တအောင်စ ဟာ တရားဟောခြင်း တစ်တန်ထက် အများကြီး အဖိုးတန်တယ်။”
အလုပ်ဆိုတာကို မလုပ်ရင်တော့ အလွန်သေးသွယ်တာလေးတွေပဲ ပြီးမြောက်လိမ့်မယ်။ အလုပ်တခုကို လုပ်ရခြင်းဟာ အခက်ခဲတွေ ရှိတတ်တဲ့အတွက်ကြောင့် အတွင်းစိတ်တော့ ခိုင်မာဖို့လိုလိမ့်မည်။
(၅)။ လက်ရှိအချိန်ကို ဂရုပြုပါ
“ကျွန်တော် အနာဂတ်ကို ကြိုပြီးမမြင်ချင်ဘူး။ လက်ရှိပစ္စုပန်ကို ဂရုစိုက်ဖို့အတွက်ပဲ အာရုံထားတယ်။ နောက်လာမယ့် ကိစ္စတွေအတွက် ဘုရားရှင်က ကျွန်တော့ကို ထိန်းချုပ်နိုင်စွမ်းတွေ မပေးထားဘူး။”
(၆)။ အားလုံးက လူသားတွေချည်းပဲ
လူတိုင်းဟား အမှားလုပ်တတ်တယ်။ ပညာရှိကြီးတွေလည်း အမှားလုပ်တတ်ကြတယ်။ မှားကြမှာပဲ ။ဒါကို ရှက်စရာမလိုဘူး။ အမှားတွေကို လက်ခံရဲရမယ် ၊ အတိတ်ကို တန်ဖိုးထားတတ်ရမယ်။ ဘာလို့ဆိုဒါတွေက သင့်ရဲ့ ယခုလက်ရှိ အနေထားကို ရောက်တွန်းပို့ပေးခဲ့တဲ့ အဖိုးတန်တဲ့ အရာတွေမို့လို့ပါပဲ။
(၇)။ ဇွဲရှိပါ ၊ စိတ်ရှည်ပါ
“အစတော့ သင့်ကို လစ်လျူရှုကြမယ် ၊ နောက်တော့ သင့်ကို လှောင်ရယ်ကြမယ် ၊ နောက်သင့်ကို တိုက်ခိုက်မယ် ၊ ပြီးရင်တော့ သင်အနိုင်ရပါပြီ”
ဇွဲရှိပါ ၊ စိတ်ရှည်ပါ။ အချိန်ကြာလာတာနဲ့အမျှ သင့်ကို ဆန့်ကျင်ကန့်ကွက်နေသူတွေဟာ တဖြည်းဖြည်း ကွယ်ပျောက်လာပါလိ့မ်မယ်။ ဂန္ဒီကြီးနဲ့ သူရဲ့ နောက်လိုက်တွေကို အကြမ်းမဖက်ခြင်းနည်းနဲ့ အောင်မြင်စေခဲ့တာကတော့ သူတို့ဟာ အရမ်းစိတ်ရှည်ကြသလို ၊ မလိုအပ်တာတွေကို ဂရုမစိုက်ကြလို့ပါ။
အစဉ်လေးစားလျှက်…. #RayDaniel_IV
#Credit_လူငယ်တို့အတွက် လူငယ်မီဒီယာ (lunge.media)
:-) ပြန်လည်မျှဝေသှ်။ #Thanks_you_for_reading :-)
Fb.com/hnin.pwinphu
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။