ရွဲကုန်သည်နှင့် ပင့်ကူအိမ်
-------------------------- --------- သျှီ(တမာမြေ)
တစ်ခါက ရွဲကုန်သည် နှစ်ဦးရှိတယ်။
ထိုရွဲကုန်သည်နှစ်ဦးဟာ သူ့တို့မှာ ပါလာတဲ့ ရွဲတွေကို တစ်ရွာဝင်တစ်ရွာထွတ် လိုက်လံရောင်းချနေတယ်။
ရာသီဥတုက ပူပြင်းတာရယ် သီးနှံအထွတ်တိုးနည်းပါးတာရယ်ကြောင့် တောင်သူတွေ ၀င်ငွေပါးတော့ ထင်ထားသလို မရောင်းရပါ။
နှစ်ယောက်စလုံးလည်း စိတ်ဓာတ်တွေကျဆင်းနေကြတယ်။
မိမိထင်ထားသလို ဖြစ်မလာတော့ လေးလံသော ရွဲတွေကို ထမ်းပိုးရင်း ခြေတိုအောင် ရှောက်နေကြရတယ်။
ထိုအခါ သူတို့နှစ်ဦးဟာ ရွာ အပြင်က ဇရပ်ပျက်ကြီးတစ်ခုမှာ ခိုနားခဲ့ကြတယ်။
နားခိုရင်း ရွဲကုန်သည် တစ်ဦးက စကားစမြည်လိုက်တယ်။
" နောင်ကြီးရေ ကျုပ်တော့ ဆက်မလိုက်တော့ဘူးဗျာ "လို့ ခပ်နွမ်းနွမ်းလေးပြောလိုက်တ ယ်။
နှစ်ယောက်စလုံးမောပန်းနေကြတ ယ်ဆိုပေမယ့် ကျန်တစ်ယောက်ကတော့ စိတ်ဓာတ်တွေရှိနေပုံရသေးသည် ။
" ကျုပ်တော့ နောက်ကြောင်းပြန်လို့မရဘူးဗျာ ကျုပ်ဒီရွဲတွေ ကုန်အောင်ရောင်းမှဖြစ်မယ်" လို့ပြန်ပြောလိုက်တယ်။
" နောင်ကြီးရာ ကုန်အောင်ရောင်းချင်ပေမယ့် တစ်ရွာလုံးလျောက်မှ တစ်ထည်လောက်ရောင်းရတာ ကျုပ်တော့ စိတ်ဓာတ်ကျလာပြီဗျာ နောင်ကြီး ဆက်သွားရင်လည်းသွား ကျုပ်တော့ နောက်ကြောင်းပြန်လှည့်တော့မ ယ်" ဟု ပြောပြီး ရွဲတွေကို ထမ်းပိုးကာ မိမိလာရာ လမ်းအတိုင်း ပြန်လာခဲ့သည်။
ထိုဇရပ်ပျက်ကြီးပေါ်မှာ တစ်ဦးတည်းသော ရွဲကုန်သည်သာ ကျန်ခဲ့သည်။
နေကပူ ထမ်းပိုးရတာကလေးလံ သူလည်း ပြန်ရင်ကောင်းမလား ဟု ဒွိဟ ဖြစ်ကာ ဇရပ်ပေါ်မှာ ခေတ္တလှဲနေလိုက်သည်။
ပြန်မည်ဆိုပါက လာလမ်းသည် ဝေးလံလှသည် ရှေ့ဆက်သွားရောင်းပြီး ကုန်မှ ပြန်ပါလျင် လူလွတ်ဖြစ်မည်
စသော အတွေးမျိုးစုံနဲ့ ပင်ပန်းမှုကို ခေတ္တရပ်လိုက်သည်။
ထိုအခါ ဇရပ်ကြီးရဲ့ မြားတန်း ထောင့်စွန်းမှာ ပင့်ကူအိမ်တစ်ခုကိုတွေ့သည် ထိုပင့်ကူသည် သူရက်လုပ်ထားသော ပင့်ကူအိမ်ပေါ်မှာ သားကောင်တို့ကို စောင့်နေဟန်တူသည်။
ရွဲကုန်သည်သည် လှုပ်စိစိ ပင့်ကူအိမ်လေးကို စိုက်ကြည့်နေမိသည်။
ခဏကြာတော့ လေပွေတစ်ခုထိုးတက်သွားသည်။
လေပွေရဲ့ ရိုက်ခက်မှုကြောင့် လွင့်ပါလာသော သစ်ရွက်တို့က လေပွေအရှိန်နဲ့ ပင့်ကူအိမ်ကို ဖျတ်ဆီးပစ်လိုက်တယ်။
ပင့်ကူအကောင်လေးလဲ ဆောက်တည်ရာမရ လွင့်ပါသွားခဲ့တယ်။
သူရက်လုပ်ထားတဲ့ အိမ်လေးလည်း ဖရိုဖရဲနဲ့ ပျက်ဆီးသွားတယ်။
ဒီအဖြစ်ပျက်တွေအားလုံးကို ရွဲကုန်သည်ဟာ ဘာရယ်မဟုတ် ကြည့်နေမိတယ်။
ခဏကြာတော့ ပင့်ကူကောင်လေးဟာ သူ့နေရာလေးမှာ နောက်ထပ် အိမ်တစ်လုံးထပ်ဆောက်ရန် ပြင်ဆင်ပါတော့တယ်။
ရွဲကုန်သည်လည်း တည်ငြိမ်စွာနဲ့ ပင့်ကူလေးကို မျက်ခြေမပျက်ကြည့်နေမိတယ်။
ကြည့်နေရင်းနဲ့ ရွဲကုန်သည်ဟာ ခေတ္တအိပ်ပျော်သွားခဲ့တယ်။
သူလည်း အိပ်ယာကနိုးတော့ ပင့်ကူလေး အိမ်ဆောက်လို့ပြီးသွားခဲ့လေ ပြီ။
သူ့ရဲ့ ခွန်အား ဉာဏနဲ့ ဆောက်လုပ်ထားတဲ့ အိမ်လေးထဲမှာ အေးဆေးစွာ အနားယူနေလေတယ်။
ရွဲကုန်သည်ဟာ ပင့်ကူကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားတွေရခဲ့တယ်။
အခက်ခဲ အတားအဆီးတွေကို ကျော်ဖြတ်ရမယ် မောရင် နားမယ် နားပြီးရင် ပြန်လျောက်မယ်ပေါ့။
လူတိုင်း သတ္တဝါတိုင်းက ကိုယ့်ဘ၀ကို ကိုယ်တိုင်ပုံဖော်ပိုင်ခွင့် ရှိကြပါတယ်။
မလျော့သော ဇွဲလုံ့လနဲ့သာ ကြိုးစားရင် ဖြစ်နိင်ပါတယ်ဟုတွေးမိလာတယ်။
လောကဓံတရားဆိုတာ ခံစားရတဲ့အချိန်မှာ ခါးသီးပေမယ်
ကျော်ဖြတ်လို့ အောင်မြင်သွားရင် အင်မတန်း သာယာစိုပြေလှတယ်ဆိုတာ ပင့်ကူအိမ်လေးကိုကြည့်ပြီး သိလာခဲ့တယ်။
ထိုအခါ ရွဲကုန်သည်ဟာလည်း ခါးသီးသော လောကဓံတွေကို ကျော်ဖြတ်ဖို့ ပါလာသော ရွဲတွေကို ထမ်းပိုးကာ တစ်ရွာဝင်တစ်ရွာထွတ် လိုက်လံရောင်းချခဲ့တယ်။
ဒီလိုနဲ့ မကြာသော အချိန်ကာလတစ်ခုမှာ သူ့ရဲ့ ရွဲတွေဟာ ရောင်းလို့ကုန်သွားတယ်။
အပြန်လမ်းမှာတော့ ပေါးပါးသော ခြေလှမ်းတွေက ပိုမိုသွတ်လက်နေပါတော့တယ်။
သူသာ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဇွဲလျော့ပြီး ပြန်လာခဲ့မယ်ဆိုရင် သူ့မိသားစုအတွတ် စားဝတ်နေရေးမှာ အခက်ခဲတွေပိုဖြစ်လာနိုင်ပါ တယ်။
အောင်မြင်မှုတစ်ခုရဖို့အတွတ် အတိုက်ခိုက်တွေကို ကျော်ဖြတ်နိုင်ရပါမယ်။
ထိုးနက်မှုတွေကိုလည်း ရင်ဆိုင်နိုင်ရမယ်။
အခွင့်ရေးတစ်ခုရဖို့အတွက် အခက်ခဲတစ်ခုတော့ ကောင်းကောင်းရင်ဆိုင်ကြမှာပါပဲ။
အခက်ခဲကိုကြောက်ပြီး ရင်မဆိုင်ရဲသူတွေ
လွယ်လွယ်နဲ့ အရှုံးပေးလိုက်သူတွေဟာ
ကျရှုံးပြီး ကျဆုံးသွားသူတွေဖြစ်သွားတယ် ။
ဝမ်းမနည်းပါနဲ့
ရယ်စရာ
ငိုစရာ
ဝမ်းနည်းစရာ
ဝမ်းသာစရာ ဆိုတာ
လေပွေတစ်ခုလိုပါပဲ။
အကြာကြီး လေပေါ်မှာ မနေနိုင်ပါဘူး။
အချိန်တန်ရင် မျောပါသွားကြတာပါ။
ခဏတော့ တောင့်ခံနိုင်အောင်ကြိုးစား လိုက်ပါ။
လေးစားစွာဖြင့်
သျှီ(တမာမြေ)
ဗဟုသုတကျေးရွာ
Waiyan Soemyint
--------------------------
တစ်ခါက ရွဲကုန်သည် နှစ်ဦးရှိတယ်။
ထိုရွဲကုန်သည်နှစ်ဦးဟာ သူ့တို့မှာ ပါလာတဲ့ ရွဲတွေကို တစ်ရွာဝင်တစ်ရွာထွတ် လိုက်လံရောင်းချနေတယ်။
ရာသီဥတုက ပူပြင်းတာရယ် သီးနှံအထွတ်တိုးနည်းပါးတာရယ
နှစ်ယောက်စလုံးလည်း စိတ်ဓာတ်တွေကျဆင်းနေကြတယ်။
မိမိထင်ထားသလို ဖြစ်မလာတော့ လေးလံသော ရွဲတွေကို ထမ်းပိုးရင်း ခြေတိုအောင် ရှောက်နေကြရတယ်။
ထိုအခါ သူတို့နှစ်ဦးဟာ ရွာ အပြင်က ဇရပ်ပျက်ကြီးတစ်ခုမှာ ခိုနားခဲ့ကြတယ်။
နားခိုရင်း ရွဲကုန်သည် တစ်ဦးက စကားစမြည်လိုက်တယ်။
" နောင်ကြီးရေ ကျုပ်တော့ ဆက်မလိုက်တော့ဘူးဗျာ "လို့ ခပ်နွမ်းနွမ်းလေးပြောလိုက်တ
နှစ်ယောက်စလုံးမောပန်းနေကြတ
" ကျုပ်တော့ နောက်ကြောင်းပြန်လို့မရဘူးဗ
" နောင်ကြီးရာ ကုန်အောင်ရောင်းချင်ပေမယ့် တစ်ရွာလုံးလျောက်မှ တစ်ထည်လောက်ရောင်းရတာ ကျုပ်တော့ စိတ်ဓာတ်ကျလာပြီဗျာ နောင်ကြီး ဆက်သွားရင်လည်းသွား ကျုပ်တော့ နောက်ကြောင်းပြန်လှည့်တော့မ
ထိုဇရပ်ပျက်ကြီးပေါ်မှာ တစ်ဦးတည်းသော ရွဲကုန်သည်သာ ကျန်ခဲ့သည်။
နေကပူ ထမ်းပိုးရတာကလေးလံ သူလည်း ပြန်ရင်ကောင်းမလား ဟု ဒွိဟ ဖြစ်ကာ ဇရပ်ပေါ်မှာ ခေတ္တလှဲနေလိုက်သည်။
ပြန်မည်ဆိုပါက လာလမ်းသည် ဝေးလံလှသည် ရှေ့ဆက်သွားရောင်းပြီး ကုန်မှ ပြန်ပါလျင် လူလွတ်ဖြစ်မည်
စသော အတွေးမျိုးစုံနဲ့ ပင်ပန်းမှုကို ခေတ္တရပ်လိုက်သည်။
ထိုအခါ ဇရပ်ကြီးရဲ့ မြားတန်း ထောင့်စွန်းမှာ ပင့်ကူအိမ်တစ်ခုကိုတွေ့သည် ထိုပင့်ကူသည် သူရက်လုပ်ထားသော ပင့်ကူအိမ်ပေါ်မှာ သားကောင်တို့ကို စောင့်နေဟန်တူသည်။
ရွဲကုန်သည်သည် လှုပ်စိစိ ပင့်ကူအိမ်လေးကို စိုက်ကြည့်နေမိသည်။
ခဏကြာတော့ လေပွေတစ်ခုထိုးတက်သွားသည်။
လေပွေရဲ့ ရိုက်ခက်မှုကြောင့် လွင့်ပါလာသော သစ်ရွက်တို့က လေပွေအရှိန်နဲ့ ပင့်ကူအိမ်ကို ဖျတ်ဆီးပစ်လိုက်တယ်။
ပင့်ကူအကောင်လေးလဲ ဆောက်တည်ရာမရ လွင့်ပါသွားခဲ့တယ်။
သူရက်လုပ်ထားတဲ့ အိမ်လေးလည်း ဖရိုဖရဲနဲ့ ပျက်ဆီးသွားတယ်။
ဒီအဖြစ်ပျက်တွေအားလုံးကို ရွဲကုန်သည်ဟာ ဘာရယ်မဟုတ် ကြည့်နေမိတယ်။
ခဏကြာတော့ ပင့်ကူကောင်လေးဟာ သူ့နေရာလေးမှာ နောက်ထပ် အိမ်တစ်လုံးထပ်ဆောက်ရန် ပြင်ဆင်ပါတော့တယ်။
ရွဲကုန်သည်လည်း တည်ငြိမ်စွာနဲ့ ပင့်ကူလေးကို မျက်ခြေမပျက်ကြည့်နေမိတယ်။
ကြည့်နေရင်းနဲ့ ရွဲကုန်သည်ဟာ ခေတ္တအိပ်ပျော်သွားခဲ့တယ်။
သူလည်း အိပ်ယာကနိုးတော့ ပင့်ကူလေး အိမ်ဆောက်လို့ပြီးသွားခဲ့လေ
သူ့ရဲ့ ခွန်အား ဉာဏနဲ့ ဆောက်လုပ်ထားတဲ့ အိမ်လေးထဲမှာ အေးဆေးစွာ အနားယူနေလေတယ်။
ရွဲကုန်သည်ဟာ ပင့်ကူကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားတွေရခဲ့တယ်။
အခက်ခဲ အတားအဆီးတွေကို ကျော်ဖြတ်ရမယ် မောရင် နားမယ် နားပြီးရင် ပြန်လျောက်မယ်ပေါ့။
လူတိုင်း သတ္တဝါတိုင်းက ကိုယ့်ဘ၀ကို ကိုယ်တိုင်ပုံဖော်ပိုင်ခွင်
မလျော့သော ဇွဲလုံ့လနဲ့သာ ကြိုးစားရင် ဖြစ်နိင်ပါတယ်ဟုတွေးမိလာတယ
လောကဓံတရားဆိုတာ ခံစားရတဲ့အချိန်မှာ ခါးသီးပေမယ်
ကျော်ဖြတ်လို့ အောင်မြင်သွားရင် အင်မတန်း သာယာစိုပြေလှတယ်ဆိုတာ ပင့်ကူအိမ်လေးကိုကြည့်ပြီး သိလာခဲ့တယ်။
ထိုအခါ ရွဲကုန်သည်ဟာလည်း ခါးသီးသော လောကဓံတွေကို ကျော်ဖြတ်ဖို့ ပါလာသော ရွဲတွေကို ထမ်းပိုးကာ တစ်ရွာဝင်တစ်ရွာထွတ် လိုက်လံရောင်းချခဲ့တယ်။
ဒီလိုနဲ့ မကြာသော အချိန်ကာလတစ်ခုမှာ သူ့ရဲ့ ရွဲတွေဟာ ရောင်းလို့ကုန်သွားတယ်။
အပြန်လမ်းမှာတော့ ပေါးပါးသော ခြေလှမ်းတွေက ပိုမိုသွတ်လက်နေပါတော့တယ်။
သူသာ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဇွဲလျော့ပြီး ပြန်လာခဲ့မယ်ဆိုရင် သူ့မိသားစုအတွတ် စားဝတ်နေရေးမှာ အခက်ခဲတွေပိုဖြစ်လာနိုင်ပါ
အောင်မြင်မှုတစ်ခုရဖို့အတွတ်
ထိုးနက်မှုတွေကိုလည်း ရင်ဆိုင်နိုင်ရမယ်။
အခွင့်ရေးတစ်ခုရဖို့အတွက် အခက်ခဲတစ်ခုတော့ ကောင်းကောင်းရင်ဆိုင်ကြမှာပ
အခက်ခဲကိုကြောက်ပြီး ရင်မဆိုင်ရဲသူတွေ
လွယ်လွယ်နဲ့ အရှုံးပေးလိုက်သူတွေဟာ
ကျရှုံးပြီး ကျဆုံးသွားသူတွေဖြစ်သွားတယ်
ဝမ်းမနည်းပါနဲ့
ရယ်စရာ
ငိုစရာ
ဝမ်းနည်းစရာ
ဝမ်းသာစရာ ဆိုတာ
လေပွေတစ်ခုလိုပါပဲ။
အကြာကြီး လေပေါ်မှာ မနေနိုင်ပါဘူး။
အချိန်တန်ရင် မျောပါသွားကြတာပါ။
ခဏတော့ တောင့်ခံနိုင်အောင်ကြိုးစား
လေးစားစွာဖြင့်
သျှီ(တမာမြေ)
ဗဟုသုတကျေးရွာ
Waiyan Soemyint
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။