ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ – သီချင်းဆွေးဆွေး သီချင်းအေးလေးတွေကို ရေးသားသီဆိုနေကျဖြစ်သလို ပရိသတ်ရဲ့ အားပေးမှုကို အပြည့်အဝရတဲ့ တေးသံရှင် L လွန်းဝါရဲ့ လတ်တလောလှုပ်ရှားမှုတွေကိုတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
ကုမုဒြာ။ ။ အနုပညာအလုပ်တွေနဲ့ဝေးကွာနေတာကြာပြီနော်။
L လွန်းဝါ။ ။ သီချင်းတွေလုံးဝမဆိုတာ နှစ်နှစ်ရှိပါပြီ။ လုံးဝကို မဆိုဖြစ်တာပေါ့ ကြာပါပြီ။ အကြောင်းကြောင်းကြောင့် အဆင်မပြေဖြစ်ခဲ့တာလည်း ပါတာပေါ့။ မိသားစုနဲ့လည်း အဆင်မပြေမှုတွေရှိခဲ့တယ်။ အိမ်ထောင်လည်း ကွဲခဲ့တယ်လေ။ ပရိသတ်နဲ့ သည်အတောအတွင်းမှာ အဆက်အသွယ်ဖြတ်ထားသလိုပါပဲ။ ပရိသတ်နဲ့မတွေ့ဖြစ်တော့တဲ့နှစ်တွေ အိမ်မှာ ပဲနေပြီးတော့ စိတ်ဓာတ်တွေကျနေခဲ့တာ။ ဒါပေမဲ့ ဂစ်တာနဲ့တော့ အမြဲထိတွေ့ဖြစ်တယ်။ သီချင်းညည်းဖြစ်တာပေါ့။ အခု သီချင်းပြန်ဆိုဖြစ်တာ ရှစ်လပဲ ရှိပါသေး တယ်။ သီချင်းတွေရေးဖြစ်တယ်။ ဓမ္မသီချင်းတွေလည်း ရေးဖြစ်တယ်။ တစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေပါ တယ်။ကုမုဒြာ။ ။ အခု သီချင်းတွေလုပ်ဖြစ်တယ် ဆိုတော့ နောက်ထပ်သီချင်းခွေတွေကော
ဘယ်တော့လောက်ထွက်မလဲ။ ပြင်ဆင်ထားတာတွေကော ရှိပြီလား။
L လွန်းဝါ။ ။ အလိုတော်အတိုင်း ပြီးပြည့် စုံသောဘဝဆိုတဲ့ ဓမ္မတေးသီချင်းခွေတော့ ထွက်ထားတယ်။ ကိုထူးအိမ်သင်ရဲ့ သီချင်းတွေကို ပြန်ဆိုထားတဲ့ အခွေလည်းထုတ်ထားပါတယ်။ ကျွန်တော့် ကလေးနှစ်ယောက်အတွက် သီချင်းလေးတွေရေးထားပါတယ်။ တစ်ယောက်က ငါးနှစ်၊ တစ်ယောက်က ကိုးနှစ်၊ သူတို့ အတွက် ကလေးသီချင်းခွေလေးပေါ့နော်။ အဲဒါလေးကိုတော့ ထုတ်သွားဖို့ ရှိပါတယ်။ကုမုဒြာ။ ။ အခုထွက်ထားတဲ့ ဓမ္မတေး သီချင်းထဲမှာရော ဘယ်လိုအကြောင်းအရာလေးတွေပါဝင်လဲ။
L လွန်းဝါ။ ။ အလိုတော်အတိုင်း ပြီးပြည့်စုံ သောဘဝ အခွေက ဓမ္မတေးခွေဆိုပေမဲ့ အချစ်သီချင်းခွေပါပဲ။ ဘုရားသခင်ရဲ့ချစ် ခြင်းကိုရည်ညွှန်းတာပေါ့။ သည်အခွေထဲမှာ မင်္ဂလာဆောင်သီချင်းလည်းပါမယ်။ သေပြီးတဲ့နောက်ပြန်တွေ့တဲ့အခါ အဆင် ပြေမှုတွေ ရှိပါစေ။ ပြန်တွေ့ကြမယ်ဆိုတဲ့ အဓိပာယ်လေးပေါ့။ နောက်တစ်ခု ကိုထူး အိမ်သင် (ဆရာငှက်) အတွက် ထုတ်ထား တဲ့တစ်ခွေရှိပါမယ်။ သူ့သီချင်းတွေပဲပေါ့။ ကလေးသီချင်းခွေလေးကတော့ ကျွန် တော့်ကလေးနှစ်ယောက်အတွက် အဓိက ထားပြီးတော့ ရေးထားတာပေါ့။ တစ်ခွေ လုံးကျွန်တော်ကိုယ်တိုင်ရေးထားတာပါ။ အဲဒါကတော့ မထွက်သေးဘူး။ ပြင်ဆင် နေတုန်းပဲ ရှိပါသေးတယ်။ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်အချစ်သီချင်းခွေလည်း တစ်ခွေထွက်ဖို့ ရှိပါတယ်။ အဲဒါကလည်း တီးပြီးသွားပြီဆိုတာနဲ့ တစ်ပုဒ်ချင်းစီ အွန် လိုင်းကနေဖြန့်သွားမယ်။ ပြန်စုပြီးတော့မှ အခွေလုပ်မယ်။ကုမုဒြာ။ ။ ခံစားချက်အနေနဲ့ရော တည်ငြိမ်သွားပြီလား။
အရင်လိုသီချင်းလေးတွေ ပရိသတ်တွေ ခံစားရတော့မလား။
L လွန်းဝါ။ ။ ခံစားချက်ကတော့ တည် ငြိမ်သွားပါပြီ။ အဲဒါတွေကပဲ အားအင်တွေ ပြန်ဖြစ်ပြီး ရှေ့ဆက်ပြီးတော့ ကျွန်တော့် သီချင်းတွေကို ပရိသတ်တွေ ကြားရတော့မှာပါ။ ထူးခြားမှုဆိုရင် သီချင်းတွေထဲမှာ ဆိုရင် အသက် ၂၀ ကျော်ခံစားချက်တွေ လည်းပါသလို ၃၀ ကျော်ခံစားချက်တွေလည်း ပါလာပြီ။ ရင့်ကျက်မှုတွေပါလာတဲ့ သီချင်းမျိုးလေးတွေကိုလည်း ခံစားရမှာ ပါ။ လူတွေမကောင်းဘူးလို့ သတ်မှတ်ထား တဲ့အရာတွေ ဘာမှမလုပ်တော့ပါဘူး။ ဘုရား၊ တရားဘက်ကိုအစွန်းရောက်တဲ့ သူတစ်ယောက်မဟုတ်ပေမဲ့ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေပေါ်မှာပဲ ကျွန်တော်တည်ငြိမ်သွားပါပြီ။ အရင်ကထက် ဘုရား တရားပိုလုပ်ဖြစ်တယ်။ အခုထွက်ထားတဲ့ အခွေကလည်း ဓမ္မတေးသီချင်းခွေလို့ ပြောလို့ရပေမဲ့ ဘာသာတိုင်းကနားထောင် လို့ရတဲ့ အချစ်သီချင်းပါပဲ။ ဘုရား၊တရားရဲ့ အချစ်ပေါ့နော်။ မကြာခင်မှာလည်း သီချင်းတွေ ပြန်ဆိုဖို့ ရှိပါတယ်။ကုမုဒြာ။ ။ Feeling 18 မှာရော ဘယ်လို မျိုးလေးတွေ သီဆိုထားလဲ။
L လွန်းဝါ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ Pop Singer တွေပေါင်းပြီးတော့ လုပ်ထားတာပါ။ Feeling 18 ခွေလေးကတော့ သည်အခွေအတွက် ကျွန်တော်ထင်တာ ဟစ်ဟော့ပ် ဆိုလည်း သူ့အဖွဲ့နဲ့သူ ရှိတယ်။ ရော့ခ်ဆိုလည်း သူ့အဖွဲ့နဲ့သူ ရှိတယ်။ ပေါ့ပ်အဆိုတော်တွေလည်း အဖွဲ့လေးနဲ့ရှိသင့်တယ်။ အဲသည်လိုလေးလုပ်ချင်တယ်ဆိုပြီး စုပြီး တော့ သည်အခွေလေးလုပ်ဖြစ်တာပါ။ စီစဉ်တာကတော့ သူ့သီချင်းသူစီစဉ်ကြ တယ်။စုတာကတော့ ကျွန်တော်စုပေးတာပေါ့။ကုမုဒြာ။ ။ သီချင်းတွေ ပြန်လုပ်တော့မယ်။ ပရိသတ်ကိုပြောချင်နေတဲ့ စကားလေး ပြောခဲ့ပေးပါဦး။
L လွန်းဝါ။ ။ ကျွန်တော့်ကို ချစ်တဲ့ ပရိ သတ်အတွက် သီချင်းတွေကတော့ ဆက်ွတိုက်ထွက်လာတော့မှာပါ။ Live Show တွေလည်း လုပ်သွားဖို့ ရှိပါတယ်။ ပရိ သတ်ကြီးကလည်း ကျွန်တော့်ကိုဆက်ပြီး တော့ စောင့်ကြည့်အားပေးပါ။ အခုလို ဆက်ပြီးတော့ ရှိနေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။Author / မိပုံ့
https://www.kumudranews.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။